၁၉၄၈

ဝီကီပီးဒီးယား မှ
ထောင်စုနှစ်: ၂ ထောင်စုနှစ်
ရာစုနှစ်များ:
ဆယ်စုနှစ်များ:
ခုနှစ်များ:

၁၉၄၈ (MCMXLVIII) သည် ဂရီဂေါရီးယန်း ပြက္ခဒိန်တွင် ကြာသပတေးနေ့မှ စတင်သော ရက်ထပ်နှစ်ဖြစ်ပြီး၊ ယနေ့ခေတ် (Common Era) နှင့် အေဒီ (Anno Domini) ၏ ၁၉၄၈ ကြိမ်မြောက် ခုနှစ်ဖြစ်ကာ၊ ၂ ထောင်စုနှစ်၏ ၉၄၈ ကြိမ်မြောက် ခုနှစ်၊ ၂၀ ရာစုနှစ်၏ ၄၈ ကြိမ်မြောက် ခုနှစ်ဖြစ်ပြီး ၁၉၄၀ ဆယ်စုနှစ်၏ ၉ ကြိမ်မြောက် ခုနှစ် ဖြစ်သည်။

၁၉၄၈ ခုနှစ် မှတ်တမ်း[ပြင်ဆင်ရန်]

ဇန်နဝါရီလ[ပြင်ဆင်ရန်]

(၁) ရက်။

(၂) ရက်။

ဘုရင်ခံ ဟူးဗတ်ရန့်(စ်) (Hubert Rance)၊ ဇနီးနှင့် အဖွဲ့ ရွှေတိဂုံစေတီတော်သို့ တက်ရောက် ကြည်ညို။ ရွှေသင်္ကန်း ကပ်လှူ။
ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အမှုဆောင် အဖွဲ့သစ်က ရန်ကုန်မြို့ သတင်းစာဆရာများ အသင်းတိုက်၌ သတင်းစာ ဆရာများအား ဗကသ၏ ဝါဒနှင့် လမ်းစဉ် ရှင်းလင်းပြောကြား။

(၃) ရက်။

  • တိုင်းပြုပြည်ပြု လွှတ်တော် စတုတ္တ ညီလာခံ၌ သခင်နု တင်သွင်းသော ဝန်ကြီး စာရင်းကို အတည်ပြု။
  • ဗုဒ္ဓဂါယာနှင့် သီဟိုဠ်မှ ပင့်ဆောင်လာသော ဗောဓိပင်ပျိုများ ရန်ကုန်ရောက်။
  • ဘုရင်ခံ ဟူးဗတ်ရန့် (စ်) နှင့် ဇနီး ဂျူဗလီဟောသို့ သွားရောက်၍ အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြု၊ ပန်းခွေချ။
  • နိုင်ငံတော် ခေါင်းဆောင်ကြီးများအား လုပ်ကြံမှုဖြင့် သေဒဏ် ပေးခံထားရသော ဦးစောက တရား လွှတ်တော်သို့ အယူခံလွှာတင်။

(၄) ရက်။

  • နိုင်ငံတော် အာဏာ လွှဲပြောင်းသည့် အခမ်းအနား၊ လွတ်လပ်ရေး ကြေညာသည့် အခမ်းအနားနှင့် လွတ်လပ်ရေး မော်ကွန်း ကျောက်တိုင် အုဋ်မြစ်ချ အခမ်းအနားများ ကျင်းပ။ မြန်မာနိုင်ငံသည် လုံးဝ လွတ်လပ်သော အချုပ်အခြာ အာဏာပိုင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ အဖြစ် ရောက်ရှိ။
  • ဘုရင်ခံ ဟူးဗတ်ရန့် (စ်) ဘာမင်ဟမ် (Birmingham) စစ်သင်္ဘောဖြင့် အင်္ဂလန်သို့ပြန်။

(၅) ရက်။

  • လွတ်လပ်ရေး အထိမ်းအမှတ် ကာယ ပညာပြပွဲ ဘီအေအေ (ယခု အောင်ဆန်းကွင်း) ကွင်း၌ စတင် ကျင်းပ။
  • ကရင်လူမျိုးတို့သည် လွတ်လပ်သော လူမျိုးတစ်မျိုး ဖြစ်သည်ဟု ကြေညာ။

(၆) ရက်။

  • လွတ်လပ်ရေး အထိမ်းအမှတ် တံဆိပ်ခေါင်း ငါးမျိုးထုတ်။
  • မြန်မာပြည် အိုလံပစ် အသင်းက ကြီးမှူး၍ မယ်ဒဂုန် - မောင်ဒဂုန် ရွေးပွဲ ဘီအေအေကွင်း (ယခု အောင်ဆန်းကွင်း)၌ ကျင်းပ။
  • အာဇာနည် ခေါင်းဆောင်ကြီးများအား လုပ်ကြံမှုကြောင့် သေဒဏ် ပေးခံထားရသော မောင်စိုး၊ မှုန်ကြီး၊ ရန်ကြီးအောင်နှင့် သက်နှင်းတို့က တရားလွှတ်တော်သို့ အယူခံလွှာတင်။

(၈) ရက်။

  • ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပထမဆုံး တိုင်းပြုပြည်ပြု လွှတ်တော် (ပါလီမန်) စတင် ကျင်းပ။
  • ဟိုက်ကုတ် လွှတ်တော်ရုံးဝင်း အတွင်း၌ နိုင်ငံတော် တရားလွှတ်တော်ချုပ်ရုံး ဖွင့်ပွဲ ကျင်းပ။
  • သထုံ စော်ဘွားကြီးစပ်ခွန်ကြည် ရန်ကုန်၌ လေဖြတ်၍ ကွယ်လွန်။

(၁၀) ရက်။

(၁၄) ရက်။

(၁၇) ရက်။

  • ရှမ်းပြည်တောင်ပိုင်း လဲချားစော်ဘွား၏ မဟာဒေဝီနှင့် နောက်ပါ ၅ဝ ခန့်တို့ ရွှေတိဂုံဘုရား ဖူးရန်နှင့် အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုရန် ရန်ကုန်ရောက်။

(၁၈) ရက်။

  • ရန်ကုန်မြို့ ဆန်းကဖေး၌ မြန်မာနိုင်ငံ ပုံနှိပ် ထုတ်ဝေသူများအသင်း နှစ်ပတ်လည် ညီလာခံ ကျင်းပ။ ဥက္ကဋ္ဌ ဦးအုန်းဖေ (တက်တိုး)နှင့် အတွင်းရေးမှူး ဦးအောင်စိန် (ကမ္ဘာ့စာပေတိုက်) တို့ ပါသော အမှုဆောင်သစ် ၁၅ ဦး ရွေး။

(၂၀) ရက်။

  • ရှမ်းပြည်နယ် ကောင်စီ၏ ပထမ အကြိမ် ညီလာခံကို ရန်ကုန်မြို့ ရွှေတောင်ကြားလမ်း၊ အမှတ် ၃၁ တွင် ကျင်းပ။ ရှမ်းပြည်နယ် ကောင်စီ အတွက် နည်းဥပဒေများ ရေးဆွဲရေး ဆွေးနွေး။

(၂၂) ရက်။

  • ရခိုင် - မြန်မာ ချစ်ကြည်ရေး၊ အမှုဆောင် အစည်းအဝေး၊ ရန်ကုန်မြို့၊ စတော့ကိတ်လမ်း၊ မင်္ဂလာသုခ ကျောင်း၌ ကျင်းပ။

(၂၄) ရက်။

  • ပဲခူးမြို့ - ရွှေမော်ဓော ဘုရား ပြုပြင်ရန် အတွက် အောင်ပန္နက်ချက် မင်္ဂလာ အခမ်းအနားသို့ သမ္မတကြီး၊ သမ္မတကတော်နှင့် ဝန်ကြီးများ တက်ရောက်။
  • အဖွဲ့ဝင် ခုနစ်ဦး ပါသော ဗြိတိသျှ စစ်မစ်ရှင် ရန်ကုန်ရောက်။
  • အလံနီ ကွန်မြူနစ် ပါတီနှင့် ဆက်သွယ်သဖြင့် သခင်လေးမောင် နေအိမ်တွင် အဖမ်းခံရ။

(၂၅) ရက်။

  • ပထမ အကြိမ်မြောက် မြန်မာနိုင်ငံ အိုလံပစ်ပွဲတော်ကို ဘီအေအေကွင်း၌ စတင် ကျင်းပ။

(၂၆) ရက်။

  • အလုံရပ်ရှိ အဖေါင်သစ်စက်၊ အမှတ် ၉ နှင့် အမှတ် ၁ဝ သစ်စက်နှင့် အလီမူလာ သစ်စက် လေးစက်မှ အလုပ်သမားများ လုပ်ခတိုးရရေး အတွက် သပိတ်မှောက်။
  • ဗမာပြည် သတင်းစာများ အသင်းတိုက်၌ ဒုတိယ ဝန်ကြီးချုပ် ဗိုလ်လင်္ကျာနှင့် ဗိုလ်ကြီး စောကြာဒိုးတို့က ရခိုင်ပြည်၏ နောက်ဆုံး အခြေအနေကို သတင်းစာ ဆရာများအား ရှင်းလင်း ပြောကြား။
  • ဦးစော၏ အယူခံကို ကြားနာရန် တရားဝန်ကြီး ဦးအုံးဖေ၊ ဦးစံမော်နှင့် ဦးဘိုကြီးတို့ပါသော ခုံရုံးဖွဲ့။

(၂၇) ရက်။

  • တရုတ်ပြည် ဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးမြင့်သိန်း နန်ကင်းမြို့ ရောက်။
  • ပြည်ထောင်စု မြန်မာနိုင်ငံတော် ပါလီမန်က ဆက်သွယ်သမျှ စာများကို မြန်မာစာနှင့် အသုံးပြုနိုင်ကြောင်း ကြေညာ။

(၂၈) ရက်။

(၂၉) ရက်။

  • ဦးစော၏ ဇနီး ဒေါ်သန်းခင်က ရွှေတိဂုံ ဂေါပက အဖွဲ့သို့ သွားရောက်၍ ကျောက်စိမ်းလက်ကောက် တဖက်လှူ။ ထိုလက်ကောက်မှာ ဦးစော နန်းရင်းဝန်ဘဝ ၁၉၄၁ ခုနှစ်တွင် အင်္ဂလန် သွားစဉ်က အမည် မဖော်လိုသော အမျိုးသမီး တဦးက ဦးစောအား မြန်မာပြည် ယူသွားရန် ပေးလိုက်သည်။ မင်းတုန်းမင်း မိဖုရားကြီး ဝတ်ဆင်သော လက်ကောက် ဖြစ်သည်။

ဖေဖော်ဝါရီလ[ပြင်ဆင်ရန်]

(၁) ရက်။

  • စောဘဦးကြီး။ သရာသာထိုနှင့် အဖွဲ့က သထုံ ရဲဌာနပိုင် အင်းဝိုင်းရွာ၌ ကရင်နယ် သီးခြား ရရှိရေး တရားဟော။

(၃) ရက်။

  • ပြည်ထောင်စုဘဏ် ဖွင့်။ ကေအင်ဒီအို သီးခြား ကရင်ပြည်နယ် ဖွဲ့ပေးရန် တောင်းဆို။

(၉) ရက်။

  • ဦးစော၏ အယူခံမှု စတင် ကြားနာ။

(၁၁) ရက်။

  • ကေအင်ဒီအိုက ဦးစီး၍ ကရင် အမျိုးသားများ အင်အားပြပွဲ အင်းစိန်၌ ကျင်းပ။ ကျိုက်ထိုမြို့ အစိုးရ အထက်တန်း ကျောင်းဝင်း အတွင်း ကရင်လူထု အင်အားပြပွဲ ကျင်းပ။

(၁၂) ရက်။

  • ကေအင်ဒီအိုက ကြီးမှူး၍ ကရင် အမျိုးသား အင်အားပြပွဲများ ပုသိမ်နှင့် ညောင်တုန်း၌ ကျင်းပ။
  • ဟာဗနားမြို့၌ ကျင်းပသော ကူးသန်းရောင်းဝယ်ရေး ကွန်ဖရင့်သို့ တက်ရောက်ခဲ့ကြသော ဦးလှမောင်၊ ဦးခင်မောင်ကလေးနှင့် ဦးစိန်ဘွားတို့ ရန်ကုန် ပြန်ရောက်။

(၁၇) ရက်။

  • ၁၉၄၇ ခုနှစ်၊ အောက်တိုဘာလက တည်ထောင်ခဲ့သော အမျိုးသား တက္ကသိုလ်ကို သက်ကြီး ပညာသင် တက္ကသိုလ် (University for Adult Education) ဟု အမည်ပြောင်း။
  • ဗမာပြည် သတင်းစာ ဆရာများ အသင်းတိုက်၌ အမေရိကန် သတင်းစာဆရာ အဂ္ဂါစနိုးနှင့် သတင်းစာ ဆရာများ တွေ့ဆုံ။

