အင်ဒရူး ဂျွန်ဆင်

ဝီကီပီးဒီးယား မှ
အင်ဒရူး ဂျွန်ဆင်
Andrew Johnson
၁၈၀၈-၁၈၇၅
မွေးနေ့ ၂၉၊ ဒီဇင်ဘာ၊ ၁၈၀၈
မွေးရပ် ရဲလိဂ် မြောက်ကယ်ရိုလိုင်းနားပြည်နယ်
ကွယ်လွန်နေ့
ကွယ်လွန်ရပ် ဂရင်းဗီးလ် တင်နက်ဆီပြည်နယ်
အခြားအမည်
လူသိများရခြင်း အမေရိကန်ပြည်ထောင်စု၏ ၁၇ ဦးမြောက်သမ္မတ၊
အလုပ်အကိုင် အမေရိကန်ဒုသမ္မတ၊ အမေရိကန်သမ္မတ
ရာထူးသက်တမ်းကာလ ၁၅၊ ဧပြီ၊ ၁၈၆၅-၄၊ မတ်၊ ၁၈၆၉
ဒုတိယ သမ္မတ
လွှဲအပ်သူ အေဘရာဟမ် လင်ကွန်း
ဆက်ခံသူ ယူလီဆီးစ် ဆင်ပဆန် ဂရန့်
နိုင်ငံသား အမေရိကန် နိုင်ငံ

ပြည်တွင်းစစ်ကြီးအပြီးတွင် အေဘရာဟမ် လင်ကွန်း လုပ်ကြံခံရပြီးနောက် သမ္မတရာထူးဆက်ခံသူ အင်ဒရူးဂျွန်ဆင်သည် တောင်ပိုင်းပြည်နယ်များ ပြန်လည်ထူထောင်ရေးအတွက် အုပ်ချုပ်ရေးအာဏာကို တိကျစွာ အသုံးချခဲ့သူအဖြစ် မှတ်တမ်းဝင်သည်။ ရီပါပလီကန်ပါတီမှ သမ္မတလင်ကွန်းမှ တောင်ပိုင်းသား ဒီမိုကရက်တစ်ပါတီဝင်များ အနက် ထူးခြားစွာပင် ခွဲထွက်ရေးနှင့် ကျွန်စနစ်ကို ဆန့်ကျင်သူ တစ်ဦးကို ဒုသမ္မတအဖြစ် ခန့်အပ်ခဲ့သည်မှာ နိုင်ငံရေးအရဟု ဆိုသော်လည်း ဂျွန်ဆင်သည် အရည်အသွေးရှိသော သမ္မတတစ်ဦးဖြစ်ကြောင်းကို ပြသနိုင်ခဲ့သည်။

စာတတ်ပေတတ်တစ်ဦးမဟုတ်သူ ဂျွန်ဆင်သည် အိမ်ထောင်ကျပြီးမှ ဇနီးသည်ကောင်းမှုဖြင့် အသက် ၂၀ကျော်မှ စာရေးစာဖတ် တတ်မြောက်လာသူဖြစ်သည်။ သို့သော် သူ၏တင်္ခဏုပ္ပတ္တိဉာဏ်ကောင်းမွန်မှု၊ ဇဝနဉာဏ်ကောင်းမွန်မှု တို့ကြောင့် ထင်ရှားလာသူဖြစ်သည်။

