ဖလော်ရီဒါပြည်နယ်
| ဖလော်ရီဒါပြည်နယ် | |||||||||||
| |||||||||||
| ရုံးသုံးဘာသာစကားများ | အင်္ဂလိပ် | ||||||||||
| ပြောဆိုသော ဘာသာစကားများ | အင်္ဂလိပ်နှင့် စပိန် [၁] | ||||||||||
| မြို့သား | ဖလော်ရီဒီယန် | ||||||||||
| မြို့တော် | တာလာဟာဆီမြို့ | ||||||||||
| အကြီးဆုံးမြို့ | ဂျက်ဆန်ဗီးလ် | ||||||||||
| အကြီးဆုံး မက်ထရိုဧရိယာ | တောင်ဖလော်ရီဒါ မက်ထရို ပိုလစ်တန် | ||||||||||
| ဧရိယာ | အမေရိကန်အဆင့် ၂၂ခုမြောက် | ||||||||||
| - စုစုပေါင်း | ၆၅,၇၅၅ စတုရန်းမိုင် (၁၇၀,၃၀၄ စတုရန်း ကီလိုမီတာ) | ||||||||||
| - အကျယ် | 361 miles (582 ကီလိုမီတာ) | ||||||||||
| - အရှည် | 447 miles (721 ကီလိုမီတာ) | ||||||||||
| - ရေရာခိုင်နှုန်း | ၁၇.၉ | ||||||||||
| - လတ္တီကျု | 24°27′ N to 31° N | ||||||||||
| - လောင်ဂျီကျု | 80°02′ W to 87°38′ W | ||||||||||
| လူဦးရေ | အမေရိကန်အဆင့် ၄ခုမြောက် | ||||||||||
| - စုစုပေါင်း | ၁၈,၈၀၁,၃၁၀(၂၀၁၀)
၁၅,၉၈၂,၃၇၈ (၂၀၀၀) | ||||||||||
| - သိပ်သည်းမှု | ၃၃၈.၄/စတုရန်းမိုင် (130.67/စတုရန်းကီလိုမီတာ) အမေရိကန်အဆင့်8th | ||||||||||
| - အလယ်အလတ် ဝင်ငွေ | $41,171 (36th) | ||||||||||
| အမြင့် | |||||||||||
| - အမြင့်ဆုံးနေရာ | ဘရစ်တန်တောင်[၂] 345 ပေ (105 မီတာ) | ||||||||||
| - အလယ်အလတ် | 98 ပေ (30 မီတာ) | ||||||||||
| - အနိမ့်ဆုံးနေရာ | အတ္တလန္တိတ် သမုဒ္ဒရာ[၂] 0 ပေ (0 မီတာ) | ||||||||||
| ပြည်ထောင်စုသို့ ဝင်ရောက်ခြင်း |
March 3, 1845 (27th) | ||||||||||
| ပြည်နယ်အုပ်ချုပ်ရေးမှူး | ရစ်စကော့ | ||||||||||
| လက်ထောက် ပြည်နယ်အုပ်ချုပ်ရေးမှူး |
ဂျနီဖာ ကာရိုးလ် | ||||||||||
| ဥပဒေပြုလွှတ်တော် | ဖလော်ရီဒါ ဥပဒေပြု လွှတ်တော် | ||||||||||
| - အထက်လွှတ်တော် | ဖလော်ရီဒါ ဆီးနိတ်လွှတ်တော် | ||||||||||
| - အောက်လွှတ်တော် | ဖလော်ရီဒါ အောက်လွှတ်တော် | ||||||||||
| ဆီးနိတ်အမတ်များ | ဘီလ်နယ်ဆင် (D) မာကို ရူဘီယို (R) | ||||||||||
| အောက်လွှတ်တော် အမတ်များ | ရီပတ်ဘလစ်ကင် ၁၉ယောက် ဒီမိုကရက် ၆ယောက် (list) | ||||||||||
| စံတော်ချိန်ဇုန်များ | |||||||||||
| - Peninsula and "Big Bend" region |
Eastern: UTC-5/DST-4 | ||||||||||
| - Panhandle | Central: UTC-6/DST-5 | ||||||||||
| အတိုကောက်များ | FL Fla. US-FL | ||||||||||
| အင်တာနက်စာမျက်နှာ | http://www.myflorida.com | ||||||||||
