စောဘဦးကြီး

ဝီကီပီးဒီးယား မှ
စောဘဦးကြီး
ကရင် အမျိုးသား အစည်းအရုံး၏ ပထမဆုံး ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၁၉၄၅ – ၁၉၅၀
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး
တာဝန်သက်တမ်း
ဖေဖော်ဝါရီ ၁၉၄၇ – ဧပြီ ၁၉၄၇
ဗြိတိသျှဘားမား ဘဏ္ဍာရေးဝန်ကြီး
တာဝန်သက်တမ်း
၁၉၃၇ – ၁၉၃၉
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၇ အောက်တိုဘာ ၁၉၀၃
ပုသိမ်မြို့ဗြိတိသျှဘားမား
ကွယ်လွန်၁၂ ဩဂုတ် ၁၉၅၀(အသက် ၄၄)
ကော့ကရိတ်မြို့အနီး
လူမျိုးကရင်
မိဘဦးသာမြတ်ကြည် + ဒေါ်နော်အေးနု
မိခင်ကျောင်းကိန်းဘရစ်ချ် တက္ကသိုလ် ရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်နိုင်ငံရေးသမား၊ ဥပဒေပညာရှင်
ကိုးကွယ်သည့်ဘာသာခရစ်ယာန်
တစ်နှစ်အတွင်း ငြိမ်းချမ်းရေး အတွက် ဦးနှ နှင့် ဆွေးနွေးစဉ်က

စောဘဦးကြီး (၁၉၀၃ - ၁၉၅၀) သည် ကရင် အမျိုးသား အစည်းအရုံး ၏ ပထမဆုံး ဥက္ကဋ္ဌဖြစ်သည်။[၁] ကရင်တော်လှန်ရေးဖခင်ကြီးအဖြစ် လူသိများသည်။ အင်္ဂလန် ကိန်းဘရစ်ချ် တက္ကသိုလ်မှ ဥပဒေပညာနှင့် ဘွဲ့ရခဲ့သည်။[၂] ၁၉၃၇ မှ ၁၉၃၉ ခုနှစ်အထိ ဗြိတိသျှဘားမား ဘဏ္ဍာရေးဝန်ကြီး အဖြစ် ထမ်းဆောင်ခဲ့ပြီး ၁၉၄၇ ဖေဖော်ဝါရီမှ ဧပြီလအထိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့သည်၊[၂] ၁၉၅၀ ခုနှစ် ဩဂုတ်လ ၁၂ ၇က်နေ့တွင် ဗမာ့တပ်မတော်၏ အလစ်တိုက်ခိုက်မှုတွင် ကွယ်လွန်ခဲ့သည်။[၂]

ကရင်တို့သည် စောဘဦးကြီး၏ မူလေးချက်ကို ကရင်တော်လှန်ရေး မူလေးချက်အဖြစ် သတ်မှတ်သုံးစွဲကြသည်။[၃]

  1. လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ။
  2. ကရင့်လက်နက် ကရင်လက်ထဲတွင်ရှိရမည်။
  3. ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်။
  4. ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်။

အစောပိုင်းဘဝ[ပြင်ဆင်ရန်]

စောဘဦးကြီးကို အဖဦးသာမြတ်ကြည် အမိဒေါ်နော်အေးနုတို့မှ ၁၉၀၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ဗြိတိသျှဘားမား ပုသိမ်မြို့အနီး ရွာတစ်ရွာ၌ မွေးဖွားခဲ့သည်။ မိဘများမှ ကရင်လူမျိုးခရစ်ယာန်ဘာသာဝင်ဖြစ်ကြပြီ ချမ်သားကြသည်။ မူလတန်းမှ အထက်တန်းအထိ ကရင်ဘာသာဖြင့် သင်သောကျောင်းတွင် တက်ခဲ့သည်။ ၁၉၂၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် လန်ဒန်သို့ သွားရောက်ကာ ကိန်းဘရစ်ချ် တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး ဥပဒေဘွဲ့ ရရှိခဲ့သည်။

နိုင်ငံရေးဘဝ[ပြင်ဆင်ရန်]

