၁၉၄၇

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
၁၉၄၇ : ဇန်နဝါရီ • ဖေဖော်ဝါရီ • မတ် • ဧပြီ • မေ • ဇွန် • ဇူလိုင် • ဩဂုတ် • စက်တင်ဘာ • အောက်တိုဘာ • နိုဝင်ဘာ • ဒီဇင်ဘာ
၂၀ ရာစု ခုနှစ်များ
၁၉၀၁ ၁၉၀၂ ၁၉၀၃ ၁၉၀၄ ၁၉၀၅ ၁၉၀၆ ၁၉၀၇ ၁၉၀၈ ၁၉၀၉ ၁၉၁၀
၁၉၁၁ ၁၉၁၂ ၁၉၁၃ ၁၉၁၄ ၁၉၁၅ ၁၉၁၆ ၁၉၁၇ ၁၉၁၈ ၁၉၁၉ ၁၉၂၀
၁၉၂၁ ၁၉၂၂ ၁၉၂၃ ၁၉၂၄ ၁၉၂၅ ၁၉၂၆ ၁၉၂၇ ၁၉၂၈ ၁၉၂၉ ၁၉၃၀
၁၉၃၁ ၁၉၃၂ ၁၉၃၃ ၁၉၃၄ ၁၉၃၅ ၁၉၃၆ ၁၉၃၇ ၁၉၃၈ ၁၉၃၉ ၁၉၄၀
၁၉၄၁ ၁၉၄၂ ၁၉၄၃ ၁၉၄၄ ၁၉၄၅ ၁၉၄၆ ၁၉၄၇ ၁၉၄၈ ၁၉၄၉ ၁၉၅၀
၁၉၅၁ ၁၉၅၂ ၁၉၅၃ ၁၉၅၄ ၁၉၅၅ ၁၉၅၆ ၁၉၅၇ ၁၉၅၈ ၁၉၅၉ ၁၉၆၀
၁၉၆၁ ၁၉၆၂ ၁၉၆၃ ၁၉၆၄ ၁၉၆၅ ၁၉၆၆ ၁၉၆၇ ၁၉၆၈ ၁၉၆၉ ၁၉၇၀
၁၉၇၁ ၁၉၇၂ ၁၉၇၃ ၁၉၇၄ ၁၉၇၅ ၁၉၇၆ ၁၉၇၇ ၁၉၇၈ ၁၉၇၉ ၁၉၈၀
၁၉၈၁ ၁၉၈၂ ၁၉၈၃ ၁၉၈၄ ၁၉၈၅ ၁၉၈၆ ၁၉၈၇ ၁၉၈၈ ၁၉၈၉ ၁၉၉၀
၁၉၉၁ ၁၉၉၂ ၁၉၉၃ ၁၉၉၄ ၁၉၉၅ ၁၉၉၆ ၁၉၉၇ ၁၉၉၈ ၁၉၉၉ ၂၀၀၀


ဇန်နဝါရီလ[ပြင်​ဆင်​ရန်​]

(၂) ရက်။

(၉) ရက်။

(၁၀-၁၆) ရက်။

  • ဖဆပလ အဖွဲ့ချုပ်မှကြီးမှူး၍ ရန်ကုန်မြို့နှင့် မြန်မာတစ်နိုင်ငံလုံးတွင် လွတ်လပ်ရေး ဆန္ဒနှင့်အင်အားပြပွဲ ရက်သတ္တပတ်ဆင်နွှဲ။

(၁၃) ရက်။

  • လန်ဒန်မြို့အမှတ် ၁ဝ ဒေါင်းနင်းလမ်းရှိ ဗြိတိသျှနန်းရင်းဝန်ရုံးခန်းတွင် ဆွေးနွေးပွဲစတင်။ မြန်မာနိုင်ငံဘက်မှ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြဦးဘဘေဦးတင်ထွဋ်သခင်ဗစိန်ဦးစောတို့ တက်ရောက်ခဲ့ပြီး ဗြိတိသျှဘက်မှ နန်းရင်းဝန်အက်တလီ၊ ဘဏ္ဍာရေးဝန်ကြီးဆာစတက်ဖို့ကရစ်စသော ဝန်ကြီးများတက်ရောက်။

(၁၅) ရက်။

  • မြန်မာကိုယ် စားလှယ်အဖွဲ့နှင့် ဗြိတိသျှကိုယ်စား လှယ်အဖွဲ့တို့ အစည်းအဝေးပြုလုပ်၊ မြန်မာကိုယ်စားလှယ်အဖွဲ့၏ အထွေထွေ ကြေညာချက်ကိုတင်သွင်း။

(၁၆) ရက်။

  • ဖဆပလအဖွဲ့ချုပ်မှဦးစီး၍ ဗန္ဓုလပန်းခြံ လူထုတစ်သိန်းကျော် တက်ရောက်ခဲ့သည့် လွတ်လပ်ရေး ဆန္ဒပြအစည်းအဝေးပွဲကြီး ပြုလုပ်။ လန်ဒန်ဆွေးနွေးပွဲ ကျင်းပစဉ်ကာလအတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည့် လူထုဆန္ဒပြထောက်ခံမှုများကို မြန်မာပြည်မနှင့် ရှမ်းပြည်နယ်တို့တွင် ပြုလုပ်ခဲ့။

(၁၉) ရက်။

  • စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ အကယ်ဒမီ မောင်ဝဏ္ဏကို မွေးဖွား။

(၂၁) ရက်။

  • ပဒေသရာဇ် ရှမ်းပြည်နယ် စပ်ဖများကောင်စီက မြန်မာနိုင်ငံဘုရင်ခံ ဆာဟူးဘတ်ရန့်စ်မှ တစ်ဆင့် ဗြိတိသျအစိုးရထံ ရှမ်းပြည်နယ်များကိစ္စ အမှာစာ ၁ နှင့် ၂ ကို ပေးပို့။ (လန်ဒန်ဆွေးနွေးပွဲကာလအတွင်း ရှမ်းပြည်နယ်ရှိ ပဒေသရာဇ်စော်ဘွား အချို့မှ ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းစော်ဘွားများ၏ ကိုယ်စားလှယ်မဟုတ်၊ တောင်တန်းနယ်များ၏ ကိစ္စကိုဆွေးနွေးရန် ရှမ်းစော်ဘွားများကို သီးသန့် ဖိတ်ကြားရန် ကြေးနန်းစာတစ်စောင် ပေးပို့ခဲ့။ ထိုကြေးနန်းစာကြောင့် ဗြိတိသျအစိုးရနှင့် ဗိုလ်ချုပ်အောင်ဆန်း တို့ဆွေးနွေးပွဲမှာ မပြေမလည်ဖြစ်ခဲ့၊ ရှမ်းပြည်နယ်မှ ဦးတင်အေး၊ ဦးထွန်း မြင့်၊ ဦးဖေခင် စသည့်တိုင်းရင်းသား ခေါင်းဆောင်လူငယ်များက တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်လူထုအစည်း အဝေးကြီးကိုခေါ်ယူကျင်းပပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ကိုယ်စားလှယ်အဖွဲ့သည် ရှမ်းပြည်လူထု၏ ကိုယ်စားလှယ်အစစ် အမှန်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချကာ လန်ဒန်သို့ ကြေးနန်းရိုက်ပို့ခဲ့။ ထို ကြေးနန်းစာရောက်ရှိပြီးမှ လန်ဒန်ဆွေးနွေးပွဲ ဆက်လက်ပြုလုပ်)
  • ဘကြီးဘဘေ (ဖဆပလအဖွဲ့ချုပ်၊ ဘုရင်ခံအမှုဆောင် ကောင်စီဝင်) အင်္ဂလန်သို့ ထွက်ခွာ။

(၂၇) ရက်။

  • လန်ဒန်မြို့၊ ဒေါင်းနင်းလမ်း၊ အမှတ်(၁ဝ)၌ မြန်မာ့လွတ်လပ်ရေးအတွက် ပထမဆုံးချုပ်ဆိုသည့် အောင်ဆန်း - အက်တလီ စာချုပ်ကို လက်မှတ်ရေးထိုး။ (အောင်ဆန်း-အက်တလီစာချုပ်တွင် အချက် ၁၅ ချက်ပါဝင်ခဲ့ပြီး ထိုစာချုပ် သည်မြန်မာနိုင်ငံကို လုံးဝလွတ်လပ်ရေး ပေးသည့်စာချုပ်မဟုတ်သေးသော်လည်း မြန်မာ့လွတ်လပ်ရေးအတွက် ခိုင်မာ စွာကြိုတင်ပြင်ဆင်ခဲ့သော ဗြိတိသျှ - မြန်မာ သဘောတူညီချက်ဖြစ်။)

(၃၁) ရက်။

  • ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ လန်ဒန်မှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာ။

ဖေဖေါ်ဝါရီလ[ပြင်​ဆင်​ရန်​]

(၂) ရက်။

  • ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ။
  • ညပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းမှ အောင်ဆန်း အက်တလီ သဘောတူညီချက်ကို ဖဆပလ အမှုဆောင် အစည်းအဝေး၌ တင်ပြ။ အမှုဆောင်အဖွဲ့ဝင်တို့ ဆွေးနွေးပြီး သဘောတူညီချက်ကိုလက်ခံ ကြောင်းဆုံးဖြတ်။

(၃-၁၃) ရက်။

  • ဒုတိယပင်လုံ အစည်းအဝေးကို ကျင်းပ။ (ပထမပင်လုံ အစည်းအဝေးကို ၁၉၄၆ ခုနှစ် မတ်လ ၁ မှ ၁၂ အထိကျင်းပခဲ့။ ပထမအကြိမ် ပင်လုံအစည်းအဝေးသို့ သခင်နု၊ ဦးဘဂျမ်းနှင့်မန်းဘခိုင်တို့ကဖဆပလ ကိုယ်စားလှယ်အဖြစ်တက်ရောက်။)
  • ဗိုလ်ချုပ် အောင်ဆန်းမှ ဖဆပလအဖွဲ့ချုပ်သို့ သတင်းစာဆရာများကို ဖိတ်ကြားပြီး လန်ဒန်၌ပြုလုပ်ခဲ့သော လွတ်လပ် ရေးဆွေးနွေးပွဲအကြောင်းရှင်းလင်း။

(၄) ရက်။

  • အောင်ဆန်း-အက်တလီစာချုပ်နှင့် ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည်သို့ အသံလွှင့်အစီရင်ခံ။

(၅) ရက်။

  • ကရင်ဗဟိုအဖွဲ့ ချုပ်မှကြီးမှူး၍ ကရင်ညီလာခံသဘင် ကျင်းပပြီး အောင်ဆန်း-အက်တလီ စာချုပ်သည် ကရင်အမျိုးသားတို့၏ အခွင့်အရေးကို ထိပါးနစ်နာစေသဖြင့် ကန့်ကွက်ကြောင်းဆုံးဖြတ်၊ ကန့် ကွက်ချက်ကို မြန်မာနိုင်ငံဘုရင်ခံမှ တစ်ဆင့်ဗြိတိသျနန်းရင်းဝန်ထံပေးပို့။ ညီလာခံတွင်လည်း စောဘဦးကြီးအား ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ နုတ်ထွက်ရန် ဆုံးဖြတ်။
  • တောင်တန်းဒေသ သဘောထားစုံစမ်းရေးနှင့်ပတ်သက်ပြီး ဘုရင်ခံနေအိမ်တွင်သတင်းစာရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်။

(၇) ရက်။

  • ပင်လုံညီလာခံ ကျင်းပနေစဉ်အတွင်း တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ (Supreme Council of United Hill People/SCOUHP)ကို ဖွဲ့စည်း။
  • ရှမ်းစော်ဘွားများ နှင့် ရှမ်းပြည်သူ့ကိုယ်စားလှယ်များ ပူးပေါင်း၍ ရှမ်းပြည်ကောင်စီအမှုဆောင် အဖွဲ့(Shan State Council)ဖွဲ့စည်း။

(၈) ရက်။

  • ပင်လုံညီလာခံသို့ တက်ရောက်ရန် ဗိုလ်ချုပ်အောင်ဆန်း ပင်လုံသို့ ထွက်ခွာ။

(၉-၁၁) ရက်။

  • ဗြိတိသျှဒိုမီနီယံရေးရာ လက်ထောက်အတွင်းဝန် ဘော် တွမ်မလီ၊ မစ္စတာ လက်ဝဒ်ခ်ျ၊ ဂျွန် လေဒင်တို့ ပင်လုံသို့ရောက်ရှိ။
  • ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသခေါင်းဆောင်များ အပြင်းအထန် ညှိနှိုင်းဆွေးနွေး။

(၁၀) ရက်။

  • ဘုရင်ခံ အမှု ဆောင်ကောင်စီဝင်အဖွဲ့မှ သခင်ဗစိန် နှုတ်ထွက်။

(၁၂) ရက်။

(၁၃) ရက်။

  • ဘုရင်ခံအမှု ဆောင်ကောင်စီဝန်အဖြစ်မှ ဦးစော နှုတ်ထွက်။

(၁၉) ရက်။

  • အောင်ဆန်း-အက်တလီစာချုပ်ကိုလက်မှတ်ရေးမထိုးဘဲ ပြန်လာခဲ့သောဂဠုန်ဦးစောနှင့် သခင်ဗစိန်တို့ ဖဆပလအစိုးရအဖွဲ့မှ နှုတ်ထွက်။ ဖဆပလအစိုးရအဖွဲ့ကြားဖြတ် ယာယီအစိုးရအဖြစ် ပြန်လည်ဖွဲ့စည်း။

မတ်လ[ပြင်​ဆင်​ရန်​]

(၂၁) ရက်။

  • လွတ်လပ်ရေးမှတ်ကျောက် ခေါင်းစည်းဖြင့် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းကို ထုတ်လွှင့်။

ဧပြီလ[ပြင်​ဆင်​ရန်​]

(၁) ရက်။

  • ပင်လုံစာချုပ်ကို ဗြိတိသျှပါလီမန်က လက်ခံ အတည်ပြု။

(၇) ရက်။

  • ပထမဆုံးသော တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲ ကျင်းပပြုလုပ်။ ထိုရွေးကောက်ပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဖဆပလအဖွဲ့သည် တစ်နိုင်ငံလုံးတွင် အမတ်နေရာ ၂၅၅ နေရာအနက် အမတ် ၂၄၈ နေရာရရှိခဲ့။

(၃၀) ရက်။

  • ဦးနု ကြားဖြတ်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်သူမရှိ အမတ်အဖြစ် အရွေးချယ်ခံရ။

မေလ[ပြင်​ဆင်​ရန်​]

(၁၉) ရက်

  • ဖ.ဆ.ပ.လ အဖွဲ့ချုပ် အမတ်များ ပဏာမ ညီလာခံကို ကျင်းပခဲ့ပြီး ဖ.ဆ.ပ.လ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်းကို ရေးဆွဲခဲ့သည်။

(၂၅) ရက်

ဇွန်လ[ပြင်​ဆင်​ရန်​]

(၁၀) ရက်

  • တိုင်းပြုပြည်ပြုလွှတ်တော် ပထမညီလာခံ စတင်ကျင်းပ။ (ညီလာခံတွင် အဖွဲ့ဝင် ရ၅ ဦးပါ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီကို ဖွဲ့စည်း ပေးခဲ့သည်။)

(၁၁) ရက်။

  • ဦးနုကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြှောက်။

(၁၆) ရက်။

  • တိုင်းပြုပြည်ပြုလွှတ်တော်အစည်းအဝေး၌ ပြည်ထောင်စုထဲသို့ ပြည်နယ်အားလုံးပါဝင်ပြီး Plebiscite အများဆန္ဒခံယူပွဲနှင့် ခွဲထွက်ခွင့်ကို ဆုံးဖြတ်ရန်သဘောတူ။ ပထမတိုင်းပြုပြည်ပြုလွှတ်တော်၌ အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံဖွဲ့စည်းရန် ဗိုလ်ချုပ်အောင်ဆန်းက အဆိုတင်သွင်း။

(၁၈) ရက်။

  • အဖွဲ့ဝင် ရ၅ ဦးပါဝင်သော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေမူကြမ်းကော်မတီကြီးနှင့် ဆပ်ကော်မတီများကို ဖွဲ့စည်း။

(၂၃) ရက်။

  • ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြုပြည်ပြုလွှတ်တော်ဥက္ကဋ္ဌသခင်နုကို အင်္ဂလန်နိုင်ငံသို့ စေလွှတ်။ သခင်နုနှင့်အတူ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်း၊ ဦးကိုကိုကြီး၊ ဗိုလ်ထွန်းလင်းနှင့် ဗိုလ်ခင်မောင်ကလေးတို့ လိုက်ပါ။

ဇူလိုင်လ[ပြင်​ဆင်​ရန်​]

(၁၃) ရက်။

  • မြို့တော်ခန်းမကြီး၌ကျင်းပသော ပြည်သူ့အစည်းအဝေးကြီး၌ လက်ရှိတည်နေသော တိုင်းပြုပြည်ပြုလွှတ်တော်၏ ပုံသဏ္ဌာန်နှင့် လွတ်လပ်ရေးကို တစ်နှစ်အတွင်းရစေရန် အာမခံကြောင်း လွတ်လပ်ရေးရလျင် လွတ်လပ်ရေးနှင့် ထိုက်တန်အောင် အလုပ်ကြိုးစားလုပ်စေလိုကြောင်း စသည်တို့ကို ဗိုလ်ချုပ်အောင်ဆန်းက ရှင်းလင်းပြောကြားခဲ့။ ထိုမိန့်ခွန်းသည် ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးမိန့်ခွန်းဖြစ်။

(၁၉) ရက်။

  • နံနက် ၁၀ နာရီ ၃၅ မိနစ်၌ ရန်ကုန်မြို့ရှိ အတွင်းဝန်များရုံး (ယခုဝန်ကြီးများရုံး) ၌ အစည်းအဝေးကျင်းပနေစဉ် စစ်ရေး၊ နိုင်ငံရေးခေါင်းဆောင် ဗိုလ်ချူပ်အောင်ဆန်းနှင့် တကွ ကက်ဘိနက်အဖွဲ့ဝင်များ လုပ်ကြံခြင်းခံရသည်။
  • ညနေပိုင်းတွင် ဦးနုက ဦးသန့်အား ခေါ်ယူ၍ ပြန်ကြားရေးဌာန၌ ညွှန်ကြားရေးဝန်အဖြစ် တာဝန်ထမ်းဆောင်ရန် တာဝန်ခန့်အပ်။

(၂၀) ရက်။

  • ဗိုလ်ချုပ်အောင်ဆန်းအမှုး ပြုသော အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရပြီးနောက်တစ်နေ့ ၁၉၄၇၊ ဇူလိုင် ၂၀ တွင်ရန်ကုန်မြို့၊ ဆူးလေဘုရားအနီးရှိ ဖိုက်စကွဲယား (ယခု ဗန္ဓုလ)ပန်းခြံ၌ နိုင်ငံတော်ဈာပနဗဟိုကော်မတီဝင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဥက္ကဌ ရန်ကုန်ခရိုင် ကျောင်းသားများ သမဂ္ဂ ဥက္ကဌ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဒုတိယ ဥက္ကဌ နှင့် မြို့မကျောင်းသားများ သမဂ္ဂ ဥက္ကဌ မြို့မ-ဦးသန်းကြွယ် သည် ကျောင်းသားနှင့်ပြည်သူတစ်သိန်းကျော်ကိုဦးဆောင်ပြီး "လူသတ်ဝါဒရှုတ်ချ ပွဲ" ကို စတင်ဦးဆောင် ကျင်းပခဲ့သည်။ ထိုနေ့သည် မြန်မာနိုင်ငံ၏ပထမဦးဆုံးအာဇာနည်နေ့ အခမ်းအနားဖြစ်သည်။

(၂၄) ရက်။

  • ဗြိတိသျှအစိုးရနှင့်ဆွေးနွေးပြီး သဘောတူညီခဲ့သည့်အချက်များကို ထုတ်ပြန်ကြေညာ။ မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးမည်ဟု ဗြိတိသျှအစိုးရကြေညာ။

(၂၉) ရက်။

  • တိုင်းပြုပြည်ပြု လွှတ်တော် ဒုတိယညီလာခံကို စတင်ကျင်းပ။ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်ကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြှောက်။

ဩဂုတ်လ[ပြင်​ဆင်​ရန်​]

(၁၂) ရက်။

  • ဗြိတိသျှပါလီမန်အမတ် ဂျွန်ဒဗလျူဖရီးမင်း ခေါင်းဆောင်သော ကာကွယ်ရေးမစ်ရှင်အဖွဲ့ ရန်ကုန်မြို့သို့ ရောက်ရှိလာ။ ထိုအဖွဲ့မရောက်မီကာလကပင် မြန်မာနိုင်ငံဘက်၌လည်း ကာကွယ်ရေးဝန်ကြီး ဗိုလ်လက်ျာ ခေါင်းဆောင်သော ကော်မတီတစ်ရပ် ဖွဲ့စည်းထားခဲ့။

(၁၄) ရက်။

  • ဗြိတိသျှအစိုးရ ကာကွယ်ရေးမစ်ရှင်အဖွဲ့နှင့် မြန်မာနိုင်ငံယာယီအစိုးရ ကာကွယ်ရေးကော်မတီအဖွဲ့တို့ စတင်ဆွေးနွေး။

(၂၆) ရက်။

(၂၉) ရက်။

စက်တင်ဘာလ[ပြင်​ဆင်​ရန်​]

(၁) ရက်။

  • ဗြိတိသျှအစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာဝန်ကြီး လော့လစ္စတိုးဝဲလ် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်။ ဝန်ကြီးချုပ်ဦးနုနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့။

(၁၅) ရက်။

  • တိုင်းပြုပြည်ပြုလွှတ်တော် တတိယညီလာခံ စတင်ကျင်းပ။

(၂၄) ရက်။

  • လွှတ်တော်ညီလာခံက ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့ပြီး ညောင်ရွှေစော်ဘွားကြီးစဝ်ရွှေသိုက်ကို ယာယီသမ္မတအဖြစ် ခန့်အပ်ခဲ့။

(၂၅) ရက်။

  • ဘဏ္ဍာရေးဝန်ကြီးဦးတင်ထွဋ်ခေါင်းဆောင်သော မြန်မာနိုင်ငံဘဏ္ဍာရေးကော်မရှင်အဖွဲ့ အင်္ဂလန်နိုင်ငံသို့ သွားရောက်။ ဝန်ကြီးချုပ်အက်တလီအမှူးပြုသော ဗြိတိသျအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တွေ့ဆုံပြီး ဘဏ္ဍာရေးကိစ္စများ အပြီးသတ်ဆွေးနွေးခဲ့။

အောက်တိုဘာလ[ပြင်​ဆင်​ရန်​]

(၁၂) ရက်။

  • ဝန်ကြီးချုပ်ဦးနု၊ ဒုတိယဝန်ကြီးချုပ်ဗိုလ်လကျ်ာနှင့် နိုင်ငံရေးအတွင်းဝန်ဗိုလ်ထွန်းလင်းတို့ အင်္ဂလန်သို့ ထွက်ခွာ။

(၁၇) ရက်။

  • ဗြိတိသျှဝန်ကြီးချူပ် ကလဲမင့်အက်တလီနှင့် အတူ လွတ်လပ်ရေးသဘောတူညီမှုစာချူပ် နု - အက်တလီ စာချုပ်ကို ဦးနုဦးဆောင်သည့် ဖဆပလအဖွဲ့ကြီးက လန်ဒန်၌ လက်မှတ်ရေးထိုး။ ထိုစာချုပ်ကို မြန်မာ့လွတ်လပ်ရေးစာချုပ်ဟုလည်း ခေါ်ဆို။ စာချုပ်တွင် အချက် ၁၅ ချက်ပါဝင်ပြီး ဗြိတိသျှအစိုးရက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကို လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံဟု အသိအမှတ်ပြုကြောင်း ဖော်ပြထား။

(၂၇) ရက်။

  • မြန်မာလွတ်လပ်ရေး စာချုပ်ပါအချက်အလက်များကို ရန်ကုန်မြို့၌ ထုတ်ပြန်။

နိုဝင်ဘာလ[ပြင်​ဆင်​ရန်​]

(၁) ရက်

ဒီဇင်ဘာလ[ပြင်​ဆင်​ရန်​]

(၁) ရက်။

  • ပန်းချီဆရာ ဝသုန် မွေးဖွား။

(၂) ရက်။

(၁၀) ရက်။

  • ဗြိတိသျှပါလီမန်၌ မြန်မာနိုင်ငံလွတ်လပ်ရေးဥပဒေမူကြမ်းကို ထောက်ခံမဲ ၂၂၈ မဲ၊ ကန့်ကွက်မဲ ၁၁၄ မဲဖြင့် အတည်ပြု။ မြန်မာနိုင်ငံဘက်မှလည်း မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ်၊ ပြာသိုလဆုတ် ၉ ရက် (ခရစ်သက္ကရာဇ် ၁၉၄၈ ဇန်နနဝါရီ ၄ ရက်၊ တနင်္ဂနွေနေ့ကို မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့အဖြစ် ရွေးချယ်သတ်မှတ်။)

ကိုးကား[ပြင်​ဆင်​ရန်​]

  1. နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်မှုမှတ်တမ်း(၂၀၁၀)