တီမျိုး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

တီမျိုးသည် ပါဏ‌ဗေဒပညာအလိုအရ တိရစ္ဆာန်‌လောက အတွင်းရှိ အနိမ့်တန်းစား သတ္တဝါမျိုး ဖြစ်သည်။ သို့‌သော် ထိုသတ္တဝါမျိုးတွင် တီ‌ကောင်သည် အဆင့်အတန်းအမြင့်ဆုံး သတ္တဝါ ဖြစ်သည်။ အဘယ်‌ကြောင့်ဆို‌သော် ယင်းသည် ‘အန် နီလစ်ဒါ’မျိုး‌ပေါင်းစုတွင် ပါဝင်၍၊ ကွင်းများဖြင့် ဆက်ထား ‌သော ကိုယ်ရှိ‌နေ ခြင်း‌ကြောင့်ဖြစ်သည်။

တီမျိုးအစစ်၌ နိုးတို‌ကော့‌ခေါ် အမာခံ အ‌မြှောင်း‌သော်၎င်း၊ ‌ကျောရိုး‌သော်၎င်း မရှိကြ‌ချေ။ အချို့တီမျိုး၏ ခန္ဓာကိုယ်၌ အတွင်းပိုင်းအဂင်္ါများတည်ရာ အ‌ခေါင်းပါရှိသည်၊ တုတ်ပြား ကဲ့သို့‌သော အခြားတီမျိုးများတွင်မူ ‌လျော့လျည်း‌သောတစ်ရှူး (အသားမျှင်)အတွင်း၌ အဂင်္ါများတည်ရှိကြသည်။ ယင်းတီမျိုး တွင် ခရုပက်ကျိမှာကဲ့သို့ တွားသွားနိုင်‌သော ‌ခြေများသော်၎င်း၊ ပိုး‌ကောင်များမှာကဲ့သို့ အဆက်များရှိ‌သော ‌ခြေများ‌သော်၎င်း မရှိကြ‌ချေ။ တီမျိုးတွင် မှန်ဘီလူးနှင့်ကြည့်မှသာ မြင်နိုင်သည့် အ‌ကောင်က‌လေးများမှ ‌ပေ‌ပေါင်း ၃၀ ရှိသည့် တုတ်ပြား‌ကောင် များအထိ အရွယ်အမျိုးမျိုး ရှိသည်။ ပါဏ‌ဗေဒအမည်အားဖြင့် ‘နင်မဟုတ်’ဟု ‌ခေါ်‌သော သန်‌ကောင်မျိုးများသည် တီမျိုးတွင် အပါအဝင်ဖြစ်၍၊ အ‌ရေအတွက်အများဆုံးဖြစ်သည်။ ထိုတီများ အနက် အချို့သည် မှန်ဘီလူးနှင့်ကြည့်မှသာ မြင်နိုင်‌လောက် ‌အောင် ‌သေးငယ်ကြသည်။ ထိုတီများသည် သန်းနှင့်ချီ၍ ‌ေ၇၊ ‌မြေဆီလွှာ၊ ‌ဆွေးမြည့်‌နေသည့် အပင်နှင့်တိရစ္ဆာန်များတွင် ‌နေထိုင်ကြသည်။ တီမျိုး အ‌မြောက်အမြားသည် လူနှင့်တိရစ္ဆာန် တို့၏ အ‌ရေးကြီး‌သော ပါရာဆိုက်များဖြစ်သည်။ ပါရာဆိုက် တီမျိုးများတွင် တုတ်ပြား၊ ပင်းဝမ်း၊ ချိန်သန်၊ တြစ်ခိုင်းန၊ သန်‌ကောင်နှင့် ဖစ်လာရီတို့ ပါဝင်သည်။ ထိုတီမျိုးများ‌ကြောင့် လူ၌ ‌ရောဂါကြီး အ‌မြောက်အမြား စွဲကပ်တတ်သည်။

ပါဏ‌ဗေဒပညာရှင်များသည် တီမျိုးများကို အဓိပ္ပါယ်သတ် မှတ်‌ဖော်ပြ၍၊ အမျိုးခွဲခြားရာ၌ များစွာဒုက္ခခံကြ၇‌လေသည်။ လင်နီးယပ်ဆိုသူကမူ ‌ကျောရိုးမဲ့တိရစ္ဆာန်များကို နှစ်မျိုးခွဲခြား ခဲ့သည်။ ထိုနှစ်မျိုးမှာ အင်းဆက်ပိုး‌ကောင်နှင့် ဗားမီးတို့ဖြစ် သည်၊ ဗားမီးအုပ်စုတွင် တီမျိုးနှင့်တူသည့် အ‌ကောင်များ၊ ယင်းတို့ထက် ‌အောက်တန်းကျသည်တူသည့် အ‌ကောင်များ၊ ယင်းတို့ထက် ‌အောက်တန်းကျသည့် အ‌ကောင်များ အ‌မြောက် အမြား ပါဝင်သည်။ ယခုအခါ၌မူ သီးခြားတီမျိုးစုများရှိ‌နေ ‌ပေပြီ။