၁၉၃၇ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီး ဒေါက်တာဘမော် အစိုးရတွင် ဘဏ္ဍာရေးဝန်ကြီး အဖြစ် ၁၉၃၇ – ၁၉၃၉ အထိထမ်းဆောင်ခဲ့သည်။[၄] ထို့နောက်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဖေဖော်ဝါရီ ၁၉၄၇ – ဧပြီ ၁၉၄၇ ထမ်းဆောင်ခဲ့သည်။ ထိုအချိန်တွင် စောဘဦးကြီးသည် ကရင်လူမျိုးများ၏ လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့သည်။ ၁၉၄၅ ခုနှစ် စက်တင်ဘာတွင် ကရင်ဗဟိုအဖွဲ့၏ ခေါင်းဆောင်များအနက် တစ်ဦးအပါအဝင် ဖြစ်လာခဲ့သည်။ ကရင်ဗဟိုအဖွဲ့သည် ကရင်နိုင်ငံတော် ဖြစ်မြောက်ရေးအတွက် ဗြိတိသျှအစိုးရနှင့် ဆွေးနွေးခဲ့သည်။ ၁၉၄၆ ခုနှစ် ဩဂုတ် ၂၅ ရက်နေ့တွင် စောဘဦးကြီးနှင့် အခြားကရင်ခေါင်းဆောင်များသည် ကရင်နိုင်ငံဖြစ်မြောက်ရေးအတွက် လန်ဒန်သို့ ရောက်ရှိခဲ့ကြသည်။ ထိုစဉ်က ကရင်နယ်မြေအား ဗြိတိသျှမှ ထိန်းချုပ်ထားရာ ကရင်လူမျိုးများအရေးအတွက် ဂရိတ်ဗြိတိန်သို့ သွားရောက် ဆွေးနွေးခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ၁၉၄၇ ခုနှစ် ဇန်နဝါရီ ၂၇ တွင် ဗြိတိသျှအစိုးရသည် အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆိုခဲ့ပြီး ဖဆပလ အဖွဲ့အား မြန်မာနိုင်ငံအား အုပ်ချုပ်စေခဲ့သည်။ ၁၉၄၄ ခုနှစ်တွင် စောဘဦးကြီးသည် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ကြိုးပမ်းနေသော ဖဆပလ အဖွဲ့သို့ ဝင်ရောက်ခဲ့သည်။ စောဘဦးကြီးသည် ဖဆပလ ၏ နိုင်ငံရေး လမ်းစဉ်များအား သဘောမတူညီတော့သည့် အလျောက် ကရင်အမျိုးသား အစည်းအရုံးကို တည်ထောင်ရန် အဖွဲ့မှ ထွက်ခဲ့သည်။[၄]

ကရင်အမျိုးသားအသင်း (KNA)၊ ဗုဒ္ဓဘာသာ ကရင်အမျိုးသားအဖွဲ့ချုပ် (BKNA)၊ ကရင်ဗဟိုအဖွဲ့ (KCO) နှင့် ကရင်လူငယ်အဖွဲ့ (KYO) လေးဖွဲ့မှ အဖွဲ့ဝင် ၇၀၀ ကျော်သည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကာ ကရင်အမျိုးသား အစည်းအရုံးကို ဖွဲ့စည်းခဲ့သည်။ အစည်းအရုံးသည် ကရင်လူဦးရေ အချိုးအစားနှင့်အညီ ကရင်အမတ်ဦးရေ သတ်မှတ်ပေးရန်၊ ကရင်အများစု နေထိုင်သည့်ဒေသများတွင် ကရင်အမျိုးသားများအတွက် သီးသန့် မဲဆန္ဒမြေ သတ်မှတ်ပေးရန်၊ ကရင်စစ်တပ် ထားရှိခွင့်ပေးရန်၊ သီးခြား ကရင်ပြည်နယ် ထူထောင်ခွင့်ပေးရန် စသည့် တောင်းဆိုချက်များကို ဗြိတိသျှအစိုးရထံ တောင်းဆိုခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။[၄]

ကွယ်လွန်ခြင်း[ပြင်ဆင်ရန်]

ဖဆပလအစိုးရနှင့် ဆွေးနွေးမှုများ မအောင်မြင်သည့်အလျောက် ၁၉၄၉ ခုနှစ်တွင် စောဘဦးကြီးသည် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) ကိုဖွဲ့စည်းကာ လက်နက်ကိုင်ခဲ့သည်။ ၁၉၅၀ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့တွင် ကော့ကရိတ်မြိုအနီးရှိ ရွာတစ်ရွာတွင် ရောက်ရှိနေစဉ် တပ်မတော်စစ်ကြောင်းမှ အလစ်ဝိုင်းဝန်းတိုက်ခိုက်ခဲ့သဖြင့် ကွယ်လွန်ခဲ့သည်။[၅][၆] စောဘဦးကြီး၏ ရုပ်အလောင်းအား မော်လမြိုင်သို့ သယ်ဆောင်ကာ ပင်လယ်တွင်း လေးမိုင်ခန့်တွင် ရေချသင်္ဂြုဟ်ခဲ့သည်။[၄]

ကရင်အာဇာနည်နေ့[ပြင်ဆင်ရန်]

စောဘဦးကြီး ကွယ်လွန်ခဲ့သော ဩဂုတ်လ ၁၂ ရက်နေ့အား ကရင်အာဇာနည်အနေ့အဖြစ် သတ်မှတ်ကျင်းပကြသည်။[၇][၈]

ကိုးကား[ပြင်ဆင်ရန်]

  1. Our Fallen HeroesKaren National Union။ 19 October 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 October 2012 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ Keenan၊ Paul။ "Saw Ba U Gyi - Voice of the Revolution"၊ Karen History and Culture Preservation Society၊ March 2008။ 23 October 2012 တွင် ပြန်စစ်ပြီး 
  3. "Objectives"၊ Karen National Union၊ 23 November 2009။ 23 October 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 30 November 2018။ 
  4. ၄.၀ ၄.၁ ၄.၂ ၄.၃ Keenan, Paul. "Saw Ba U Gyi." Voices of the Revolution. The Karen History and Culture Preservation Society (2008).
  5. "The death of Saw Ba U Gyi"။ 
  6. South, Ashley. Ethnic Politics in Burma: States of Conflict. New York: Routledge, 2008. Print.
  7. Rand, Nelson. "Martyr’s Day in Myanmar: Karen rebellion." Asia Times. Asia Times Online, 14 Aug. 2003. Web. 28 Apr. 2016.
  8. Core, Paul. "Burma/Myanmar: Challenges of a ceasefire accord in Karen state." Journal of Current Southeast Asian Affairs 28.3 (2009): 95-105.