စစ်အပြီးတောင်ပိုင်းဒေသပြန်လည်ထူထောင်ရေးမှာ သမ္မတလင်ကွန်း၏ မူဖြစ်သည်။ ဂျွန်ဆင်မှလည်း ထိုမူကို ရှေ့ရေးရည်မှန်းချက်အဖြစ် သတ်မှတ်သည်။ လွှတ်တော်တွင်အင်အားကြီးနေကြသည်မှာ မြောက်ပိုင်းသားအများစု ပါဝင်ကြသည့် ရီပါပလီကန်ပါတီဖြစ်ပြီး တောင်ပိုင်းကို ရစရာမရှိအောင်ပင် လက်စားချေနေလိုကြသည်။ လွှတ်တော်မှ အတည်ပြုလာသည့် ဥပဒေတော်တော်များများကို သမ္မတကတောင်ပိုင်းပြန်လည်ထူထောင်ရေးမူ နှင့် မကိုက်ညီသဖြင့် ဗီတိုအာဏာဖြင့် ပယ်ချခဲ့သည်။ သို့သော် သမ္မတဗီတိုအာဏာကို လွှတ်တော်မှ ကျော်လွှားသွားခဲ့ ဖူးသည် များလည်း ရှိခဲ့သည်။ သို့ဖြင့် သမ္မတကို ဖြုတ်ချရန် (Impeach) အတွက် မဲခွဲဆုံးဖြတ်ရာ ဂျွန်ဆင် အပြောကောင်းသဖြင့် တစ်မဲအသာရကာ ရာထူးမှာမြဲသွားသည်။

ဂျွန်ဆင်၏ မူဝါဒသဘောထားမှာ လူမည်းကျွန်ဟောင်းများအနေဖြင့် နိုင်ငံသားဖြစ်ထိုက်ရန် အရည်အသွေး မမီသေးသဖြင့် စစ်ရှုံးတောင်ပိုင်းသားများကို ပြန်လည်ထူထောင်ပေးပြီး တိုင်းပြည်တိုးတက်ရေးအတွက် ဆောင်ရွက်ရန်ဖြစ်သည်။ သို့ဖြင့် သူ၏မူနှင့်မကိုက်သော လွှတ်တော်ကော်မတီလုပ်ငန်းများအတွက် ဘတ်ဂျက်များ ချမပေးခြင်း၊ တောင်ပိုင်းမှ စစ်ရာဇဝတ်ကောင်ဟု မြောက်ပိုင်းသားတို့ သတ်မှတ်ထားသူများကို စစ်ခုံရုံးမတင်စေဘဲ လွှတ်ငြိမ်းချမ်းသာခွင့် ပေးခြင်း၊ မြောက်ပိုင်းမှ အရာရှိအချို့ကို ပြည်ထောင်စုသွေးစည်းညီညွတ်ရေးတွင် ပါဝင်ရန်ပျက်ကွက်သဖြင့် ဖမ်းဆီးအပြစ်ပေးခြင်း စသည့်ကိစ္စများကြောင့် သမ္မတကို လူကြိုက်နည်းရသည်။ ထို့ပြင် တောင်ပိုင်းမြေရှင်များထံမှ သိမ်းယူကာ လူမည်းများသို့ခွဲဝေပေးထားသည့် မြေများကို ပြန်လည်သိမ်းဆည်းပြီး မူလပိုင်ရှင်များထံသို့ ပြန်ပေးအပ်ခြင်း၊ သူ့မူဝါဒကို ထောက်ခံရန် နိုင်ငံရေးသမားများကို အတင်းအကျပ် ဖိအားပေးခြင်း၊ လွှတ်တော်အနေဖြင့် ဆန့်ကျင်မှုများ ပိုများလာလျှက် အကြမ်းနည်းဖြင့် ဖြေရှင်းမည်ဟု ထုတ်ပြန်ပြောဆိုခဲ့ခြင်းတို့ကြောင့် လူကြမ်းတစ်ဦးသဖွယ် အများကမြင်ခဲ့ကြသည်။ သို့သော် သမ္မတသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အုပ်ချုပ်ရေးအာဏာကို ထိရောက်စွာ အသုံးပြုခဲ့ခြင်းဖြစ်သည်ကို တွေ့ရသည်။

သမ္မတအနေဖြင့် သူ၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို အများပြည်သူသိရှိစေရန်အတွက် သတင်းများကို ထုတ်ပြန်လေ့ရှိသည်။ ၎င်းမှာ ယနေ့အချိန်တွင် မထူးခြားသော်လည်း ထိုစဉ်ကမူအများအတွက် အဆန်းတကြယ်ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

အိမ်ဖြူတော်ကို တန်းစီခြင်း- ကြည်မင်း