ဖလော်ရီဒါ ပြည်နယ် (Florida) သည် အမေရိကန်ပြည်နယ် တစ်ခု ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၏ အရှေ့တောင်ပိုင်းတွင် တည်ရှိသည်။ အနောက်မြောက်ဖက်တွင် အယ်လ်ဘားမားပြည်နယ်၊ မြောက်ဖက်တွင် ဂျော်ဂျီယာပြည်နယ် တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျှက် ရှိသည်။ ပြည်နယ်၏ ကုန်းမြေ အစိတ်အပိုင်း အတော်များများမှာ ကြီးမားကျယ်ပြန့်သော ကျွန်းဆွယ်ပေါ်တွင် တည်ရှိပြီး ထိုကျွန်းဆွယ်ကို အနောက်ဖက်တွင် မက္ကဆီကို ပင်လယ်ကွေ့၊ အရှေ့ဖက်တွင် အတ္တလန္တိတ် သမုဒ္ဒရာနှင့် တောင်ဘက်တွင် ကာရစ်ဘီယံ ပင်လယ် တို့က ဝန်းရံထားကြသည်။ ဖလော်ရီဒါသည် အမေရိကန်ပြည်ထောင်စုအတွင်းသို့ ၁၈၄၅ ခုနှစ်တွင် ၂၇ ခုမြောက် ပြည်နယ် အဖြစ် ဥရောပသားတို့ နှစ်၃၀၀ အကြာ အုပ်ချုပ်အပြီးတွင် ဝင်ရောက်ခဲ့သည်။
ဧရိယာ အကျယ်အဝန်းမှာ ၆၅,၇၅၅ စတုရန်းမိုင်မျှ ကျယ်ဝန်းပြီး အမေရိကန် ပြည်နယ် ၅၀ တွင် ၂၂ ခုမြောက် အကြီးဆုံး ပြည်နယ် ဖြစ်သည်။ ဖလော်ရီဒါပြည်နယ်သည် ကုန်းမြေတဆက်တည်း ဖြစ်နေသော အမေရိကန် ပြည်နယ်များတွင် ကမ်းရိုးတန်း အရှည်လျားဆုံး ဖြစ်ပြီး ၁၃၅၀ မိုင်မျှ ရှည်လျားသည်။ ပြည်နယ် အတွင်းတွင် ကျယ်ပြန့်သော မြို့ပြနေရာ ၄ခု၊ ထိုထက် ပို၍သေးငယ်သော စက်မှုမြို့တော်များ နှင့် မြို့ငယ်ကလေးများ အများအပြား ပါဝင်သည်။
ဖလော်ရီဒါပြည်နယ်သည် ယေဘူယျအားဖြင့် နွေးထွေးသော ရာသီဥတု ရှိသဖြင့် နေသာသော ပြည်နယ် (Sunshine State) ဟု တင်စားခေါ်ဝေါ်ကြသည်။ မြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် မုတ်သုံဆန်သော ရာသီဥတု ရှိပြီး တောင်ဖက်ပိုင်းတွင် မုတ်သုံရာသီဥတု ရှိသည်။ အမေရိကန် လူဦးရေ ဗြူရို၏ စာရင်းဇယားအရ ၂၀၁၀ ခုနှစ် ဧပြီလ ၁ ရက်တွင် လူဦးရေ ၁၈,၈၀၁,၃၁၀ ရှိပြီး အမေရိကန် ပြည်ထောင်စုတွင် စတုတ္တမြောက် လူဦးရေ အများဆုံး ပြည်နယ် ဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ်၊ တက္ကဆပ်စ်ပြည်နယ် နှင့် နယူးယောက်ပြည်နယ်တို့ ပြီးလျှင် လူဦးရေ အများဆုံး ဖြစ်သည်။ [၃] တာလာဟာဆီမြို့သည် ပြည်နယ်၏ မြို့တော် ဖြစ်ပြီး ဂျက်ဆန်ဗေးမြို့သည် အကြီးဆုံးမြို့ ဖြစ်သည်။ တောင်ဖလော်ရီဒါ မက်ထရိုပိုလစ်တန် ဧရိယာမှာ အကြီးဆုံး မြို့ပြဧရိယာ ဖြစ်သည်။
ကိုးကား[ပြင်ဆင်ရန်]
- ↑ Florida — Languages. City Data။ 2010-01-26 တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ Elevations and Distances in the United States။ U.S Geological Survey (April 29, 2005)။ Archived from the original on 2010-11-20။ November 3, 2006 တွင် ပြန်စစ်ပြီး။
- ↑ United States population by states, United States Census Bureau.