ဝစ္စကွန်းဆင်းပြည်နယ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဝစ္စကွန်းဆင်းပြည်နယ်[ပြင်​ဆင်​ရန်​]

ဝစ္စကွန်းဆင်ပြည်နယ်သည် အမေရိကန်ပြည်ထောင်စုအလယ်ပိုင်း တွင် မြောက်ဘက်ကျသော ပြည်နယ်တစ်နယ်ဖြစ်သည်။ မြောက်ဘက်တွင် ဆူပီးရီးယားအိုင်၊ အရှေ့ဘက်တွင် မစ်ရှီဂန်အိုင်၊ တောင်ဘက်တွင် အီလီနွိုင် ပြည်နယ်၊ အနောက်ဘက်တွင် မင်နီဆိုတာပြည်နယ်နှင့် အိုင်ယိုးဝါးပြည် နယ်တို့ အသီးအသီးတည်ရှိကြသည်။ ပြည်နယ်အကျယ်အဝန်းမှာ ၅၆၁၅၄ စတုရန်းမိုင်ဖြစ်၍ ခန့်မှန်းခြေလူဦးရေ ၄၁ဝ၇ဝဝဝ ယောက် (၁၉၆၄) ရှိ သည်။

ဝစ္စကွန်းဆင်းပြည်နယ်သည် များသောအားဖြင့် ကုန်းပြင်မြင့်ဖြစ် သည်။ မြေဩဇာထက်သန်သော ချိုင့်ဝှမ်းများ၊ အိုင်များ၊ သစ်တောများ လည်းရှိသည်။ စိန်လောရင့်မြစ်နှင့် မစ်စစ်စပီမြစ်တို့ မြစ်ဖျားပိုင်းဒေသ နှစ်ခုစပ်ကြားတွင်တည်ရှိခြင်းကြောင့် ကူးသန်းရောင်းဝယ်ရေး၌ စည်ပင်တိုး တက်လျက်ရှိသောပြည်နယ်ဖြစ်သည်။ စိန်ကရွားမြစ်၊ ချစ်ပီဝါမြစ်၊ ဗလက် မြစ်နှင့် ဝစ္စကွန်းဆင်းမြစ်တို့သည် အနောက်ဘက်ရှိ မစ်စစ်စပီမြစ်ထဲသို့ စီးဝင်၍ ဖောက်မြစ်သည် အရှေ့ဘက်ရှိ ဂရင်းပင်လယ်အော်ထဲသို့ စီး ဝင်သည်။ အိုင်မြောက်မြားစွာရှိသည့်အနက် ဝင်နီဗာဂိုအိုင်သည် အကြီးဆုံး ဖြစ်သည်။ဝစ္စကွန်းဆင်းပြည်နယ်တွင် ရာသီဥတု အပူအအေး အပြောင်း အလဲမြန်သည်။ ပျမ်းမျှခြင်းအားဖြင့် တစ်နှစ်လျှင် မိုးရေချိန်လက်မ ၃ဝ ခန့် ရသည်။

၁၈၅ဝ ပြည့်နှင့် ၁၈၈ဝ ပြည့်နှစ်အတွင်းက ဝစ္စကွန်းဆင်းပြည် နယ်တွင် ဂျုံတစ်မျိုးတည်းကိုသာ အဓိကစိုက်ပျိုးခဲ့ကြသည်။ ထို့နောက် ပြောင်း၊ မြင်းစားဂျုံ၊ မုယော၊ ရိုင်းစပါး၊ အာလူး၊ ဘီသွားလျှော်၊ ဆေး၊ သ ကြား၊ မုန်လာနှင့် တိရစ္ဆာန်များအတွက် အစာစိုက်ပျိုးခြင်းကို ပြောင်းလဲလုပ် ကိုင်ကြသည်။ တစ်ဖန် ၁၈၇ဝ ပြည့်နှစ်မှအစပြု၍ တိရစ္ဆာန်မွေးမြူရေး လုပ် ငန်းနှင့် နွားနို့လုပ်ငန်းတို့ကို လုပ်ကိုင်ခဲ့ရာ ယခုအခါ ထောပတ်၊ ဒိန်ခဲနှင့် နို့ဆီအများဆုံးထုတ်လုပ်သော ပြည်နယ်ဖြစ်သည်။ ဝစ္စကွန်းဆင်းပြည်နယ် သည် အမေရိကန်ပြည်ထောင်စုတွင် တောင်သူလယ်သမား သမဝါယမလုပ် ငန်းအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သောပြည်နယ်ဖြစ်သည်။ သစ်လုပ်ငန်း၊ စက္ကူလုပ် ငန်း၊ သားရေလုပ်ငန်းတို့သည်လည်းထင်ရှားသည်။ သတ္တုတွင်းများ၌ သံ၊ သွပ်နှင့် ခဲတို့ကို တူးဖော်ရရှိသည်။

မီလဝေါကီးမြို့သည် မစ်ရှိဂန်အိုင်ကမ်းပေါ်တွင် တည်ရှိ၍ ပြည် နယ်၌ အကြီးဆုံးမြို့ဖြစ်သည့်အပြင် စက်မှုလုပ်ငန်းဗဟိုဌာနလည်းဖြစ်သည်။ လူဦးရေ ၇၄၁၃၂၄ (၁၉၆ဝ)ယောက်ရှိသည်။ မြို့တော်မှာ မယ်ဒီဆန်မြို့ဖြစ်၍ လူဦးရေ ၁၂၆၇ဝ၆ (၁၉၆ဝ)ယောက်ရှိသည်။ထိုပြည်နယ်ဒေသသို့ ရှေးဦး စွာရောက်ခဲ့သော ဥရောပတိုက်သားများမှာ ပြင်သစ်တို့ဖြစ်ကြသည်။ ပြင်သစ်တို့နှင့် တိုင်းရင်းသား ရက်အင်ဒီးယန်းတို့ နယ်လုရာမှ စစ်ပွဲများဖြစ်ပွားခဲ့ရသည်။ ထို့နောက် အဂ‡လိပ်တို့ကလာရောက်၍ သားမွေး ကုန်သွယ်ရေးစခန်းများဖွင့်ကြသည်။ ထိုဒေသ၌ အတည်တကျနေထိုင်ရန် ဦးစွာလာရောက်ကြသူတို့သည် သတ္တုတွင်းတူးသမားများဖြစ်သည်။ ထိုကြောင့် မြေတွင်းတူးကျင်လျင်သော ဗက်ဂျားခေါ် ခွေးတူဝက်တူကောင ်အမည်ဖြင့် ကင်မွန်းတပ်၍ ဝစ္စကွန်းဆင်းပြည်နယ်ကို ဗက် ဂျားပြည်နယ်ဟု ခေါ်လေ့ရှိသည်။ ၁၈၄၈ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၏ ပြည်နယ်တစ်နယ်ဖြစ်လာလေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)