မာတိကာသို့ ခုန်သွားရန်

ကော်ဒိတ်

ဝီကီပီးဒီးယား မှ
ကော်ဒိတ်
(Chordates)
Temporal range:
(Fortunian) – (Holocene), 535–0 Ma
VertebrataVetulicoliaTunicataCephalochordata
မျိုးပေါင်းစုသေး ၄-ခုမှ ကော်ဒိတ်များ၏ ဥပမာ၊ ဆိုက်ဘေးရီးယားကျား (Siberian Tiger) ((Vertebrata)) တစ်ကောင်၊(Polycarpa aurata) (Tunicata) တစ်ကောင်၊ Ooedigera peeli (Vetulicolia) တစ်ကောင်၊ (Branchiostoma lanceolatum) (Cephalochordata) တစ်ကောင်။
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
လောကသေး: Eumetazoa
Clade: ParaHoxozoa
Clade: Bilateria
Clade: Nephrozoa
Superphylum: Deuterostomia
မျိုးပေါင်းစု: Chordata
Haeckel, 1874[၁][၂]
Subgroups

And see text

ကော်ဒိတ် (/ˈkɔːrdeɪt/) ဆိုသည်မှာ ကော်ဒေတာ(Chordata) မျိုးပေါင်းစု (phylum) ဝင် အကောင်များ (animal) ကို ဆိုလိုသည်။ (နိုတကော့ဒ် ((notochord)) ရှိသူများကို ကော်ဒေတာ မျိုးပေါင်းစုဝင်ဟု ခေါ်ကြသည်။)

Deuterostomes
 
Ambulacraria
 

Hemichordates

 
 

Echinoderms

 
 
Chordates
 

Cephalochordates

 
Olfactores
 

Tunicates

 
 

Craniates (ကျောရိုးရှိသတ္တဝါများ)

 
 
 
 
 
ကော်ဒိတ် မိသားစုဝင်များဆက်စပ်ပုံဇယား (family tree)[၄]

ခန္ဓာဗေဒ

[ပြင်ဆင်ရန်]
ဖန်ငါးခူ (glass catfish သို့မဟုတ် Kryptopterus vitreolus)သည် ကျောရိုး(backbone)ကို အပြင်မှ မြင်နိုင်သည့် ကော်ဒိတ်အချို့မှ တစ်မျိုး ဖြစ်သည်။ ကျောရိုးအာရုံကြော(spinal cord)သည် ကျောရိုးအတွင်း၌ ရှိသည်။

ကော်ဒိတ်များသည် ၎င်းတို့ဘဝအဆင့်အချို့တွင် အောက်ပါ ခန္ဓာဗေဒသွင်ပြင်လက္ခဏာများရှိသော တိရစ္ဆာန်လောက(Animalia Kingdom)အတွင်းရှိ မျိုးပေါင်းစုတစ်ခုအဖြစ် သတ်မှတ်သည်။[၅]

  • နိုတကော့ဒ် (notochord)။ ခန္ဓာကိုယ်၏ အတွင်းပိုင်းတစ်လျှောက်တွင် အရိုးနုဖြင့် ဖွဲ့စည်းထားသည့် အတန်အသင့်မာသော အချောင်း။ ကျောရိုးရှိ သတ္တဝါအမျိုးအစားတွင် ၎င်းသည် ကျောရိုး (spine) အဖြစ်သို့ ဖွံ့ဖြိုးသည်။ ရေနေမျိုးစိတ်များတွင် ၎င်းသည် အမြီးကို အားဖြည့်ခြင်းဖြင့် ရေကူးရာတွင် အထောက်အကူပြုသည်။
  • ကျောရိုးအာရုံကြောသွားပိုက် (dorsal neural tube)
  • ဖဲရဲန်ဂျီးယယ်ကွဲကြောင်း (Pharyngeal slit)
  • အမြီး (Post-anal tail)
  • အဲန်ဒိုစတိုင်လ် (Endostyle)။ လည်ချောင်းဝ (pharynx)၏ အောက်ပိုင်းနံရံ (ventral wall) တွင်ရှိသော မြောင်း (groove)။ ရေစာစစ်စားကောင်များ (Filter feeder) မျိုးစိတ်တွင် ၎င်းသည် အစာအပိုင်းအစများကို စုဆောင်းရန်နှင့် အီဆော့ဖစ်ဂပ်စ် (esophagus)သို့ သယ်သွားရန် အထောက်အကူပြုသည့် အကျိအချွဲများ သို့မဟုတ် သလိပ်ရည်တို့ကို ထုတ်လုပ်ပေးသည်။[၄] ၎င်းသည် အိုင်အိုဒင်းကို သိုလှောင်နိုင်ပြီး၊ ကျောရိုးရှိ သတ္တဝါတို့တွင် သိုင်းရွိုက်ဂလင်း (thyroid gland) ၏ ရှေ့ပြေးဟုဆိုနိုင်သည်။[၅]
(cephalochordate) (Amphioxus)တစ်ကောင်၏ ခန္ဓာဗေဒ သရုပ်ပြပုံ။ ကော်ဒိတ်များ၏ ဘဝအဆင့်အချို့တွင် ပိုင်ဆိုင်သော တခြား မျိုးပေါင်းစုများမှ ကွဲလွဲသည့် ခန္ဓာဗေဒသွင်ပြင်လက္ခဏာများတို့ကို စာလုံးမည်းဖြင့် ပိုထင်ရှားအောင် ပြထားသည်။

အမျိုးအစားခွဲခြားခြင်း

[ပြင်ဆင်ရန်]

အောက်ပါ အမျိုးအစားခွဲခြားခြင်းဇယားသည် ၂၀၀၄-ခုနှစ်ထုတ် ကျောရိုးရှိသတ္တဝါဆိုင်ရာ နိခါတကဗေဒစာအုပ်မှ ဖြစ်သည်။[၆][၇] ကျောရိုးမဲ့ ကော်ဒိတ်မျိုးပေါင်းများ (invertebrate chordate classes) မှာမူ ကမ္ဘာ့ငါးများ (Fishes of the World) စာအုပ်မှ ဖြစ်သည်။[၈]

  • ကော်ဒိတ်မျိုးပေါင်းစု (Phylum Chordate)
    • †Vetulicolia?
    • မျိုးပေါင်းစုသေး (Subphylum) Cephalochordata (Acraniata) – (lancelets၊ မျိုးစိတ် ၃၀-ခု)
      • မျိုးပေါင်း (Class) Leptocardii (lancelets)
    • Clade Olfactores
      • မျိုးပေါင်းစုသေး (Subphylum) Tunicata (Urochordata) – (tunicates၊ မျိုးစိတ် ၃,၀၀၀-ခု)
        • မျိုးပေါင်း (Class) Ascidiacea (sea squirts)
        • မျိုးပေါင်း (Class) Thaliacea (salps)
        • မျိုးပေါင်း (Class) Appendicularia (larvaceans)
        • မျိုးပေါင်း (Class) Sorberacea
      • မျိုးပေါင်းစုသေး (Subphylum) Vertebrata (Craniata) (ကျောရိုးရှိသတ္တဝါများ (vertebrates)၊ မျိုးစိတ် ၅၇,၆၇၄-ခု)
        • မျိုးပေါင်းကြီး (Superclass) 'Agnatha' paraphyletic (မေးရိုးမဲ့ ကျောရိုးရှိသတ္တဝါများ (jawless vertebrates)၊ မျိုးစိတ် ၁၀၀ ကျော်)
        • Infraphylum Gnathostomata (မေးရိုးနှင့် ကျောရိုးရှိသတ္တဝါများ)
          • မျိုးပေါင်း (Class) †Placodermi (Paleozoic armoured forms; paraphyletic in relation to all other gnathostomes)
          • မျိုးပေါင်း (Class) Chondrichthyes (အရိုးနု ငါးအမျိုးအစားများ (cartilaginous fish)၊ မျိုးစိတ် ၉၀၀ ကျော်)
          • မျိုးပေါင်း (Class) †Acanthodii (Paleozoic "spiny sharks"; paraphyletic in relation to Chondrichthyes)
          • မျိုးပေါင်း (Class) Osteichthyes (အရိုးမာ ငါးအမျိုးအစားများ၊ မျိုးစိတ် ၃၀,၀၀၀ ကျော်ရှိ)
            • မျိုးပေါင်းသေး (Subclass) Actinopterygii (ဆူးတောင်ဆက် ငါးအမျိုးအစားများ (ray-finned fish)၊ မျိုးစိတ် ၃၀,၀၀၀ ခန့်ရှိ)
            • မျိုးပေါင်းသေး (Subclass) Sarcopterygii (ဆူးတောင်ဖု ငါအမျိုးအစားများ (lobe-finned fish)၊ မျိုးစိတ် ၈-ခု)
          • မျိုးပေါင်းကြီး (Superclass) Tetrapoda (ခြေလေးချောင်းနှင့် ကျောရိုးရှိသတ္တဝါများ၊ မျိုးစိတ် ၂၈,၀၀၀ ကျော်) (အောက်ဖော်ပြပါ မျိုးရိုးအခွဲများသည် Benton 2004 စာအုပ်[၆]မှ ယူထားခြင်းဖြစ်ပြီး၊ အဆင့်အတန်းအခြေပြု လင်းနီးယပ်၏ မျိုးရိုးခွဲခြားခြင်းစနစ် (Linnaean taxonomy)နှင့်လည်း ပေါင်းစပ်ထားကာ၊ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်အရ ဆက်စပ်မှုများကိုလည်း ထင်ဟပ်ထားစေသည်။ ယခင်က ပိုမိုမြင့်မားသော မျိုးရိုးခွဲအဆင့် သတ်မှတ်ခံထားရသော်လည်း Benton သည် ဆူးတောင်ဖု ငါအမျိုးအစားများ (lobe-finned fish)မှ tetrapods များ၏ တိုက်ရိုက်ဆင်းသက်မှုကို ထင်ဟပ်စေရန် မျိုးပေါင်းကြီး Tetrapoda ကို မျိုးပေါင်းသေး Sarcopterygii တွင်ထည့်သွင်းခဲ့သည်။)
            • မျိုးပေါင်း (Class) Amphibia (ကုန်းတစ်ပိုင်း ရေတစ်ပိုင်းသတ္တဝါ၊ မျိုးစိတ် ၈,၁၀၀ ကျော်ရှိ)[၉]
            • မျိုးပေါင်း (Class) Sauropsida (တွားသွားသတ္တဝါများ(ငှက်များအပါအဝင်၊ မျိုးစိတ် ၁၉,၀၀၀ကျော် – ငှက်မျိုးစိတ် ၁၀,၀၀၀ ကျော်နှင့် တွားသွားသတ္တဝါ မျိုးစိတ် ၉,၅၀၀ ကျော်)[၁၀][၁၁]
            • မျိုးပေါင်း (Class) Synapsida (နို့တိုက်သတ္တဝါများ၊ မျိုးစိတ် ၅,၇၀၀ ကျော်)

