မစ်ဆိုရီပြည်နယ်

ဝီကီပီးဒီးယား မှ
မစ်ဆိုရီပြည်နယ်
Flag of မစ်ဆိုရီ State seal of မစ်ဆိုရီ
အလံ တံဆိပ်
အခြားအမည်များ: The Show Me State
ဆောင်ပုဒ်: Salus populi suprema lex esto (လက်တင်ဘာသာ)
အမေရိကန်ပြည်ထောင်စု၏ မြေပုံ မစ်ဆိုရီ အရောင်ခြယ်ပြထား
အမေရိကန်ပြည်ထောင်စု၏ မြေပုံ မစ်ဆိုရီ အရောင်ခြယ်ပြထား
ရုံးသုံးဘာသာစကားများ အင်္ဂလိပ်ဘာသာ [၁]
မြို့သား Missourian
မြို့တော် ဂျက်ဖာဆန်စီးတီး
အကြီးဆုံးမြို့ ကန်းဆပ်စီးတီး
အကြီးဆုံး မက်ထရိုဧရိယာ Greater St Louis Area[၂]
ဧရိယာ  အမေရိကန်အဆင့် ၂၁ ခုမြောက်
 - စုစုပေါင်း ၆၉,၇၀၉ စတုရန်းမိုင်
(၁၈၀,၅၃၃ စတုရန်း ကီလိုမီတာ)
 - အကျယ် ၂၄၀ miles (၃၈၅ ကီလိုမီတာ)
 - အရှည် ၃၀၀ miles (၄၈၀ ကီလိုမီတာ)
 - ရေရာခိုင်နှုန်း ၁.၁၇
 - လတ္တီကျု 36° N to 40° 37′ N
 - လောင်ဂျီကျု 89° 6′ W to 95° 46′ W
လူဦးရေ  အမေရိကန်အဆင့် 18th
 - စုစုပေါင်း {{{2000Pop}}}
- သိပ်သည်းမှု {{{2000DensityUS}}}/စတုရန်းမိုင်
(၃၃.၇/စတုရန်းကီလိုမီတာ)
အမေရိကန်အဆင့်30th
 - အလယ်အလတ် ဝင်ငွေ  $၄၆,၈၆၇ (35th)
အမြင့်  
 - အမြင့်ဆုံးနေရာ Taum Sauk Mountain[၃][၄]
၁,၇၇၂ ပေ  (၅၄၀ မီတာ)
 - အလယ်အလတ် ၈၀၀ ပေ  (၂၄၀ မီတာ)
 - အနိမ့်ဆုံးနေရာ St. Francis River at southern Arkansas border[၃][၄]
၂၃၀ ပေ  (၇၀ မီတာ)
ပြည်ထောင်စုသို့
ဝင်ရောက်ခြင်း
 
၁၀ ဩဂုတ် ၁၈၂၁ (24th)
ပြည်နယ်အုပ်ချုပ်ရေးမှူး Eric Greitens (R)
လက်ထောက်
ပြည်နယ်အုပ်ချုပ်ရေးမှူး
Mike Parson (R)
ဥပဒေပြုလွှတ်တော် Missouri General Assembly
 - အထက်လွှတ်တော် Missouri Senate
 - အောက်လွှတ်တော် Missouri House of Representatives
ဆီးနိတ်အမတ်များ Claire McCaskill (D)
Roy Blunt (R)
အောက်လွှတ်တော် အမတ်များ 6 Republicans, 2 Democrats (list)
အချိန်ဇုန် Central: UTC −6/−5
အတိုကောက်များ MO US-MO
အင်တာနက်စာမျက်နှာ http://www.mo.gov

မစ်ဆိုရီမြစ်ကြီးကို အစွဲပြု၍ အမည်တွင်သော မစ်ဆိုရီပြည်နယ်သည် အမေရိကန်ပြည်ထောင်စုတွင် ဖွဲ့စည်းပါဝင်သော ပြည်နယ်တစ်ခုဖြစ်၏။ နယ်နိမိတ်အားဖြင့် မစ်ဆိုရီပြည်နယ်ကို မြောက်ဘက်တွင် အိုင်အိုဝါပြည်နယ်၊ အနောက်ဘက်တွင် နီဗရက်စကပြည်နယ်နှင့် အိုကလဟိုးမားပြည်နယ်များ၊ တောင်ဘက်တွင် အာကင်ဆောပြည်နယ်၊ အရှေ့ဘက်တစ်လျှောက်လုံးတွင် မစ္စစ္စပီမြစ်သည် နယ်စပ်ပြုလျက် ထိုမြစ်ကြီး၏ တစ်ဖက်ကမ်းတွင် အီလီနွိုင်ပြည်နယ်ကင်တပ်ကီပြည်နယ်နှင့် တင်နက်ဆီပြည်နယ်တို့ဖြင့် ပတ်ရံလျက်ရှိသည်။

