၁၉၄၆
ပုံပန်းသွင်ပြင်
| ထောင်စုနှစ်: | ၂ ထောင်စုနှစ် |
|---|---|
| ရာစုနှစ်များ: | |
| ဆယ်စုနှစ်များ: | |
| ခုနှစ်များ: |
၁၉၄၆ (MCMXLVI) သည် ဂရီဂေါရီးယန်း ပြက္ခဒိန်တွင် အင်္ဂါနေ့မှ စတင်သော ပုံမှန်ခုနှစ်ဖြစ်ပြီး၊ ယနေ့ခေတ် (Common Era) နှင့် အေဒီ (Anno Domini) ၏ ၁၉၄၆ ကြိမ်မြောက် ခုနှစ်ဖြစ်ကာ၊ ၂ ထောင်စုနှစ်၏ ၉၄၆ ကြိမ်မြောက် ခုနှစ်၊ ၂၀ ရာစုနှစ်၏ ၄၆ ကြိမ်မြောက် ခုနှစ်ဖြစ်ပြီး ၁၉၄၀ ဆယ်စုနှစ်၏ ၇ ကြိမ်မြောက် ခုနှစ် ဖြစ်သည်။
ဖြစ်ရပ်များ
[ပြင်ဆင်ရန်]ဇန်နဝါရီလ
[ပြင်ဆင်ရန်]- ၁ ဇန်နဝါရီ - အရှေ့အာရှတောင်ပိုင်း စစ်သေနာပတိချုပ် မောင့်ဘက်တန်က ကြေညာချက်အမှတ် ၁ ကို ထုတ်ပြန်ပြီး ဗြိတိသျှစစ်အုပ်ချုပ်ရေး ရုပ်သိမ်းကြောင်း ကြေညာ။
- ၈ ဇန်နဝါရီ - ဗြိတိသျှအစိုးရက ဖဆပလကိုယ်စားလှယ်အဖွဲ့ အင်္ဂလန်နိုင်ငံသို့ လာရောက်ဆွေးနွေးမည့်ကိစ္စကို လက်မခံကြောင်းပြန်ကြား။
- ၁၉ ဇန်နဝါရီ - မြန်မာနိုင်ငံဘုရင်ခံက ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်သန်းထွန်းတို့ကို ဖိတ်ခေါ်၍ အင်္ဂလန်နိုင်ငံသို့ နှစ်ဦးတည်းသွားလိုလျှင် စီစဉ်ပေးမည်ဖြစ်ကြောင်း မေးမြန်း။ ဗိုလ်ချုပ်အောင်ဆန်းမှ ဖဆပလအဖွဲ့ချုပ် အမှုဆောင်အဖွဲ့သို့ တင်ပြပြီးမှ အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်အတိုင်း လိုက်နာမည်ဟု အကြောင်းပြန်ကြား။
- ၃၀ ဇန်နဝါရီ - မြန်မာနိုင်ငံအတွက် ဗြိတိသျှစစ်အုပ်ချုပ်ရေး ရပ်စဲ။
ဖေဖော်ဝါရီလ
[ပြင်ဆင်ရန်]- ၁ ဖေဖော်ဝါရီ - မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်ချုပ်ရေးရုပ်သိမ်း။
- ၂ ဖေဖော်ဝါရီ - အောင်ဆန်း-အက်တလီစာချုပ်မူကြမ်းကို ဖဆပလအလုပ်အမှုဆောင်အဖွဲ့က လက်ခံခဲ့။
မတ်လ
[ပြင်ဆင်ရန်]- ၁ မတ် - မြန်မာနိုင်ငံဘုရင်ခံ ဆာဒေါ်မန်စမစ်က ဖဆပလကိုယ်စားလှယ်အဖွဲ့ အင်္ဂလန်နိုင်ငံသွားရေးနှင့်စပ်လျဉ်း၍ လေယာဉ်ပျံဖြင့်မဟုတ်ဘဲ သင်္ဘောဖြင့် စီစဉ်ပေးမည်ဟု အကြောင်းပြန်။
- ၃ မတ် - တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲအတွက် ဖဆပလအမတ်လောင်းများ စာရင်းကြေညာ။
- ၈ မတ် - ရုပ်ရှင်နှင့် ပြဇာတ်အစည်းအရုံး (ယခု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး) ကို စတင်တည်ထောင်ခဲ့သည်။
- ၂၀ မတ် - ပထမအကြိမ် ပင်လုံညီလာခံသို့ ဦးနု၊ ဦးဘဂျမ်းနှင့် မန်းဘခိုင်တို့ ဖဆပလကိုယ်စားလှယ်အဖြစ် တက်ရောက်။
ဧပြီလ