(၁၈) ရက်။

  • နိုင်ငံတော် သမ္မတကြီးနှင့် အဖွဲ့ ဖလန်းမြို့ ရောက်။
  • ရန်ကုန်ခရိုင် ဖဆပလ အဖွဲ့က ကြီးမှူး၍ ရွှေတိဂုံဘုရား အနောက်မုခ်၌ ကျင်းပသော စက်မှုလက်မှု ပြပွဲကို ဝန်ကြီးချုပ် သခင်နု ဖွင့်ပေး။
  • ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေး၌ သပိတ် စသည့် ဆူပူမှုများ ဖြစ်အောင် လှုံ့ဆော်ပြီး အစိုးရ ဗျာများနေစဉ် အာဏာလုယူရန် လမ်းစဉ်ကို အတည်ပြု။

(၂၀) ရက်။

  • ပထမပတ် တောင်သူ လယ်သမား သင်တန်းသားများအား ဝန်ကြီးချုပ် သခင်နုက ဖဆပလအစိုးရ၏ စေတနာနှင့် လုပ်ငန်းစဉ်ကို ရှင်းပြ။

(၂၄) ရက်။

  • ဆိုဗီယက် ရုရှားနှင့် မြန်မာနိုင်ငံ သံတမန် လဲလှယ်ရန် သဘောတူချက် ကြေညာ။

(၂၆) ရက်။

  • မြန်မာနိုင်ငံ ကုန်သည်ကြီးများ အသင်း နှစ်ပတ်လည် အစည်းအဝေး၌ ဆိုရှယ်လစ် ဝါဒမှ တိမ်းစောင်းမည် မဟုတ်ကြောင်း သခင်နု ပြော။

(၂၇) ရက်။

  • ရှမ်းပြည်နယ် ဟိုပုန်းမြို့တွင် ကစားဝိုင်း တိုက်ဖျက်ရေး အဖွဲ့က ကြီးမှူး၍ ဟိုပုန်းတွင် ကစားဝိုင်းများ ဖျက်သိမ်းရေး လူထု ဆန္ဒပြပွဲ လုပ်။

မတ်လ[ပြင်ဆင်ရန်]

(၃) ရက်။

  • ကေအင်ဒီအို ပါတီက လက်နက်ကိုင် တိုက်ပွဲဝင်မည်ဟု ကြေညာ။
  • မွန်တိုင်းရင်းသား အစည်းအရုံး အလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေးတွင် မွန်ပြည်နယ် တောင်းဆိုရန် ဆုံးဖြတ်။
  • ရာမညတိုင်း (The Ramennya Taing) သတင်းစာ မော်လမြိုင်မြို့၌ စထုတ်။

(၄) ရက်။

  • ဂျူဗလီဟော၌ ထားသော မိုင်းပွန်စော်ဘွားကြီး၏ ရုပ်ကလာပ်ကို ရှမ်းပြည်သို့ သယ်ဆောင်။

(၆) ရက်။

  • စစ်ရုံး ဖွဲ့စည်းပုံကို နိုင်ငံတော် သမ္မတက လက်မှတ် ရေးထိုး၍ ထုတ်ပြန်။

(၁၀) ရက်။

  • စောဘဦးကြီး၊ စောသာဒင်နှင့် အဖွဲ့ ဝန်ကြီးချုပ်ရုံး၌ သခင်နုနှင့် တွေ့၍ ကရင်ပြည်နယ် သီးခြားတောင်းသည့် ကိစ္စ ဆွေးနွေး။
  • အလံနီ ခေါင်းဆောင် သခင်စိုးအား နောက်ပါ လေးယောက်နှင့် အတူ ကြည့်မြင်တိုင် ဗားဂရာ၌ ဖမ်းမိ။

(၁၂) ရက်။

  • အိန္ဒိယ ဘုရင်ခံချုပ် မောင့်ဘက်တန်က သမ္မတ အိမ်တော်၌ သီဟာသနပလ္လင်တော်နှင့် သီပေါမင်း၏ စာရေးခုံကို အခမ်းအနားဖြင့် အပ်နှံ၊ ထို့နောက် ဂျူဗလီဟော၌ ထားသော အာဇာနည် ခေါင်းဆောင်ကြီးများ ရုပ်ကလာပ်တွင် ပန်းခွေချ။
  • ဆိုရှယ်လစ်များက အိုးဝေ၊ ပြည်သူ့ဟစ်တိုင်နှင့် စီးပွားရေး သတင်းစာတိုက်များကို ဖျက်ဆီး။ "မင်းမဲ့ တိုင်းပြည်ကဲ့သို့ တရားလက်လွတ် ပြုခြင်းကို ဘယ်နည်းနှင့်မျှ လက်ခံနိုင်မည် မဟုတ်" ဟု သခင်နုက အသံလွှင့် မိန့်ခွန်းပြော။

(၁၃) ရက်။

  • အလံဖြူ ကွန်မြူနစ်များ ဦးစီး ကျင်းပသည့် မြန်မာနိုင်ငံ တောင်သူ လယ်သမား သမဂ္ဂ၏ ဒုတိယ အကြိမ်မြောက် ကွန်ဂရက် ပျဉ်းမနား၌ ကျင်းပ။
  • မောင့်ဘက်တန်နှင့်အဖွဲ့ ရွှေတိဂုံဘုရားသို့ တက်ရောက် ဖူးမြှော်။

(၁၄) ရက်။

  • မြန်မာနိုင်ငံ သတင်းစာ ဆရာများ အသင်း၊ မြန်မာနိုင်ငံ သတင်းထောက်များ အသင်း၊ မြန်မာနိုင်ငံ စာရေးဆရာများ အသင်းနှင့် မြန်မာပြည် ပုံနှိပ်တိုက်များ အသင်း အမှုဆောင်များ ပူးပေါင်း အစည်းအဝေးကို ပန်းဆိုးတန်းရှိ မြန်မာနိုင်ငံ သတင်းစာတိုက်များ ဖျက်ဆီးခံရသည့် ကိစ္စ ဆွေးနွေး။

(၁၅) ရက်။

  • ဗန္ဓုလပန်းခြံ၌ ကျင်းပသော တောင်သူ လယ်သမားထု အစည်းအဝေး၌ နယ်ချဲ့ အရင်းရှင်တို့၏ ပရိယာယ်ကို သတိပြုရန်နှင့် လူထုက လမ်းလွဲ မလိုက်မိရန် လိုအပ်ပုံကို သခင်နု ပြော။ ပျဉ်းမနားမြို့၌ တောင်သူ လယ်သမား ကွန်ဂရက် နောက်ဆုံးနေ့ ကျင်းပ။
  • ပြည်ထောင်စု နေ့စဉ် သတင်းစာ စထုတ်။

(၁၇) ရက်။

(၁၈) ရက်။

  • တနိုင်ငံလုံးမှ တက်ရောက်သော ပျဉ်းမနား တောင်သူ လယ်သမားထု အစည်းအဝေးက လက်နက်ကိုင် တိုက်ပွဲဝင်မည်ဟု ကြေညာ။

(၁၉) ရက်။

  • ဗမာပြည်သူ ဘဏ်တိုက်ကို ပန်းဆိုးတန်းနှင့် ကုန်သည် လမ်းထောင့်၌ ဖွင့်။

(၂ဝ) ရက်။

  • မော်လမြိုင်၌ ကျင်းပသည့် မွန်အမျိုးသားများ ညီလာခံက မွန်သီးခြား ပြည်နယ် တောင်းဆို။
  • ရန်ကုန်မြို့ ၄၁ လမ်းရှိ အစိုးရ အမှုထမ်း ပေါင်းစုံ သမဂ္ဂ အသင်းတိုက်၌ အရေးပေါ် အစည်းအဝေး ကျင်းပကာ ဆိုရှယ်လစ်များက သတင်းစာ တိုက်သုံးတိုက်ကို ဖျက်ဆီးသည့် လုပ်ရပ်ကို ရှုတ်ချ။
  • ရှန်တိန်လုပ်သော မီးရထား ခေါင်းတွဲမှ မီးပွား ဘူတာရုံ အနီး တဲငယ်ပေါ် ကျရာမှ ပြည်မြို့ လေးပုံသုံးပုံခန့် မီးလောင်ခံရ။

(၂၂) ရက်။

  • လန်ဒန်တွင် ပညာရေး ကိစ္စများ လေ့လာရန် ဆရာကြီး ဦးဘလွင် ရန်ကုန်မှ ထွက်ခွာ။ သီဟိုဠ်မှ ပင့်ဆောင်လာသော ရှင်သာရိပုတ္တရာနှင့် ရှင်မဟာ မောဂ္ဂလန်မထေရ်တို့၏ ဓာတ်တော်များ ရန်ကုန်ရောက်။

(၂၃) ရက်။

  • နိုင်ငံတော် ခေါင်းဆောင်ကြီးများအား လုပ်ကြံမှု တရားခံများ ဖြစ်သော ခင်မောင်ရင်၊ မောင်နီနှင့် သုခတို့က သေဒဏ်မှ တသက်တကျွန်းဒဏ် ပြောင်းပေးရန် သမ္မတထံ စာတင်။

(၂၅) ရက်။

  • ဖဆဖလက လမ်းညွှန် သတင်းစာ ပြန်ထုတ်။ ဗကပ၏ အာဘော်ဖြစ်သော ပြည်သူ့ အာဏာ ဂျာနယ်တိုက် ချိပ်ပိတ်ခံရ။

(၂၆) ရက်။

  • ကွန်မြူနစ်များကို ဖမ်းဆီးရန် ဖဆပလ အစိုးရက ဆုံးဖြတ်။ ကွန်မြူနစ် နေ့စဉ် သတင်းစာ ရပ်စဲ။ ကွန်မြနစ်များနှင့် စေ့စပ်ရန် ဗိုလ်လက်ျာ၊ ဗိုလ်မှူးအောင်၊ ဆမားဒူဝါးဆင်ဝါးနောင်၊ ဦးဝမ်းသူးမောင်၊ မန်းဝင်းမောင်နှင့် ဦးညိုထွန်းတို့ ပါဝင်သော အဖွဲ့ဖွဲ့။

(၂၇) ရက်။

  • တော်လှန်ရေးနေ့ အစည်းအဝေး၌ သခင်နုက "ဒီကနေ့ ညနေ ၄ နာရီဟာ စေစပ်ရေး အတွက် နောက်ဆုံးပဲ" ဟု ကြေညာ။ ဗန္ဓုလ ပန်းခြံမှာ အလံဖြူ ကွန်မြူနစ်များ ကြီးမှူး

(၂၈) ရက်။

  • အစိုးရက အလံဖြူ ကွန်မြူနစ်များကို ဖမ်းဆီးရာမှ ကွန်မြူနစ်များ တောခို။

(၂၉) ရက်။

  • အလံဖြူ ကွန်မြူနစ် ပါတီက ကြီးမှူး၍ ပုသိမ်ခရိုင်၊ မအူပင် ခရိုင်၊ မြင်းခြံ ခရိုင်နှင့် ဟံသာဝတီ ခရိုင်များတွင် ဆန်လုပွဲများ လုပ်။

ဧပြီလ[ပြင်ဆင်ရန်]

(၁) ရက်။

  • ဝန်ထမ်း လစာနှင့် လုပ်ခများ ပြင်ဆင်သတ်မှတ်။
  • မြန်မာနိုင်ငံ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်သို့ ဝင်။

(၂) ရက်။

  • ပဲခူးခရိုင် ပေါက်ကုန်းကြီးရွာ၌ တပ်မတော်နှင့် ကွန်မြူနစ်တပ်များ တိုက်ပွဲဖြစ်။

(၃) ရက်။

  • လက်နက်ကိုင် လမ်းစဉ်နှင့် ငြိမ်းချမ်းရေး လမ်းစဉ် အကြောင်း သခင်နုက အသံလွှင့် ပြောကြား။
  • ကျိန်တလီရွာမှ အစိုးရ ဝန်ထမ်းများ ဂွမြို့သို့ ဆုတ်ခွာပေးရ။

(၆) ရက်။

  • ပဲခူးခရိုင် ရစ်ကန်ကြီးရွာကို ကွန်မြူနစ်များ သိမ်း။
  • မြစ်ကျိုးရွာကို ကွန်မြူနစ်များလက်မှ တပ်မတော်က ပြန်သိမ်း။

(၇) ရက်။

  • မြန်မာနိုင်ငံလုံး ဆိုင်ရာ လူငယ်များ ညီလာခံ ကျင်းပ။

(၈) ရက်။

  • သေဒဏ် အပြစ်ပေးနိုင်သော နိုင်ငံတော် သစ္စာဖောက်မှု ဥပဒေ (High Treason Bill) ပြဋ္ဌာန်း။

(၁၁) ရက်။

  • ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဈာပနာ အခမ်းအနား ကျင်းပ။
  • အာဇာနည်ကြီးများ၏ ရုပ်ကလာပ်များကို ဂျူဗလီဟောမှ အာဇာနည်ကုန်းသို့ ပို့ဆောင် ဂူသွင်း။

(၁၆) ရက်။

  • နှစ်သစ်ကူး အသံလွှင့် မိန့်ခွန်း ပြောရာတွင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး အရေးကြီးပုံနှင့် လွတ်လပ်ရေးနှင့် ထိုက်တန်သည့် တာဝန်ကျေမှ လွတ်လပ်ရေး အရသာ ခံစားရမည်ဟု သခင်နု ပြော။
  • တောင်သူလယ်သမား အသံ သတင်းစာ စထုတ်။

