၁၉၄၅
ပုံပန်းသွင်ပြင်
| ထောင်စုနှစ်: | ၂ ထောင်စုနှစ် |
|---|---|
| ရာစုနှစ်များ: | |
| ဆယ်စုနှစ်များ: | |
| ခုနှစ်များ: |
၁၉၄၅ (MCMXLV) သည် ဂရီဂေါရီးယန်း ပြက္ခဒိန်တွင် တနင်္လာနေ့မှ စတင်သော ပုံမှန်ခုနှစ်ဖြစ်ပြီး၊ ယနေ့ခေတ် (Common Era) နှင့် အေဒီ (Anno Domini) ၏ ၁၉၄၅ ကြိမ်မြောက် ခုနှစ်ဖြစ်ကာ၊ ၂ ထောင်စုနှစ်၏ ၉၄၅ ကြိမ်မြောက် ခုနှစ်၊ ၂၀ ရာစုနှစ်၏ ၄၅ ကြိမ်မြောက် ခုနှစ်ဖြစ်ပြီး ၁၉၄၀ ဆယ်စုနှစ်၏ ၆ ကြိမ်မြောက် ခုနှစ် ဖြစ်သည်။
ဖြစ်ရပ်များ
[ပြင်ဆင်ရန်]ဇန်နဝါရီလ
[ပြင်ဆင်ရန်](၁၂) ရက်။
- ပထမအကြိမ် တပ်မှူးများညီလာခံ ကျင်းပသည်။
ဖေဖော်ဝါရီလ
[ပြင်ဆင်ရန်](၁၁) ရက်။
- ဆရာ ရွှေတိုင်ညွန့်သည် အသက်(၃၆)နှစ် အရွယ်တွင် အဆုပ်ရောဂါ ဝေဒနာဖြင့် ကွယ်လွန်သွားခဲ့သည်။
(၂၃) ရက်။
- တူရကီနိုင်ငံသည် ဂျာမနီနိုင်ငံနှင့် ဂျပန်နိုင်ငံ စစ်ကျေညာခဲ့လေသည်။
မတ်လ
[ပြင်ဆင်ရန်](၁) ရက်။
- ဗမာ့ တပ်မတော်သည် ရန်ကုန်မြို့ ရွှေတိဂုံဘုရား အနောက် မြောက်ဘက်ရှိ ကွင်းပြင်ကြီး(ယခုတော်လှန်ရေး ပန်းခြံ)တွင် စစ်ရေးပြပွဲ အခမ်းအနားနှင့် တပ်ထွက်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
- ၁ ရက်မှ ၃ ရက်အထိ ဖဆပလ အစည်းအဝေးကို ဗိုလ်ချုပ်အောင်ဆန်းနေအိမ်၌ ကျင်းပ
(၃၁) ရက်။
- ဦးဗဆွေကို ဂျပန်တို့က ဖမ်းလိုက်ကြသည်။
(၂၆) ရက်။
- ဒေးဗစ် လွိုက်ဂျော့ချ်သည် အယ်လ်လန်နီစတမ်းဒ်ဝီကျေးရွာရှိ တိုင်းမ်နယူးဝစ်ဒ် (ခေါ်) အမျိုးသားစာရေးဆရာများ စာပေရေးသားမှုဆိုင်ရာ အတတ်သင်ဌာန တွင်ကွယ်လွန်လေသည်။
(၂၇) ရက်။
- တပ်မတော်နေ့ ဟု စတင်သတ်မှတ်၊ ဖက်စစ်ဂျပန်ကို စတင်တော်လှန်ကြကုန်သည်။
- ဖက်ဆစ်တော်လှန်ရေး စတင်ဆင်နွှဲသည်။ [၁]
ဧပြီလ
[ပြင်ဆင်ရန်](၁၇) ရက်။
- စာရေးဆရာ မောင်ဝံသ ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ မြစ်ကျိုးကျေးရွာတွင် မွေးဖွားခဲ့သည်။
(၂၀) ရက်။
- ဦးသိန်းစိန်ဧရာဝတီတိုင်း ငပုတောမြို့နယ် ကြူကုန်းကျေးရွာတွင် မွေးဖွားခဲ့သည်။
(၂၄) ရက်။