[ပြင်ဆင်ရန်]- ၄ ဧပြီ – စာရေးဆရာ၊ ပန်းချီဆရာ၊ ကာတွန်း ကံချွန် မွေးဖွား။
- ၁၉ ဧပြီ – အထက်မြန်မာပြည်အတွက် မန္တလေးမြို့၌ လူထုသတင်းစာ စတင်ထွက်ရှိသည်။
မေလ
[ပြင်ဆင်ရန်]- ၁၈ မေ – အင်းစိန်ခရိုင် ထန်းတပင်မြို့နယ်တွင် ဗြိတိသျအစိုးရ၏ ဖိနှိပ်ချုပ်ချယ်မှုကို ကန့်ကွက်သောဆန္ဒပြမှုဖြစ်ပေါ်၊ ဆန္ဒပြသူများကို သေနတ်ဖြင့် ပစ်ခတ်သောကြောင့် တောင်သူလယ်သမားတစ်ဦး သေဆုံး။ သေဆုံးသူများ၏ ဈာပနအခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တက်ရောက်၍ ချုပ်ချယ်မှုဥပဒေများကို ကန့်ကွက်။
- ၁၉ မေ – ဖဆပလပဏာမညီလာခံကို ဂျူဗလီဟောတွင် ကျင်းပပြီး၊ သမ္မတအုပ်ချုပ်ရေးမူကို အတည်ပြုခဲ့။
- ၂၃ မေ – စာရေးဆရာ ဇင်သန့် မွေးဖွား။
- ၂၈ မေ – စာရေးဆရာ ဝင်းငြိမ်း မွေးဖွား။
ဇွန်လ
[ပြင်ဆင်ရန်]- ၇ ဇွန် – ကန်တော်မင်ပန်းခြံ၌ ပြည်သူ့လွတ်လပ်ခွင့်များ ချုပ်ချယ်မှုများကို ရှုတ်ချသော လူထုဆန္ဒပြပွဲတစ်ခု ဖြစ်ပေါ်။
- ၁၀ ဇွန် – တိုင်းပြည်ပြုလွှတ်တော် ပထမအစည်းအဝေးကျင်းပ။ ယာယီသဘာပတိအဖြစ် သခင်မြက ဆောင်ရွက်။
- ၂၆ ဇွန် – ဗြိတိသျှတို့၏ စက္ကူဖြူအုပ်ချုပ်ရေးကို တိုင်းရင်းသားပေါင်းစုံ တစ်သိန်းကျော်တက်ရောက်သော လူထု အစည်းအဝေးပွဲကြီးမှ ကန့်ကွက်ဆန္ဒပြခဲ့။
ဩဂုတ်လ
[ပြင်ဆင်ရန်]- ၄ ဩဂုတ် – ဘုရင်ခံ ဆာဒေါ်မန်စမစ်နေရာတွင် မေဂျာဂျင်နရယ် ဆာဟူးဘတ်ရန့်စ် ခန့်ထား။ မြန်မာနိုင်ငံ၏ အခြေအနေကို ပေါ်လစီသစ်ဘုရင်ခံသစ်ဖြင့် ရုပ်လုံးဖော်ရန်အတွက် နန်းရင်းဝန် အက်တလီက လုပ်ဆောင်ခဲ့ခြင်းဖြစ်။
စက်တင်ဘာလ
[ပြင်ဆင်ရန်]- ၅ စက်တင်ဘာ – ဦးအေး၊ ဦးစိုးရှိန်၊ ဦးဝမ်းမောင်တို့ ခေါင်းဆောင်သည့် ပုလိပ်သပိတ်ကြီးပေါ်ပေါက်ခဲ့ပြီးနောက် သမဂ္ဂပေါင်းစုံ သပိတ်များဖြင့် သပိတ်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ဗြိတိသျှအစိုးရ၏ အုပ်ချုပ်ရေး ယန္တရားကြီးတစ်ခုလုံး ရပ်ဆိုင်းလုနီးပါးဖြစ်ခဲ့။ ထိုသပိတ်များသည် မြန်မာနိုင်ငံသို့ ဆာဟူးဘတ်ရန့်စ် ရောက်ရှိပြီးနောက် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်။
- ၁၅ စက်တင်ဘာ – စာတိုက်အလုပ်သမားများ သပိတ်မှောက်။
- မြို့မ-ဦးသန်းကြွယ် ခေါင်းဆောင်သည့် မြန်မာနိုင်ငံကျောင်းသားများ သပိတ်မှောက်။
- ၁၇ စက်တင်ဘာ – ဆာပေါ်ထွန်းခေါင်းဆောင်သော ရုပ်သေးအစိုးရ ပြုတ်ကျ။ ဘုရင်ခံဆာဟူးဘတ်ရန့်စ်က ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖဆပလအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များကို ဖိတ်ခေါ်ပြီး ဘုရင်ခံအလုပ်အမှုဆောင်(ဝန်ကြီး)အဖွဲ့ကို ဖွဲ့စည်းရန် မေတ္တာရပ်ခံ။
- ၂၁ စက်တင်ဘာ – စက္ကူဖြူတိုက်ပွဲဆင်နွှဲ။
- ၂၂ စက်တင်ဘာ – ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့ စတုတ္ထသမီးကို ဖွားမြင်သည်။ (ဖွားမြင်ပြီး ၅ ရက်အကြာတွင် ကွယ်လွန်သည်။)
- ၂၃ စက်တင်ဘာ – တစ်ပြည်လုံးတစ်နိုင်ငံလုံးရှိ အစိုးရအမှုထမ်းပေါင်းစုံ သပိတ်မှောက်။ ၁၉၄၆ ခုနစ် အထွေထွေ သပိတ်တွင် ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သပိတ်မှောက် ကောင်စီ ဒုတိယ ဥက္ကဋ္ဌ မြို့မ-ဦးသန်းကြွယ်သည် အတွင်းဝန်ရုံးအပြင်ဘက်တွင်သာမက အတွင်းဝန်ရုံးအတွင်း ဝင်၍ အရေးဆိုခဲ့ရာတွင် မြန်မာနိုင်ငံကျောင်းသားထု တစ်ရပ်လုံးအား ဦးဆောင်ခဲ့။
- ၂၆ စက်တင်ဘာ – ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သည့် ဖဆပလအစိုးရအဖွဲ့ ဖွဲ့စည်း။ အစိုးရအဖွဲ့တွင် ၁။ ဗိုလ်ချုပ်အောင်ဆန်း (ဒု-ဥက္ကဋ္ဌ ကာကွယ်ရေးနှင့်နိုင်ငံခြားရေး)၊ ၂။ သခင်မြ (ပြည်ထဲရေးနှင့် တရားရေး)၊ ၃။ ဦးတင်ထွဋ်(ဘဏ္ဍာရေးနှင့် အခွန်တော်) ၄။ ဦးဘဘေ (ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေး)၊ ၅။ မန်းဘခိုင်(အလုပ်သမားနှင့် စက်မှုလက်မှု)၊ ၆။ ဦးအောင်ဇံဝေ (ကျန်းမာရေးနှင့်လူမှုဝန်ကြီးဌာန)၊ ၇။ ဦးသိန်းဖေ(လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်စီးပွားရေး)၊ ၈။ သခင်ဘစိန်(သယ်ယူပို့ဆောင်ရေး)၊ ၉။ ဂဠုန်ဦးစော(ပညာရေးနှင့်အမျိုးသားစီမံကိန်း)၊ ၁၀။ စောဘဦးကြီး(ပြန်ကြားရေး)၊ ၁၁။ ဆာမောင်ကြီး (ပြန်လည်ထူထောင်ရေး)။
- ၂၇ စက်တင်ဘာ – ဗိုလ်ချုပ်အောင်ဆန်း ဒုတိယဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော ဘုရင်ခံအမှုဆောင်(ဝန်ကြီး)အဖွဲ့ကို ဖွဲ့စည်း။ ထိုအဖွဲ့တွင် ၁။ ဗိုလ်ချုပ်အောင်ဆန်း(ဒုတိယဥက္ကဋ္ဌ ကာကွယ်ရေးနှင့် နိုင်ငံခြားရေး) ၂။ သခင်မြ (ပြည်ထဲရေးနှင့်တရားရေး)၊ ၃။ ဦးဘဘေ(ကူးသန်းရောင်းဝယ်ရေး) ၄။ ဦးတင်ထွဋ်(ဘဏ္ဍာရေး)၊ ၅။ တက်ဘုန်းကြီးဦးသိန်းဖေ (သိန်းဖေမြင့်)(စက်မှုလက်မှုနှင့်အလုပ်သမား)၊ ၆။ မန်းဘခိုင်(စက်မှုလက်မှုနှင့်အလုပ်သမား)၊ ၇။ ဂဠုန်ဦးစော (ပညာရေး)၊ ၈။ ဦးအောင်ဇံဝေ(ပေါင်းသင်းဆက်ဆံရေး)၊ ၉။ သခင်ဘစိန်(သယ်ယူပို့ဆောင်ရေး)။
- ၂၉ စက်တင်ဘာ – ဖဆပလအဖွဲ့ချုပ်မှ ဦးဆောင်ခဲ့သည့် ပြည်လုံးကျွတ်စက္ကူဖြူစီမံကိန်း ကန့်ကွက်ပွဲကို မူလစီစဉ်ထားသည့်အတိုင်း ပြုလုပ်ခဲ့။ ဘုရင်ခံအမှုဆောင်ကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်သော ဖဆပလ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ပါဝင်ဆင်နွှဲခဲ့။
အောက်တိုဘာလ
[ပြင်ဆင်ရန်]- ၃ အောက်တိုဘာ – ဘုရင်ခံအမှုဆောင်ကောင်စီအဖွဲ့၏ အာဏာကိုသုံးစွဲပြီး ဗိုလ်ချုပ်အောင်ဆန်းက အမှုထမ်းပေါင်းစုံသပိတ်ကိုယ်စားလှယ်များနှင့် ဆွေးနွေးခဲ့။
နိုဝင်ဘာလ
[ပြင်ဆင်ရန်]- ၈ နိုဝင်ဘာ – ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော အမှုဆောင်ကောင်စီလူကြီးအဖွဲ့ မြန်မာနိုင်ငံအားအချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံတစ်နိုင်ငံအဖြစ် ထူထောင်မည့် အခြေခံဥပဒေရေးဆွဲရန် အစီအစဉ်များကို ပြုလုပ်နေပြီဖြစ်ကြောင်း ကြေညာ။
- ၁၀ နိုဝင်ဘာ – ဖဆပလအဖွဲ့ချုပ်က အချက်လေးချက်ပါရှိသော တစ်နှစ်အတွင်း လွတ်လပ်ရေးကြေညာချက်ကို ထုတ်ပြန်။ ကြေညာချက်ပါ တောင်းဆိုချက်များကို ၁၉၄၇ ဇန်နဝါရီ ၃၁ မတိုင်မီကာလတွင် မလိုက်လျောပါက ဖဆပလဝန်ကြီးများ အမှုဆောင်ကောင်စီ(ဝန်ကြီး)အဖွဲ့မှ နုတ်ထွက်မည်ဖြစ်ကြောင်း ကြေညာ။
- ၁၇ နိုဝင်ဘာ – ဖဆပလ၊ ကွန်မြူနစ် ညီညွတ်ရေးလုပ်ငန်းရပ်စဲကြောင်း ဖဆပလအဖွဲ့ချုပ်က ကြေညာ။
- ၂၀ နိုဝင်ဘာ – သခင်ဗဟိန်းသည် ငှက်ဖျားရောဂါနှင့် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်။
ဒီဇင်ဘာလ
[ပြင်ဆင်ရန်]- ၂၀ ဒီဇင်ဘာ - အောက်လွှတ်တော်၌ မြန်မာပြည်ကိုယ်စားလှယ်အမှုဆောင်များနှင့် ဆွေးနွေးရန် အဆိုတင်သွင်းအတည်ပြုခဲ့ပြီး၊ အင်္ဂလန်သို့ ကိုယ်စားလှယ်စေလွှတ်ရန် ဘုရင်ခံအမှုဆောင်အဖွဲ့ကို ဖိတ်ကြား။ မြန်မာ့လွတ်လပ်ရေးအတွက် ဆွေးနွေးမည်ဟု ကြေညာ။ ဒုတိယအကြိမ် ဖဆပလ ပြည်လုံးကျွတ် ညီလာခံကြီးကျင်းပ။
မွေးဖွားသူများ
[ပြင်ဆင်ရန်]- ၁၁ မတ် - စိုင်းအိုက်ပေါင်း ၊ ရှမ်းလူမျိုး နိုင်ငံရေးသမား
- ၁၃ မတ် - မြေဇာ၊ ကာတွန်းဆရာ (၂၀၂၁ ကွယ်လွန်)
- ၂၇ မတ် - မိုက်ကယ် အဲရစ်၊ အင်္ဂလိပ်လူမျိုး စာရေးဆရာနှင့် ပါမောက္ခ၊ အောင်ဆန်းစုကြည်၏ ခင်ပွန်း (၁၉၉၉ ကွယ်လွန်)
- ၄ ဧပြီ - ကံချွန်၊ စာရေးဆရာ၊ ပန်းချီဆရာ၊ ကာတွန်း
- ၂၃ မေ - ဇင်သန့်၊ စာရေးဆရာ
- ၂၀ ဇူလိုင် - ထင်ကျော်၊ မြန်မာနိုင်ငံ၏ နဝမမြောက် နိုင်ငံတော်သမ္မတ
- ၂၂ ဩဂုတ် - ဘရှိန် ၊ရခိုင်နိုင်ငံရေးသမား
ကွယ်လွန်သူများ
[ပြင်ဆင်ရန်]- ၂၀ နိုဝင်ဘာ - သခင်ဗဟိန်း (၁၉၁၇ မွေးဖွား)