တီမျိုးသည် အများအားဖြင့် မျိုး‌ပေါင်စု သုံးစုရှိသည့် အနက် တစ်စုစုတွင် ပါဝင်သည်။ ထိုသုံးမျိုးမှာ တုတ်ပြားမျိုး (ဝါ) ပလက်တီဟယ်လမင်သီး၊ သန်‌ကောင်လုံး (ဝါ) နက်မာ သယ်မင်သီး၊ အစိတ်အပိုင်းများရှိ‌သော တီမျိုး (ဝါ) အန်နီ လစ်ဒါတို့ဖြစ်သည်။ ထိုသုံးမျိုးအနက် အန်နီလစ်ဒါမျိုး မျိုး ‌ပေါင်းစုသည် အတန်းမြင့်ဆုံး တီမျိုးဖြစ်သည်။ ထိုတီမျိုးတွင် ‌မြှော့များနှင့်တီ‌ကောင်များ ပါဝင်သည်။

တီ‌ကောင်ကို ကမ္ဘာအရပ်ရပ်၌ ‌နွေး၍စိုထိုင်း‌သော ‌နေရာ တိုင်းတွင်‌တွေ့နိုင်၏။ တီ‌ကောင်၌ အစိတ်အပိုင်း သို့မဟုတ် ကွင်းများရှိသည်။ အ‌ရောင်မှာ နီညို‌ရောင်ဖြစ်သည်။ တီ‌ကောင် ၏ အရှည်သည် တစ်လက်မ၏ ၂၅ စိတ် တစ်စိတ်မှ ‌ပေများ စွာအထိရှိနိုင်သည်။ ကိုယ်ထည်မှာ ‌သေးသွယ်၍ ကျိချွဲသည့် အရည်ဖြင့် စိုလျက်ရှိသည်။ ကမ္ဘာ့အပူပိုင်း‌ဒေသများတွင် တီ‌ကောင်အရှည်ဆုံးကို ‌တွေ့နိုင်သည်။တီ‌ကောင်၌မျက်စိများမရှိ‌ချေ။ သို့‌သော် အစိတ်အပိုင်းတိုင်း၌ အလင်းကိုသိနိုင်‌သောအစက် တစုံစီ ရှိသည်။

တီ‌ကောင်၌ အမှင်‌လေးစုံရှိသည်။ ‌အောက်ဖက်၌ နှစ်တန်း ရှိ၍၊ ခန္ဓာကိုယ်၏ တစ်ဖက်တစ်ချက်စီတွင် တတန်းစီရှိသည်။ ထိုအမှင်များက ကြွက်သားနှစ်မျိုးကို ကျုံ့ရာတွင် အကူအညီ‌ပေး ကြသည်။ ကြွက်သားတစ်မျိုးက ခန္ဓာကိုယ်တွင် ပတ်လျက် တည်ရှိသည်။ ‌မြေကြီးထဲသို့ တီ‌ကောင်‌ရွေ့ရှားရာ၌ တွင်းကိုဖြစ် ‌စေသည်။ ‌မြေတွင်းတူးရာတွင် အသံတိုးတိုးပြုသည်ဟုဆိုသည်။ ထိုအသံဖြင့် တီ‌ကောင်ချင်းချင်း အဆက်အသွယ်လုပ် နိုင်သည်၊ မလုပ်နိုင်သည်ကိုမူ မသိ၇‌ချေ။

တီ‌ကောင်သည် လွယ်ကူစွာ မဖယ်ရှားနိုင်‌သော မာသည့် ‌မြေဆီလွှာအထပ်များကို စားပစ်သည်။ ‌ဆွေးမြည့်‌နေသည့် ဟင်း သီးဟင်းရွက် ပစ္စည်းများကို စားပြီး‌နောက် ညအချိန်ကျ‌ရောက် လျှင် ‌မြေတွင်းထဲသို့ဆွဲသွင်းရန် သစ်ရွက်အစက‌လေးများကို ရှာ‌ဖွေတတ်သည်။ အစာကိုစား‌နေစဉ် ‌မြေဆီလွှာနှင့် အခြား အသုံးမကျသည့် ပစ္စည်းများသည် အစာ‌ကြောင်းမှ ထွက်လာ ကြပြီးလျှင်၊ ‌မြေကြီး‌ပေါ်၌ တီကျစ်စာအဖြစ်ဖြင့် ကျန်ရစ်ခဲ့ သည်။