- ဦးဗဆွေ ပြန်လည် လွတ်မြောက်လာခဲ့သည်။
(၂၈) ရက်။
- မူဆိုလီနီ ကွယ်လွန်၊
(၂၉) ရက်။
- လေဘာတီ မမြရင် ငှက်ဖျားရောဂါဖြင့် ကွယ်လွန်၊
(၃၀) ရက်။
- ဟစ်တလာ ကွယ်လွန်၊
မေလ
[ပြင်ဆင်ရန်](၁) ရက်။
- ဂျိုးဇက် ဂြိုဟ်ဘယ်လ်စသည် ဘာလင်မြို့၌ မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့သည်။
(၁၀) ရက်။
- အာရပ်နိုင်ငံများအဖွဲ့ချုပ်ကို ထူထောင်ခဲ့။
ဇွန်လ
[ပြင်ဆင်ရန်](၂) ရက်
- ဗိုလ်မှူးကြီး ဗထူးသည် ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့နယ် မြင်းကြာဒိုး ရွာအနီး ‘တယ်လူးစခန်း’ ၌ အသက်(၂၉)နှစ်အရွယ် ကွယ်လွန်။
(၃) ရက်
- မနုဿ ကျော်ဝင်းကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဖွားမြင်သည်။
(၁၉) ရက်
- ဒေါ်အောင်ဆန်းစုကြည် (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်တစ်ဦး) ကို ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် မိခင်ဒေါ်ခင်ကြည် တို့မှ မီးရှုးသန့်စင် ဖွားမြင်သည်။
(၂၆) ရက်
- အဖွဲ့ဝင် နိုင်ငံပေါင်း (၁၉၂) နိုင်ငံရှိပြီး ကုလသမဂ္ဂအဖွဲ့ဌာနချုပ်ကို အမေရိကန်နိုင်ငံ ၊ နယူးယောက်မြို့တွင် ဖွဲ့စည်းတည်ထောင်သည်။
ဇူလိုင်လ
[ပြင်ဆင်ရန်](၁၅) ရက်။
- လူထု သတင်းစာတိုက်မှ လူထုဂျာနယ်ကို စတင်ထုတ်ဝေခဲ့သည်။
(၁၆) ရက်။
- အမေရိကန်ပြည်ထောင်စုသည် မက်ဆီကိုနယ် အယ်လာမာဂေါ်ဒိုဒေသ၌ ပထမဆုံးအနုမြူဗုံးကို ဖေါက်ခွဲခဲ့သည်။
(၁၇) ရက်။
- မြန်မာရုပ်ရှင် သရုပ်ဆောင်၊ အဆိုတော် ဇော်ဝမ်း ဖွားမြင်ခဲ့သည်။
ဩဂုတ်လ
[ပြင်ဆင်ရန်]- ၆ ဩဂုတ် - ဒုတိယကမ္ဘာစစ်: အမေရိကန်ပြည်ထောင်စုမှ B-29 အမျိုးအစား "အီနိုလာဂေး" (Enola Gay) လေယာဉ်ဖြင့် "လစ်တဲလ်ဘွိုင်း" (Little Boy) အမည်ရှိ အဏုမြူဗုံးကို ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့ပေါ်သို့ ကြဲချခဲ့ရာ မြို့တော်တစ်ခုလုံး ပျက်စီးသွားခဲ့သည်။ ဗုံးပေါက်ကွဲမှုကြောင့် လူပေါင်း ၇၀,၀၀၀ ခန့် ချက်ချင်း သေဆုံးခဲ့ရပြီး၊ နောက်ဆက်တွဲအနေဖြင့် မီးလောင်ဒဏ်ရာများနှင့် ဓာတ်ရောင်ခြည်သင့်မှုများကြောင့် နောက်နှစ်များတွင် ထောင်နှင့်ချီသော လူများ ထပ်မံသေဆုံးခဲ့ရသည်။