(၁၉) ရက်။

  • မြန်မာနိုင်ငံ (၅၈) နိုင်ငံမြောက် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံဖြစ်။

(၂၀) ရက်။

  • မြန်မာနိုင်ငံ အတွင်း အိန္ဒိယသားများ ဝင်ရောက်သည့် ကိစ္စဆိုင်ရာ အိန္ဒိယ မြန်မာ ဆွေးနွေးပွဲ နယူးဒေလီ၌ ကျင်းပ။
  • မန္တလေး၌ ပြည်သူ့ကြေးမုံ သတင်းစာ စထုတ်။
  • မြစ်ကျိုးရွာကို ကွန်မြူနစ်များ တိုက်ခိုက်။

(၂၅) ရက်။

  • တနိုင်ငံလုံး၌ ညရထားများ ပြေးဆွဲမှု ရပ်စဲ။
  • အမှတ် (၁) ခြေလျင် တပ်ရင်း ဖွဲ့။

(၂၇) ရက်။

  • ဦးစော၏ အယူခံကို ပယ်ကြောင်း တရားလွှတ်တော်ချုပ်က ဆုံးဖြတ်။

(၂၈) ရက်။

  • အင်းစိန် အကျဉ်းထောင်၌ ဦးစောက ဇနီး ဒေါ်သန်းခင်၊ သမီး မေသန်းစောတို့နှင့်အတူ မိုးညှင်းသင်္ဂီ ကျောင်းတိုက် ရေလဲဆရာတော် ဦးပဏ္ဍိစ္စ ထံမှောက်၌ လက္ခဏာရေး သုံးပါး တရားနာ။

(၂၉ - ၃၀) ရက်။

  • ရှမ်းပြည်နယ် ကောင်စီ ဒုတိယ ညီလာခံ ဒုတိယနှင့် တတိယနေ့ အစည်းအဝေးများ တိုင်းပြည်ပြု လွှတ်တော် ခန်းမ၌ ကျင်းပ။

မေလ[ပြင်ဆင်ရန်]

(၁) ရက်။

  • ကမ္ဘာ့ အလုပ်သမားနေ့ အခမ်းအနားတွင် ဝန်ကြီးချုပ် သခင်နု၊ ဖဆပလ အထွေထွေ အတွင်းရေးမှူး ဦးဗဆွေနှင့် အလုပ်သမားဌာန ဝန်ကြီး မန်းဝင်းမောင်တို့ မိန့်ခွန်းပြော။

(၅) ရက်။

  • ပြည်တွင်းစစ် အမြန်ရပ်စဲရေး၊ လက်ဝဲ အင်အားစု ညီညွတ်ရေးနှင့် ဖဆပလ ကွန်မြူနစ် ညီညွတ်ရေး လုပ်ကြရန် ဗမာနိုင်ငံ ဒီမိုကရက်တစ် လူငယ်အဖွဲ့က ကြေညာချက် ထုတ်။
  • နိုင်ငံတော် ခေါင်းဆောင်ကြီးများအား လုပ်ကြံမှု တရားခံ ခင်မောင်ရင် အပေါ် ချမှတ်ထားသော သေဒဏ်ကို တသက်တကျွန်းသို့ လျော့ပေါ့ကြောင်း အမိန့်ထွက်။

(၆) ရက်။

  • နိုင်ငံတော် ခေါင်းဆောင်ကြီးများအား လုပ်ကြံမှု တရားခံ မောင်နီနှင့် သုခတို့ အပေါ် ချမှတ်ထားသော သေဒဏ်ကို တသက်တကျွန်းသို့ လျော့ပေါ့ကြောင်း အမိန့်ထွက်။

(၈) ရက်။

  • နိုင်ငံတော် ခေါင်းဆောင်ကြီးများအား လုပ်ကြံမှု တရားခံများ ဖြစ်သော ဦးစော၊ မောင်စိုး၊ မှုန်ကြီးနှင့် သက်နှင်းတို့အား အင်းစိန်ထောင်၌ လည်းကောင်း၊ စိန်ကြီးနှင့် ရန်ကြီးအောင်တို့ကို ရန်ကုန် ထောင်ကြီး အတွင်း၌ လည်းကောင်း တချိန်တည်း ကြိုးပေး။
  • တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေး ဌာန ဖွင့်။

(၁၀) ရက်။

  • ဝန်ကြီးချုပ် သခင်နု ကရင်နီ (ယခုကယား) နှင့် ရှမ်းပြည်နယ်သို့ ခရီးထွက်။

(၁၂) ရက်။

  • ရတနာဂီရိမှ သီပေါမင်း၏ အရိုး ပြန်လည်ရရှိရေး သခင်ကိုယ်တော်မှိုင်းက ရန်ကုန်၌ သတင်းစာ ဆရာများနှင့် တွေ့ဆုံ ဆွေးနွေး။

(၁၃) ရက်။

  • ကော်သူးလေး နယ်နိမိတ် သတ်မှတ်ရေး ကော်မရှင်ဖွဲ့။

(၁၅) ရက်။

  • ဦးခွန်စံမြတ်ကို ရှမ်းပြည်နယ် ကောင်စီ ဒုတိယ သဘာပတိ အဖြစ်မှ နုတ်ထွက်ခွင့်ပြု။

(၁၆) ရက်။

  • ညဘက် ရန်ကုန်၌ လေမုန်တိုင်းကျ။ တိုက်ပြို။ သစ်ပင်လဲ။ ဓာတ်ကြိုးပြတ်။ တုံကင်းမြုတ်။ လူသေ။

(၁၇) ရက်။

  • ကျည်တောင်ကန်နှင့် ဖြုတ်ခွဲ ဘူတာကြားရှိ ဘေဒါတံတားကို ကွန်မြူနစ် သောင်းကျန်းသူများ မိုင်းခွဲ ဖျက်ဆီး။

(၁၉) ရက်။

  • ကရင်နီနယ် (ယခု ကယားပြည်နယ်) နှင့် ရှမ်းပြည်နယ် ခရီးမှ သခင်နု ရန်ကုန် ပြန်ရောက်။ နယ်မြေ အခြေအနေ အသံလွှင့် ပြေားကြား။

(၂၀) ရက်။

  • ရွှေတိဂုံ ရင်ပြင်တော်ပေါ်၌ အိုးအိမ် တည်နေသူများ ရင်ပြင်တော်မှ ပြောင်းရွှေ့ကြ။

(၂၁) ရက်။

  • လက်ဝဲ ညီညွတ်ရေးမူနှင့် ပတ်သက်၍ သခင်နုနှင့် ပြည်သူ့ ရဲဘော် ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး။

(၂၅) ရက်။

  • လက်ဝဲ ညီညွတ်ရေးမူကို သခင်နုက ကြေညာ။

(၂၆) ရက်။

  • သခင်နုက သူ့အိမ်၌ သတင်းစာဆရာများနှင့် တွေ့၍ လက်ဝဲ ညီညွတ်ရေးမူ ရှင်းပြ။

(၂၇) ရက်။

  • စစ်ရုံးချုပ် ဖွင့်ပွဲ၌ သခင်နု မိန့်ခွန်းပြော။
  • ပန်းဆိုးတန်းရှိ သတင်းစာဆရာများ အသင်းတိုက်၌ ပြည်သူ့ရဲဘော်အဖွဲ့က ပြည်တွင်း စစ်ရပ်စဲရေးနှင့် လက်ဝဲ ညီညွတ်ရေးမူကိစ္စ ရှင်းလင်း ပြောကြား။

ဇွန်လ[ပြင်ဆင်ရန်]

(၁) ရက်။

  • ဧရာဝတီ မီးသင်္ဘော ကုမ္ပဏီကို လျော်ကြေးပေး၍ ပြည်သူပိုင်သိမ်း။
  • ဗန္ဓုလ ပန်းခြံ၌ ပြည်တွင်းစစ် ရပ်စဲရေးနှင့် လက်ဝဲ ညီညွတ်ရေး ကိစ္စ ပြည်သူ့ ရဲဘော် အဖွဲ့ချုပ်က ရှင်းလင်းပွဲလုပ်။

(၄) ရက်။

(၅) ရက်။

  • မြို့တော်ခန်းမ၌ ကျင်းပသော ဗမာနိုင်ငံလုံး ဆိုင်ရာ မီးသတ် အစည်းအရုံး တတိယ အကြိမ်မြောက် နှစ်ပတ်လည် ညီလာခံတွင် သခင်နု မိန့်ခွန်းပြော။

(၆) ရက်။

  • ရန်ကုန် တက္ကသိုလ် ဆရာများ အသင်းက ကြီးမှူး၍ အနောက်နိုင်ငံမှ ပြန်ရောက်လာသော အုပ်ချုပ်ရေး အရာရှိကြီး ဒေါက်တာ ထင်အောင်အား ယုဒသန် ခမ်းမ၌ ဧည့်ခံပွဲတွင် ရန်ကုန် တက္ဗသိုလ်ကို အဆင့်မြှင့်ပေးမည်ဟု ဒေါက်တာထင်အောင် ပြော။

(၁၂) ရက်။

  • ဥက္ကံ ဓာတ်ချောင်းတောင်ရိုးရှိ သူပုန်စခန်းကို ဗမာ့ လေတပ်မတော်မှ လေယာဉ် သုံးစင်းဖြင့် တိုက်။

(၁၃) ရက်။

  • ဘီအေအေကွင်း၌ သခင်နုက လက်ဝဲ ညီညွတ်ရေးမူအကြောင်း ပြည်သူလူထုအား ရှင်းပြ။

(၁၆) ရက်။

  • မေမြို့ရှိ ဘီအီးအမ်အီးတပ် သူပုန်ဝင်စီး။
  • ရခိုင်ပြည်၏ အခြေအနေ ဆိုးဝါးနေပုံကို ရခိုင် အမျိုးသား ဦးစံလှထွန်းက ဗမာပြည် သတင်းစာဆရာ အသင်းတိုက်၌ ရှင်းလင်းပွဲလုပ်။

(၁၇) ရပ်။

  • ပျဉ်းမနားနှင့် လယ်ဝေးကြားရှိ ညိုပင် ချောင်းငယ်ကို ဖြတ်ကူးထားသည့် တံတားကို သူပုန်များ မိုင်းခွဲ။
  • ပြည်သူ့ရဲဘော် အချို့ တောခို။

(၁၅) ရက်။

  • ဖဆပလ အစိုးရက လူမျိုးရေး အဓိကရုဏ်းများ ရှောင်ရှားကြရန် မေတ္တာရပ်ခံချက် ထုတ်။

(၁၉) ရက်။

(၂၀) ရက်။

  • ပြည်သူ့ ရဲဘော်အဖွဲ့၏ ပြည်တွင်းစစ် ရပ်စဲရေးနှင့် လက်ဝဲ ညီညွတ်ရေးမူ ကိစ္စ ရှင်းလင်းပွဲ မန္တလေး၌ ကျင်းပ။

(၂၁) ရက်။

  • စစ်သားနှင့် ပုလိပ် ယူနီဖောင်းမျိုး ဝတ်ဆင်သူများအား ပုဒ်မ (၆) ဖြင့် ဖမ်းစေဟု လက်ထောက် ပုလိပ်မင်းကြီး ဦးဘအေး(၁) က အမိန့်ထုတ်။

(၂၂) ရက်။

  • ကရင်ဗမာချစ်ကြည်ရေး တရားဟောရန် သခင်နု၊ ဆမားဒူးဝါး ဆင်ဝါးနောင်၊ စောသာဒင်၊ စောဘဦးကြီး၊ မန်းဂျိန်းထွန်းအောင်နှင့် ဦးဝမ်းသူမောင်တို့ မြစ်ဝကျွန်းပေါ်သို့ ခရီးထွက်။
  • ဝေါမြို့ကို သူပုန်သိမ်း။
  • မြစ်သား မီးရထား ဘူတာရုံ သူပုန်စီး။

(၂၃) ရက်။

(၂၄) ရက်။

  • ဝေါမြို့ကို အစိုးရတပ်က ပြန်သိမ်း။
  • မေမြို့၌ ညမထွက်ရ အမိန့်ထုတ်။

(၂၅) ရက်။

  • ဖူးကြီးဘူတာနှင့် ရွာကို သောင်းကျန်းသူ ၁၀ဝ ကျော်က ဝင်စီး။
  • မန္တလေးမဟာမုနိ၏ အလှည့်ကျဂေါပကအဖွဲ့က ဘဏ္ဍာတိုက် စစ်ဆေး။ ညောင်လေးပင်အပိုင် ရွှေဘုံသာရွာ၌ သောင်းကျန်းသူများနှင့် အစိုးရတပ် တိုက်ပွဲဖြစ်။

(၂၆) ရက်။

  • ဗမာနိုင်ငံလုံး ဆိုင်ရာ လူငယ် အစည်းအရုံး ဦးစီး ညီလာခံ ကျင်းပ၍ လက်ရှိ နိုင်ငံရေး အခြေအနေ ဆွေးနွေး။

