အရှေ့ဖျားနှင့် တောင်ပစိဖိတ် မသန်စွမ်းအားကစားပြိုင်ပွဲ

ဝီကီပီးဒီးယား မှ
အရှေ့ဖျားနှင့် တောင်ပစိဖိတ် မသန်စွမ်းအားကစားပြိုင်ပွဲ
FESPIC Games

ဆောင်ပုဒ်Overcoming Challenges, Inspiring Others
ပထမအကြိမ်၁၉၇၅
Occur every၄နှစ်
နောက်ဆုံးတစ်ခေါက်
ကျင်းပခဲ့သည့် ပြိုင်ပွဲ
၂၀၀၆ အရှေ့ဖျားနှင့် တောင်ပစိဖိတ် မသန်စွမ်းအားကစားပြိုင်ပွဲ
ဌာနချုပ်ဂျပန်နိုင်ငံ
ဝက်ဘ်ဆိုက်FESPIC Federation

အရှေ့ဖျားနှင့် တောင်ပစိဖိတ် မသန်စွမ်းအားကစားပြိုင်ပွဲ (အင်္ဂလိပ်: Far East and South Pacific Games for the Disabled -FESPIC Games)[၁] သည် အာရှတိုက်နှင့် တောင်ပစိဖိတ်ဒေသတွင် ၄နှစ် တစ်ကြိမ်ကျင်းပခဲ့သော မသန်စွမ်းသူများဆိုင်ရာ အားကစားပြိုင်ပွဲဖြစ်သည်။၁၉၇၅ခုနှစ်တွင် ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး ၂၀၀၆ခုနှစ်တွင် နောက်ဆုံးအကြိမ် ကျင်းပခဲ့သည်။၂၀၁၀ပြည့်နှစ်မှစ၍ အာရှ မသန်စွမ်း အားကစားပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပခဲ့သည်။[၂][၃]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ပထမဆုံးသော FESPIC Gamesကို ဂျပန်နိုင်ငံ၊ အိုအီတမြို့တွင် ကျင်းပခဲ့သည်။ထိုအချိန်က အာရှတိုက်တွင် မသန်စွမ်းသူများ အားကစားပွဲများ၌ ယှဉ်ပြိုင်နိုင်ရန် အခွင့်အရေး နည်းပါးလှသည်။ထို့ကြောင့် ဤအားကစားပြိုင်ပွဲသည် အာရှတိုက်ရှိ မသန်စွမ်းသူများ အားကစားလှုပ်ရှားနိုင်ရန်နှင့် နိုင်ငံအသီးသီးမှ မသန်စွမ်းသူများ၏ လူမှုဘဝကို မြှင့်တင်ရန် ကျင်းပခဲ့သည်။

၂၀၀၂ခုနှစ်တွင် အာရှမသန်စွမ်းသူများအားကစားကောင်စီကို တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့တွင် ဖွဲ့စည်းခဲ့သည်။၂၀၀၄ခုနှစ် မေလ ၁၄ရက်တွင် FESPIC အားကစားအဖွဲ့ချုပ်ကို အာရှမသန်စွမ်းသူများအားကစားကောင်စီနှင့် ပေါင်းစည်း၍ အာရှမသန်စွမ်းသူများအားကစားကော်မတီအဖြစ် ဖွဲ့စည်းရန် သဘောတူညီမှု ရရှိခဲ့သည်။၂၀၀၆ခုနှစ် နိုဝင်ဘာလ ၂၆ရက်နေ့တွင် တရားဝင် ဖွဲ့စည်းခဲ့သည်။၂၀၀၆ခုနှစ် နိုဝင်ဘာ ၂၅ရက်မှ ဒီဇင်ဘာ ၁ရက်နေ့အထိ မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင် ကျင်းပသော ၉ကြိမ်မြောက် FESPIC Gamesမှာ နောက်ဆုံးကျင်းပသော ပြိုင်ပွဲဖြစ်သည်။ဤအားကစားပွဲကို ဆက်ခံသော အာရှမသန်စွမ်းအားကစားပြိုင်ပွဲ၏ ပထမအကြိမ်ကို ၂၀၁၀ပြည့်နှစ်တွင် တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့တွင် ကျင်းပခဲ့သည်။