(၁၄) ရက်။
- ဂျပန်တို့ တာရှည်မခံနိုင်တော့ဘဲ လက်နက်ချကာ အရှုံးပေးလေသည်။
စက်တင်ဘာလ
[ပြင်ဆင်ရန်](၂) ရက်။
- ဂျပန်အစိုးရက လက်နက်ချသော စာချုပ်ကို စက်တင်ဘာလ ၂ ရက်နေ့တွင် လက်မှတ်ရေးထိုးလေသည်။ ဒုတိယ ကမ္ဘာစစ်ကြီးမှာ ပြီးဆုံးသည်။
အောက်တိုဘာလ
[ပြင်ဆင်ရန်]- ၄ အောက်တိုဘာ - ပန်းချီဆရာကြီး ဦးဘဉာဏ်သည် မော်လမြိုင်မြို့နယ်၊ ကတိုးရွာတွင် ၁၉၄၅ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။
- ၂၄ အောက်တိုဘာ - နော်ဝေးနိုင်ငံရေးသမား ဗစ်ဒကွန် အေဗရာဟမ် ကွစ်ဇလင်း ကို နော်ဝေးအစိုးရမှ ကွပ်မျက်လိုက်လေသည်။
နိုဝင်ဘာလ
[ပြင်ဆင်ရန်](၆) ရက်။
- ကိုကြည် (ပြင်ဦးလွင်)ကို မွေးဖွားခဲ့ပြီး သားအကြီးဆုံး ဖြစ်သည်။
(၁၆) ရက်။
- ယူနက်စကိုသည် ကုလသမဂ္ဂ၏ အထူး အေဂျင်စီတစ်ခုအဖြစ် တည်ထောင်ခဲ့သည်။
(၂၀) ရက်။
- ဗိုလ်ထိန်ဝင်းသည် ထိုင်းနိုင်ငံ လန်ပန်မြို့၌ အဆုတ်ရောဂါဖြင့် ကွယ်လွန်သည်။
ဒီဇင်ဘာလ
[ပြင်ဆင်ရန်](၁) ရက်။
- ပြည်သူ့ရဲဘော်အဖွဲ့သည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်မှုနဲ့ စတင်ဖွဲ့စည်း ပေါ်ပေါက် လာခြင်းဖြစ်သည်။
(၁၅) ရက်။
- ကရင်လူငယ်အဖွဲ့ ဖွဲ့စည်းခဲ့။
- ကန္နီစာချုပ် ချုပ်ဆို။
မွေးဖွားသူများ
[ပြင်ဆင်ရန်]- ၁၉ ဇွန် - အောင်ဆန်းစုကြည်၊ မြန်မာ အမျိုးသမီး နိုင်ငံရေးသမား
- ၂၁ စက်တင်ဘာ - ဗစ်တာခင်ညို၊ စတီရီယိုခေတ်ဦး အဆိုတော် (၂၀၂၅ ကွယ်လွန်)
- ၆ နိုဝင်ဘာ - ကိုကြည် (ပြင်ဦးလွင်)၊ အငြိမ်းစား တပ်မတော်ဗိုလ်ကြီး၊ ဘာသာပြန်စာရေးဆရာ (၁၉၉၆ ကွယ်လွန်)
ကွယ်လွန်သူများ
[ပြင်ဆင်ရန်]- ၂၈ ဧပြီ - ဗင်နီတို မူဆိုလီနီ၊ အီတလီလူမျိုး ဂျာနယ်လစ်နှင့် နိုင်ငံရေးသမား၊ ၂၇ ဦးမြောက် အီတလီနိုင်ငံ ဝန်ကြီးချုပ် (၁၈၈၃ မွေးဖွား)
ကိုးကား
[ပြင်ဆင်ရန်]- ↑ နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်မှုမှတ်တမ်း(၂၀၁၀)