မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်

ဝီကီပီးဒီးယား မှ
ဤဆောင်းပါးသည် ကိုးကန့်ဒေသရှိ လက်နက်ကိုင်အဖွဲ့အစည်း အကြောင်း ဖြစ်သည်။ မိုင်းလားဒေသရှိ အဖွဲ့ အတွက် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ကို ကြည့်ပါ။
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်
缅甸民族民主同盟军
မြန်မာနိုင်ငံ ပြည်တွင်းပဋိပက္ခတွင် ပါဝင်
လှုပ်ရှား၁၂ မတ် ၁၉၈၉ (၁၉၈၉-၀၃-၁၂)–လက်ရှိ
ခံယူချက်ကိုးကန့်အမျိုးသားရေး
ခွဲထွက်ရေး
ဦးဆောင်သူများဖုန်တာရွှင်[၁][၂]
လှုပ်ရှားသည့် ဧရိယာကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမြန်မာနိုင်ငံ
အင်အား၁၀,၀၀၀[၃]
တစ်စိတ်တစ်ပိုင်း မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသား ပါတီ
အစပြု ဗမာပြည်ကွန်မြူနစ်ပါတီ
မဟာမိတ်မြောက်ပိုင်းမဟာမိတ်[၄]

အခြားမဟာမိတ်များ

ပြိုင်ဘက် မြန်မာ ပြည်ထောင်စု မြန်မာနိုင်ငံ (၂၀၁၁ အထိ)
တိုက်ပွဲနှင့် စစ်ပွဲများမြန်မာနိုင်ငံ ပြည်တွင်းပဋိပက္ခ
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်
ရိုးရှင်းသော တရုတ်缅甸民族民主同盟军
ရိုးရာ တရုတ်緬甸民族民主同盟軍

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (အင်္ဂလိပ်: Myanmar National Democratic Alliance Army သို့မဟုတ် Myanmar Nationalities Democratic Alliance Army နှင့် ကိုးကန့်တပ်ဖွဲ့; အတိုကောက် MNDAA) သည် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ကိုးကန့်မြို့အခြေစိုက် လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ၁၉၈၉ ခုနှစ်ကတည်းက တည်ထောင်ခဲ့သည့် အဖွဲ့အစည်းဖြစ်ပြီး မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေးအတွက် ပထမဆုံး လက်မှတ်ရေးထိုးခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။ အပစ်အခတ်ရပ်စဲရေးသည် ဆယ်စုနှစ် နှစ်နှစ်ခန့် ကြာရှည်ခဲ့သည်။[၅][၆]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သော ဖုန်ကြားရှင်သည် ကွန်မြူနစ် အစိုးရနှင့် သဘောထားမတိုက်ဆိုင်တော့သည့်အခါ ၁၉၈၉ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ခွဲထွက်ခဲ့ပြီး မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ကို ထူထောင်ခဲ့သည်။[၇] ညီဖြစ်သူ ဖုန်ကြားဖူနှင့် အတူ ကိုးကန့်တွင် တပ်ဖွဲ့အသစ် အနေဖြင့် ထူထောင်ခဲ့ခြင်း ဖြစ်သည်။[၈] အင်အားမှာ ၁,၅၀၀ မှ ၂,၀၀၀ ဖြစ်သည်။[၈]

မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေးအတွက် ပထမဆုံး လက်မှတ်ရေးထိုးခဲ့ကာ MNDAA ထိန်းချုပ်သော ကိုးကန့်ဒေသကို "ရှမ်းပြည်နယ်အထူးဒေသ ၁" အဖြစ် သတ်မှတ်ခဲ့သည်။[၇] အပစ်အခတ် ရပ်စဲပြီးနောက် MNDAA နှင့် ဒေသရှိ တပ်မတော်တို့ ဘိန်းစိုက်ပျိုးခြင်းနှင့် ဟီးရိုးအင်းချက်လုပ်သန့်စင်ခြင်းများမှ အကျိုးအမြတ်များ ရရှိခဲ့သည်။[၉] ထို့အပြင် မက်သာဖက်တမင်းလဲ ထိုဒေသမှ ထွက်ရှိခဲ့သည်။[၁၀] MNDAA နှင့် အခြားလက်နက်ကိုင်အဖွဲ့များက စိုက်ပျိုးမြေများ ထိန်းချုပ်ထားခဲ့ကာ တရားမဝင် မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်ခြင်းများ ဖြစ်စေခဲ့သည်။[၁၀]

ကိုးကား[ပြင်ဆင်ရန်]

  1. "ကိုးကန့်အဖွဲ့ တည်ထောင်သူ ဥက္ကဌဟောင်း ဦးဖုန်ကြားရှင်း လူကြီးရောဂါဖြင့် ကွယ်လွန်" (in en-gb)၊ yangonmediagroup.com၊ ၁၆ ဖေဖော်ဝါရီ ၂၀၂၂။ 
  2. Myanmar Peace Monitor - MNDAA။ 22 April 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 January 2016 တွင် ပြန်စစ်ပြီး။
  3. (Myanmar Peace Monitor).orgname=47 Govt Troops Killed, Tens of Thousands Flee Heavy Fighting in Shan Stateirrawaddy.org
  4. "Curfew imposed after clashes near Myanmar-China border"။ 21 November 2016 တွင် ပြန်စစ်ပြီး 
  5. Ethnic group in Myanmar said to break cease-fire Archived 6 September 2009 at the Wayback Machine.. Associated Press. 28 August 2009.
  6. Fredholm, Michael (1993). Burma: ethnicity and insurgency. Praeger. p. 205. ISBN 978-0-275-94370-7.
  7. ၇.၀ ၇.၁ South, Ashley (2008). Ethnic politics in Burma: states of conflict. Taylor & Francis. p. 140. ISBN 978-0-203-89519-1.
  8. ၈.၀ ၈.၁ Rotberg, Robert (1998). Burma: prospects for a democratic future. Brookings Institution Press. p. 169.
  9. Skidmore, Monique; Wilson, Trevor (2007). Myanmar: the state, community and the environment. ANU E Press. p. 69.
  10. ၁၀.၀ ၁၀.၁ Shanty, Frank; Mishra, Patit Paban (2007). Organized crime: from trafficking to terrorism. ABC-CLIO. p. 70.

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]