အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်
အရှေ့တောင်အာရှနိုင်ငံများအသင်း ၏ အထွေထွေအတွင်းရေးမှူးချုပ် | |
---|---|
တာဝန်ထမ်းဆောင်ဆဲ ပုဂ္ဂိုလ် Kao Kim Hourn ၁ ဇန်နဝါရီ ၂၀၂၃ မှစ၍ | |
စတင်ထမ်းဆောင်သူ | Hartono Dharsono |
ဖွဲ့စည်းခြင်း | ၇ ဇွန် ၁၉၇၆ |
အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် (အင်္ဂလိပ်: Secretary General of the ASEAN) သည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)၏ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်ကာ အာဆီယံ၏ အုပ်ချုပ်မှုဆိုင်ရာ အရာရှိချုပ်ဖြစ်သည်။[၁]
အာဆီယံပဋိညာဉ်စာတမ်းပါ သတ်မှတ်ချက်များအရ အထွေထွေအတွင်းရေးမှူးချုပ်ကို အာဆီယံထိပ်သီးအစည်းအဝေးကြီးက ရွေးချယ်ခန့်အပ်ရသည်။ခန့်အပ်ရာတွင် သက်တမ်းတိုးခွင့်မရှိသော (၅)နှစ်သက်တမ်းတစ်ခုအတွက် အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံသားများအတွင်းမှ နိုင်ငံအမည်အက္ခရာစဉ်အလိုက် အလှည့်ကျ ရွေးချယ်ရမည်ဖြစ်သည်။သိက္ခာသမာဓိရှိမှု၊ စွမ်းဆောင်ရည်ရှိမှုအပြင် အသိပညာဆိုင်ရာ အတွေ့အကြုံရှိမှုနှင့် ကျား၊မ တန်းတူရှိမှုကို အခြေခံ၍ ရွေးချယ်ရမည်ဖြစ်သည်။[၂]
တာဝန်နှင့် ဝတ္တရားများ
[ပြင်ဆင်ရန်]- ပဋိညာဉ်စာတမ်းပါ သတ်မှတ်ချက်များ၊ အာဆီယံစာချုပ်စာတမ်းများ၊ ပရိုတိုကောစာချုပ်များနှင့် အခိုင်အမာလက်ခံကျင့်သုံးနေသော ကျင့်စဉ်များနှင့်အညီ အထွေထွေအတွင်းရေးမှူးချုပ်ရုံး၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ရမည်။
- အာဆီယံစာချုပ်များနှင့် ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရာတွင် အဆင်ပြေချောမွေ့စေရန်၊ ကြည့်ရှုစိစစ်စေရန်နှင့် အာဆီယံ၏ လုပ်ငန်းနှစ်ပတ်လည် အစီရင်ခံစာကို ထိပ်သီးအစည်းအဝေးသို့ တင်ပြရမည်။
- အာဆီယံထိပ်သီးအစည်းအဝေး၊ အာဆီယံအသိုက်အဝန်းကောင်စီများ၊ အာဆီယံလုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ၊ အာဆီယံဝန်ကြီးအဆင့်ကဏ္ဍအလိုက် အဖွဲ့အစည်းများနှင့် အခြား သက်ဆိုင်ရာအစည်းအဝေးများ တက်ရောက်ရမည်။
- အတည်ပြုထားသည့် မူဝါဒပိုင်းဆိုင်ရာ လမ်းညွှန်ချက်များနှင့် မိမိအားပေးအပ်ထားသော လုပ်ပိုင်ခွင့်အာဏာနှင့်အညီ ပြင်ပအဖွဲ့အစည်းများနှင့် ပြုလုပ်သည့် အစည်းအဝေးများတွင် ပါဝင်ဆောင်ရွက်ခြင်းနှင့် အာဆီယံ၏ သဘောထားအမြင်ကို တင်ပြခြင်းပြုရမည်။
