ထားဝယ် လေဆိပ်

ဝီကီပီးဒီးယား မှ
ထားဝယ်လေဆိပ်
  • IATA: TVY
  • ICAO: VYDW
    TVY သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
    TVY
    TVY
    ထားဝယ်လေဆိပ် တည်နေရာ
အချက်အလက်များ
အမျိုးအစားအများပြည်သူနှင့်ဆိုင်ရာ လေဆိပ်
စီမံကွပ်ကဲသူအစိုးရ
ဝန်ဆောင်မှု ဧရိယာထားဝယ်မြို့တနင်္သာရီတိုင်းဒေသကြီး
ပင်လယ်မျက်နှာပြင် အထက်၈၄ ပေ / ၂၆ မီတာ
ကိုဩဒိနိတ်14°06′13″N 098°12′13″E / 14.10361°N 98.20361°E / 14.10361; 98.20361
ပြေးလမ်း
ဦးတည်ရာအရပ် အလျား မျက်နှာပြင်
မီတာ ပေ
၁၆/၃၄ ၂,၁၃၅ ၇,၀၀၅ ကွန်ကရစ်
ရင်းမြစ်: [၁]

ထားဝယ်လေဆိပ် သည် မြန်မာနိုင်ငံအောက်ပိုင်း တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့တွင် တည်ရှိသည်။ လေဆိပ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၈၄ ပေ (၂၆ မီတာ)တွင် တည်ရှိသည်။ လေယာဉ်ပြေးလမ်းမျက်နှာပြင်မှာ ကွန်ကရစ်အမျိုးအစားဖြစ်ကာ ၂၁၃၅ မီတာရှည်ပြီး ၃၀ မီတာအကျယ်ရှိသည်။[၁]

သမိုင်းကြောင်း

မူလလေယာဉ်ပြေးလမ်း (၄၅၀၀× ၅၀) ပေ သည် ဒုတိယကမ္ဘာစစ်အတွင်း စတင်အသုံးပြုခဲ့သော စစ်သုံးလေယာဉ်ကွင်းဖြစ်ပြီး ၁၉၈၇ ခုနှစ်တွင် လေယာဉ်ပြေးလမ်းကို (၄၅၀၀× ၅၀) ပေမှ (၅၁၀၀× ၅၀) ပေအထိ တိုးချဲ့တည်ဆောက်ခဲ့သည်။ ၁၉၉၅-၁၉၉၆ ခုနှစ်တွင် (၅၁၀၀× ၇၅) ပေအထိ တိုးချဲ့ဆောင်ရွက်ခဲ့သည်။[၂]

၂၀၀၄ ခုနှစ်မှ စတင်၍ (၅၁၀၀× ၅၀) ပေအား စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ (၁၂၀၀၀× ၁၀၀) ပေ အဝင်လမ်း (၂၂၀× ၁၀၀) ပေနှင့် လေယာဉ်ရပ်နားနေရာ (၆၀၀× ၃၀၀) ပေ အထူ (၂၆) လက်မ ကွန်ကရိခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၂၀၀၈-၂၀၀၉ ခုနှစ်တွင် လုပ်ငန်းများ ပြီးစီး၍ စတင်အသုံးပြုခဲ့သည်။[၂]

လေကြောင်းလိုင်းများနှင့် ပျံသန်းမှုများ

လေကြောင်းလိုင်း မြို့အမည်
အဲပုဂံ ကော့သောင်းမြိတ်ရန်ကုန်
မြန်မာအမျိုးသား လေကြောင်းလိုင်း မော်လမြိုင်ရန်ကုန်
အေးပတ်စ် လေကြောင်းလိုင်း ရန်ကုန်

ကိုးကား

  1. ၁.၀ ၁.၁ Airport information for VYDW from DAFIF (effective October 2006)
  2. ၂.၀ ၂.၁ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန။ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ (၈ စက်တင်ဘာ ၂၀၁၆)။ ၁၀ မတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။