မာတိကာသို့ ခုန်သွားရန်

၁၉၄၇

ဝီကီပီးဒီးယား မှ
ထောင်စုနှစ်:  ထောင်စုနှစ်
ရာစုနှစ်များ:
ဆယ်စုနှစ်များ:
ခုနှစ်များ:

၁၉၄၇ (MCMXLVII) သည် ဂရီဂေါရီးယန်း ပြက္ခဒိန်တွင် ဗုဒ္ဓဟူးနေ့မှ စတင်သော ပုံမှန်ခုနှစ်ဖြစ်ပြီး၊ ယနေ့ခေတ် (Common Era) နှင့် အေဒီ (Anno Domini) ၏ ၁၉၄၇ ကြိမ်မြောက် ခုနှစ်ဖြစ်ကာ၊  ထောင်စုနှစ်၏ ၉၄၇ ကြိမ်မြောက် ခုနှစ်၊ ၂၀ ရာစုနှစ်၏ ၄၇ ကြိမ်မြောက် ခုနှစ်ဖြစ်ပြီး ၁၉၄၀ ဆယ်စုနှစ်၏ ၈ ကြိမ်မြောက် ခုနှစ် ဖြစ်သည်။

ဖြစ်ရပ်များ

[ပြင်ဆင်ရန်]

ဇန်နဝါရီလ

[ပြင်ဆင်ရန်]
  • ၂ ဇန်နဝါရီ – ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့သည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ ထွက်ခွာခဲ့သည်။
  • ၉ ဇန်နဝါရီ – ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့သည် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့သို့ ရောက်ရှိခဲ့သည်။
  • ၁၀-၁၆ ဇန်နဝါရီ – ဖဆပလ အဖွဲ့ချုပ်မှ ကြီးမှူး၍ ရန်ကုန်နှင့် တစ်နိုင်ငံလုံး၌ လွတ်လပ်ရေး ဆန္ဒပြပွဲ ရက်သတ္တပတ်ကို ဆင်နွှဲခဲ့သည်။
  • ၁၃ ဇန်နဝါရီ – လန်ဒန်၊ အမှတ် ၁၀ ဒေါင်းနင်းလမ်းရှိ ဗြိတိသျှနန်းရင်းဝန်ရုံး၌ ဆွေးနွေးပွဲ စတင်ခဲ့သည်။
  • ၁၅ ဇန်နဝါရီ – မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိသျှကိုယ်စားလှယ်အဖွဲ့တို့ အစည်းအဝေး ပြုလုပ်ကာ မြန်မာဘက် ကြေညာချက်တင်သွင်းခဲ့သည်။
  • ၁၆ ဇန်နဝါရီ – ဖဆပလအဖွဲ့ချုပ် ဦးစီး၍ ဗန္ဓုလပန်းခြံတွင် လူထုတစ်သိန်းကျော် တက်ရောက်သည့် လွတ်လပ်ရေး ဆန္ဒပြပွဲ ကျင်းပခဲ့သည်။
  • ၁၉ ဇန်နဝါရီ – စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ အကယ်ဒမီ မောင်ဝဏ္ဏကို မွေးဖွားခဲ့သည်။
  • ၂၁ ဇန်နဝါရီ –
    • ပဒေသရာဇ် ရှမ်းပြည်နယ် စပ်ဖများကောင်စီက အမှာစာ ၁ နှင့် ၂ ကို ဗြိတိသျှအစိုးရထံ ပေးပို့ခဲ့သည်။
    • ဘကြီး ဘဘေ (ဖဆပလအဖွဲ့ချုပ်၊ ဘုရင်ခံအမှုဆောင်ကောင်စီဝင်) သည် အင်္ဂလန်သို့ ထွက်ခွာခဲ့သည်။
  • ၂၇ ဇန်နဝါရီ – လန်ဒန်၊ ဒေါင်းနင်းလမ်း အမှတ် (၁၀) တွင် “အောင်ဆန်း–အက်တလီ စာချုပ်” ကို လက်မှတ်ရေးထိုးခဲ့သည်။
  • ၃၁ ဇန်နဝါရီ – ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် လန်ဒန်မှ မြန်မာသို့ ပြန်ထွက်ခွာခဲ့သည်။

ဖေဖော်ဝါရီလ

[ပြင်ဆင်ရန်]
  • ၂ ဖေဖော်ဝါရီ –
    • ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာသို့ ပြန်ရောက်။
    • ညပိုင်းတွင် အောင်ဆန်း–အက်တလီ သဘောတူညီချက်ကို ဖဆပလ အမှုဆောင်အစည်းအဝေး၌ တင်ပြပြီး အဖွဲ့ဝင်များလက်ခံကြောင်း ဆုံးဖြတ်။
  • ၀၃-၁၃ ဖေဖော်ဝါရီ –
    • ဒုတိယပင်လုံအစည်းအဝေး ကျင်းပ။
      • ဗိုလ်ချုပ်အောင်ဆန်းမှ ဖဆပလအဖွဲ့ချုပ်သို့ သတင်းစာဆရာများကို ဖိတ်ကြားပြီး လန်ဒန်ဆွေးနွေးပွဲအကြောင်း ရှင်းလင်း။
  • ၄ ဖေဖော်ဝါရီ –
    • အောင်ဆန်း–အက်တလီစာချုပ်နှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည်သို့ အသံလွှင့်အစီရင်ခံ။
  • ၅ ဖေဖော်ဝါရီ –
    • ကရင်ဗဟိုအဖွဲ့ချုပ် ဦးစီး၍ ကရင်ညီလာခံ ကျင်းပ။
    • အောင်ဆန်း–အက်တလီစာချုပ်သည် ကရင်အခွင့်အရေးကို ထိခိုက်စေသည်ဟု ဆုံးဖြတ်ကန့်ကွက်ပြီး ထိုအကြောင်းကို ဗြိတိသျှနန်းရင်းဝန်ထံ ပေးပို့။
    • ညီလာခံတွင် စောဘဦးကြီးအား ဘုရင်ခံအမှုဆောင်ကောင်စီမှ နုတ်ထွက်ရန် ဆုံးဖြတ်။
    • ထို့ပြင် တောင်တန်းဒေသ သဘောထားစုံစမ်းရေး အတွက် ဘုရင်ခံနေအိမ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်။
  • ၇ ဖေဖော်ဝါရီ –
    • ပင်လုံညီလာခံအတွင်း တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ (SCOUHP) ဖွဲ့စည်း။
    • ရှမ်းစော်ဘွားများနှင့် ကိုယ်စားလှယ်များ ပူးပေါင်း၍ ရှမ်းပြည်ကောင်စီအမှုဆောင်အဖွဲ့ ဖွဲ့စည်း။
  • ၈ ဖေဖော်ဝါရီ –
    • ဗိုလ်ချုပ်အောင်ဆန်း ပင်လုံသို့ ထွက်ခွာ။
  • ၉-၁၁ ဖေဖော်ဝါရီ –
    • ဗြိတိသျှ လက်ထောက်အတွင်းဝန် ဘော်တွမ်မလီ၊ မစ္စတာ လက်ဝဒ်ခ်ျ၊ ဂျွန်လေဒင်တို့ ပင်လုံသို့ ရောက်။
    • ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသခေါင်းဆောင်များ အပြင်းအထန် ညှိနှိုင်းဆွေးနွေး။
  • ၁၀ ဖေဖော်ဝါရီ –
    • ဘုရင်ခံအမှုဆောင်ကောင်စီဝင် သခင်ဗစိန် နုတ်ထွက်။
  • ၁၂ ဖေဖော်ဝါရီ –
    • ပင်လုံစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင် ၂၃ ဦး လက်မှတ်ရေးထိုး။
    • ဤနေ့ကို နောက်ပိုင်း “ပြည်ထောင်စုနေ့” အဖြစ် သတ်မှတ်၍ နှစ်စဉ် အထိမ်းအမှတ် ကျင်းပ။
  • ၁၃ ဖေဖော်ဝါရီ –
    • ဘုရင်ခံအမှုဆောင်ကောင်စီဝန် ဦးစော နုတ်ထွက်။
  • ၁၉ ဖေဖော်ဝါရီ –
    • ဂဠုန်ဦးစောနှင့် သခင်ဗစိန်တို့ ဖဆပလအစိုးရအဖွဲ့မှ နုတ်ထွက်။
    • ဖဆပလအစိုးရအဖွဲ့ကို အစိုးရယာယီ အဖြစ် ပြန်လည်ဖွဲ့စည်း။