တီ‌ကောင်သည် အများအားဖြင့် ‌နွေး၍ ‌မှောင်သည့်‌နေရာ တွင် ‌နေ‌လေ့ရှိ၏။ ‌နေပူရှိန်‌ကြောင့် ဖြစ်‌စေ၊ ‌လေ‌အေး‌ကြောင့် ဖြစ်‌စေ တီ‌ကောင်သည် အင်အားချည့်နဲ့လာတတ်သည်။ မိုး သက်‌လေကြမ်းကျပြီးချိန်တွင် ‌မြေကြီး‌ပေါ်နှင့် လူသွားလမ်းများ ‌ပေါ်၌ တီ‌ကောင်များကို မြင်ရတတ်သည်။ ထိုသို့‌မြေ‌ပေါ်၌ မြင်ရခြင်းမှာ တီ‌ကောင်များ၏ တွင်းများသို့ ‌ေ၇ဝင်၍ အတွင်း မှ‌လေကို မိုး‌ရေက ဖယ်ထုတ်ပစ်ခြင်း‌ကြောင့် ‌လေ၇ရန်အတွက် ‌မြေမျက်နှာပြင်သို့ ထွက်လာကြခြင်းဖြစ်သည်ဟု သိပ္ပံပညာရှင် များက ယုံကြည်ကြသည်။

တီ‌ကောင်သည် ဥမှ‌ပေါက်ပွား၏။ ဥများကို မာသည့် ‌နေရာများတွင် အုထားတတ်သည်။ ဥ၏အရွယ်မှာ မုန်ညင်း ‌စေ့အရွယ်ခန့်ရှိသည်။ တီ‌ကောင်သည် နှစ်ပိုင်းပြတ်သွားလျှင် ‌ခေါင်းပိုင်းနှင့် အမြီးသစ်တစ်ခု ထပ်၍ ထွက်လာနိုင်သည်။ တီ‌ကောင်သည် ‌မြေတွင်းတူးသည့်အ‌လေ့‌ကြောင့် လယ် သမားများအား အလွန်ကူညီရာ‌ရောက်‌ပေသည်။ ‌မြေဆီလွှာတွင် အ‌ပေါက်ငယ်က‌လေးများ ပြည့်နှက်လျက်ရှိလျှင်၊ ‌မြေကြီး အတွင်း၌ ‌လေနှင့်‌ေ၇‌ငွေ့တို့ကို ပို၍သို‌လှောင်ထားနိုင်သည်။ ဤအချက်သည် ‌ကောက်ပဲသီးနှံတို့ ရှင်သန်‌စေရန် အ‌ထောက် အပံ့ပြုသည်။

ထိုပြင် တီကျစ်စာများ‌ကြောင့် ‌မြေဆီလွှာသည် ‌မြေဩဇာ ‌ကောင်းလာနိုင်သည်။ ထို‌ကြောင့် သဘာဝ ပညာရှင်ကြီး ဂီးလ ဗတ်ဝှိုက်က တီ‌ကောင်များသာမရှိလျှင် ‌မြေကြီးသည် ‌မြေဩဇာ ကင်း၍ အဖိုးမတန်ဖြစ်လိမ့်မည်ဟု ‌ပြောဆိုခဲ့ခြင်းဖြစ်‌ပေသည်။ ချားဒါဝင်ကလည်း ဥယျာဉ်‌မြေ တစ်ဧကလျှင် တီ‌ကောင်‌ပေါင်း ၅၃၀၀၀ ခန့်ရှိ၍၊ ယင်းတို့၏ကိုယ်တွင်းမှ ‌မြေဆီလွှာ ၁၀ တန်မျှသည် နှစ်တိုင်းထွက်လျက်ရှိသည်ဟု ခန့်မှန်းခဲ့‌လေသည်။ မှန်း‌ခြေအားဖြင့် ‌မြေတစ်ဧက၏ အ‌ပေါ်လွှာ၌ တီကျစ်စာ တစ်နှစ်လျှင် ၁၀ တန်မျှ ပြည့်နှက်လျက်ရှိနိုင်သည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ(၄)