မေးလာ့ဒ် ဖီးလ်မိုး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မေးလာ့ဒ် ဖီးလ်မိုး
Millard Fillmore
၁၈၀၀-၁၈၇၄
Millard Fillmore.jpg
မွေးနေ့ ၇၊ ဇန်နဝါရီ၊ ၁၈၀၀
မွေးရပ် ကာယူဂကောင်တီ နယူးယောက်ပြည်နယ်
ကွယ်လွန်နေ့ ၈၊ မတ်၊ ၁၈၇၄
ကွယ်လွန်ရပ် ဘတ်ဖဲလို နယူးယောက်ပြည်နယ်
အခြားအမည်
လူသိများရခြင်း အမေရိကန်ပြည်ထောင်စု၏ ၁၃ ဦးမြောက်သမ္မတ
အလုပ်အကိုင် အမေရိကန်သမ္မတ
ရာထူးသက်တမ်းကာလ ၁၀၊ ဇူလိုင်၊ ၁၈၅၀-၄၊ မတ်၊ ၁၈၅၃
ဒုတိယ သမ္မတ မရှိ
လွှဲအပ်သူ ဇက်ခရီ တေလာ
ဆက်ခံသူ ဖရန်ကလင် ပီးယားစ်
နိုင်ငံသား အမေရိကန် နိုင်ငံ

၁၂ ဦးမြောက် သမ္မတ ဇက်ခရီ တေလာ ကွယ်လွန်သဖြင့် ဒုသမ္မတဖြစ်သူ မေးလာ့ဒ် ဖီးလ်မိုး သမ္မတအဖြစ် ဆက်ခံသည်။ လွှတ်တော်တွင်းတွင်လည်း နောက်တိုးပြည်နယ်နှင့် နယ်မြေများတွင် ငွေဝယ်ကျွန်စနစ် ခွင့်ပြုရေး-မပြုရေးသာ တွင်တွင်ဆွေးနွေးနေကြသည်။ မြောက်ပိုင်းသာလွှတ်တော်အမတ်အများစုက လက်ရှိပြည်နယ်များတွင် ရှိမြဲအတိုင်း ရှိနေစေပြီး နောက်တိုးပြည်နယ်များတွင် ကျွန်စနစ်ကို ပိတ်ပင်သင့်သည်ဟု ဆိုကြသည်။ တောင်ပိုင်းသားများကမူ ခွင့်ပြုစေလိုကြသည်။ အခရာမှာ ကယ်လီဖိုးနီးယားပြည်နယ် ဖြစ်သည်။ အကြောင်းမှာ ကယ်လီဖိုးနီးယားပြည်နယ်တွင် ရွှေကိုရှာဖွေတွေ့ရှိနေပြီး ရွှေ့ပြောင်းရွှေရှာသူများ ပြောင်းရွှေ့လာခြင်းနည်းတူ ကျွန်စနစ်နှင့်ပက်သက်၍ ရှင်းရှင်းလင်းလင်း ဖြစ်နေရန်လိုအပ်နေသည်။

နယူးယောက်အနောက်ပိုင်းရှိ တောတွင်းသစ်လုံးအိမ်လေးတွင် မွေးဖွားသည်။ ကျောင်းနေခဲ့ဖူးခြင်းမရှိ။ ၁၄နှစ်သားတွင် စက်ချုပ်ဆိုင်အကူ အဖြစ်အသက်မွေးသည်။ ဥပဒေဘာသာရပ်ကို စိတ်ပါဝင်စားပြီး ကိုယ့်ထူးကိုယ်ချွန် ကြိုးစားခဲ့သဖြင့် အသက် ၂၃နှစ်တွင် ရှေ့နေဖြစ်လာသည်။ နိုင်ငံရေးနယ်ပယ်တွင် ကြိုးစားပမ်းစား တိုးဝင်သဖြင့် ဒုသမ္မတဖြစ်လာခြင်းဖြစ်သည်။

ဖီးလ်မိုး သည် ပုံစံပျော့ပျောင်းပြီး ဒုသမ္မတရာထူးအတွက် သင့်လှျော်သည်။ သို့သော် သမ္မတတစ်ဦးအနေဖြင့်အား ပျော့လွန်းသည်ဟု သတ်မှတ်ကြသည်။ သူ့မူဝါဒမှာ ရွှေပြည်အေးမူဝါဒဖြစ်ပြီး စေ့စပ်ညှိနှိုင်းမှုကို ရှေ့တန်းတင်သည်။ ထိုသို့သော သဘောတရားများဖြင့် သူတင်ပြသည့် စေ့စပ်ညှိနှိုင်းရေး ဥပဒေ (Compromise of 1850)သည်သာလှျင် သူ့သမ္မတသက်တမ်းအတွက် တစ်ခုတည်းသော အောင်မြင်မှုဟု လက်ညိုးထိုးပြနိုင်သည်။ ထို ဥပဒေထွက်ပေါ်လာသည်ကြောင့် ငွေဝယ်ကျွန်ပြဿနာပြေလည်ပြီး ပြည်တွင်းအကွဲအပြဲ မပေါ်နိုင်တော့ဟု ဆိုသော်လည်း အစစ်အမှန်အားဖြင့် ဆယ်စုနှစ်တစ်ခုမှျ ပြဿနာကို ဆွဲဆန့်ပေးသွားနိုင်ခြင်း သာဖြစ်သည်။ ထိုရွှေပြည်အေး ဥပဒေပါနောက်ဆုံး အပိုဒ်ဖြစ်သည့် ထွက်ပြေးကျွန်များ ပြန်လည်းဖမ်းဆီးပေးပို့သော ဥပဒေကြောင့် အကွဲအပြဲမှာ အတွင်းကြိတ်နက်ရှိူင်းလာပြီး နောက်ဆုံးတွင် တောင်-မြောက်နှစ်ပိုင်းကွဲပြီး ပြည်တွင်းစစ်ကြီး ဖြစ်ပွားလာရသည်။ ဖီးလ်မိုး၏ တိုတောင်းလှသော သမ္မတသက်တမ်းအတွင်း အိမ်ဖြူုတော်တွင် ရေနွေးစိမ်ချိုးနိုင်သော ရေချိုးကန်တပ်ဆင်ခဲ့သဖြင့် နောင်အိမ်ဖြူတော်တွင် နေသူများ ဇိမ်ရှိရှိ ရေချိုးနိုင်သည်ဟု ပြောစမှတ်ရှိကြသည်။

