မွန်တားနားပြည်နယ်

ဝီကီပီးဒီးယား မှ
မွန်တားနားပြည်နယ်
Flag of မွန်တားနား State seal of မွန်တားနား
Flag တံဆိပ်
အခြားအမည်များ: Big Sky Country, The Treasure State
ဆောင်ပုဒ်: Oro y Plata
အမေရိကန်ပြည်ထောင်စု၏ မြေပုံ မွန်တားနား အရောင်ခြယ်ပြထား
အမေရိကန်ပြည်ထောင်စု၏ မြေပုံ မွန်တားနား အရောင်ခြယ်ပြထား
ရုံးသုံးဘာသာစကားများ အင်္ဂလိပ်ဘာသာ
မြို့သား မွန်တားနန်း
မြို့တော် ဟယ်လင်နာမြို့
အကြီးဆုံးမြို့ ဗီးလင်းမြို့
အကြီးဆုံး မက်ထရိုဧရိယာ Billings Metropolitan Area
ဧရိယာ  အမေရိကန်အဆင့် စတုတ္ထမြောက်
 - စုစုပေါင်း ၁၄၇,၀၄၀[၁] စတုရန်းမိုင်
(၃၈၀,၈၀၀ စတုရန်း ကီလိုမီတာ)
 - အကျယ် ၆၃၀ miles (၁,၀၁၅ ကီလိုမီတာ)
 - အရှည် ၂၅၅ miles (၄၁၀ ကီလိုမီတာ)
 - ရေရာခိုင်နှုန်း
 - လတ္တီကျု 44° 21′ N to 49° N
 - လောင်ဂျီကျု 104° 2′ W to 116° 3′ W
လူဦးရေ  အမေရိကန်အဆင့် 44th
 - စုစုပေါင်း {{{2000Pop}}}
- သိပ်သည်းမှု {{{2000DensityUS}}}/စတုရန်းမိုင်
(၂.၆၅/စတုရန်းကီလိုမီတာ)
အမေရိကန်အဆင့်48th
အမြင့်  
 - အမြင့်ဆုံးနေရာ Granite Peak
၁၂,၈၀၇ ပေ  (၃၉၀၃.၅ မီတာ)
 - အလယ်အလတ် ၃,၄၀၀ ပေ  (၁၀၄၀ မီတာ)
 - အနိမ့်ဆုံးနေရာ အိုင်ဒါဟိုပြည်နယ် နယ်နမိတ်ရှိ ကူးတနေးမြစ်
၁,၈၀၄ ပေ  (၅၅၀ မီတာ)
ပြည်ထောင်စုသို့
ဝင်ရောက်ခြင်း
 
၈ နိုဝင်ဘာ ၁၈၈၉ (41st)
ပြည်နယ်အုပ်ချုပ်ရေးမှူး Steve Bullock (D)
လက်ထောက်
ပြည်နယ်အုပ်ချုပ်ရေးမှူး
Angela McLean (D)
ဥပဒေပြုလွှတ်တော် မွန်တားနား ဥပဒေပြုလွှတ်တော်
 - အထက်လွှတ်တော် မွန်တားနား အထက်လွှတ်တော်
 - အောက်လွှတ်တော် Montana House of Representatives
ဆီးနိတ်အမတ်များ Jon Tester (D)
John Walsh (D)
အောက်လွှတ်တော် အမတ်များ Steve Daines (R) (list)
အချိန်ဇုန် Mountain: UTC -7/-6
အတိုကောက်များ MT Mont. US-MT
အင်တာနက်စာမျက်နှာ http://www.mt.gov

