ဖား

ဝီကီပီးဒီးယား မှ
ဖား (Frog)
Temporal range:
Early JurassicPresent, 200–0 Ma
ဖားမျိုးစိတ်အမျိုးမျိုး
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Amphibia
Clade: Salientia
မျိုးစဉ်: Anura
Duméril, 1806 (as Anoures)
မျိုးစဉ်ခွဲ

Archaeobatrachia
Mesobatrachia
Neobatrachia
 –
List of Anuran families

Native distribution of frogs (in green)
သစ်ပင်ဖြူဖား (Litoria caerulea)

ဖား သည် ကုန်းနေရေနေသတ္တဝါဖြစ်သည်။ ရှည်လျားသော နောက်ခြေ၊ တိုတောင်းသောခန္ဓာကိုယ်၊ ဆက်စပ်နေလောလက်ချောင်းနှင့် ခြေချောင်းများ၊ ပြူးကျယ်နေသောမျက်လုံးနှင့် အမြီးမရှိခြင်းတို့ သည် ဖား၏ ထင်ရှားသော လက္ခဏာများဖြစ်သည်။ ဖားများသည် ရေတစ်ဝက် ကုန်းတစ်ဝက်နေတတ်သော သဘာဝရှိပြီး ကုန်းပေါ်တွင် ခုန်ခြင်း တွယ်ကပ်ခြင်းတို့ဖြင့် ရွေ့လျားသွားလာကြသည်။ သူတို့သည် ပုံမှန်အားဖြင့် ဥများကို ရေအိုင်ငယ်လေးများ၊ ရေအိုင်များနှင့် ကန်များတွင် ဥတတ်ကြသည်။ သူတို့၏ အကောင်လောင်း(larvae) များကို ဖားလောင်းများ(tadpoles) ဟုခေါ်ကြပြီး ပါးဟက်များရှိကာ ရေထဲတွင် ကြီးထွားကြသည်။ ဖားအကောင်ကြီးများသည် အသားစားသတ္တဝါများဖြစ်ပြီး သူတို့၏ အစာမှာ arthropods, annelids နှင့် gastropods တို့ဖြစ်သည်။ ဖားများကို နေ့ဖြစ်စေ ညဖြစ်စေ သူတို့၏အသံဖြင့် သတိပြု နိုင်ပြီး အထူးသဖြင့် မိတ်လိုက်သည့်ရာသီတွင် ပို၍ ကြားရလေ့ရှိသည်။

ဖားမျိုးစိတ်အသစ်[ပြင်ဆင်ရန်]

ကမ္ဘာတွင် မှတ်တမ်းမတင်ရသေးသော ဖားမျိုးစိတ် အသစ်နှစ်မျိုးကို ပခုက္ကူမြို့နယ်၊ ပေါက်အင်းရွာနှင့် ရေစကြိုမြို့နယ်၊ ကန်ပေါက်ရွာတို့မှ တွေ့ရှိခဲ့သည်။ ထိုတွေ့ရှိချက်အသေးစိတ်ကို International peer review journal(Zoological Research-ZR - journal) Volume 40 Issue 4 တွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၈)ရက်‌နေ့က ဖော်ပြကာ အသိအမှတ်ပြုခဲ့သည်။

အဆိုပါ မျိုးစိတ်အသစ်များကို ပခုက္ကု ဧရာဝတီမြစ်ကူးတံတားအနီး ပေါက်အင်းမှာ တွေ့ရှိခဲ့၍ မျိုးစိတ်အသစ်အမည်ကို Microhyla Irrawaddy ဟုလည်းကောင်း၊ ကန်ပေါက်ရွာအနီးမှ တွေ့ရှိခဲ့သော မျိုးစိတ်သစ်ကို Microhyla fodiens ဟုလည်းကောင်းအသီးသီးအမည်ပေးခဲ့လေသည်။ တွင်းအောင်းသဲဖားအမျိုးအစားဖြစ်သည်။ အရွယ်အစားမှာ လက်သည်းခွန် အရွယ်အစားမျှ ဖြစ်ပြီး အရွယ်ရောက်အကောင်သည် ၅ စင်တီမီတာခန့်သာရှိ၍ ခြေလေးချောင်း သတ္တဝါများတွင် အရွယ်သေးငယ်လွန်းသည်ဟု သိရသည်။ ဒေသအခေါ်အဝေါ်မှာ ဖလတက်ဖလက်နီဟု အမျိုးမျိုး ခေါ်ကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မန္တလေးနေ့စဉ်သတင်းစာ၊ ၁၂-၁၀-၂၀၁၉၊ စာ-၂၄