ရက်ထပ်နှစ်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ရက်ထပ်နှစ် ဆိုသည်မှာ ရာသီနှင့် ရာသီခွင်တို့ကို ပြက္ခဒိန်နှစ်နှင့် ကိုက်ညီမှုစေရန်အတွက် ရက်တစ်ရက် ထပ်ပေါင်းထည့်ပေးထားသော နှစ်ကို ဆိုလိုသည်။[၁]


ဥပမာအားဖြင့် ဂရီဂေါရီးယန်းပြက္ခဒိန်တွင် ရက်ထပ်နှစ်တိုင်းတွင် ဖေဖော်ဝါရီလကို ၂၈ ရက်မှာ ၂၉ ရက်သို့ ထပ်တိုးပြီး ပုံမှန် ၃၆၅ ရက် အစား ၃၆၆ ရက်ဖြင့် အဆုံးသတ်လေ့ရှိသည်။ ထို့အတူပင် လကိုမူတည်၍ တွက်သော ဟီးဘရူးပြက္ခဒိန်တွင်လည်း ပြောင်းလဲသွားသော ရာသီများကို ကိုက်ညီစေရန်အတွက် ၁၉ နှစ်မြောက်တိုင်း ပုံမှန် ၁၂ လ မှ နောက်ထပ် ၁ လ ထပ်ပေါင်း၍ ၁၃ လ အဖြစ် ယူလေ့ရှိသည်။

ရက်ထပ်နှစ်ဟူသော ဝေါဟာရသည် ဂရီဂေါရီးယန်းပြက္ခဒိန် ချိန်ညှိရာမှ ဖြစ်ပေါ်လာသော စကားလုံးဖြစ်သည်။ ပုံမှန်အားဖြင့် ရက်သတ္တပါတ်တစ်ခုရှိ ရက်တစ်ရက်သည် နောင်တစ်နှစ်တွင် ရှေ့သို့ တစ်ရက်တိုးသွားလေ့ရှိပြီး ရက်ထပ်နှစ်တွင် ၂ ရက်ရှေ့သို့ တိုးသွားရာ ထို့တိုးသွားသော ရက်ကို ဖေဖော်ဝါရီလ အဆုံးတွင် ထပ်တိုးထည့်ခြင်းဖြင့် ဖြေရှင်းခဲ့ရာ ထိုအဖြစ်ကို တိုးသွားသော (သို့) ခုန်သွားသော ရက်ပါသော နှစ်ဟု ဆိုလိုခြင်းဖြစ်သည်။ ဥပမာအားဖြင့် ခရစ်စမတ်နေ့သည် ၂၀၀၁ ခုနှစ် အင်္ဂါနေ့တွင်ကျရောက်ပြီး ၂၀၀၂ ခုနှစ်တွင် ဗုဒ္ဓဟူးနေ့၊ ၂၀၀၃ ခုနှစ်တွင် ကြာသပတေးနေ့တွင် ကျရောက်သည်။ သို့သော် ၂၀၀၄ ခုနှစ်တွင် ရက်တစ်ရက် ခုန်ကျော်သွားသဖြင့် စနေ့နေမှသာ ခရစ်စမတ်ကျတော့သည်။[၂]

ဂရီဂေါရီးယန်းပြက္ခဒိန်[ပြင်ဆင်ရန်]

ယနေ့ခေတ်တွင် စံအဖြင့် အသုံးပြုနေသော ဂရီဂေါရီယန်းပြက္ခဒိန်တွင် ၄ နှစ်တစ်ကြိမ် ရက်ထပ်နှစ် ဖြစ်လေ့ရှိသည်။ ထိုရက်ထပ်နှစ်တိုင်းတွင် ဖေဖော်ဝါရီလ ၂၈ ရက်အစား ၂၉ ရက်နှင့် အဆုံးသတ်လေ့ရှိသည်။ လေးနှစ်တကြိမ်ပေါင်းထည့်လိုက်သော ရက်သည် ပုံမှန် ၃၆၅ ရက်နှစ်တွင် အပူပိုင်ဇုံနှစ်ထပ် ၆ နာရီနီးပါး တိုသွားသော အချိန်အတွက် အစားလျော်ခြင်းလည်း ဖြစ်သည်။ ထိုပြက္ခဒိန်ကို ၁၅၈၂ ခုနှစ်တွင် စတင်အသုံးပြုခဲ့သည်။

အပူပိုင်းဇုံနှစ်သည် ၃၆၅.၂၅ ထက် အနည်းငယ်လျော့နည်းနေခဲ့ရာ အခြေခံဥပဒေသတွင် ကွာဟချက်တစ်ချို့ ဖြစ်ခဲ့သည်။ ရာစုနှစ် လေးခုကျော်သွားပြီးတိုင်း လေးနှစ်တစ်ကြိမ်ပေါင်းထည့်လေ့ရှိသော ရက်ထပ်ရက်သည် ၃ ရက်ပိုသွားသည်။ ထို့ကြောင့် ဂရိဂေါရီးယန်းပြက္ခဒိန်တွင် ရက်ထပ်စက်ဝန်း တစ်ပတ်ပြည့်သည့် နှစ်လေးရာတိုင်းတွင် ရက်ထပ်ရက် ၃ ရက် နှုတ်ပေးရန်လိုနေသည်။[၃] ထိုပြဿနာကို ရာစုနှစ်တစ်ခု ပြည့်သွားတိုင်း ထိုနှစ်ကို ၄၀၀ ဖြင့် စား၍ မပြတ်သော နှစ်မှ ၁ ရက်နှုတ်ပေးခြင်းဖြင့် ဖြေရှင်းလိုက်သည်။ ဆိုလိုသည်မှာ ၄၀၀ နှင့်စား၍ ပြတ်သော ၂၀၀၀၊ ၂၄၀၀ တို့သည် ရက်ထပ်နှစ်များဖြစ်ကြပြီး ၁၈၀၀၊ ၁၉၀၀၊ ၂၁၀၀၊ ၂၂၀၀၊ ၂၃၀၀၊ ၂၅၀၀ တို့သည် ရက်ထပ်နှစ်မဟုတ်တော့ပဲ ပုံမှန်နှစ်များဖြစ်သွားသည်။ ထို့ကြောင့် ထိုဥပဒေသအရ နှစ်တစ်နှစ်ရှိရက်သည် 365 + 1/4 − 1/100 + 1/400 = 365.2425 ဖြစ်သည်။[၄]

ကိုးကား[ပြင်ဆင်ရန်]

  1. Meeus, Jean (1998), Astronomical Algorithims, Willmann-Bell, p. 62 
  2. Meeus, Jean (1998), Astronomical Algorithims, Willmann-Bell, p. 62 
  3. Meeus, Jean (1998), Astronomical Algorithims, Willmann-Bell, p. 62 
  4. Meeus, Jean (1998), Astronomical Algorithims, Willmann-Bell, p. 62