(၂၁) ရက် - လွတ်လပ်ရေးမှတ်ကျောက် ခေါင်းစည်းဖြင့် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းကို ထုတ်လွှင့်။

(၁) ရက်။

  • ပင်လုံစာချုပ်ကို ဗြိတိသျှပါလီမန်က လက်ခံ အတည်ပြု။

(၄) ရက်။

  • ချီကာဂို ကွန်ဗင်းရှင်း (Chicago Convention) အား ပြဋ္ဌာန်း၍ အပြည်ပြည်ဆိုင်ရာ မြို့ပြ လေကြောင်း အဖွဲ့ချုပ် ICAO ကို ဖွဲ့စည်း တည်ထောင်ခဲ့သည်။

(၉) ရက်။

  • ပထမဆုံးသော တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲ ကျင်းပပြုလုပ်။ ထိုရွေးကောက်ပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဖဆပလအဖွဲ့သည် တစ်နိုင်ငံလုံးတွင် အမတ်နေရာ ၂၅၅ နေရာအနက် အမတ် ၂၄၈ နေရာရရှိခဲ့။

(၃၀) ရက်။

  • ဦးနု ကြားဖြတ်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်သူမရှိ အမတ်အဖြစ် အရွေးချယ်ခံရ။

(၁၉) ရက်

  • ဖ.ဆ.ပ.လ အဖွဲ့ချုပ် အမတ်များ ပဏာမ ညီလာခံကို ကျင်းပခဲ့ပြီး ဖ.ဆ.ပ.လ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်းကို ရေးဆွဲခဲ့သည်။

(၂၅) ရက်

(၁၀) ရက်

  • တိုင်းပြုပြည်ပြုလွှတ်တော် ပထမညီလာခံ စတင်ကျင်းပ။ (ညီလာခံတွင် အဖွဲ့ဝင် ရ၅ ဦးပါ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီကို ဖွဲ့စည်း ပေးခဲ့သည်။)

(၁၁) ရက်။

  • ဦးနုကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြှောက်။

(၁၆) ရက်။

  • တိုင်းပြုပြည်ပြုလွှတ်တော်အစည်းအဝေး၌ ပြည်ထောင်စုထဲသို့ ပြည်နယ်အားလုံးပါဝင်ပြီး Plebiscite အများဆန္ဒခံယူပွဲနှင့် ခွဲထွက်ခွင့်ကို ဆုံးဖြတ်ရန်သဘောတူ။ ပထမတိုင်းပြုပြည်ပြုလွှတ်တော်၌ အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံဖွဲ့စည်းရန် ဗိုလ်ချုပ်အောင်ဆန်းက အဆိုတင်သွင်း။

(၁၈) ရက်။

  • အဖွဲ့ဝင် ရ၅ ဦးပါဝင်သော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေမူကြမ်းကော်မတီကြီးနှင့် ဆပ်ကော်မတီများကို ဖွဲ့စည်း။

(၂၃) ရက်။

  • ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြုပြည်ပြုလွှတ်တော်ဥက္ကဋ္ဌသခင်နုကို အင်္ဂလန်နိုင်ငံသို့ စေလွှတ်။ သခင်နုနှင့်အတူ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်း၊ ဦးကိုကိုကြီး၊ ဗိုလ်ထွန်းလင်းနှင့် ဗိုလ်ခင်မောင်ကလေးတို့ လိုက်ပါ။

ဇူလိုင်လ

[ပြင်ဆင်ရန်]

(၁၃) ရက်။

  • မြို့တော်ခန်းမကြီး၌ကျင်းပသော ပြည်သူ့အစည်းအဝေးကြီး၌ လက်ရှိတည်နေသော တိုင်းပြုပြည်ပြုလွှတ်တော်၏ ပုံသဏ္ဌာန်နှင့် လွတ်လပ်ရေးကို တစ်နှစ်အတွင်းရစေရန် အာမခံကြောင်း လွတ်လပ်ရေးရလျင် လွတ်လပ်ရေးနှင့် ထိုက်တန်အောင် အလုပ်ကြိုးစားလုပ်စေလိုကြောင်း စသည်တို့ကို ဗိုလ်ချုပ်အောင်ဆန်းက ရှင်းလင်းပြောကြားခဲ့။ ထိုမိန့်ခွန်းသည် ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးမိန့်ခွန်းဖြစ်။

(၁၉) ရက်။

  • နံနက် ၁၀ နာရီ ၃၅ မိနစ်၌ ရန်ကုန်မြို့ရှိ အတွင်းဝန်များရုံး (ယခုဝန်ကြီးများရုံး) ၌ အစည်းအဝေးကျင်းပနေစဉ် စစ်ရေး၊ နိုင်ငံရေးခေါင်းဆောင် ဗိုလ်ချူပ်အောင်ဆန်းနှင့် တကွ ကက်ဘိနက်အဖွဲ့ဝင်များ လုပ်ကြံခြင်းခံရသည်။
  • ညနေပိုင်းတွင် ဦးနုက ဦးသန့်အား ခေါ်ယူ၍ ပြန်ကြားရေးဌာန၌ ညွှန်ကြားရေးဝန်အဖြစ် တာဝန်ထမ်းဆောင်ရန် တာဝန်ခန့်အပ်။

(၂၀) ရက်။

  • ဗိုလ်ချုပ်အောင်ဆန်းအမှူး ပြုသော အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရပြီးနောက်တစ်နေ့ ၁၉၄၇၊ ဇူလိုင် ၂၀ တွင်ရန်ကုန်မြို့၊ ဆူးလေဘုရားအနီးရှိ ဖိုက်စကွဲယား (ယခု ဗန္ဓုလ)ပန်းခြံ၌ နိုင်ငံတော်ဈာပနဗဟိုကော်မတီဝင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ရန်ကုန်ခရိုင် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ နှင့် မြို့မကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ မြို့မ-ဦးသန်းကြွယ် သည် ကျောင်းသားနှင့်ပြည်သူတစ်သိန်းကျော်ကိုဦးဆောင်ပြီး "လူသတ်ဝါဒရှုတ်ချ ပွဲ" ကို စတင်ဦးဆောင် ကျင်းပခဲ့သည်။ ထိုနေ့သည် မြန်မာနိုင်ငံ၏ပထမဦးဆုံးအာဇာနည်နေ့ အခမ်းအနားဖြစ်သည်။

(၂၄) ရက်။

  • ဗြိတိသျှအစိုးရနှင့်ဆွေးနွေးပြီး သဘောတူညီခဲ့သည့်အချက်များကို ထုတ်ပြန်ကြေညာ။ မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးမည်ဟု ဗြိတိသျှအစိုးရကြေညာ။

(၂၉) ရက်။

  • တိုင်းပြုပြည်ပြု လွှတ်တော် ဒုတိယညီလာခံကို စတင်ကျင်းပ။ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်ကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြှောက်။

ဩဂုတ်လ

[ပြင်ဆင်ရန်]

(၁၂) ရက်။

  • ဗြိတိသျှပါလီမန်အမတ် ဂျွန်ဒဗလျူဖရီးမင်း ခေါင်းဆောင်သော ကာကွယ်ရေးမစ်ရှင်အဖွဲ့ ရန်ကုန်မြို့သို့ ရောက်ရှိလာ။ ထိုအဖွဲ့မရောက်မီကာလကပင် မြန်မာနိုင်ငံဘက်၌လည်း ကာကွယ်ရေးဝန်ကြီး ဗိုလ်လကျာ် ခေါင်းဆောင်သော ကော်မတီတစ်ရပ် ဖွဲ့စည်းထားခဲ့။