(၂၇) ရက်။

  • ရုပ်ရှင်နှင့် ပြဇာတ် ပညာသည်များ၏ ဒုတိယ အကြိမ်မြောက် နှစ်ပတ်လည် ညီလာခံ ရေကျော်ရပ်ရှိ ဇော်ရုံ၌ ကျင်းပ။

(၂၈) ရက်။

  • ကရင် ဗမာ ချစ်ကြည်ရေး တရားဟော ထွက်ကြသော သခင်နုတို့အဖွဲ့ မြစ်ဝကျွန်းပေါ်မှ ရန်ကုန် ပြန်ရောက်။

(၂၉) ရက်။

  • တောင်ငူနှင့် သံတောင် နယ်မြေ အခြေအနေ လေ့လာရန် ကရင်ရေးရာ ဝန်ကြီး စောစံဘိုးသင် ရန်ကုန်မှ လေယာဉ်ဖြင့် ထွက်ခွာ။
  • သက်ကြီးတက္ဗသိုလ် ကျောင်းအုပ်ကြီး ဦးစံရွှေက သတင်းထောက်များ အသင်းတိုက်၌ ရှင်းလင်းပွဲ လုပ်ရာတွင် ဆရာများအား လစာ မပေးနိုင်၍ အစိုးရထံမှ အကူအညီ မျှော်လင့်နေကြောင်း ပြော။

(၃၀) ရက်။

  • ရန်ကုန် တက္ကသိုလ် ယုဒသန် ခမ်းမ၍ သခင်နုက တက္ကသိုလ် အဓိပတိ အနေဖြင့် ကျောင်းသားများအား ဩဝါဒ စကား ပြောကြားရာတွင် လက်ရှိ နိုင်ငံရေး အခြေအနေပြော။
  • နှစ်လအတွင်း အလင်းဝင်သည့် သူပုန်များကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးမည့် အမိန့်ထွက်။

ဇူလိုင်လ[ပြင်ဆင်ရန်]

(၁) ရက်။

  • ငါးရက်ကြာ ကျင်းပမည့် ဖဆပလ ဗဟိုဦးစီး အဖွဲ့ အစည်းအဝေး ဂျူဗလီဟော၌ စတင် ကျင်းပ။ သခင်နုက နိုင်ငံရေး အခြေအနေ ရှင်း။
  • ကမ္ဘာ့ ကျန်းမာရေး အဖွဲ့နှင့် အပြည်ပြည် ဆိုင်ရာ မြို့ပြ လေကြောင်း အဖွဲ့သို့ မြန်မာနိုင်ငံဝင်။
  • ကူးသန်းရောင်းဝယ်ရေး၊ ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေး ဌာန ဝန်ကြီး ဦးကိုကိုကြီး နုတ်ထွက်လွှာ တင်။

(၂) ရက်။

  • ဂျူဗလီဟော၌ ဆိုရှယ်လစ် ပါတီဝင်များ၊ ပြည်သူ့ ရဲဘော်များ၊ ဖဆပလများ လက်ဝဲ ညီညွတ်ရေးမူကို ဆွေးနွေး။ သဘောတူညီမှု မရ။
  • အထူး တိုင်းမင်းကြီး အဖြစ် ဆောက်ရွက်မည့် တပ်မင်းကြီး စောကြာဒိုးက ပဲခူးမြို့ပေါ်မှ စစ်ဘက်၊ နယ်ဘက်နှင့် နိုင်ငံရေးသမားများနှင့် တွေ့ဆုံ ဆွေးနွေး။

(၃) ရက်။

  • ရန်ကုန်ခရိုင် ပြည်သူ့ ရဲဘော်အဖွဲ့မှ ကြီးမှူး၍ ပြည်တွင်းစစ် ရပ်စဲရေး လူထုဆန္ဒပြပွဲ ဗန္ဓုလ ပန်းခြံ၌ ကျင်းပ။
  • သထုံရှိ ကရင်စစ်ရဲများက သထုံသိမ်း။

(၄) ရက်။

  • လန်ဒန်၌ ၂၃ ဇူလိုင်တွင် ကျင်းပမည့် ကမ္ဘာ့အိုလံပစ်ပွဲတွင် ပါဝင်ဆင်နွှဲမည့် မြန်မာ အားကစားသမားများအား သမ္မတကြီးက ၎င်း၏ အိမ်တော်၍ နေ့လယ်စာဖြင့် ဧည့်ခံ။

(၅) ရက်။

  • ကမ္ဘာ့အိုလံပစ် အားကစားပွဲတွင် ပါဝင်မည့် မြန်မာ အားကစားသမားများ ရန်ကုန်မှ ထွက်ခွာ။

(၇) ရက်။

  • သံလွင်ခရိုင်ရှိ ကော့ကရစ် ရဲစခန်းကို ကေအင်ဒီအိုများ ဝင်စီး။
  • မန္တလေးထောင် အတွင်းရှိ အလံနီများ ဆူ။

(၈) ရက်။

  • ဂျူဗလီ ခန်းမ၍ ဆိုရှယ်လစ် ပါတီ ဗဟို အလုပ်အမှုဆောင် အစည်းအဝေး ကျင်းပ။ ဆိုရှယ်လစ် ပါတီ၏ ရှေ့လုပ်ငန်းစဉ်နှင့် ပါတီအား အမည်ပြောင်းသင့် မသင့် ဆွေးနွေး။

(၁၀) ရက်။

  • အစိုးရ အဖွဲ့ဝင် ရဲဘော်ဖြူများ ဖဆပလ အဖွဲ့ချုပ်မှ နုတ်ထွက်။ ဖဆပလတွင် ရဲဘော်ဝါများသာ ကျန်။
  • နိုင်ငံခြားရေး ဝန်ကြီး ဦးတင်ထွတ်က သခင်နုနှင့်အတူ ဇူလိုင် ၂ဝ တွင် ရာထူးမှ နုတ်ထွက်မည်ဟု ပြော။

(၁၂) ရက်။

  • ဦးဇော်ဝိတ် ခေါင်းဆောင်သော အားကစား လေ့လာရေး အဖွဲ့ ဥရောပ ရောက်။

(၁၃) ရက်။

  • သောင်းကျန်းသူများ ပုသိမ် ငွေတိုက်ဖောက်။
  • အောင်ဆန်းကစားကွင်း လူထုအစည်းအဝေးတွင် လက်ဝဲညီညွတ်ရေးမူကို အမျိုးသားလုပ်ငန်းစဉ်အဖြစ် သခင်နု ကြေညာ။
  • ရန်ကုန် တက္ကသိုလ် သထုံခရိုင် ကျောင်းသူ ကျောင်းသားများ အသင်းဖွဲ့။
  • ထားဝယ်ထောင်၌ အကျဉ်းသားများ ထောင်မှူး အပေါ် မကျေနပ်၌ အစာငတ်ခံ ဆန္ဒပြ။

(၁၅) ရက်။

  • နေ့လယ် ၂ နာရီတွင် သခင်နုနှင့် ဝန်ကြီး အဖွဲ့ နုတ်ထွက်။ ည ရ နာရီကျော်၌ ပြန်လည်၍ ကျမ်းသစွာကျိန်။
  • The Nation သတင်းစာ စထုတ်။

(၁၆) ရက်။

  • ဗိုလ်နေဝင်း ဥက္ကဋ္ဌနှင့် ဦးသိန်းဖေမြင့် အတွင်းရေးမှူး အဖြစ် ပါဝင်သော လက်ဝဲ ညီညွတ်ရေး ကောင်စီ ဖွဲ့။
  • ရဲဘော်ဖြူများ တောခို။

(၁၈) ရက်။

  • ကွန်မြူနစ်များအား ဖမ်းဆီးစဉ်က အဖမ်းခံခဲ့ကြရသော ဒီမိုကရက်တစ် လူငယ်အဖွဲ့ ခေါင်းဆောင် ဗိုလ်သိန်းတန်၊ ဗိုလ်အောင်မင်းနှင့် ဗိုလ်ရန်အောင်တို့ အင်းစိန်ထောင်မှ လွတ်လာ။

(၂၃) ရက်။

  • ရန်ကုန်၌ မိုးသည်းထန်စွာ ရွာ။ ကန်တော်ကြီး ရေလွှတ်ပေါက်မှ ရေလျှံသဖြင့် ကန်တော်ကြီး တဝိုက်ရှိ အိမ်များ ရေလွှမ်းသွား။

(၂၅) ရက်။

  • အကြမ်းဖက် ဝါဒနှင့် လက်နက်ကိုင် ဝါဒ လက်မခံနိုင်ဟု ကေအင်ဒီအိုက ကြေညာချက်ထုတ်။

(၂၇) ရက်။

  • လန်ဒန်ရောက် နိုင်ငံခြားရေး ဝန်ကြီး ဦးတင်ထွတ် မြန်မာနိုင်ငံ အခြေအနေ ရှင်းလင်း ပြောကြား။

(၂၉) ရက်။

  • တပ်မင်းကြီး စောကြာဒိုး ရွှေကျင် ရောက်။
  • ရဲဘော်ဖြူများ တောခို။
  • လန်ဒန် ကမ္ဘာ့အိုလံပစ် အားကစားပွဲ ဖွင့်ပွဲတွင် ဦးဇော်ဝိတ် ခေါင်းဆောင်သော မြန်မာအဖွဲ့ ပါဝင်ဆင်နွှဲ။

ဩဂုတ်လ[ပြင်ဆင်ရန်]

(၁) ရက်။

  • ဗိုလ်ချုပ် နေဝင်း (နောင် ဗိုလ်ချုပ်ကြီး နေဝင်း) ဒုတိယ စစ်ဦးစီးချုပ်နှင့် ဒုတိယ စစ်သေနာပတိ တာဝန်ယူ။
  • အုတ်တွင်းမြို့ကို သောင်းကျန်းသူများ တိုက်။

(၃) ရက်။

  • သထုံခရိုင်ကို ကေအင်ဒီအို သိမ်း။

(၅) ရက်။

  • သခင်နုက ၎င်းအိမ်သို့ သတင်းစာ ဆရာများအား ဖိတ်ကြား၍ ငြိမ်ဝပ် ပိပြားရေး၊ ဒီမိုကရေစီအရေးနှင့် ပြည်ထောင်စု တည်တံ့ရေးတို့အတွက် ရှင်းလင်းပြောကြား။

(၇) ရက်။

  • မအူပင် ငွေတိုက်ကို ကေအင်ဒီအိုများ ဖောက်။ အိမ်မဲ ငွေတိုက်ကို ကေအင်ဒီအိုများ ဖောက်။

(၈) ရက်။

  • သရက်မြို့ရှိ ဗမာ့ သေနတ်ကိုင် တပ်ရင်း (၁) နှင့် မင်္ဂလာဒုံရှိ တပ်ရင်း (၃) မှ ရဲဘော်အချို့ တောခို။
  • ချီကာဂို ကွန်ဗင်းရှင်း (Chicago Convention) အား ပြဋ္ဌာန်း၍ အပြည်ပြည်ဆိုင်ရာ မြို့ပြ လေကြောင်း အဖွဲ့ချုပ် ICAO ကို ဖွဲ့စည်း တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့သည်။

(၁၀) ရက်။

  • ဆူပူ သောင်းကျန်းမှုများကြောင့် ရန်ကုန်၊ မန္တလေး မီးရတားနှင့် မြစ်ဝကျွန်းပေါ်သွား ရေကြောင်း သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ ခေတ္တ ရပ်ဆိုင်း။

(၁၁) ရက်။

  • ရန်ကုန်မြို့နယ် နိမိတ်အတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်။

(၁၂) ရက်။

  • ထုံးကြီးရွာကို သောင်းကျန်းသူများ မီးရှို့။

(၁၄) ရက်။

  • ကရင် စစ်ရဲများက တွံ့တေးကို သိမ်း။

(၁၅) ရက်။

  • မော်လမြိုင်ကျွန်းမြို့ကို သောင်းကျန်းသူများ တိုက်။ ဗားနတ် ပိဋကတ် စာကြည့်တိုက် ပြန်ဖွင့်။

(၁၆) ရက်။

  • ဦးတင်ထွတ် နိုင်ငံခြားရေး ဝန်ကြီး ရာထူးမှ နုတ်ထွက်။

(၁၈) ရက်။

  • ဗိုလ်ဇေယျ၊ ဗိုလ်ရဲထွဋ်နှင့် ဗမာ့ သေနတ်ကိုင် တပ်ရင်း (၃) မှ ရဲဘော် ၁၀ဝ ခန့် တောခို။

(၁၉) ရက်။

  • မြန်မာနိုင်ငံသည် အရေးကြီးသော အခြေအနေသို့ ရောက်နေပြီဟု နိုင်ငံတော် သမ္မတက ကြေညာ။

(၂၀) ရက်။

  • မော်ချီးမိုင်းကို ကေအင်ဒီအိုများ သိမ်း။ သထုံ ခရိုင် တခုလုံး ကေအင်ဒီအိုများ လက်သို့ ကျရောက်။