ထိုထွက်ပြေးကျွန် ဥပဒေကို သက်ဝင်စေရန် သမ္မတတွင်တာဝန်ရှိသည်။ ထို့ကြောင့်ပင် သမ္မတ ဖီးလ်မိုးက စစ်တပ်များဖြင့် ထွက်ပြေးကျွန်များကို ဖမ်းဆီးစေသည်။ ထို့ကြောင့် အမြင်မတူများတွင် လူဆိုးဆန်လာသည်။ ထောက်ခံမှုများကျဆင်းလာသည်။ အထူးသဖြင့် မြောက်ပိုင်းသားများ၊ အထူးသဖြင့် သူ့ဇာတိ ဘတ်ဖဲလိုကပင် သူ့ကို အမြင်မကြည်လင်တော့ပေ။ (ဘတ်ဖဲလို မှာ ကနေဒါနယ်စပ်အနီးတွင် တည်ရှိပြီး ငွေဝယ်ကျွန်များအတွက် ထွက်ပြေးပေါက်ကြီးလည်း ဖြစ်သည်။) သို့ဖြင့် သူ၏ ပါတီဖြစ်သည့် ဝှစ်ပါတီက သူ့အားနောက်တစ်ကြိမ် သမ္မတအဖြစ် ရွေးကောက်ခံရန် မထောက်ခံတော့ပေ။ ဝှစ်ပါတီအနေဖြင့်လည်း ဖီးလ်မိုးမှာ ပါတီအတွက် နောက်ဆုံးသမ္မတလည်း ဖြစ်ခဲ့ရသည်။ ထိုနောက်တွင် ပါတီပျက်ကာ ရီပါပလီကန် ပါတီသစ် (Republican) ပေါ်ထွက်လာသည်။

တစ်ဖက်တွင်မူ ဖီးလ်မိုး၏ ထူးခြားသည့် ဆောင်ရွက်ချက်အချို့လည်းရှိပါသေးသည်။ အကြောင်းအရာအားဖြင့် စာဖွဲ့လောက်သည် မဟုတ်သော်လည်း ယနေ့ကမာ္ဘအတွက်မူ ထူးခြားသည့် အကျိုးသက်ရောက်မှုရှိစေသည့် အပြောင်းအလဲဟုဆိုနိုင်သည်။ “တံခါးပိတ်ဝါဒ ကျင့်သုံးသည့် ဂျပန်နိုင်ငံကို ရေတပ်ဗိုလ်ချုပ် ပယ်ရီက အမြောက်ဖြင့် ပစ်၍ တံခါးဖွင့်စေခဲ့သည်။” ဟူသော အဆိုအတိုင်း ဗိုလ်ချုပ် မက်သရူး ပယ်ရီကို ဂျပန်သို့ စေလွှတ်ခဲ့သူမှာ အခြားသူမဟုတ် ဖီးလ်မိုး ပင်ဖြစ်သည်။ ထိုသို့ ကုန်သွယ်မှု တံခါးဖွင့်စေခဲ့သည့် အတွက် ဖီးလ်မိုးအတွက် မည်သို့မှျ မကျိုးမဖြစ်စေတော့ပေ။ အဘယ့်ကြောင့်ဆိုသော် ဗိုလ်ချုပ် ပယ်ရီ အမြောက်ပစ်ဖောက်ချိန်တွင် အိမ်ဖြူတော်၌ ဖီးလ်မိုး မရှိတော့ပေ။ ၁၈၅၅တွင် ဥရောပသို့ ခရီးလှည့်လည်ရာ အောက်စဖို့ဒ် တက္ကသိုလ်မှ လက်တင်ဆိုင်ရာ ဘွဲ့တစ်ခုချီးမြှင့်သေးသည်။ သို့သော် ဖီးလ်မိုးက ကိုယ်မတတ်ကျွမ်းသည့် ဘာသာရပ်တစ်ခုအတွက် ပေးအပ်သည့် ဘွဲ့ကို လက်မခံသင့်ဟု ဆိုကာပယ်ချခဲ့သည်။ ၁၈၅၆တွင် ဖီးလ်မိုးတစ်ယောက် အမေရိကန်ပါတီဟူသော ပါတီငယ်တစ်ခုမှ ဝင်အရွေးခံသော်လည်း ရှုံးနှိမ့်ခဲ့သည်။

ကိုးကား[ပြင်​ဆင်​ရန်​]

အိမ်ဖြူတော်ကို တန်းစီခြင်း- ကြည်မင်း