ကွန်နက်တီကတ်ပြည်နယ်

ဝီကီပီးဒီးယား မှ
ကွန်နက်တီကတ်ပြည်နယ်
Flag of ကွန်နက်တီကတ် State seal of ကွန်နက်တီကတ်
Flag တံဆိပ်
အခြားအမည်များ: The Constitution State
The Nutmeg State
The Provisions State
The Land of Steady Habits
ဆောင်ပုဒ်: Qui transtulit sustinet.(Latin)
အမေရိကန်ပြည်ထောင်စု၏ မြေပုံ ကွန်နက်တီကတ် အရောင်ခြယ်ပြထား
အမေရိကန်ပြည်ထောင်စု၏ မြေပုံ ကွန်နက်တီကတ် အရောင်ခြယ်ပြထား
ရုံးသုံးဘာသာစကားများ None
မြို့သား ကွန်နက်တီကတ်တာ,[၁] Nutmegger[၂]
မြို့တော် ဟတ်ဖို့ဒ်
အကြီးဆုံးမြို့ ဘရစ်ချ်ပို့တ်[၃]
အကြီးဆုံး မက်ထရိုဧရိယာ ဂရိတ်တား ဟတ်ဒ်ဖို့ဒ်[၄]
ဧရိယာ  အမေရိကန်အဆင့် 48th
 - စုစုပေါင်း ၅,၅၄၃ စတုရန်းမိုင်
(၁၄,၃၅၆ စတုရန်း ကီလိုမီတာ)
 - အကျယ် 70 miles (113 ကီလိုမီတာ)
 - အရှည် 110 miles (177 ကီလိုမီတာ)
 - ရေရာခိုင်နှုန်း ၁၂.၉
 - လတ္တီကျု 40°58′ N to 42°03′ N
 - လောင်ဂျီကျု 71°47′ W to 73°44′ W
လူဦးရေ  အမေရိကန်အဆင့် ၂၉ ခုမြောက်
 - စုစုပေါင်း ၃,၅၁၈,၂၈၈ (2009 est.)[၅]
3,405,565 (2000)
- သိပ်သည်းမှု ၇၀၂.၉/စတုရန်းမိုင်
(၂၇၁.၄၀/စတုရန်းကီလိုမီတာ)
အမေရိကန်အဆင့်၄ခုမြောက်
 - အလယ်အလတ် ဝင်ငွေ  $68,595 (တတိယ)
အမြင့်  
 - အမြင့်ဆုံးနေရာ မောင့်ဖရစ်ဇယ်၏ တောင်ဘက်ခြမ်း[၆]
Note: The summit of Mount Frissell
is in Massachusetts

2,380 ပေ  (726 မီတာ)
 - အလယ်အလတ် 500 ပေ  (152 မီတာ)
 - အနိမ့်ဆုံးနေရာ လောင်းအိုင်းလန်းဆောင်း[၆]
0 ပေ  (0 မီတာ)
ပြည်ထောင်စုသို့
ဝင်ရောက်ခြင်း
 
January 9, 1788 (5th)
ပြည်နယ်အုပ်ချုပ်ရေးမှူး ဒန်မာလွိုင်း
လက်ထောက်
ပြည်နယ်အုပ်ချုပ်ရေးမှူး
နန်စီဝိုင်းမင်းန်
ဥပဒေပြုလွှတ်တော် အထွေထွေလွှတ်တော်
 - အထက်လွှတ်တော် ဆီးနိတ်လွှတ်တော်
 - အောက်လွှတ်တော် အောက်လွှတ်တော်
ဆီးနိတ်အမတ်များ ဂျိုးလစ်ဘာမန်း(ID)
ရစ်ချက်ဘလူးမန်သယ် (D)
အောက်လွှတ်တော် အမတ်များ ဒီမိုကရက် ၅ (list)
အချိန်ဇုန် Eastern: UTC-5/-4
အတိုကောက်များ CT Conn. US-CT
အင်တာနက်စာမျက်နှာ http://www.ct.gov