(၂၁) ရက်။

  • သောင်းကျန်းသူများ စခန်းချ ခိုအောင်းနေသော ပဲခူးခရိုင် ဝေါမြို့နယ်၊ ညောင်ခါးရှည်နှင့် ဘုရားဖြူရွာများကို လေတပ်က ဗုံးကြဲ တိုက်ခိုက်။ သထုံနှင့် ကျိုက္ခမီရှိ ကရင်စစ်ရဲများ အတိအလင်း ပုန်ကုန်ကြ။

(၂၂) ရက်။

  • နိုင်ငံခြားရေး ဌာန ဝန်ကြီး စပ်ခွန်ချို ခေါင်းဆောင်သော ထိုင်း မြန်မာ မိတ်ဆက်အဖွဲ့ ဘန်ကောက် ရောက်။

(၂၃) ရက်။

  • သခင်နုက တိုင်းပြည် အခြေအနေ အသံလွှင့် ပြောကြား။

(၂၄) ရက်။

  • ထိုင်း-မြန်မာ သံတမန် ဆက်ဆံရေး စတင်။
  • တွံ့တေးမြို့ကို အစိုးရတပ်က ပြန်သိမ်း။

(၂၅) ရက်။

  • ကရင်နီပြည်နယ် (ယခု ကယားပြည်နယ်) တွင် မာရှယ်လော စစ်ဥပဒေ ထုတ်။

(၂၉) ရက်။

  • ကရင်ပြည်နယ်ရှိ နန်းဝဲကို အစိုးရတပ်က ပြန်သိမ်း။

(၃၀) ရက်။

  • စစ်တောင်း အရှေ့ဘက် ဒေသများနှင့် မုပ္ပလင်ကို ကေအင်ဒီအိုများ သိမ်း။ ပန်းလုံနှင့် လွယ်လင်ရှိ ပြည်ထောင်စု စစ်ရဲတပ်မှ ကရင်စစ်ရဲများ တောခို။
  • စပ်ခွန်ချို ခေါင်းဆောင်သော ထိုင်း မြန်မာ မိတ်ဆက်အဖွဲ့ ရန်ကုန် ပြန်ရောက်။

(၃၁) ရက်။

  • ကေအင်ဒီအိုများက သထုံနှင့် ကျိုက်ထို ရဲဌာနတို့ကို သိမ်း။ အစိုးရတပ်များက၊ ကလကဲကို ပြန်သိမ်း။

စက်တင်ဘာလ[ပြင်ဆင်ရန်]

(၁) ရက်။

  • ဒေသအလိုက် ကိုယ်ပိုင် အုပ်ချုပ်ရေး စုံစမ်းမှု ကော်မရှင်ဖွဲ့။
  • ကရင် စစ်ရဲများ မော်လမြိုင်သိမ်း။
  • မာရှယ်လော စစ်ဥပေဒကို ခြောက်လဆက် အတည်ပြုကြောင်း ကြေညာ။
  • ဖောင်တော်သီကို သောင်းကျန်းသူများ ဝင်တိုက်။
  • ပြည်ထောင်စု အရံတပ်ရင်း (ကချင်) နှင့် (ချင်း) များ စဖွဲ့။

(၂) ရက်။

  • ပါလီမန်တွင် သခင်နုက ဗကပသည် အိန္ဒိယ ကွန်မြူနစ် ပါတီ၏ ဩဇာခံ ဖြစ်နေပုံ ပြော။
  • ကွန်မြူနစ် သောင်းကျန်းသူများ ထန်းတပင်ကို ဝင်တိုက်။
  • ပဲခူး-မန္တလေး အစုန်အဆန် ရထားများ ပြန်စထွက်။
  • ကလောအနီး လယ်ပြင် ဘူတာကို ကေအင်ဒီအိုများ တိုက်။

(၄) ရက်။

  • ကရင်နီ ပြည်နယ် (ယခု ကယားပြည်နယ်) အတွင်း စစ်ဥပဒေ ထုတ်ပြန်ထားခြင်းကို ရုပ်သိမ်း။
  • နတ္တလင်းကို အစိုးရတပ်က ပြန်သိမ်း။
  • ပင်လောင်းနယ်၊ လုံပြင်တွင်အစိုးရတပ်နှင့် အေအင်ဒီအိုများ တိုက်ပွဲဖြစ်။

(၅) ရက်။

  • ကော့ကရိတ်ကို ကေအင်ဒီအိုများ သိမ်း။

(၆) ရက်။

  • ၁၉၄၈ - ၄၉ အတွက် ဘက်ဂျက်လိုငွေ ကျပ် ၁ဝ ကုဋေကျော်သည်ဟု ပါလီမန်၌ ဘဏ္ဍာရေး ဝန်ကြီး ပြော။
  • သောင်းကျန်းသူများနှင့် အစိုးရ ကိုယ်စားလှယ်တို့ မော်လမြိုင်ဆိပ်ကမ်း မေယု စစ်သင်္ဘောပေါ်၌ စေ့စပ် ဆွေးနွေးပွဲလုပ်။

(၇) ရက်။

  • ပေါင်းတည်ကို အစိုးရတပ်က ပြန်သိမ်း။
  • ကေအင်ဒီအိုများက ဖာပွန်သိမ်း။

(၈) ရက်။

  • တောင်ငူခရိုင် ကျောက်ကြီးကို ကေအင်ဒီအိုများ သိမ်း။ ငွေတိုက်ဖောက်။
  • ကညွတ်ကွင်း ဘာတာကို သောင်းကျန်းသူ ဝိုင်းတိုက်။

(၉) ရက်။

  • လယ်ယာ မြေနိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေကြမ်း ကြေညာ။
  • ကေအင်ဒီအိုများ ရွှေကျင်ကို သိမ်း။
  • အစိုးရတပ်များက ပြည်မြို့ ပန်းတနော်မြို့နှင့် ညောင်တုန်းမြို့ များကို ပြန်သိမ်း။
  • ဗမာ့တပ်မတော် စစ်သေနာပတိချုပ် ဂျင်နရယ် စမစ်ဒွန်းက ကရင် အမျိုးသားများသို့ အသံလွှင့် မိန့်ခွန်းပြော။

(၁၁) ရက်။

  • မြန်မာ့ လေကြောင်း ပို့ဆောင်ရေးအဖွဲ့ စဖွင့်။
  • ကာမမြို့ကို အစိုးရတပ်က ပြန်သိမ်း။
  • ကေအင်ဒီအိုနှင့် အခြား သောင်းကျန်းသူများ ပေါင်း၍ ဟံသာဝတီခရိုင်၊ ကွမ်းခြံကုန်းမြို့ကို ဝိုင်းတိုက်။

(၁၂) ရက်။

  • စောဘဦးကြီးနှင့် ကေအင်ဒီအို ခေါင်းဆောင်များ၏ စေ့စပ်ပေးမှုကြောင့် သထုံရှိ ကေအင်ဒီအိုများနှင့် အစိုးရ နားလည်မှုရ။
  • ပဲခူးရဲဌာနကို ကေအင်ဒီအိုများ စီးရင် ကြိုးစား။

(၁၃) ရက်။

  • ကရင်နီ ပြည်နယ်ရှိ ထူးချောင်းကို အစိုးရတပ်က ပြန်သိမ်း။

(၁၄) ရက်။

  • သခင်နု ခေါင်းဆောင်သော အစိုးရအဖွဲ့သစ် ဖွဲ့။
  • ရွှေကျင်နှင့် ကျောက်ကြီးမြို့များကို ကေအင်ဒီအိုများက အစိုးရသို့ ပြန်အပ်။

(၁၅) ရက်။

  • ရှမ်းပြည်နယ် ဥက္ကဋ္ဌ စပ်ခွန်ချိုက ရှမ်းပြည်နယ် အခြေအနေ အသံလွှင့်ပြောကြား။

(၁၇) ရက်။

  • ထားဝယ်၌ ဗိုလ်မှူး အောင်နှင့် ဦးဗဆွေတို့ ကရင်-ဗမာ သွေးစည်းရေး တရားဟော။
  • ပုသိမ်၌ ကေအင်ဒီအိုက အရေးပေါ် ညီလာခံ ကျင်းပ၍ သီးခြား ကရင်နယ် တောင်းဆို။
  • လက်နက်ကိုင် သောင်းကျန်းမှုကို ရှုတ်ချကြောင်းနှင့် အဓိကရုဏ်း ဆန့်ကျင်ကြောင်းလည်း ကြေညာ။
  • မိတ္ထီလာခရိုင် ကွန်မြူနစ်ပါတီ ဌာနချုပ် ရုံးစိုက်ရာ မိတ္ထီလာမြို့နယ်နှင့် ကျောက်ပန်းတောင်း နယ်စပ်ရှိ သဲကုန်းရွာကို အစိုးရတပ်က သိမ်း။
  • စပတ်လမ်း၊ ရန်ကုန်ဂေဇက် အဆောက်အုံ အနီး ရပ်ထားသော တပ်မင်းကြီး ဦးတင်ထွတ်၏ မောင်တော်ကား အတွင်း ဗုံးပေါက်ကွဲ။

(၁၈) ရက်။

  • တပ်မင်းကြီး ဦးတင်ထွတ် ယမန်နေ့က ရသည့် ဗုံးပေါက်ကွဲမှု ဒဏ်ရာဖြင့် ရန်ကုန် ဆေးရုံကြီး၌ ကွယ်လွန်။
  • ကေအင်ဒီအိုနှင့် ပတ်သက်သူ Daily Mail သတင်းထောက် မစ္စတာ အလက်ဇန်းဒါးကင်းဘဲ (လ်) ရန်ကုန်၌ အဖမ်းခံရ။
  • ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့အပိုင်၊ လှဲဆိပ်ရွာတွင် ကေအင်ဒီအိုနှင့် အစိုးရတပ်တို့ တိုက်ပွဲဖြစ်။
  • ဒေါက်တာသန်းထွန်း ငါးသိုင်းချောင်း၊ ကွမ်းယားရွာနေ ဦးဘိုးမြိုင်၊ ဒေါ်စောမြတို့၏ သမီး ဒေါ်ခင်ရီ နှင့် အိမ်ထောင်ပြု။

(၁၉) ရက်။

  • ပြန်လည်ထူထောင်ရေးဝန်ကြီး ဗိုလ်မှူးအောင်နှင့် ဦးဗဆွေတို့ မြိတ်မြို့ရောက်။

(၂၀) ရက်။

  • ပဲခူးခရိုင်၊ ဘုရားကလေး ရဲဌာနကို ရဲဘော်ဖြူများ တိုက်။
  • အင်္ဂပူမြို့နယ်ရှိ မဲဇလီကုန်းကို အစိုးရတပ်က ပြန်သိမ်း။

(၂၁) ရက်။

  • တောင်ငူခရိုင်ရှိ ဆူးတပ်ရွာတွင် ကေအင်ဒီအိုများနှင့် အစိုးရတပ် တိုက်ပွဲဖြစ်။
  • ကရင်နီပြည်နယ်ရှိ ထူးချောင်းကို ကေအင်ဒီအိုများတိုက်။

(၂၂) ရက်။

  • ရွှေဘိုထောင်မှ အကျဉ်းသား ၂၂ ဦး ထွက်ပြေး၍ တမြို့လုံး ထိတ်လန့် ချောက်ချားသွား။

(၂၃) ရက်။

  • လွိုင်ကော်ကို ကရင်စစ်ရဲများက သိမ်း။

(၂၄) ရက်။

  • တောင်ကြီးနှင့် လွယ်လင် ငွေတိုက်များကို ကေအင်ဒီအိုများ ဖောက်။
  • ကျိုက္ခမီခရိုင် လမိုင်းရဲဌာနကို အစိုးရတပ်က ပြန်သိမ်း။

(၂၅) ရက်။

  • တောင်ကြီးရှိ ပြည်ထောင်စု ကရင် စစ်ရဲတပ် ပုန်ကန်။ ပြည်ထောင်စု စစ်ရဲမှ လွိုင်ကော်သိမ်း။ မုံရွာခရိုင် အရာတော်ရဲဌာနကို ကေအင်ဒီအိုများ ဝိုင်းတိုက်။
  • ပြည်-တိုက်ကြီး ရထားများ ပြန်ထွက်။

(၂၆) ရက်။

  • မင်းလှကို အစိုးရတပ်က ပြန်သိမ်း။

(၂၇) ရက်။

  • ညောင်လေးပင်နှင့် ငါးထပ်ကြီး ဘူတာ အကြားရှိ တံတား အမှတ် ၁၂၅ ကို ကေအင်ဒီအိုများ မိုင်းခွဲ။

(၂၈) ရက်။

  • သာယာဝတီမြို့၌ စစ်မင်းကြီး ဗိုလ်စိန်မှန်က သောင်းကျန်းသူ နှိမ်နင်းရေးနှင့် ကရင် ဗမာ ချစ်ကြည်ရေး တရားဟော။
  • ပန်းတနော်ကို သိမ်းထားသော ရဲဘော်ဖြူများ ပန်းတနော်မှ ထွက်ခွာသွား။