မွန်တားနားပြည်နယ်သည် အမေရိကန်ပြည်ထောင်စုနိုင်ငံတွင် တက္ကဆပ်ပြည်နယ် နှင့် ကာလီဖိုးနီးယားပြည်နယ်တို့မှ လွဲလျှင် အကြီးဆုံးပြည်နယ်ဖြစ်သည်။ အကျယ်အဝန်းအားဖြင့် ၁၄၇,၀၄၀ စတုရန်းမိုင်မျှရှိ၏။ လူဦးရေမှာ ၁,၀၁၅,၁၆၅ (၂၀၁၃ ခန့်မှန်း) ဖြစ်သည်။ မြောက်ဘက်တွင် ကနေဒါနိုင်ငံနှင့် နယ်ချင်းစပ်လျက် တည်ရှိသည်။ ပြည်နယ် အနောက်ဘက်ပိုင်းတွင် ရော့ကီးတောင်တန်းများရှိ၍ တောင်ထူထပ်လျက် အရှေ့ဘက်သို့ ပြေဆင်းသွားသည်။ မွန်တားနားဟူသော အမည်မှာ တောင်ထူထပ်သောဒေသဟု အဓိပ္ပာယ်ရသည်။

မစ်ဇူရီမြစ်သည် မွန်တားနားပြည်နယ် အနောက်တောင်ပိုင်းတွင် မြစ်ငယ်သုံးသွယ်ပေါင်း၍ မြစ်ဖျားခံလျက် အရှေ့ဘက်သို့ ဖြတ်သန်းစီးဆင်းသည်။ ဤပြည်နယ်၌ မီဇူးရီမြစ်နှင့် ယင်း၏ မြစ်လက်တက်များမှ ရေသွယ်၍ စိုက်ပျိုးခြင်းလုပ်ငန်းသည် အလွန်ကြီးကျယ်၏။ ရာသီဥတု ညီညွတ် မျှတသည်။

မွန်တားနားပြည်နယ်တွင် စိုက်ပျိုးခြင်းနှင့် တိရစ္ဆာန် မွေးမြူခြင်းလုပ်ငန်းတို့သည် အဓိကလုပ်ငန်းများ ဖြစ်၏။ ဂျုံအများဆုံး စိုက်ပျိုးသည်။ အခြားကောက်ပဲသီးနှံပင်များမျာ အာလူး၊ ပိုက်ဆံပင်၊ မုန်လာဥနီ၊ ကျွဲစာ၊ နွားစာတို့ဖြစ်သည်။ သစ်သီးပင်များကိုလည်း စိုက်ပျိုးကြသည်။

ပြည်နယ် အရှေ့ပိုင်း မြေနိမ့်ဒေသတွင် တိရစ္ဆာန်များကို မွေးမြူသည်။ တက္ကဆပ်ပြည်နယ်မှ လွဲလျှင် မွန်တားနား ပြည်နယ်သည် သိုးအများဆုံး မွေးမြူသော ပြည်နယ်ဖြစ်၍ သိုးမွေးသည် ထင်ရှားသော ထွက်ကုန် ဖြစ်၏။

မွန်တားနားပြည်နယ်တွင် တွင်းထွက်ပစ္စည်း ကြွယ်ဝသော ပြည်နယ်ဖြစ်၍ ကြေးနီအများဆုံး ထွက်သည်။ ရွှေငွေသွပ်ခဲရေနံကျောက်မီးသွေးနှင့် မန်ဂနိတို့ကိုလည်း တူးဖော် လုပ်ကိုင်ကြသည်။ နီလာတွင်းများ လည်း ရှိလေသည်။ မွန်တားနားပြည်နယ်၏ မြို့တော်မှာ ဟယ်လီးနားမြို့ဖြစ်၍ လူဦးရေ ၁၇၅၈၁ ယောက်ရှိသည်။ အခြား ထင်ရှားသော မြို့ကြီးများမှာ ဗတ်မြို့၊ ဂရိတ်ဖောမြို့၊ ဗီးလင်းမြို့နှင့် မစ္စူလာမြို့များ ဖြစ်လေသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. United States Summary: 2010, Population and Housing Unit Counts, 2010 Census of Population and Housing။ United States Census Bureau (September 2012)။ April 11, 2014 တွင် ပြန်စစ်ပြီး။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)