FESPIC Games၏ လူငယ်ပြိုင်ပွဲကို ၂၀၀၃ခုနှစ်တွင် တစ်ကြိမ်သာ ကျင်းပခဲ့သည်။

ပွဲတော်များ[ပြင်ဆင်ရန်]

ပွဲတော် ခုနှစ် အိမ်ရှင်မြို့ အိမ်ရှင်နိုင်ငံ စတင်ရက် ပြီးဆုံးရက် ပါဝင်သည့် နိုင်ငံပေါင်း ပါဝင်ယှဉ်ပြိုင်သူပေါင်း
I ၁၉၇၅ အိုအီတမြို့  ဂျပန် ၁ ဇွန် ၃ ဇွန် ၁၈ ၉၇၃
II 1977 Parramatta  ဩစတြေးလျ ၂၀ နိုဝင်ဘာ ၂၆ နိုဝင်ဘာ ၁၆ ၄၃၀
III ၁၉၈၂ Sha Tin  ဟောင်ကောင် ၃၁ အောက်တိုဘာ ၇ နိုဝင်ဘာ ၂၃ ၇၄၄
IV ၁၉၈၆ ဆူရတ်ခါတာမြို့  အင်ဒိုနီးရှား ၃၁ ဩဂုတ် ၇ စက်တင်ဘာ ၁၉ ၈၃၄
V ၁၉၈၉ ကိုဘဲ့  ဂျပန် ၁၅ စက်တင်ဘာ ၂၀ စက်တင်ဘာ ၄၁ ၁၆၄၆
VI ၁၉၉၄ ​ပေကျင်းမြို့  တရုတ် ၄ စက်တင်ဘာ ၁၀ စက်တင်ဘာ ၄၂ ၂၀၈၁
VII ၁၉၉၉ ဘန်ကောက်မြို့  ထိုင်း ၁၀ ဇန်နဝါရီ ၁၆ ဇန်နဝါရီ ၃၄ ၂၂၅၈
VIII ၂၀၀၂ ဘူဆန်မြို့  တောင်ကိုရီးယား ၂၆ အောက်တိုဘာ ၁ နိုဝင်ဘာ ၄၀ ၂၁၉၉
IX ၂၀၀၆ ကွာလာလမ်ပူမြို့  မလေးရှား ၂၅ နိုဝင်ဘာ ၁ ဒီဇင်ဘာ ၄၆ ၃၆၄၁

လူငယ်ပြိုင်ပွဲများ[ပြင်ဆင်ရန်]

နောင်တွင် အာရှ လူငယ်မသန်စွမ်း အားကစားပြိုင်ပွဲအဖြစ် ကျင်းပမည့် FESPIC Youth Gamesကို တစ်ကြိမ်သာ ကျင်းပခဲ့သည်။

ပွဲတော် ခုနှစ် အိမ်ရှင်မြို့ အိမ်ရှင်နိုင်ငံ စတင်ရက် ပြီးဆုံးရက် ပါဝင်သည့် နိုင်ငံပေါင်း ပါဝင်ယှဉ်ပြိုင်သူပေါင်
I ၂၀၀၃ Kowloon-Sha Tin  ဟောင်ကောင် ၂၄ ဒီဇင်ဘာ ၂၇ ဒီဇင်ဘာ ၁၅ ၅၈၄

ကိုးကား[ပြင်ဆင်ရန်]

  1. What is FESPIC Games?။ 22 June 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 September 2021 တွင် ပြန်စစ်ပြီး။
  2. 9th Far East and South Pacific Games for the Disabled (FESPIC) Games
  3. မသန်သော်လည်းစွမ်းပါသည်။ 4 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 September 2021 တွင် ပြန်စစ်ပြီး။