ကွန်နက်တီကတ်ပြည်နယ်သည် အမေရိကန်ပြည်ထောင်စု၏ မူလပြည်နယ်ကြီး ၁၃ ခုတွင် အပါအဝင်ဖြစ်၍ အတ္တလန္တိတ်ကမ်းခြေဘက်တွင် တည်ရှိသည်။ ထိုပြည်နယ်၏ မြောက်ဘက်တွင် မက်ဆာချူးဆက်ပြည်နယ်၊ အရှေ့ဘက်တွင် တရုတ်ကျွန်း၊ တောင်ဘက်တွင် နယူးယောက်ပြည်နယ်တို့က နယ်နိမိတ် သတ်မှတ် ထားလေသည်။ ကွန်နက်တီကတ်နယ်၏ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၅ဝ⁠ဝ၉ သာရှိ၍ ၁၉၅ဝ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေမှာ ၂ဝ⁠ဝ၇၂၈ဝ ယောက်ဖြစ်ရာ အကျယ်အဝန်းနှင့် မမျှအောင် လူဦးရေ ထူထပ်လေသည်။ ထိုနယ်တွင် မြို့ပေါင်းများစွာရှိ၍ မြို့တော်မှာ ကွန်နက်တီကတ်မြစ်ပေါ်တွင် တည်ရှိသော ဟာ့တ်ဖို့မြို့ ဖြစ်၏။ ၁၉၅ဝခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၇⁠၇၃၉၇ ယောက် ရှိ သည်။ အခြားမြို့များမှာ ၁၉၅ဝ ခု လူဦးရေ ၁၆၄⁠၄၄၃ ယောက်ရှိသော နယူးဟေးဗင်းမြို့နှင့် ၁၉၅ဝ ခု လူဦးရေ ၁၅၈၇ဝ၉ ယောက် ရှိသည့် ဗရစ်ဂျပို့မြို့တို့ ဖြစ်လေသည်။ ကမ္ဘာ၌ ထင်ရှားကျော်ကြားလှသော ယေးလ်တက္ကသိုလ်မှာ နယူးဟေးဗင်း မြို့တွင် ရှိလေသည်။ ကွန်နက်တီကတ်ပြည်နယ်သည် မြေဩဇာ ထက်သန်ကောင်းမွန်ခြင်း မရှိသဖြင့် လယ်ယာစိုက်ပျိုးရေး ကောင်းစွာမဖြစ်ထွန်းချေ။ သို့ရာတွင် နွားနို့ထွက်ပစ္စည်းလုပ်ငန်းနှင့် သစ်သီးခြံများမှာ နယ်၏စီးပွားရေးကို များစွာ အထောက်အပံ့ပေးလေသည်။ စက်မှုလက်မှုလုပ်ငန်းများ ထွန်းကားသည့်ပြည်နယ်ဖြစ်သည့် အားလျော်စွာ ထွက်ကုန်များမှာ စက်မှုလက်မှု လုပ်ငန်းဆိုင်ရာ ပစ္စည်းသာလျှင် ဖြစ်သည်။ ထိုပြည်နယ်၏ အများဆုံး ထွက်ကုန်များမှာ ခဲယမ်းမီးကျောက်များ၊ လေယာဉ်ပျံ စသည့် စစ်သုံးပစ္စည်းများ၊ နာရီများနှင့် ဆေးလိပ် ဆေးတံ စသောကုန်စည်များ ဖြစ်ကြလေသည်။ [၇]

ကိုးကား[ပြင်ဆင်ရန်]

  1. United States Government Printing Office Style Manual (2000), §5.23, http://www.gpoaccess.gov/stylemanual/index.html Archived 6 August 2011 at the Wayback Machine.
  2. SHG Resources, http://www.shgresources.com/resources/symbols/names/residentnames/ Archived 16 June 2013 at the Wayback Machine.
  3. Population Estimates for All Places: 2000 to 2006: Connecticut SUB-EST2006-04-09.xls. United States Census Bureau. Retrieved 2007-10-16.
  4. State Data from the State and Metropolitan Area Data Book: 2006. United States Census Bureau. Retrieved 2007-10-16.
  5. Annual Estimates of the Resident Population for the United States, Regions, States, and Puerto Rico: April 1, 2000 to July 1, 2009။ United States Census Bureau။ 31 July 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-12-23 တွင် ပြန်စစ်ပြီး။
  6. ၆.၀ ၆.၁ Elevations and Distances in the United States။ U.S Geological Survey (29 April 2005)။ 6 October 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2006-11-03 တွင် ပြန်စစ်ပြီး။
  7. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)