(၂၉) ရက်။

  • မော်လမြိုင်ခရိုင်တွင် စစ်အုပ်ချုပ်ရေး ကြေညာ။

(၃၀) ရက်။

  • သုံးခွနှင့် ပန်းတနော်ကို အစိုးရတပ်က ပြန်သိမ်း။
  • ကွမ်းခြံကုန်း မြို့နယ် လက်ခုတ်ကုန်းကို အလံနီများ ဝင်စီး။
  • မှော်ဘီအနီးရှိ ဇီးကွက် တံတားနှင့် တိုက်ကြီး အနီးရှိ မြယာကုန်း တံတားများကို သောင်းကျန်းသူများက ဗုံးခွဲ ဖျက်ဆီး၍ ရန်ကုန် - ပြည် ကားလမ်း ဆက်သွယ်ရေး ပြတ်။

အောက်တိုဘာလ[ပြင်ဆင်ရန်]

(၁) ရက်။

  • ပဲခူး-ရန်ကုန် ရထားလမ်း ပြန်ဖွင့်။
  • အရံတပ်ဖွဲ့ရေး ဥပဒေ ပါလီမန်က အတည်ပြု။

(၂) ရက်။

  • သတင်းစာ ဆရာများအသင်းက ကြီးမှူး၍ အသင်းဗိမာန် တည်ဆောက်ရေး ရန်ပုံငွေအတွက် "မြန်မာနိုင်ငံတော် အစိုးရသည် ဒီမိုကရေစီ စစ် မစစ်" ခေါင်းစဉ်ဖြင့် စကားရည်လုပွဲ မြို့တော်ခန်းမ၌ ကျင်းပရာ - ဒီမိုကရေစီ အစိုးရဘက်မှ ရှေ့နေချုပ် ဦးချန်ထွန်း၊ ပြန်ကြားရေး ဝန်ကြီး ဦးထွန်းဖေနှင့် ပြန်ကြားရေးဌာန အတွင်းဝန် ဦးသန့်တို့က ပြော၍ ဒီမိုကရေစီ အစိုးရ မဟုတ်သည့် ဘက်မှ သုမန၊ ဇဝနနှင့် မိုးကြိုးတို့က ပြော။
  • ပန်းတနော်ကို သူပုန်ဝင်စီး။
  • ရန်ကုန်-သန်လျင်ကြား မော်တော် သမ္ဗာန်များ ပြန်လည် ပြေးဆွဲ။

(၃) ရက်။

  • ခရမ်းမြို့ကို အစိုးရတပ်က ပြန်သိမ်း။ (၅) ရက်။ ဆာဦးသွင် ခေါင်းဆောင်သော ငြိမ်းချမ်းရေး အဖွဲ့ဝင်များ ရန်ကုန်ထောင်တွင်းရှိ ရဲဘော်ဖြူများနှင့် ငြိမ်းချမ်းရေး ဆွေးနွေး။
  • ဗန္ဓုလပန်းခြံ၌ လွတ်လပ်ရေး မော်ကွန်းကျောက်တိုင် ဖွင့်ပွဲ ကျင်းပ။

(၅-၈) ရက်။

  • စစ်တွေ၌ လေမုန်တိုင်းတိုက်၍ သိန်း ၁၀ဝ ဖိုး ခန့်ဆုံးရှုံး။

(၆) ရက်။

  • ပြည်မြို့အနီး မှော်ဇာဘူတာကို သောင်းကျန်းသူများ ဝင်စီး။ ရေဦး ရဲဌာနကို သောင်းကျန်းသူများ တိုက်။

(၇) ရက်။

  • ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဦးကျော်ငြိမ်း လန်ဒန်သွား။
  • မှော်ဘီ လေယာဉ်ကွင်းကို သောင်းကျန်းသူများ တိုက်။

(၈) ရက်။

  • နိုင်ငံတော် ဝန်ကြီးချုပ်အိမ်တွင် ကရင်ရေးရာ ကောင်စီဝင် အမတ်များနှင့် ဝန်ကြီးချုပ်တို့ တွေ့ဆုံ၍ ကရင်လူမျိုး သန်းခေါင်စာရင်း ကောက်ယူရေး ဆွေးနွေး။

(၉) ရက်။

  • လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေကြမ်းကို ပါလီမန်က အတည်ပြု။
  • မိုးသည်းထန်စွာ ရွာ၍ မြစ်ငယ်တံတား ကျိုးပြီး ရေထဲ မျောပါသွား။

(၁၂) ရက်။

  • ဗြိတိသျှ-မြန်မာ ငွေရေးကြေးရေး စာချုပ်ချုပ်၊
  • ရန်ကုန် - မန္တလေး မီးရတားလမ်း၊ ကျွန်းကုန်းနှင့် ရေတာရှည်ကြားရှိ တံတားအမှတ် ၂၈၄ ကို သူပုန်များ ဖျက်။
  • ဘီအေအေကွင်း၌ ကျင်းပသော အိန္ဒိယ - မြန်မာ ဘောလုံးပွဲတွင် မြန်မာက ၅ ဂိုး - ဂိုးမရှိဖြင့် နိုင်။

(၁၃) ရက်။

  • ဆာဦးသွင် ခေါင်းဆောင်သော ငြိမ်းချမ်းရေးအဖွဲ့ဝင်များ ရန်ကုန်ထောင်တွင်းရှိ ရဲဘော်ဖြူများနှင့် တွေ့ဆုံ ဆွေးနွေး။
  • ဂျိုးဖြူရေပိုက်ကို သောင်းကျန်းသူများ ဖျက်။

(၁၄) ရက်။

  • လွတ်လပ်ရေး ကြေညာသည့်နေ့က နိုင်ငံတော် သမ္မတကြီး ပြောခဲ့သည့် ဝါဒသဘောထား အတိုင်း ဆက်လက် ဆောင်ရွက်မည်ဟု ပါလီမန်၌ သခင်နုက ပြော။

(၁၅) ရက်။

  • လန်ဒန်မြို့ မြန်မာသံရုံး၌ စက်ဘက်အရာရှိ တာဝန်ယူမည့် ဦးထွန်းလှအောင် လန်ဒန်သို့ ထွက်ခွာ။
  • အုတ်ဖြတ်ရွာတွင် သောင်းကျန်းသူများနှင့် အစိုးရတပ်တို့ လေးနာရီကြာ တိုက်ပွဲဖြစ်။

(၁၉) ရက်။

  • ရန်ကုန်မြို့ သတင်းစာ ဆရာများက အသင်းတိုက်တွင် သတင်းစာ ဆရာမျးက စောဘဦးကြီး ခေါင်းဆောင်သော ကေအင်ဒီအို ခေါင်းဆောင်များအား မိတ်ဆက် လက်ဖက်ရည်ပွဲဖြင့် ချစ်ကြည်ရေးလုပ်။

(၂၀) ရက်။

  • ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် စုံစမ်းရေး အဖွဲ့၏ ပထမအကြိမ် အစည်းအဝေး ကျင်းပ။
  • ညောင်ဦး ရဲဌာနနှင့် ငွေတိုက် သောင်းကျန်းသူများ ဝင်စီး။

(၂၁) ရက်။

  • ပြန်ကြားရေး ဦးထွန်းဖေက သူ၏ ရုံးခန်း၌ သတင်းထောက်များနှင့် တွေ့၍ ပြည်တွင်း ဆူပူ သောင်းကျန်းမှု အခြေအနေ လျော့သွားကြောင်း ရှင်းပြ။
  • ရန်ကုန်မှ ဒေးဒရဲ၊ ကျိုက်လတ် ရေလမ်းခရီး ပြန်ဖွင့်။

(၂၂) ရက်။

  • မွန် - ကေအင်ဒီအိုများက သထုံခရိုင်၊ ပေါင်ရဲဌာနမှ လက်နက်များ သိမ်း။
  • ကမ္ဘာ့ ကုလသမဂ္ဂမှ ဓာတ်ပုံဘက်ဆိုင်ရာ ပါရဂူ တဦး မြန်မာနိုင်ငံ၏ အခြေအနေများ ဓာတ်ပုံရိုက်ရန်၊ ရန်ကုန်ရောက်။

(၂၃) ရက်။

  • ဆာဦးသွင် ခေါင်းဆောင်သော ငြိမ်းချမ်းရေး အဖွဲ့ဝင်များ ပုသိမ်၌ ရဲဘော်ဖြူများနှင့် တွေ့ဆုံဆွေးနွေး။
  • မြောင်းမြမြို့ ကရင်လူထု အစည်းအဝေးက သီးခြား ကရင်ပြည်နယ် ရရှိရေးကို လူထုဆန္ဒနှင့် ဥပဒေနှင့် အညီ လုပ်ရန် ဆုံးဖြတ်။

(၂၄) ရက်။

  • ဗြိတိသျှ အစိုးရကို မြန်မာ့ ပြည်တွင်းရေး အခြေအနေ ရှင်းပြရန် နိုင်ငံခြားရေး ဝန်ကြီး ဦးကျော်ငြိမ်း လန်ဒန်ရောက်။
  • ဥရောပ အမေရိကနှင့် တရုတ်နိုင်ငံတို့တွင် ကျန်းမာရေးနှင့် အားကစား လုပ်ငန်းများ လေ့လာခဲ့ကြသော ဦးဇော်ဝိတ်တို့ အဖွဲ့ ရန်ကုန် ပြန်ရောက်။

(၂၅) ရက်။

  • သခင်နုနှင့် လူနည်းစုရေးရာ ဝန်ကြီး ဦးညိုထွန်းတို့ သံတွဲ၌ တရားဟော။
  • ပုသိမ်၌ ကွန်မြူနစ် သောင်းကျန်းသူ ၆၃ ဦး အလင်းဝင်။

(၂၆) ရက်။

  • ကေအင်ဒီအိုနှင့် မွန်သူပုန်တို့က မတ္တမ ရဲဌာနရှိ လက်နက်များ သိမ်း။
  • ထန်းတပင်ကို သူပုန် ၄၀ဝ ခန့် ဝင်စီး။

(၂၈) ရက်။

  • မော်လမြိုင်၌ ရဲဘော်ဖြူ အချို့ လက်နက်ချ။

(၂၉) ရက်။

  • ဒေသအလိုက် ကိုယ်ပိုင် အုပ်ချုပ်ခွင့် စုံစမ်းရေး ကော်မရှင်၏ ဒုတိယ အကြိမ် အစည်းအဝေး ကျင်းပ။
  • ဖျာပုံခရိုင် မြင်းကကုန်းရွာကို အစိုးရတပ်က ပြန်သိမ်း။
  • ထောက်ကြန့် ရဲဌာနကို သောင်းကျန်းသူတို့ တိုက်။
  • ဦးတင်ထွတ်အား လုပ်ကြံသူကို ဖော်နိုင်သူ၊ ဆုငွေ ၁၀,၀၀ဝိ/- ပေးမည်ဟု ကြေညာ။

(၃၀) ရက်။

  • တွံ့တေးမြို့ကို ကေအင်ဒီအိုများ သိမ်း။
  • သခင်ဗစိန် နေအိမ်၌ သခင်ခေါင်းဆောင်များ တွေ့ဆုံ၍ တို့ဗမာ အစည်းအရုံး အမည် မသုံးဘဲ စိတ်သဘောတူသူများ ပါတီသစ်ဖွဲ့ရန် ဆုံးဖြတ်။
  • သရက်မြို့၌ မိနစ်ဝက်ခန့် ငလျင်လှုပ်။

နိုဝင်ဘာလ[ပြင်ဆင်ရန်]

(၁) ရက်။

  • ပုသိမ်၌ ငြိမ်းချမ်းရေး လုပ်ငန်းများ လူထု ထောက်ခံပွဲ လုပ်။
  • ဟင်္သာတတွင် ကရင် ဗမာ ချစ်ကြည်ရေး တရားပွဲ ကျင်းပ။
  • ဒေးဒရဲမြို့နယ် တော်လှကင်းဂါတ်ကို သောင်းကျန်းသူ ဝိုင်းပစ်။
  • သခင် သန်းထွန်း၏ ဇနီး ဒေါ်ခင်ကြီးကို ပျဉ်းမနားတွင် ဖမ်းမိ။

(၃) ရက်။

  • သတင်းစာဆရာများ အသင်းတိုက်၌ မြန်မာ ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဖယ်ယာဝယ်သာ ဦးဘအေးက ပြည်သူပိုင် လုပ်ငန်းကို အစိုးရ အလျင်စလို မလုပ်သင့်ကြောင်း ရှင်း။

(၄) ရက်။

  • အနောက်နိုင်ငံများတွင် ပညာရေး လုပ်ငန်းများ လေ့လာခဲ့သော မြို့မ ကျောင်းအုပ်ကြီး ဦးဘလွင် ရန်ကုန် ပြန်ရောက်။
  • အိန္ဒိယနှင့် မြန်မာ ဘောလုံးအသင်းတို့ ကစားကြရာ အိန္ဒိယ အသင်းက သုံးဂိုး တစ်ဂိုးဖြင့် နိုင်။
  • ပေါင်းတည်မြို့ကို သူပုန်စီး။

(၅) ရက်။

  • ဆင်ပေါင်ဝဲကို အစိုးရတပ်က ပြန်သိမ်း။

(၆) ရက်။

  • ဗိုလ်သောင်းရွှေ ခေါင်းဆောင်သော သရက်ခရိုင်မှ သောင်းကျန်းသူ ၁၂ ယောက် လက်နက်များဖြင့် လာရောက် အဖမ်းခံ။