- ဒုတိယအတွင်းရေးမှူးချုပ် ခန့်အပ်ရေး၊ ရပ်စဲရေးအတွက် အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကောင်စီသို့ အတည်ပြုချက်ရယူရန် ထောက်ခံတင်ပြရမည်။
အထွေထွေအတွင်းရေးမှူးချုပ်များ
[ပြင်ဆင်ရန်]အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်[၃][၄] | ||
---|---|---|
အမည် | သက်တမ်း | နိုင်ငံ |
Hartono Dharsono | ၇ ဇွန် ၁၉၇၆ – ၁၈ ဖေဖော်ဝါရီ ၁၉၇၈ | အင်ဒိုနီးရှား |
Umarjadi Notowijono | ၁၉ ဖေဖော်ဝါရီ ၁၉၇၈ – ၃၀ ဇွန် ၁၉၇၈ | အင်ဒိုနီးရှား |
Ali Abdullah | ၁၀ ဇူလိုင် ၁၉၇၈ – ၁၀ ဇွန် ၁၉၈၀ | မလေးရှား |
Narciso G. Reyes | ၁ ဇူလိုင် ၁၉၈၀ – ၁ ဇူလိုင် ၁၉၈၂ | ဖိလစ်ပိုင် |
Chan Kai Yau | ၁၈ ဇူလိုင် ၁၉၈၂ – ၁၅ ဇူလိုင် ၁၉၈၄ | စင်ကာပူ |
Phan Wannamethee | ၁၆ ဇူလိုင် ၁၉၈၄ – ၁၅ ဇူလိုင် ၁၉၈၆ | ထိုင်း |
Roderick Yong | ၁၆ ဇူလိုင် ၁၉၈၆ – ၁၆ ဇူလိုင် ၁၉၈၉ | ဘရူနိုင်း |
Rusli Noor | ၁၇ ဇူလိုင် ၁၉၈၉ – ၁ ဇန်နဝါရီ ၁၉၉၃ | အင်ဒိုနီးရှား |
Ajit Singh | ၁ ဇန်နဝါရီ ၁၉၉၃ – ၃၁ ဒီဇင်ဘာ ၁၉၉၇ | မလေးရှား |
Rodolfo Severino Jr. | ၁ ဇန်နဝါရီ ၁၉၉၈ – ၃၁ ဒီဇင်ဘာ ၂၀၀၂ | ဖိလစ်ပိုင် |
Ong Keng Yong | ၁ ဇန်နဝါရီ ၂၀၀၃ – ၃၁ ဒီဇင်ဘာ ၂၀၀၇ | စင်ကာပူ |
Surin Pitsuwan | ၁ ဇန်နဝါရီ ၂၀၀၈ – ၃၁ ဒီဇင်ဘာ ၂၀၁၂ | ထိုင်း |
Lê Lương Minh | ၁ ဇန်နဝါရီ ၂၀၁၃ – ၃၁ ဒီဇင်ဘာ ၂၀၁၇ | ဗီယက်နမ် |
Lim Jock Hoi | ၁ ဇန်နဝါရီ ၂၀၁၈ – ၃၁ ဒီဇင်ဘာ ၂၀၂၂ | ဘရူနိုင်း |
Kao Kim Hourn | ၁ ဇန်နဝါရီ ၂၀၂၃ - လက်ရှိ | ကမ္ဘောဒီးယား |
ဒုတိယအတွင်းရေးမှူးချုပ်များ
[ပြင်ဆင်ရန်]အထွေထွေအတွင်းရေးမှူးချုပ်ကို ကူညီရန်အတွက် ဒုတိယဝန်ကြီးအဆင့်ရှိသော ဒုတိယအတွင်းရေးမှူးချုပ် (၄)ဦးရှိသည်။ထို (၄)ဦးမှာ အတွင်းရေးမှူးချုပ်နှင့် တစ်နိုင်ငံတည်းမဖြစ်စေရသည့်အပြင် မတူညီသည့် နိုင်ငံအသီးသီးမှ ခန့်အပ်ရမည်ဖြစ်သည်။(၄)ဦးအနက် (၂)ဦးမှာ သက်တမ်းတိုးနိုင်ခြင်းမရှိသည့် (၃)နှစ်ကို ထမ်းဆောင်နိုင်ပြီး ကျန်(၂)ဦးမှာ အရည်အချင်းပေါ်မူတည်၍ နောက်ထပ်(၃)နှစ် သက်တမ်းတိုးနိုင်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ASEAN Charter and its translation in ASEAN languages။
- ↑ အာဆီယံပဋိဉာဉ်။
- ↑ Secretary-General of ASEAN။ ASEAN Secretariat။ 16 October 2012 တွင် ပြန်စစ်ပြီး။
- ↑ Former Secretaries-General of ASEAN။ ASEAN Secretariat။ 16 October 2012 တွင် ပြန်စစ်ပြီး။