အိုဟိုင်းယိုးပြည်နယ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

အိုဟိုင်းအိုပြည်နယ်[ပြင်​ဆင်​ရန်​]

အိုဟိုင်းအိုပြည်နယ်သည် အမေရိ ကန်နိုင်ငံ အလယ်ပိုင်းပြည်နယ်တို့တွင် မြောက်ဘက်ကျသော ပြည်နယ်တစ်နယ်ဖြစ်၍ အိုဟိုင်းအိုမြစ်သည် ပြည်နယ်၏ တောင်ဘက်နှင့် အရှေ့တောင်ဘက် နယ်နိမိတ်အဖြစ် စီးဆင်း သည်။ မြောက်ဘက်တွင် မစ်ရှိဂန်ပြည်နယ်နှင့် အီရီအိုင်ရှိ၍၊ အရှေ့နှင့်အရှေ့တောင်ဘက်တွင် ပင်ဆီလဗေးနီးယားပြည်နယ်နှင့် အနောက်ဗားဂျင်းနီးယားပြည်နယ်တို့ တည်ရှိသည်။ တောင် ဘက်တွင် ကင်တပ်ကီးပြည်နယ်နှင့် အနောက်ဘက်တွင် အင်ဒီး ယားနားပြည်နယ်တို့ အသီးသီးတည်ရှိကြသည်။ အိုဟိုင်းအိုပြည် နယ်သည် စတုရန်းမိုင်ပေါင်း ၄၁၂၂၂ ကျယ်ဝန်း၍ လူဦးရေ ၁ဝ၇၃၁ဝဝဝ ယောက် (၁၉၇၃) ရှိသည်။

အိုဟိုင်းအိုဟူသောအမည်သည် အင်ဒီးယန်းလူမျိုးဘာ သာစကားဖြင့် ကြီးသည်ဟု ဆိုလိုသည်။ နယ်နိမိတ်အဖြစ် စီးဆင်းသော အိုဟိုင်းအိုမြစ်ကိုအစွဲပြု၍ ပြည်နယ်ကို အိုဟိုင်းအို ပြည်နယ်ဟု မှည့်ခေါ်ကြသည်။ အိုဟိုင်းအိုပြည်နယ် အရှေ့ပိုင်းသည် ကုန်းပြင်မြင့်ဒေသ ဖြစ်၍ ကျန်အပိုင်းများမှာ ကုန်းနိမ့်တန်းများဖြင့် မညီမညာရှိ သောလွင်ပြင်ဒေသဖြစ်သည်။ မြောက်ပိုင်းတွင် မောမီးမြစ်သည် ထင်ရှား၍ တောင်ပိုင်းရှိ မြစ်များမှာမူကား အိုဟိုင်းအိုမြစ်၏ မြစ်လက်တက်များဖြစ်လေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)