(၇) ရက်။

  • တိုက်ကြီးရဲဌာနကို သူပုန် ဝင်တိုက်။
  • ရန်ကုန်နှင့် ပြည်ကြား မီးရထားလမ်း တံတားများ ပြင်ဆင်ပြီး။

(၈) ရက်။

  • နိုင်ငံတော် ဆရာ အတတ်သင် သိပ္ပံကျောင်းတွင် ဆရာ ဆရာမများ တလ ဉာဏ်သစ်လောင်း သင်တန်း ဖွင့်ပွဲကို ပညာရေး ဝန်ကြီး ဦးဝင်းက ဖွင့်ပေး။

(၉) ရက်။

  • သာယာဝတီထောင်ရှိ စစ်ကိုင်းမြို့နယ် အတွင်းမှ ဖမ်းဆီးထားသော ပုဒ်မ ၅ အချို့ကို ပြန်လွှတ်။

(၁၀) ရက်။

  • အင်းစိန်ခရိုင် လှိုင်မြစ်ကမ်းပေါ်ရှိ ပျဉ်းမကုန်းရွာ၌ အစိုးရတပ်နှင့် သူပုန်များ တိုက်ပွဲဖြစ်။
  • ဓာတ်ဆီ တစ်ဂါလံ (၂)ကျပ်နှုန်း အစိုးရက သတ်မှတ်။

(၁၁) ရက်။

  • သံတွဲအသင်း စည်းရုံးရေးမှူး ဦးဘတင်က သံတွဲခရိုင်က မြန်မာပြည်မနှင့် မခွဲလိုကြောင်း ပန်းဆိုးတန်း သတင်းထောက်များ အသင်းတိုက်၌ သတင်းစာ ဆရာများအား ပြော။
  • မုံရွာခရိုင်၊ အရာတော်မြို့ကို ကွန်မြူနစ် တပ်နီ ၂၀ဝ ခန့် ဝိုင်းတိုက်။
  • ဒိုက်ဦးမြို့အနီး မြို့ရိုးရွာကို သောင်းကျန်းသူ ၂၀ဝ ခန့် ဝင်စီး။
  • မောင်တော၌ အစိုးရတပ်နှင့် သောင်းကျန်းသူများ တိုက်ပွဲဖြစ်။

(၁၂) ရက်။

  • ရန်ကုန်နှင့် နတ္တလင်းကြား မီးရထား ပြန်ထွက်။
  • ဗိုလ်အေးဖေအား သစ္စာဖောက်မှုဖြင့် သေဒဏ်ချမှတ်။

(၁၃) ရက်။

  • ဆာဦးသွင် ခေါင်းဆောင်သော ငြိမ်းချမ်းရေး အဖွဲ့ဝင်များ ရန်ကုန် ထောင်တွင်းရှိ ရဲဘော်ဖြူ ခေါင်းဆောင် ရှစ်ဦးနှင့် တွေ့ဆုံဆွေးနွေး။
  • ရခိုင်ပြည်နယ်က ပြည်ထောင်စု နိုင်ငံတော် အပါအဝင် ပြည်နယ် တခုအဖြစ် ပါဝင်လိုကြောင်း။ ဝတ်လုံတော်ရ ဦးထွန်းအောင်၊ ပင်စင်ရ စက်ရှင်မင်းကြီး ဦးထွန်းအောင်၊ ဦးဘိုးညွန့် (ကျောက်ဖြူ)၊ ဦးထွန်းကြိုင် (သံတွဲ)၊ ဦးလှထွန်းဖြူတို့က သတင်းစာဆရာများ အသင်းတိုက်၌ သတင်းစာ ဆရာများအား ပြော။

(၁၄) ရက်။

  • ဆာဦးသွင် ခေါင်းဆောင်သော ငြိမ်းချမ်းရေး အဖွဲ့၏ လုပ်ငန်းများ ထောက်ခံပွဲ ပုသိမ်၌ ကျင်းပ။
  • ပန်းတနော် ရဲဌာနကို သောင်းကျန်းသူများ ဝိုင်းတိုက်။

(၁၅) ရက်။

  • မဟာသံဃ အဖွဲ့ချုပ်မှ အမေရိကန်နိုင်ငံ ဝါရှင်တန် စာကြည့်တိုက်အတွက် ဗုဒ္ဓစာပေများ လှူဒါန်းပွဲ သမ္မတ အိမ်တော်၌ ကျင်းပ။
  • ကသာတွင် ငလျင်လှုပ်။ အပျက်အစီး မရှိ။

(၁၆) ရက်။

  • ရုံးချိန်များကို နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအထိ ပြောင်းလဲ သတ်မှတ်။
  • နံနက် ၉ နာရီ ၁၂ မိနစ်တွင် ရန်ကုန်၌ ငလျင် အနည်းငယ်လှုပ်။

(၁၇) ရက်။

  • သရက်ခရိုင်၊ အင်းမရွာ၌ အစိုးရတပ်နှင့် သောင်းကျန်းသူများ တိုက်ပွဲဖြစ်။

(၁၉) ရက်။

  • ရန်ကုန်မြို့ရှိ အာအီးတီ ကုမ္ပဏီပေါင်း ၁၁ ခုမှ အလုပ်သမား ၁,၀၀ဝ ခန့် ထိုင်သပိတ်မှောက်။

(၂၀) ရက်။

  • ဟင်္သာတမြို့နယ် နိဗ္ဗာန်တိုက်နယ်မှ ရဲဘော်ဖြူ ၁၂ ယောက် အလင်းဝင်။

(၂၁) ရက်။

  • ငြိမ်းချမ်းရေးအဖွဲ့လုပ်ငန်းများ ထောက်ခံပွဲ ဟင်္သာတ၌ ကျင်းပ။
  • သံတွဲခရိုင်၊ အလံနီ သောင်းကျန်းသူတို့၏ ဌာနချုပ် ရှိသော အင်းတိုင်ကြီးရွာကို အစိုးရတပ်က သိမ်း။

(၂၂) ရက်။

  • ဆာဦးသွင် နေအိမ်၌ ငြိမ်းချမ်းရေး အဖွဲ့ဝင် လူကြီးများနှင့် တောခို ရဲဘော်ဖြူ ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေး။
  • ဟင်္သာတ ထောင်ရှိ ပုဒ်မ ၅ အချို့လွှတ်။
  • ဆင်ပေါင်ဝဲမြို့ကို ခုနစ်နာရီကြာမျှ သောင်းကျန်းသူများ ဝိုင်းတိုက်။

(၂၃) ရက်။

  • သခင်နုနေအိမ်၌ ငြိမ်းချမ်းရေး အဖွဲ့ဝင် လူကြီးများနှင့် ရဲဘော်ဖြူ ခေါင်းဆောင်များ မိတ်ဆက် တွေ့ဆုံပွဲလုပ်။

(၂၄) ရက်။

  • ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်သူ့ ဒီမိုကရေစီ တပ်ပေါင်းစု ဖွဲ့စည်းရေးနှင့် ဒီမိုကရေစီ ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းရေး တောင်းဆိုချက်ပါသည့် ကြေညာချက်ကို တောခို ရဲဘော်ဖြူများက ထုတ်ပြန်။
  • ပဲခူး - ဝေါ မီးရထား ပြန်ထွက်။
  • ကာမမြို့ကို သောင်းကျန်းသူများ ဝိုင်းတိုက်။

(၂၅) ရက်။

  • ပုသိမ်ထောင်မှ ပုဒ်မ ၅ သမား ၃၉ ဦးလွှတ်။
  • နောင်ပတ္တရား ဘူတာ အလွန် နံပါတ် ၁၃ မီးရထား တံတားကို ကွန်မြူနစ် သောင်းကျန်းသူများ ဖျက်။

(၂၆) ရက်။

  • စစ်ကိုင်းခရိုင် အမြင့်ရွာ အရှေ့ဘက်တွင် အစိုးရတပ်နှင့် သောင်းကျန်းသူများ တိုက်ပွဲဖြစ်။

(၂၈) ရက်။

  • ကေအင်ဒီအိုများက အစိုးရကို တိုက်ရန် ကချင်များထံမှ စစ်ကူတောင်းကြောင်း ဆမားဒူးဝါး ဆင်ဝါးနောင်က သခင်နုထံ အစီရင်ခံ။
  • ရန်ကုန်မြို့ရှိ ဘတ်(စ်)ကားများ သပိတ်မှောက်။
  • ရန်ကုန်မှ ၁ဝ မိုင်ကွာရှိ တာဝဆိပ်ကမ်း၌ သူပုန်နှင့် အစိုးရတပ်တို့ ပြင်းထန်စွာ တိုက်ပွဲဖြစ်။
  • ပဲခူးခရိုင် ကမာစဲရွာကို အစိုးရတပ်က ပြန်သိမ်း။
  • ကေအင်ဒီအိုများက သထုံ ရဲဌာနမှ လက်နက်များ သိမ်းယူ။
  • အစိုးရက ဖမ်းထားသော ဒေးလီးမေး(လ်) သတင်းထောက် ကင်းဘဲလ်အား လန်ဒန် ပြန်လွှတ်။

(၂၉) ရက်။

  • အစိုးရနှင့် စေ့စပ်ရေး အောင်မြင်နိုင်မည့် အချက် ၁၃ ချက်ပါ ကြေညာချက်ကို ပြည်သူ့ ရဲဘော် အဖွဲ့ချုပ်က ထုတ်ပြန်။

(၃၀) ရက်။

  • ရဲဘော်ဖြူ ခေါင်းဆောင် ဗိုလ်လရောင်က ဌာနချုပ်က ငြိမ်းချမ်းရေးကို လက်ခံလိုက်ပြီ ဖြစ်၍ ဌာနချုပ်၏ ညွှန်ကြားချက်အတိုင်း လိုက်နာကြရန် အသံလွှင့်ပြော။
  • လွိုင်ကော်ကို အစိုးရတပ်က ပြန်သိမ်း။

ဒီဇင်ဘာလ[ပြင်ဆင်ရန်]

(၁) ရက်။

  • ရန်ကုန်ထောင် အတွင်းမှ ပုဒ်မ ၅ အချို့ ပြန်လွှတ်။
  • တိုက်ကြီးမြို့ကို သူပုန် ဝင်စီးသော်လည်း မအောင်မြင်။
  • ဗမာပြည် ဒီမိုကရက်တစ် အဖွဲ့ချုပ် ခေါင်းဆောင်များ အစည်းအဝေးက ပြည်တွင်း ငြိမ်းချမ်းရေး ထူထောင်ရန် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ရန်နှင့် ဒီမိုကရက်တစ် အခွင့်အရေးများ ပေးရန် တောင်းဆို။

(၃) ရက်။

  • လက်ရှိ ဗမာပြည်၏ အခြေအနေသည် ရင်လေးစရာ ဖြစ်နေသည်ဟု သခင်နု ပြော။
  • မုံရွာခရိုင် တောခို ရဲဘော်ဖြူများ၏ လက်နက်အပ်ပွဲ မုံရွာ တဘက်ကမ်းရှိ ညောင်ပင်ကြီး စခန်း၌ ကျင်းပ။
  • တိုက်ကြီးမြို့ မြောက်ဘက် တမိုင်ကွာရှိ ဂျိုးဖြူ တံတား၌ အစိုးရတပ်နှင့် သောင်းကျန်းသူများ ၃ နာရီကြာ တိုက်ပွဲဖြစ်။

(၄) ရက်။

  • ကိုယ်ထင်ရာကိုယ် လျှောက်လုပ်နေကြသည့် နိုင်ငံရေးသမားများ ရပ်တန်းက ရပ်ကြပါဟု သခင်နုက အသံလွှင့် ပြောကြား။
  • ရန်ကုန်ထောင် တဝိုက်၊ အတွင်းဝန်ရုံး တဝိုက်နှင့် ရန်ကုန်မြစ် အတွင်းမှအပ။ ညမထွက်ရ အမိန့်ရုပ်သိမ်း။
  • မုံရွာ ထောင်တွင်းရှိ ပုဒ်မ ၅ ဖြင့် အဖမ်းခံထားရသော ရဲဘော်ဖြူ ရဝ ကျော်ကို လွှတ်။

(၅) ရက်။

  • ကန်တော်မင် ပန်းခြံ၌ သခင် ကိုယ်တော်မှိုင်း ကြီးမှူးသော အေးချမ်းသာယာရေးအဖွဲ့က ငြိမ်းချမ်းရေး လုပ်ငန်းများ ထောက်ခံပွဲ ကျင်းပ။

(၆) ရက်။

  • ကချင်ပြည်နယ် ဝန်ကြီး ဆမားဒူးဝါး ဆင်ဝါးနောင်က လောလောဆယ် ဖြစ်ပေါ်နေသော မြန်မာပြည် အခြေအနေကို သတင်းစာ ဆရာများအား ရှင်းလင်း ပြောကြား။
  • ပုသိမ်မှ လာသော ဝါးကိုင်း သင်္ဘောကို ကဝက်ကင်းရွာ အနီး၌ ကေအင်ဒီအိုများက တိုက်။ လူရှစ်ဦး သေ။ ပစ္စည်း သုံးသိန်းဖိုး ပါသွား။

