ရေယဉ်ကတော်

ဝီကီပီးဒီးယား မှ

ရေယဉ်ကတော်သည် မြန်မာ့မိရိုးဖလာကိုးကွယ်ယုံကြည်ကြသည့် နတ်တစ်ပါး ဖြစ်သည်။ ရေယဉ်ကတောကို ရေယဉ်ကတော်၊ အနောက်မယ်ရေယဉ်၊ အမယ်အိုကြီးနတ် စသည်ဖြင့် အမျိုးမျိုး ခေါ်ကြသေးသည်။ အမေကြီးသည် ရိုးရာ နတ်တပါးဖြစ်သလို စုန်း၊ကဝေ၊ပညာသည်တို့၏အချုပ်ဖြစ်သည် အောက်ဝိဇ္ဇာဓိုရ် တပါးဖြစ်သည်။ ဆပ်သဖူနဲ့ ရေဦးသူ၊ဆပ်သဘင်နဲ့‌ေရယဉ်သူဟုစာဆိုရှသည်။ef name="မြန်မာ့မိရိုးဖလာဓလေ့ နတ်သမိုင်း">ဦးထွေးဟန် (ဇူလိုင် ၁၉၉၁)။ မြန်မာ့မိရိုးဖလာဓလေ့ နတ်သမိုင်း။ ရန်ကုန်: ရွှေပုရပိုက်စာပေ။ pp. ၁၂၀။</ref>

သမိုင်း[ပြင်ဆင်ရန်]

အမေရေယဉ်သည် အလုံဘိုးတော်ကြီးခေါ် ဗဒုံနတ်ကြီး၏ နှမတော်စပ်သည်ဟုလည်း ဆိုကြသည်။

ကိုးကွယ်ယုံကြည်မှုများ[ပြင်ဆင်ရန်]

တပေါင်းလဆန်း ၃ ရက်နေ့မှ ၉ ရက်နေ့အထိ မုံရွာခရိုင်ယင်းမာပင်မြို့နယ်၊ ဇီးတောရွာအနီးရှိ ရေယဉ်ကတော်၏ နတ်နန်းတွင် နတ်ပွဲပြုလုပ်ကြသည်။ အနယ်နယ်အရပ်ရပ်မှ သိုးဆောင်းကြီး၊ သိုးဆောင်းကလေး၊ နတ်ထိန်း၊ နတ်ကတော်များသည် ပွဲတော်သို့ လာရောက်ကြ၍ ကန္နားဆက်ကြသည်။ တောင်ခြေအနီးအရှိ ချောင်းယောင်ယောင် မြောင်းယောင်ယောင် ချိုင့်ဝှမ်းနေရာသည် နတ်ပွဲမရှိလျှင် ခန်းခြောက်နေတတ်ပြီး နတ်ပွဲရှိသည့်အခါတွင် ရေပြည့်လျှံနေသည်။ ၎င်းနေရာကို ရေယှဉ်ချောင်း သို့မဟုတ် ရေယဉ်ချောင်းဟု အချို့က ခေါ်ကြသည်။ ပွဲတော်သို့ ဆားလင်း၊ ပုလဲ၊ ယင်းမာပင် စသည့် မြို့များမှ လှည်းအစီးပေါင်း ၅၀၀၀ မျှ လာရောက်ကြသည်။

နတ်ပွဲပြုလုပ်သည့်ရက်အတွင်းတွင် ယင်းမာပင်မြို့နယ်ရှိ ကျေးရွာများတွင် မည်သည့်အလှူမင်္ဂလာပျော်ပွဲရွှင်ပွဲမျှ မပြုလုပ်ရဘဲ ရပ်ဆိုင်းထားကြရသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named မြန်မာ့မိရိုးဖလာဓလေ့ နတ်သမိုင်း