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ Haeckel, E. (1874). Anthropogenie oder Entwicklungsgeschichte des Menschen. Leipzig: Engelmann.
  2. ↑ Nielsen, C. (July 2012). "The authorship of higher chordate taxa". Zoologica Scripta 41 (4): 435–436. doi:10.1111/j.1463-6409.2012.00536.x.
  3. ↑ "A new vetulicolian from Australia and its bearing on the chordate affinities of an enigmatic Cambrian group" (2014). BMC Evolutionary Biology 14. doi:10.1186/s12862-014-0214-z. PMID 25273382.
  4. 1 2 Ruppert, E. (January 2005). "Key characters uniting hemichordates and chordates: homologies or homoplasies?". Canadian Journal of Zoology 83: 8–23. doi:10.1139/Z04-158. Retrieved on 2008-09-22. မော်ကွန်းတင်ပြီးမိတ္တူ။ 9 December 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 October 2020 တွင် ပြန်စစ်ပြီး။ မော်ကွန်းတင်ပြီးမိတ္တူ။ 9 December 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 October 2020 တွင် ပြန်စစ်ပြီး။
  5. 1 2 "Evolution and Development of the Chordates: Collagen and Pharyngeal Cartilage" (March 2006). Molecular Biology and Evolution 23 (3): 541–549. doi:10.1093/molbev/msj055. PMID 16280542.
  6. 1 2 Benton, M.J. (2004). Vertebrate Palaeontology, Third Edition. Blackwell Publishing. The classification scheme is available online 19 October 2008 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
  7. ↑ Benton၊ Michael J. (2014)။ Vertebrate Palaeontology (4th ed.)။ John Wiley & Sons။ ISBN 978-1-118-40764-6။
  8. ↑ Nelson, J. S. (2006)။ Fishes of the World (4th ed.)။ New York: John Wiley and Sons, Inc။ ISBN 978-0-471-25031-9။
  9. ↑ ASW Home။ American Museum of Natural History, New York။ 11 November 2019 တွင် ပြန်စစ်ပြီး။
  10. ↑ Reptiles face risk of extinction (15 February 2013)။ 17 September 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 October 2020 တွင် ပြန်စစ်ပြီး။
  11. ↑ New Study Doubles the Estimate of Bird Species in the World။ Amnh.org။ 25 September 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2018-10-15 တွင် ပြန်စစ်ပြီး။