ဂျော့ချ် ဟားဘတ် ဝေါလ်ကာ ဘုရှ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဂျော့ချ် ဟားဘတ် ဝေါလ်ကာ ဘုရှ်
George Herbert Walker Bush
George H. W. Bush, President of the United States, 1989 official portrait.jpg


မွေးနေ့ ၁၂၊ဇွန်၊ ၁၉၂၄
မွေးရပ် မီလ်တန်မြို့မက်ဆာချူးဆက်ပြည်နယ်
ကွယ်လွန်နေ့ သက်ရှိထင်ရှားရှိဆဲ
ကွယ်လွန်ရပ်
အခြားအမည်
လူသိများရခြင်း အမေရိကန်ပြည်ထောင်စု၏ ၄၁ဦးမြှောက်သမ္မတ၊
အလုပ်အကိုင် အမေရိကန်သမ္မတ၊ ရှေ့နေ၊ ပရဟိတ
ရာထူးသက်တမ်းကာလ ၂၀၊ ဇန်နဝါရီ၊ ၁၉၈၉- ၂၀၊ ဇန်နဝါရီ၊ ၁၉၉၃
ဒုတိယ သမ္မတ ဒန် ကတ်လေ
လွှဲအပ်သူ ရော်နယ် ရေဂင်
ဆက်ခံသူ ဘီလ် ကလင်တန်
နိုင်ငံသား USA.png အမေရိကန် နိုင်ငံ

မာတိကာ

[ပြင်​ဆင်​ရန်​] ဂျော့ချ် ဟားဘတ် ဝေါ်လ်ကာ ဘုရှ်(၁၉၂၄- )

အမေရိကန်ပြည်ထောင်စု၏ ၄၁ဦးမြောက် သမ္မတ ဂျော့ချ် ဟားဘတ် ဝေါ်လ်ကာ ဘုရှ်အား မက်ဆာချူးဆက်ပြည်နယ်၊ မီလ်တန်မြို့တွင် ၁၂၊ဇွန်၊ ၁၉၂၄တွင်ဖွားမြင်သည်။ မိဘများမှာ ပရက်စကော့နှင့် ဒေါ်ရသီ ဝေါ်လ်ကာဘုရှ်တို့ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန် ရေတပ်တွင် လေယာဉ်မှုးအဖြစ် တာဝန်ထမ်းဆောင်ကာ စစ်အပြီး ၁၉၄၈ခုနှစ်တွင် ယေးလ်တက္ကသိုလ်မှ ဥပဒေဘွဲ့ရရှိသည်။ ဘွဲ့ရပြီးနောက် တက္ကဆပ်ပြည်နယ်တွင် အခြေချကာ ၁၉၅၃တွင် ရေနံကုမ္ပဏီတစ်ခု တည်ထောင်နိုင်ရန် အကူအညီပေးခဲ့သည်။

[ပြင်​ဆင်​ရန်​] နိုင်ငံရေးဘဝ

ရီပါပလီကန်ပါတီသို့ဝင်ရောက်ပြီးနောက် ၁၉၆၄တွင် တက္ကဆပ်ပြည်နယ် ကိုယ်စားပြုအမေရိကန်အထက်လွှတ်တော်အမတ် နေရာအတွက် အရွေးခံရာ ရှုံးနှိမ့်ခဲ့သည်။ သို့သော် ၁၉၆၆နှင့် ၁၉၆၈များတွင် အမေရိကန်အောက်လွှတ်တော်အတွက် ရွေးချယ်ခံရကာ ၁၉၇၀တွင် အထက်လွှတ်တော်အတွင် တဖန်ပြန်လည် ရွေးချယ်ခံရာတွင် ထပ်မံ၍ ရှုံးနှိမ့်ခဲ့သည်။

ထိုနောက်ပိုင်းတွင် ၁၉၇၁-၁၉၇၃ အထိ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်၊ ၁၉၇၄-၁၉၇၅အထိ တရုတ်နိုင်ငံရှိ အမေရိကန်နိုင်ငံဆက်ဆံရေးရုံးအကြီးအကဲ၊ ၁၉၇၆-၁၉၇၇တွင် အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (စီအိုင်အေ) ညွှန်ကြားရေးမှုးအဖြစ်လည်းကောင်း အဆင့်ဆင့်တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၈၀ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ရီပါပလီကန်ပါတီအတွင်း သမ္မတလောင်းအဖြစ် ရွေးချယ်ခံရာတွင် ရှုံးနှိမ့်ခဲ့သော်လည်း ပြိုင်ဖက်ဖြစ်သူ ရော်နယ် ရေဂင်က ဒုသမ္မတရာထူးအတွက် ကမ်းလှမ်းခြင်းကို လက်ခံသဖြင့် သမ္မတရွေးကောက်ပွဲအပြီး ရေဂင်အနိုင်ရရာ ဒုသမ္မတဖြစ်လာသည်။ ၁၉၈၁-၁၉၈၉အတွင်း ရေဂင်သမ္မတသက်တမ်းတစ်လျှောက်တွင် ဒုသမ္မတအဖြစ် အစိုးရအဖွဲ့တွင် ပါဝင်ပြီး ၁၉၈၈ရွေးကောက်ပွဲတွင် သမ္မလောင်းအဖြစ် ယှဉ်ပြိုင်ရာ ဒီမိုကရက်တစ်ပါတီမှ မိုက်ကယ် ဒူကာကစ်အား အနိုင်ရ၍ သမ္မတဖြစ်လာသည်။

[ပြင်​ဆင်​ရန်​] သမ္မတသက်တမ်း

သမ္မတတာဝန်ယူစတွင် နှစ်စဉ်အစိုးရ ရသုံးခန့်မှန်းငွေစာရင်းနှင့် ပြည်ပကုန်သွယ်ရေးတွင် အကြီးအကျယ်လိုငွေများပြနေသဖြင့် ဘတ်ဂျက်လိုငွေပြကာ စစ်အသုံးစားရိတ်အား ဖြတ်တောက်လျော့ချ၍ ကုစားကာ ဘဏ္ဍာရေးအခြေအနေကောင်းမွန်လာအောင် ဆောင်ရွက်ရသည်။ ကျန်းမာရေး-လူမှုရေးလိုအပ်ချက်အဖြစ် အမျိုးသမီးများ သန္ဓေသားဖျက်ချခြင်းဥပဒေကို ဗီတိုအာဏာဖြင့် ပယ်ချခဲ့သည်။ ၁၉၉၀တွင် ဘတ်ဂျက်လိုငွေပြခြင်း လျော့ချရေးစီမံချက် ဥပဒကို လက်မှတ်ထိုးအတည်ပြုပြီး ဥပဒေအရ အခွန်များတိုးမြှင့်ကောက်ခံခြင်း ကိုလည်း ဆောင်ရွက်ခဲ့သည်။

နိုင်ငံတကာရေးရာတွင် ဘုရှ်သည် ဆိုဗီယက်ပြည်ထောင်စုနှင့်ဆက်ဆံရေးကောင်းမွန်အောင် ဆောင်ရွက်ပြီး အရှေ့ဥရောပနိုင်ငံများတွင် ဒီမိုကရေစီကျင့်သုံးခြင်းကို အားပေးခဲ့သည်။ တရုတ်နိုင်ငံနှင့်လည်း ဆက်ဆံရေးကောင်းမွန်အောင် အားထုပ်သည်။ ၁၉၈၉၊နိုဝင်ဘာတွင် ပနားမားသို့ တပ်များစေလွှတ်ကာ အာဏာရှင်ဖြစ်သူ ဗိုလ်ချုပ်ကြီး မန်နျူရယ် နိုရေးဂါးအား ဖမ်းဆီးကာ အစိုးရအဖွဲ့အားဖြုတ်ချပစ်ခဲ့သည်။

၁၉၉၀၊ဩဂုတ် တွင် အီရတ်အစိုးရက အိမ်နီးချင်း ကူဝိတ်နိုင်ငံအား ကျူးကျော်သဖြင့် ဘုရှ်အနေဖြင့် မဟာမိတ်ဖြစ်သည့် ကူဝိတ်မှ အီရတ်ကျူးကျော်တပ်ဖွဲ့များကို မောင်းထုတ်ရန် အမေရိကန်တပ်များစေလွှတ်ကာ တိုက်ပွဲဝင်သည်။ ဘုရှ်၏ ကမကထပြုမှုဖြင့် ထိုကျူးကျော်စစ်အား နှိမ်နှင်းရန်အတွက် ကုလသမဂ္ဂအဖွဲ့ ဦးဆောင်မှုဖြင့် နေတိုးအဖွဲ့ဝင် တပ်များ၊ အာရပ်အဖွဲ့ချုပ်ဝင်နိုင်ငံများမှ တပ်များပါဝင်သော ညွှန့်ပေါင်းတပ်ဖြင့် ကူဝိတ်ရှိ အီရတ်တပ်များကို တိုက်ခိုက်ခဲ့သည်။ တိုတောင်းလှသော ၄ ရက်ကြာထိုးစစ်အပြီးတွင် မိမိဖက်မှ အကျအဆုံးနဲပါးစွာဖြင့် အီရတ်တပ်များအား ကူဝိတ်မှ ပြန်လည်တိုက်ထုတ်နိုင်ခဲ့ပြီး အကြီးအကျယ်အောင်ပွဲခံနိုင်ခဲ့သည်။ ဘုရှ်အနေဖြင့်လည်း သမိုင်းတလျှောက်လူထုထောက်ခံမှုနှုန်းအမြင့်ဆုံး သမ္မတဖြစ်လာသည်။

သို့သော် ၁၉၉၁နှောင်းပိုင်းတွင်မူ စီးပွားရေးကျဆင်းမှုနှင့်အတူ ဘုရှ်၏ လူကြိုက်များမှုမှာလည်း ကျဆင်းလာပြီး ၁၉၉၂ရွေးကောက်ပွဲတွင် ပြိုင်ဖက်ဒီမိုကရက်တစ်ပါတီမှ သမ္မတလောင်း ဘီလ် ကလင်တန်အား ရှုံးနှိမ့်ခဲ့ရသည်။

[ပြင်​ဆင်​ရန်​] နိုင်ငံရေးမျိုးဆက်

၄၃ဦးမြှောက်အမေရိကန်သမ္မတ ဂျော့ချ် ဝေါ်လ်ကာ ဘုရှ်မှာ ဘုရှ်၏သားဖြစ်သဖြင့် အမေရိကန်သမ္မတသမိုင်းတလျှောက်တွင် ရှားပါးသည့် အဖေနှင့်သား သမ္မတမျိုးဆက်များတွင် အပါအဝင်ဖြစ်ခဲ့သည်။ လက်ရှိတွင်လည်း သက်ရှိထင်ရှားနေထိုင်လျက်ရှိပြီး လူမှုရေးနှင့် ပရဟိတ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။


ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်