(၁၄) ရက်။

  • ဗြိတိသျှအစိုးရ ကာကွယ်ရေးမစ်ရှင်အဖွဲ့နှင့် မြန်မာနိုင်ငံယာယီအစိုးရ ကာကွယ်ရေးကော်မတီအဖွဲ့တို့ စတင်ဆွေးနွေး။

(၂၆) ရက်။

(၂၉) ရက်။

စက်တင်ဘာလ

[ပြင်ဆင်ရန်]

(၁) ရက်။

  • ဗြိတိသျှအစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာဝန်ကြီး လော့လစ္စတိုးဝဲလ် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်။ ဝန်ကြီးချုပ်ဦးနုနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့။

(၁၅) ရက်။

  • တိုင်းပြုပြည်ပြုလွှတ်တော် တတိယညီလာခံ စတင်ကျင်းပ။

(၂၄) ရက်။

  • လွှတ်တော်ညီလာခံက ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့ပြီး ညောင်ရွှေစော်ဘွားကြီးစဝ်ရွှေသိုက်ကို ယာယီသမ္မတအဖြစ် ခန့်အပ်ခဲ့။

(၂၅) ရက်။

  • ဘဏ္ဍာရေးဝန်ကြီးဦးတင်ထွဋ်ခေါင်းဆောင်သော မြန်မာနိုင်ငံဘဏ္ဍာရေးကော်မရှင်အဖွဲ့ အင်္ဂလန်နိုင်ငံသို့ သွားရောက်။ ဝန်ကြီးချုပ်အက်တလီအမှူးပြုသော ဗြိတိသျအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တွေ့ဆုံပြီး ဘဏ္ဍာရေးကိစ္စများ အပြီးသတ်ဆွေးနွေးခဲ့။

အောက်တိုဘာလ

[ပြင်ဆင်ရန်]

(၁၂) ရက်။

  • ဝန်ကြီးချုပ်ဦးနု၊ ဒုတိယဝန်ကြီးချုပ်ဗိုလ်လကျ်ာနှင့် နိုင်ငံရေးအတွင်းဝန်ဗိုလ်ထွန်းလင်းတို့ အင်္ဂလန်သို့ ထွက်ခွာ။

(၁၇) ရက်။

  • ဗြိတိသျှဝန်ကြီးချူပ် ကလဲမင့်အက်တလီနှင့် အတူ လွတ်လပ်ရေးသဘောတူညီမှုစာချူပ် နု - အက်တလီ စာချုပ်ကို ဦးနုဦးဆောင်သည့် ဖဆပလအဖွဲ့ကြီးက လန်ဒန်၌ လက်မှတ်ရေးထိုး။ ထိုစာချုပ်ကို မြန်မာ့လွတ်လပ်ရေးစာချုပ်ဟုလည်း ခေါ်ဆို။ စာချုပ်တွင် အချက် ၁၅ ချက်ပါဝင်ပြီး ဗြိတိသျှအစိုးရက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကို လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံဟု အသိအမှတ်ပြုကြောင်း ဖော်ပြထား။

(၂၇) ရက်။

  • မြန်မာလွတ်လပ်ရေး စာချုပ်ပါအချက်အလက်များကို ရန်ကုန်မြို့၌ ထုတ်ပြန်။

နိုဝင်ဘာလ

[ပြင်ဆင်ရန်]

(၁) ရက်

ဒီဇင်ဘာလ

[ပြင်ဆင်ရန်]

(၁) ရက်။

(၂) ရက်။

(၁၀) ရက်။

  • ဗြိတိသျှပါလီမန်၌ မြန်မာနိုင်ငံလွတ်လပ်ရေးဥပဒေမူကြမ်းကို ထောက်ခံမဲ ၂၂၈ မဲ၊ ကန့်ကွက်မဲ ၁၁၄ မဲဖြင့် အတည်ပြု။ မြန်မာနိုင်ငံဘက်မှလည်း မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ်၊ ပြာသိုလဆုတ် ၉ ရက် (ခရစ်သက္ကရာဇ် ၁၉၄၈ ဇန်နနဝါရီ ၄ ရက်၊ တနင်္ဂနွေနေ့ကို မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့အဖြစ် ရွေးချယ်သတ်မှတ်။)

မွေးဖွားသူများ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]