မစ်ဆိုရီပြည်နယ်သည် အကျယ်အဝန်းအားဖြင့် ၆၉,၇၀၉ စတုရန်းမိုင်ရှိ၏။ မစ်ဆိုရီပြည်နယ်၏ မြို့တော်မှာ ဂျက်ဖာဆန်စီးတီးဖြစ်၍ အခြားမြို့ကြီးများဖြစ်သော စိန်လူဝီ၊ ကန်းဆပ်စီးတီးမြို့နှင့် စိန်ဂျိုးဇက်မြို့ကြီးတို့သည် ဂျက်ဖာဆန်မြို့တော်ထက်ပင် ကြီးမားသေးသည်။ မြောက်ဘက်မှ စီးဆင်းလာသော မစ်ဆိုရီမြစ်သည် အနောက်မြောက်ဘက်တွင် နယ်စပ်တစ်စိတ်တစ်ဒေသ အဖြစ်တည်ရှိပြီးသော် အရှေ့ဘက်သို့ ကွေ့သွားကာပြည်နယ်ကို ဖြတ်ဆင်းပြီးလျှင် မစ္စစ္စပီမြစ်နှင့် ပေါင်းဆုံလေသည်။ မစ်ဆိုရီပြည်နယ်တွင် သဘာဝ အပိုင်းအခြား ၃ ပိုင်းရှိသည်။ ယင်းတို့ကား ပရေရီဒေသ၊ အိုဇတ်ကုန်းမြင့်ဒေသနှင့် အရှေ့တောင် မြေနိမ့်ဒေသတို့ဖြစ်၏။ ပရေရီဒေသသည် မစ်ဆိုရီမြစ်၏ မြောက်ဘက်တစ်ကြောဖြတ်လျက် ပြည်နယ်၏ တစ်ဝက်နီးပါးမျှရှိသည်။ ယင်းဒေသ၌ ရေအစီးနှေး၍ ရေနောက်သော မြစ်နှင့် ချောင်းများရှိရာ ချောင်းကြီးများ၏ ကမ်းပါးရှိမြေမှာ မြေဩဇာကောင်း၏။ လယ်ယာစိုက်ပျိုးရေး၊ တိရစ္ဆာန် မွေးမြူရေးနှင့် သစ်သီးသစ်နှံ စိုက်ပျိုးရေးတို့ကို ပြုလုပ်သည်။ တွင်းထွက်ပစ္စည်းများကား ကျောက်မီးသွေး၊ မြေစေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့ တို့ဖြစ်သည်။ အိုဇတ်ကုန်းမြင့်ဒေသသည် ပရေရီ ဒေသ၏ တောင်ဘက်နှင့် အရှေ့ဘက်တစ်လျှောက်တွင် တည်ရှိ၍ ပြည်နယ်၏ ၅ ပုံ ၂ ပုံ ခန့်မျှ ဖြစ်သည်။ မြေပြင် အမြင့်မှာ ပင် လယ်ပြင် အထက် ပေ ၁,ဝဝဝ မှ ၁,၈ဝဝ အထိဖြစ်၏။ ဤဒေသတွင် မြေပြန့်ဟူ၍ ချိုင့်ဝှမ်းများတွင်သာရှိ၏။ အိုဇတ်ကုန်းမြင့် ဒေသတွင် မြင့်မားသောတောင်များ၊ နက်ရှိုင်းကျဉ်းမြောင်းသော ချိုင့်ဝှမ်းများ၊ ကြည်လင်၍ ရေစီးသန်သော ချောင်းများ၊ လှပသော အိုင်များ၊ လိုဏ်ခေါင်းများ၊ စိမ့်စမ်းများရှိကာ၊ ကျန်းမာရေးအတွက် ညီညွတ်သော ရာသီဥတုရှိခြင်းကြောင့် ထင်ရှားသည်။ သစ်တောအများအပြားကို ခုတ်ထွင်ရှင်းလင်းပြီး ဖြစ်သော်လည်း ဤဒေသ ၏ ထက်ဝက်ခန့်တွင် သစ်တောများဖြင့် ဖုံးလွှမ်းလျက်ပင် ရှိသေး သောကြောင့် သစ်လုပ်ငန်းသည် အရေးပါသော လုပ်ငန်းဖြစ်သည်။ တောင်စောင်းများတွင် သစ်သီးခြံများ၊ စပျစ်ခြံများ၊ တိရစ္ဆာန် စားကျက်များကို တွေ့နိုင်ပေသည်။ ပြည်နယ်မှ ထွက်သမျှသော ခဲ၊ သွပ် စသည်တို့မှာ ဤဒေသမှ ရရှိသည်။ ယင်းတို့အပြင် သံရိုင်း၊ ကျောက်မီးသွေး၊ နှမ်းဖတ်ကျောက်၊ ထုံးကျောက်များလည်း ထွက်သည်။ အရှေ့တောင် မြေနိမ့်ဒေသသည် မစ္စစ္စပီမြစ်၏ အနောက် ဘက်တွင်ရှိ၍ စတုရန်းမိုင် ၃,ဝဝဝ ခန့် ကျယ်ပြန့်သည်။ ပြည်နယ် တွင်း အနိမ့်ဆုံးအပိုင်းဖြစ်သည်။ ဤဒေသသည် နှစ်ပေါင်းများစွာ ကပင် သစ်ပင်များဖြင့် ထူထပ်စွာဖုံးလွှမ်းလျက် ရှိခဲ့သော်လည်း နောင်သော် များစွာသော အပင်တို့ကို ခုတ်ထွင်ရှင်းလင်းလိုက် သောကြောင့် ယခုအခါ လယ်ယာစိုက်ပျိုခြင်းနှင့် နွားနို့ပစ္စည်း လုပ်ငန်းများအတွက် အထူးတလည် ကောင်းမွန်သော ဒေသဖြစ်နေလေသည်။

မစ်ဆိုရီပြည်နယ်တွင်းရှိ မြစ်ချောင်းများသည် ကုန်သွယ်ရေး နှင့် စက်မှုလုပ်ငန်းတို့အတွက် အရေးပါအရာရောက်သည်။ မစ်ဆိုရီမြစ်သည် အနောက်မြောက်ဘက်တွင် နယ်စပ်အဖြစ် တည်ရှိပြီးသော် အနောက်ဘက်မှ အရှေ့ဘက်သို့ ပြည်နယ်ကို ဖြတ်သန်းစီးဆင်းကာ မစ္စစ္စပီမြစ်နှင့် စိန်လူဝီမြို့အထက်နားတွင် ပေါင်းဆုံသည်။ မစ်ဆိုရီပြည်နယ်အတွင်းရှိ မြစ်ချောင်းအများအပြားမှ ရေအားဖြင့် လျှပ်စစ် ဓာတ်အား ထုတ်ယူလေသည်။

မစ်ဆိုရီပြည်နယ်တွင် ဆောင်းအခါ၌ အလွန်အေးချမ်း၍ နွေတာရှည်ကာ ပူပြင်းသည်။ ဆောင်းအခါတွင် ဖာရင်ဟိုက် သုည ဒီဂရီအောက်ပင် ရောက်၍ နွေကာလတွင်မူ ဒီဂရီ ၁ဝဝ ကျော် ရှိတတ်ပေသည်။ မြင့်သော အပိုင်းဖြစ်သည့် အိုဇတ်ကုန်းမြင့်ဘက် တွင် ရာသီဥတု ပို၍မျှတသည်။ မိုးရေချိန်မှာလည်း အရှေ့တောင် ပိုင်းတွင် ၅၁ လက်မခန့် ရွာသွန်း၍ အနောက်မြောက်ပိုင်းတွင် ၃၄ လက်မခန့် ရွာသွန်းသည်။

မစ်ဆိုရီပြည်နယ်တွင် လယ်ယာစိုက်ပျိုးခြင်းသည် အဓိကလုပ်ငန်းဖြစ်၏။ ကြက်၊ ဘဲ၊ ဝက်၊ နွားများကိုလည်း အကြီးအကျယ် မွေးမြူသည်။ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းထွက်ပစ္စည်း များမှာ နွား၊ ဝက်၊ နို့ထွက် ပစ္စည်းများ၊ ဂျုံ၊ ကြက် နှင့် ကြက်ဥ များ၊ မြင်းစားဂျုံ၊ မုယော၊ ဝါဂွမ်း၊ ပဲကျတ်ပျဉ်၊ အာလူး၊ သစ် သီးများ၊ ဆေးရွက်စသည်တို့ဖြစ်၏။ မစ်ဆိုရီပြည်နယ်တွင် စက်မှု လက်မှု လုပ်ငန်းများလည်း ထွန်းကားသည်။ စက်မှုလက်မှုလုပ်ငန်းထွက် ပစ္စည်းများမှာ ဖိနပ်၊ မော်တော်ကား၊ အရက်၊ ဆေးဝါး၊ လျှပ်စစ်တန်ဆာပလာများ၊ ဂျုံမှုန့်၊ သံနှင့် သံမဏိထည်များ၊ ဖန်ထည်၊ သားရေထည်၊ အထည်အလိပ်၊ သတ်ဆေး၊ ရေနံထွက်ပစ္စည်း စသည်တို့ဖြစ်သည်။ ပြည်နယ်ထွက် သယံဇာတပစ္စည်းတို့မှာ သွပ်၊ ခဲ၊ ကျောက်မီးသွေး၊ မြေစေး၊ ဆီလီကာ အစရှိသည်တို့ ဖြစ်၏။ မစ်ဆိုရီပြည်နယ်တွင် မော်တော်ကားလမ်း၊ မီးရထားလမ်းများစွာ ရှိသည်။ စိန်လူဝီနှင့် ကန်းဆပ်စီးတီးမြို့တို့သည် မီးရထားလမ်းနှင့် လေကြောင်းလမ်းဆုံ မြို့များဖြစ်၏။

မစ်ဆိုရီပြည်နယ် လူဦးရေမှာ ၆,၀၄၄,၁၇၁ (၂၀၁၃ ခန့်မှန်း) ယောက် ဖြစ်၏။ မစ်ဆိုရီနယ်သို့ ဦးစွာရောက်ရှိခဲ့သော လူဖြူမှာ ဒါဆိုဘို ဆိုသူဖြစ်၍၊ ၁၅၄၁ ခုနှစ်တွင် ရောက်ရှိခဲ့သည်။ ထိုနောက် ၁၆၇၃ ခုနှစ်တွင် မားကတ်ဆိုသူ ရောက်ရှိလာသည်။ သို့သော် ၁၇၃၅ ခုနှစ်တွင်မှ ပြင်သစ်တို့က ဦးစွာအခြေစိုက်၍ စိန်ဂျင်နဗီမြို့ကို တည်ထောင်သည်။ ထိုစဉ်က ဤနယ်သည် ပြင်သစ်တို့၏ လူဝီစီယားနားနယ်ကြီး၏ တစ်စိတ် တစ်ဒေသ ဖြစ်ခဲ့၏။ ၁၇၆၃ ခုနှစ်တွင် ထိုလူဝီစီယားနားနယ်ကြီးကို စပိန်တို့အား ပေးအပ်လိုက်ရသည်။ ၁၈ဝဝ ပြည့်နှစ်တွင် ပြင်သစ်တို့ ပြန်ရသည်။

၁၈ဝ၃ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုက လူဝီစီယားနားနယ်ကြီးကို ပြင်သစ်တို့ထံမှ ဝယ်ယူလိုက်သော အခါ မစ်ဆိုရီနယ်လည်းပါလာသည်။ ၁၈၁၂ ခုနှစ်တွင် မစ်ဆိုရီနယ်ကို နယ်ပယ်အဖြစ် ဖွဲ့စည်းသည်။ ၁၈၂၁ ခုနှစ်တွင် မစ်ဆိုရီနယ်ကို အမေရိကန် ပြည်ထောင်စုတွင် ပြည်နယ်တစ်ခုအဖြစ် သွတ်သွင်းလိုက်သည်။ ပထမဆုံးမြို့တော်မှာ စိန်ချားမြို့ဖြစ်၍ ၁၈၂၆ ခုနှစ်တွင်မှ ဂျက်ဖာဆန်စီးတီးကို မြို့တော်အဖြစ် ရွေးချယ်ခဲ့သည်။ အမေရိကန်ပြည်တွင်းစစ် ဖြစ်ပွားစဉ်က မစ်ဆိုရီပြည်နယ်သည် ကြားနေပြည်နယ်ဖြစ်ခဲ့လေသည်။ ထို့နောက်တွင် မစ်ဆိုရီပြည်နယ်သည် တဖြည်းဖြည်း တိုးတက်ကြီးပွားလာခဲ့ရာ ၁၈၆ဝ ပြည့်နှစ်တွင် အမေရိကန်ပြည်ထောင်စုအတွင်း၌ အဋ္ဌမအကြီးဆုံးပြည်နယ် ဖြစ်လာခဲ့၏။ ပထမ နှင့် ဒုတိယကမ္ဘာစစ်များအတွင်း၌ မစ်ဆိုရီနယ်သား ထောင်ပေါင်းများစွာ ပါဝင်အမှုထမ်းခဲ့သည်။ သတ္တုတူးဖော်ရေးလုပ်ငန်းများ၊ စက်မှု လုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းတို့လည်း လျင်မြန်စွာ တိုးတက် ကြီးပွားခဲ့လေသည်။[၅]

ကိုးကား[ပြင်ဆင်ရန်]

  1. Missouri Revisor of Statutes - Revised Statutes of Missouri, RSMo, Missouri Law, MO Law။ 19 November 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 November 2014 တွင် ပြန်စစ်ပြီး။
  2. Metropolitan Area Rankings; ranked by population (Microsoft Excel)။ Census (2000)။ 2010-07-31 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ Elevations and Distances in the United States။ United States Geological Survey (2001)။ 15 October 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2011-10-24 တွင် ပြန်စစ်ပြီး။
  4. ၄.၀ ၄.၁ Elevation adjusted to North American Vertical Datum of 1988.
  5. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)