မာတိကာသို့ ခုန်သွားရန်

ရေဘဝဲ

ဝီကီပီးဒီးယား မှ
ရေဘဝဲ
Temporal range: Middle Jurassic – recent
Common octopus on seabed
Common octopus
(Octopus vulgaris)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Mollusca
မျိုးပေါင်း: Cephalopoda
မျိုးပေါင်းသေး: Coleoidea
(unranked): Neocoleoidea
Superorder: Octopodiformes
မျိုးစဉ်: Octopoda
Leach, 1818[]
Suborders

(traditional)

See § Evolution for families

Synonyms
  • Octopoida
    Leach, 1817[]
ပုံဖျောက်နေသော ရေဘဝဲ

သွေးအပူချိန်ပြောင်း သတ္တဝါမျိုး ဖြစ်သော ရေဘဝဲ (အင်္ဂလိပ်: octopus) ဆိုသည်မှာ ကိုယ်ပျော့သတ္တဝါများ အထဲမှ (ကိုယ်ခန္ဓာအဖြစ်) ခေါင်းအပျော့ ၁ခုနှင့် ခြေတံ(လက်တံ)အပျော့ ၈ချောင်း ပါရှိသည့် မျိုးစဉ်(မျိုးအုံ) တစ်မျိုး ဖြစ်၏။ ယေဘုယျအားဖြင့် ခေါင်းပိုင်းတွင် မျက်လုံး ၂လုံးနှင့် စုပ်ခွက်များ ပါဝင်သော လက်တံ ၄စုံ (၈ချောင်း) ပါရှိသည်။ ပါးစပ်ပေါက်ကို ၎င်း (လက်တံတို့ ခေါင်းပိုင်းနှင့် ဆက်နေရာ) လက်တံရင်းများက ဝန်းရံလျက်သား ရှိနေ၏။

ရေဘဝဲအများစု၏ ကိုယ်ခန္ဓာ အတွင်းအပြင်တို့တွင် နံရိုးများ မရှိကြပေ။ ထို့အတွက်ကြောင့် ကျဉ်းမြောင်းသော နေရာများသို့ ကိုယ်ကိုရှုံ့၍ ဝင်ရောက်နိုင်သည်။ ရေဘဝဲများသည် အသိဉာဏ် မြင့်မားကြပြီး ကျောရိုးမဲ့ သတ္တဝါများတွင် ဉာဏ်ရည် အမြင့်မားဆုံး ဖြစ်နိုင်သည်။

ရေဘဝဲများသည် သမုဒ္ဒရာ အစိတ်အပိုင်း အတော်များများတွင် နေထိုင်ကြပြီး အထူးသဖြင့် သန္တာကျောက်တန်းများတွင် နေထိုင်လေ့ ရှိကြသည်။ သူတို့အား လိုက်လံဖမ်းဆီးသည့် သတ္တဝါများ ရန်မှ ကာကွယ်ရန်အတွက် ပုန်းအောင်းခြင်း၊ လျင်မြန်စွာ ထွက်ပြေးခြင်း၊ မှင်ကဲ့သို့ အရည်များ ထုတ်လွှတ်ခြင်းနှင့် အရောင်ပြောင်း၍ ပုန်းအောင်းခြင်းများကို လုပ်ဆောင်လေ့ ရှိကြသည်။

ရေဘဝဲများသည် ရေကူးသည့် အချိန်တွင် သူတို့၏ လက်တံများကို အနောက်တွင် အမြီးသဏ္ဌန် ပါလာလေ့ ရှိသည်။ ရေဘဝဲများ အားလုံးတွင် အဆိပ်ရှိကြသော်လည်း သေးငယ်ပြီး အပြာရောင် အကွင်းများ ပါရှိသည့် ရေဘဝဲတစ်မျိုးသာ လူကို သေစေနိုင်လောက်သည့် အဆိပ် ရှိသည်။

လေ့လာတွေ့ရှိထားသမျှ ရေဘဝဲမျိုးကွဲပေါင်း ၃၀၀ ခန့် ရှိပြီး ၎င်းမှာ စီဖာလိုပေါ့ဒ် (cephalopods) များ၏ သုံးပုံတစ်ပုံခန့်မျှ ဖြစ်သည်။ ရေဘဝဲ၏ အင်္ဂလိပ် အခေါ်အဝေါ် အော်တိုပတ်စ်မှာ ဂရိဘာသာစကားမှ ဆင်းသက်လာပြီး ခြေရှစ်ချောင်းဟု အဓိပ္ပာယ် ရသည်။

အကိုးအကား

[ပြင်ဆင်ရန်]
  1. ITIS Report: Octopoda Leach, 1818 Itis.gov (10 April 2013)။ 4 February 2014 တွင် ပြန်စစ်ပြီး။
  2. Coleoidea – Recent cephalopods