ဝေဘူလမြို့
ပုံပန်းသွင်ပြင်
(ဝေဘူလရွာ၊ ဖလမ်းမြို့နယ် မှ ပြန်ညွှန်းထားသည်)
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ |
ဝေဘူလမြို့သည် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့နယ်တွင် ရှိသည့် မြို့တစ်မြို့ဖြစ်သည်။[၁] စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ် ဆက်သွယ်ပေးထားသည့် မြို့တစ်မြို့ဖြစ်ပြီး ကလေးမြို့မှ ၁၆ မိုင်၊ နတ်ချောင်းကျေးရွာမှ ၁၂ မိုင်၊ ဖလမ်းမြို့မှ ၄၂ မိုင်အကွာတွင် တည်ရှိသည်။ ရပ်ကွက် (၄) ရပ်ကွက်ရှိပြီး အိမ်ခြေ (၁၇၀) နှင့် လူဦးရေ ၁၀၀၀ ကျော်ခန့် နေထိုင်ကြသည်။
ဖလမ်းမြို့နယ်၊ ဝေဘူလကျေးရွာအုပ်စုရှိ ဝေဘူလရွာနှင့် မွာလ်ဇောလ်ရွာ တို့ကို ရပ်ကွက် ၄ ခုပါဝင်သော ဝေဘူလမြို့အဖြစ် ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၉ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် မြို့ဖွင့်ပွဲ ပြုလုပ်ခဲ့သည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Place codes (Pcodes)။ Myanmar Information Management Unit (June 2020)။
- ↑ "မြို့သုံးမြို့ဖွင့်ပွဲများတွင် ဝေဘူလမြို့ဖွင့်ပွဲတွင်သာ ဝန်ကြီးချုပ်တက်ရောက်ပြီး လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့" (in my)၊ နိုင်ငံတကာမြန်မာ့သတင်း။
ဤ ချင်းပြည်နယ် ပထဝီဝင်တည်နေရာဆိုင်ရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |