နယူးယောက်ပြည်နယ်
| နယူးယောက်ပြည်နယ် | |||
|---|---|---|---|
| |||
အမေရိကန်ပြည်ထောင်စု၏ မြေပုံ၊ နယူးယောက် အားအရောင်ခြယ်ပြထား | |||
| နိုင်ငံ | အမေရိကန်ပြည်ထောင်စု | ||
| ပြည်ထောင်စုသို့ ဝင်ရောက်ခြင်း | ၁၇၈၈, ဇူလိုင်လ ၂၆ ရက် (၁၁ခုမြောက်) | ||
| အကြီးဆုံးမြို့ | နယူးယောက် စီးတီး | ||
| အကြီးဆုံး မက်ထရိုနှင့် မြို့ပြ ဧရိယာများ | နယူးယောက် မက်ထရိုပိုလစ်တန် ဧရိယာ | ||
| အစိုးရ | |||
| • ပြည်နယ်အုပ်ချုပ်ရေးမှူး | အင်ဒရူး ကျူအိုမို | ||
| • လက်ထောက် ပြည်နယ်အုပ်ချုပ်ရေးမှူး | ရောဘတ်ဒပ်ဖီ | ||
| လူဦးရေ | |||
| • စုစုပေါင်း | ၁၉,၃၇၈,၁၀၂ (၂၀၁၀)[၁] | ||
| • သိပ်သည်းမှု | ၄၀၈.၇/sq mi (၁၅၇.၈၁/km၂) | ||
| ဘာသာစကား | |||
| • ရုံးသုံးဘာသာစကား | မရှိ | ||
| လတ္တီကျူ | 40° 30′ N to 45° 1′ N | ||
| လောင်ဂျီကျူ | 71° 51′ W to 79° 46′ W | ||
နယူးယောက်သည် အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပိုင်းတွင် ရှိသော ပြည်နယ်တစ်ခု ဖြစ်သည်။ နိုင်ငံအတွင်း တတိယမြောက် လူဦးရေ အများဆုံး ပြည်နယ် ဖြစ်သည်။ နယူးယောက်ပြည်နယ်သည် တောင်ဘက်တွင် နယူးဂျာစီပြည်နယ် နှင့် ပင်ဆယ်ဗေးနီးယားပြည်နယ် ၊ အရှေ့ဘက်တွင် ကော်နက်တိကပ်ပြည်နယ်၊ မက်ဆာချူးဆက်ပြည်နယ်၊ ဗားမောင့်ပြည်နယ် တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိသည်။ လောင်းအိုင်းလန်း ကျွန်း၏ အရှေ့ဘက် ရို့ဒ်အိုင်းလန်းနှင့် ရေကြောင်းနယ်နိမိတ်ချင်း ထိစပ်လျက် ရှိပြီး နိုင်ငံတကာ နယ်နိမိတ် အဖြစ် ကနေဒါနိုင်ငံ အွန်တေရီအို ဒေသ နှင့် ကွီးဘက်ဒေသတို့နှင့် ထိစပ်လျှက် တည်ရှိသည်။ နယူးယောက်ကို နယူးယောက်မြို့မှ ခွဲခြား သိရှိနိုင်ရန် အတွက် နယူးယောက်ပြည်နယ်ဟု ခေါ်ဝေါ်သုံးနှုန်းလေ့ ရှိကြသည်။
နယူးယောက်မြို့သည် အမေရိကန်ပြည်ထောင်စုတွင် လူဦးရေ အများဆုံး မြို့ ဖြစ်ပြီး ငွေကြေးဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ၊ သယ်ယူပို့ဆောင်ရေး ဆိုင်ရာ နှင့် ကုန်ထုတ်လုပ်မှုဆိုင်ရာ အချက်အချာ နေရာ ဌာနအဖြစ် ကျော်ကြားသည်။ သမိုင်းကြောင်းအရလည်း အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်ရာ လူဝင်မှုကြီးကြပ်ရေး တံခါးဝအဖြစ် ထင်ရှားသည်။ အမေရိကန် ကုန်သွယ်ရေးဌာန ၏ အဆိုအရ နယူးယောက်မြို့သည် နိုင်ငံခြား ခရီးသွား အများအပြား သွားရောက်ရန် ဆန္ဒရှိသော နေရာ အဖြစ် သိရသည်။ ပြည်နယ်နှင့် မြို့တော် နှစ်ခုစလုံးမှာ ၁၇ ရာစု ယောက် မြို့စားကြီး ဂျိမ်းစတူးအတ် ကို အစွဲပြု၍ မှည့်ခေါ်ထားခြင်း ဖြစ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ 2010 Census: Resident Population Data (2010)။ 23 August 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-12-22 တွင် ပြန်စစ်ပြီး။