(၇) ရက်။

  • အင်းစိန်ခရိုင် ထန်းတပင် အနီး၌ အစိုးရတပ်နှင့် သူပုန်များ တိုက်ပွဲဖြစ်။
  • ဘားအံ့ - မော်လမြိုင်ကြား မော်တော်ဘုတ်များ သွားလာခြင်းကို ကေအင်ဒီအိုများက ပိတ်။

(၈) ရက်။

  • သခင်နု နေအိမ်တွင် ဖဆပလအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကျင်းပ၍ လက်ငင်း နိုင်ငံရေး ပြဿနာကို ပြတ်ပြတ်သားသား ဖြေရှင်းရေး ဆွေးနွေး။
  • ဒေသအလိုက် ကိုယ်ပိုင် အုပ်ချုပ်ရေး စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင်များ ပုသိမ်သွား။
  • ထားဝယ်၊ ကလိန်အောင် ရွာရှိ ပြည်ထောင်စု ရဲစခန်းကို ကေအင်ဒီအိုများ တိုက်။

(၉) ရက်။

  • မြန်မာနိုင်ငံ အခြေအနေကို ဗြိတိသျှ အစိုးရအား ရှင်းလင်း ပြောကြားခဲ့သော နိုင်ငံခြားရေး ဝန်ကြီး ဦးကျော်ငြိမ်း ရန်ကုန် ပြန်ရောက်။
  • ကရင်နှင့် ဗမာ အထင် မလွဲကြဘဲ မေတ္တာဖြင့် အလုပ်လုပ်ကြရန် ကေအင်ဒီအို ခေါင်းဆောင် စောသာဒင်နှင့် သရာသာထိုတို့က သတင်းစာ ဆရာများ အသင်းတိုက်၌ သတင်းစာ ဆရာများအား ပြော။
  • ထားဝယ် ခရိုင်ရှိ ဝင်းဝနှင့် ကျောက်မဲဒေါင် ရဲစခန်းများကို ကေအင်ဒီအိုများ တိုက်။

(၁၀) ရက်။

  • မြန်မာနိုင်ငံ ကုန်သည်ကြီးများ အသင်း အထူး အစည်းအးဝေး၌ "နိုင်ငံ စီးပွားရေးကို လက်ဝဲနဲ့လဲ လုပ်မရနိုင်" ဟု သခင်နု ပြော။
  • ပြန်ကြားရေး ဝန်ကြီး ဦးထွန်းဖေက သတင်းစာ ဆရာများ အသင်း အမှုဆောင် လူကြီးများနှင့် တွေ့၍ လူမျိုးရေး အထင်လွဲမှားမှုနှင့် နိုင်ငံခြား ဆက်ဆံရေး ထိခိုက်မည့် အရေးအသားများ ရှောင်ရှားကြရန် ပြော။
  • ကရင်ပြည်နယ် သီးခြား ထူထောင်ရေး ကန့်ကွက်ပွဲ ထားဝယ်၌ ကျင်းပ။

(၁၁) ရက်။

  • သောင်းကျန်းသူများ ဂျိုးဖြူ ရေလှောင်ကန် ဖျက်။

(၁၂) ရက်။

  • သခင်နုနေအိမ်၌ သခင်နုနှင့် ရှမ်းစော်ဘွား ရှစ်ဦး တွေ့ဆုံကြရာတွင် ပြည်ထောင်စု အန္တရာယ်ကို တိုင်းရင်းသားများ လက်တွဲ ကာကွယ် သွားကြရန် သဘောတူကြ။

(၁၃) ရက်။

  • မြန်မာပြည် သတင်းထောက်များ အသင်းတိုက်၌ "မြန်မာပြည် ရင်လေးစရာ မရှိပြီ" ဟု သခင်နု ပြော။
  • စော်ဘွားများ အသင်း ဒုတိယဥက္ကဋ္ဌ သာမိုင်းခမ်း စော်ဘွားက ပြည်ထောင်စု အန္တရာယ်ကို တိုင်းရင်းသားများနှင့် လက်တွဲ၍ ကာကွယ်သွားမည်ဟု သတင်းစာ ဆရာများအား ပြော။
  • ကမာရွတ်ကို လူဆိုး ၁၀ဝ ခန့် လက်နက်မျိုးစုံနှင့် ဝင်စီး။
  • သိမ်ဆိပ် ရဲစခန်းမှ လက်နက်များကို ကေအင်ဒီအိုများက သိမ်းယူ။

(၁၄) ရက်။

  • နယ်မြေ အခြေအနေ လေ့လာရန် သခင်နု မြစ်ကြီးနား ရောက်။
  • အိန္ဒိယတွင် ကျင်းပမည့် ကမ္ဘာ့ ကျောင်းသားများ ကွန်ဖရင့် တက်ရန်၊ ကိုညီညီ၊ ကိုစောလွင်နှင့် ကိုတင်ရွှေတို့ ရန်ကုန်မှ ထွက်ခွာ။
  • ဖျာပုံတွင် ကရင် - ဗမာ ညီညွတ်ရေး တရားပွဲ ကျင်းပ။
  • နတ္တလင်း အရှေ့ဘက် သုံးမိုင်ကွာရှိ တံတားကို သောင်းကျန်းသူများ မီးရှို့ ဖျက်ဆီး။

(၁၅) ရက်။

  • ရန်ကုန်ထောင်ရှိ ရဲဘော်ဖြူ ၄၈ ယောက်ကို လွှတ်။
  • ထားဝယ်၌ သောင်းကျန်းသူ ရှုတ်ချပွဲ ကျင်းပ။
  • မှော်ဘီတွင် အစိုးရတပ်နှင့် သောင်းကျန်းသူများ တိုက်ပွဲဖြစ်။

(၁၆) ရက်။

  • မြစ်ကြီးနား တရားပွဲ၌ မိုက်ရင် ကျွန်ပြန်ဖြစ်မည်ဟု သခင်နု ပြော။

(၁၇) ရက်။

  • ထားဝယ်ခရိုင် ကန်ဘောက်ရွာကို ကေအင်ဒီအိုများ သိမ်း။
  • မြိတ်ခရိုင် ပလောင်ရှိ သတ္တုတွင်းများကို ကေအင်ဒီအိုများက လည်းကောင်း၊ မော်လမြိုင်ခရိုင် ကတိုးရွာကို မွန်သောင်းကျန်းသူများက လည်းကောင်း တိုက်ကြ။

(၁၈) ရက်။

  • ကရင်ရေးရာ ဝန်ကြီး မန်းဘဆိုင်က သတင်းစာ ဆရာများ အသင်းတိုက်၌ ကရင်-ဗမာ ချစ်ကြည်ရေး ရှင်းလင်း ပြောကြား။
  • အလေးမ အသင်းကြီး ကြီးမှူး၍ အလေးမပြိုင်ပွဲနှင့် အငယ်တန်း မောင်ဗမာ ရွေးပွဲ ဘီအေအေကွင်း၌ ကျင်းပ။
  • တောင်ငူ ခရိုင်တွင်းမှ ဖမ်းထားသော ပုဒ်မ ၅ အကျဉ်းသမား ရ၉ ဦးလွှတ်။

(၁၉) ရက်။

  • ရန်ကုန်မြို့လုံးကျွတ် နယ်ချဲ့ ရှုတ်ချပွဲနှင့် နယ်ချဲ့သူလျှို နှင်ထုတ်ရေး လူထုစည်းဝေးပွဲ ကန်တော်မင် ပန်းခြံ၌ သတင်းစာ ဆရာများ အသင်းက ဦးစီး ကျင်းပ။
  • ပဲခူးမြို့နယ် ပြည်သူ့ ရဲဘော်ဖြူများ ညီလာခံက၊ ကေအင်ဒီအိုများ အားရှုတ်ချကြောင်း ဆုံးဖြတ်။
  • မြိတ်မှ ကရင် စစ်ရဲများ လက်နက်ချ။

(၂၀) ရက်။

  • တိုက်ကြီးမြို့၌ လူမျိုးပေါင်းစုံ ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေး တရားပွဲ ကျင်းပ။
  • ဟင်္သာတမြို့ ကရင်လူထု အစည်းအဝေးက သီးခြား ကရင်ပြည်နယ် မလိုချင်၊ ဗမာနဲ့ မခွဲချင်ဟု ဆုံးဖြတ်။
  • မြိတ်မြို့ လူထု အစည်းအဝေးပွဲက မြိတ်ခရိုင်သည် မြန်မာပြည်မနှင့် မခွဲလိုကြောင်း ဆုံးဖြတ်။
  • မြိတ်မြို့ရှိ ပြည်ထောင်စု စစ်ရဲအဖွဲ့မှ ကရင်များ လက်နက်ချက်။
  • ရမည်းသင်း ခရိုင်မှ သောင်းကျန်းသူ အချို့ လာရောက် အဖမ်းခံ။
  • ငဇွန်၊ ချောင်းဦးနှင့် စစ်ကိုင်းခရိုင်မှ ရဲဘော်ဖြူအချို့ အလင်းဝင်။

(၂၁) ရက်။

  • ရှမ်းရေးရာ ဝန်ကြီး စပ်ခွန်ချို၏ ရုံးခန်း၌ တောင်တန်းဒေသ ဆိုင်ရာ ဝန်ကြီးများ အထူး အစည်းအဝေး ကျင်းပ၌ အခြေအနေ ဆိုးဝါးနေသော ကရင်ပြည်နယ် ကိစ္စ ဆွေးနွေး။
  • သတင်းထောက်များ အသင်းတိုက်၌ အင်္ဂလန်နှင့် အမေရိကန်ပြည် ဦးဘလွင်က ပညာရေးလုပ်ငန်း အတွေ့အကြုံများ ရှင်းလင်း ပြောကြား။
  • ထားဝယ်ခရိုင်၊ ကလိန်အောင်ကို အစိုးရတပ်က ပြန်သိမ်း။

(၂၂) ရက်။

  • စစ်ကိုင်း သုဓမ္မာဂိုဏ်းချုပ် ဆရာတော် ဦးသုဇာတ၊ သက်တော် ၉၄ နှစ်၊ ဘဝနတ်ထံ ပျံလွန်တော်မူ။
  • ဒေသအလိုက် ကိုယ်ပိုင် အုပ်ချုပ်ရေး စုံစမ်းမှု ကော်မရှင် အဖွဲ့ဝင်များ ဟင်္သာတ ရောက်။
  • ရန်ကုန် တက္ကသိုလ် မြန်မာ အသင်းကြီး၏ နှစ်ပတ်လည် ဆုနှင်း သဘင်ပွဲ ယုဒသန် ခန်းမ၌ ကျင်းပ။
  • ထားဝယ်ခရိုင်၊ ကန်ဘောက်ကို အစိုးရတပ်က ပြန်သိမ်း။

(၂၃) ရက်။

  • တကသမှ ကြီးမှူး၍ ဂျပ်ဆင် ကောလိပ် ခန်းမတွင် နယ်ချဲ့သမားကို ရှုတ်ချသည့် ကျောင်းသားထု အစည်းအဝေး ကျင်းပ။ ဒတ်(ခ်ျ)သံရုံးကို အားလူး - ဘဲဥ - ခရမ်းချဉ်သီးများနှင့် ပေါက်၍ ဆန္ဒပြ။
  • ပုသိမ်၌ တောခို ရဲဘော်ဖြူ ၃၈၇ ယောက် အလင်းဝင်။

(၂၆) ရက်။

  • ဗမာနိုင်ငံလုံး ဆိုင်ရာ လူငယ်များ အစည်းအရုံး၏ အထူးပြည်လုံးကျွတ် ညီလာခံက ဖဆပလမှ နုတ်ထွက်ရန် ဆုံးဖြတ်။

(၂၇) ရက်။

  • မအူပင်မြို့နယ်တွင် ကရင်-ဗမာ ညီညွတ်ရေး တရားဟောရန် ဝန်ကြီး မန်းဘဆိုင်နှင့် ဦးဝင်းတို့ မအူပင် သွား။
  • လူငယ် အစည်းအရုံး ဥက္ကဋ္ဌ ဦးဘဂျမ်းက ဝန်ကြီး ရာထူးမှ လည်းကောင်း၊ ဖဆပလ အဖွဲ့မှ လည်းကောင်း၊ နုတ်ထွက်လွှာ တင်။

(၂၉) ရက်။

  • ဆာဦးသွင် ခေါင်းဆောင်သော ငြိမ်းချမ်းရေး အဖွဲ့က ညီညွတ်ရေး ရပြီဟု ကြေညာချက်ထုတ်။
  • ပျဉ်းမနားနယ် သစ်ဆိမ့်ပင်ရွာ၌ သောင်းကျန်းသူများနှင့် အစိုးရတပ်များ တိုက်ပွဲဖြစ်။

(၃၀) ရက်။

  • တောင်ငူ ငွေတိုက်နှင့် သာပေါင်း ငွေတိုက်တို့ကို ကေအင်ဒီအိုများ ဖောက်။

(၃၁) ရက်။

  • ပန်းတနော်ကို ကေအင်ဒီအိုများ တိုက်။