မိကျောင်း (တူရိယာ)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
သစ်သားထွင်း မိကျောင်း တူရိယာ
မြန်မာ့ မိကျောင်းတူရိယာ
အာရှနိုင်ငံတွေက မိကျောင်းဆင်တူ တူရိယာများ

မိကျောင်း(တူရိယာ)[ပြင်ဆင်ရန်]

မိကျောင်းတူရိယာသည် အငြိမ့်တီးမျိုး ၆ ပါးတွင် အပါ အဝင်ဖြစ်သော တူရိယာဖြစ်၏။ မိကျောင်းရုပ်ဖြင့် ပြုလုပ်၍ တီး သော မိကျောင်းတူရိယာမျိုးများကို ခရစ် ၈ဝ၁-၂ ခုနှစ် အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စေလွှတ်ခဲ့သော ပျူယဉ်ကျေးမှု မိတ် ဆက်အဖွဲ့တွင် ထည့်သွင်းတီးမှုတ်ခဲ့သည်ကို အစောဆုံးတွေ့ရှိရလေ သည်။ ထိုခေတ်က မိကျောင်းတူရိယာ ပုံသဏ္ဌာန် အနေအထားမှာ အလျား ၄ ပေ၊ အနံ ၇ ပေ၊ သို့မဟုတ် ၁ ပေ ကျော်ကျော်ရှိပြီး လျှင် အောက်ဝမ်းပိုက်ကို ယခုခေတ် မိကျောင်း တူရိယာကဲ့သို့ပင် အခေါင်းပြုလုပ်ထား၏။

မိကျောင်း၏ ကိုယ်ပေါ် တစ်ဖက်တစ်ချက် တွင် ကြိုး ၉ ချောင်းစီတပ်ဆင်ထားပြီးလျှင်အဆိုပါကြိုးများအလျှော့အတင်း ပြုလုပ်ရန် ဒလက် ၁၈ ခု တပ်ထားကြောင်း သိရှိ ရသည်။ အဆိုပါ သရေခေတ္တရာခေတ် မိကျောင်းရုပ် တူရိယာမှာ ယခုခေတ် မိကျောင်း တူရိယာကဲ့သို့ မိကျောင်းရုပ်ဖြင့် ထုလုပ်ထားသော်လည်း တပ်ဆင်ထားသောကြိုးများမှာ ယခုခေတ် မိကျောင်း တူရိယာကဲ့သို့ ကြိုး ၃ ချောင်းသာလျှင် တပ်ဆင်မထားဘဲ ကြိုး ပေါင်း ၁၈ ကြိုး တပ်ဆင်ထားသည်မှာ များစွာထူးခြားလေသည်။ ထိုပြင် သရေခေတ္တရာခတ် မိကျောင်းတူရိယာ၌ ယခုခေတ်မိကျောင်း တူရိယာကဲ့သို့ လက်နှိပ်ခလုတ်ကလေးများ တပ်ဆင်ထားသည့် အ ကြောင်းမပါရှိဘဲ ကြိုးများကို ခုတုံးတစ်ခုပေါ်တွင် တင်ထားသည် ဟုဆိုသောကြောင့် ထိုခေတ်ကမိကျောင်းတူရိယာကို ယခုခေတ် မိကျောင်းတူရိယာ တီးသကဲ့သို့ တီးလိမ့်မည်ဟု မယူဆဘဲ၊ မယ် ဒလင် ဘင်ဂျိုများ တီးပုံမျိုးကဲ့သို့လည်းကောင်း၊ ရှေးပဝေသဏီက ရောမလူမျိုးများ ဗျတ်စောင်းတူရိယာတစ်မျိုကို လက်တစ်ဖက်ဒေါင်လိုက်မ၍ ကိုယ်ဖြင့်မှီပြီး တီးပုံမျိုးကဲ့သို့လည်းကောင်း တီးမှုတ်ကြသည်ဟု ယူဆရသည်။

အဆိုပါ မိကျောင်းပုံသဏ္ဌာန်မျိုးဖြင့်ပြုလုပ် ထားသော တူရိယာ၏ အမည်ကိုကား မှတ်တမ်းတွင် မတွေ့ရှိရချေ။ သို့သော် မိကျောင်း တူရိယာနှင့် စပ်လျဉ်း၍ သက္ကရာဇ် ၈၈၉ ခုနှစ်တွင် ရှင်အဂ္ဂသမာဓိ စပ်ဆိုသီကုံးခဲ့သော သုဝဏ္ဏသျှံ သူဌေးခဏ်းပျို့၌ ကျည်ကျည်သံဖျား၊ နိုများမိကျောင်း၊ နင်းနင်း နောင်းနှင့်၊ စည်မောင်းမစဲ၊ တသဲသဲတည့် ဟူ၍ လည်းကောင်း၊ ဘုံခန်းပျို့၌လည်း မှုတ်တီးငြင်းစောင်း၊ ရွှေနင်းနောင်းနှင့် မိကျောင်းပြိုင်ဆော် ဟူ၍လည်းကောင်း စပ်ဆိုသီကုံးခဲ့သည်ကို အစောဆုံးတွေ့ရှိရသဖြင့် မိကျောင်းခေါ်တူရိယာသည် အင်းဝခေတ် အခါကတည်းကပင် ပေါ်ပေါက်ထွန်းကားနေပြီ ဖြစ်ကြောင်း သိရှိ ရသည်။ ထိုပြင် ဝေဿန္တရာပျို့၌ စောင်းငြင်းမိကျောင်း၊ အောင်း ကလေးကျော်၊ သံငေါ်လက်ခုပ်၊ စည်းဆုပ်ပတ်တလား၊ စန္ဒရားတို့ ဟူ၍လည်းကောင်း၊ မဟာသီလဝပျို့၌ ပလွေကျော်အောင်း၊ လက် ပိုက်စောင်းနှင့်၊ မိကျောင်းလက်အုပ်၊ စည်းဆုပ် မြေ|ာက်စည် ဟူ၍ လည်းကောင်း၊ ကုသပျို့၌ ငြင်းပြွေနှဲစောင်း၊ မိကျောင်းငြိမ့်သံ၊ နာခံသာယာ၊ နေအပ်စွာ၏ ဟူ၍ လည်းကောင်း၊ မိကျောင်း တူရိယာကို ထည့်သွင်း စပ်ဆိုသီကုံးခဲ့ကြသည်ကို တွေ့ရှိရသဖြင့် မိကျောင်းတူရိယာများသည် ကုန်းဘောင်ခေတ် တိုင်အောင် တီး မှုတ်နေကြောင်း သိရှိရသည်။

ထိုပြင် ပုဂံမြို့ အာနန္ဒာအုတ်ကျောင်း စင်္ကြံမြောက် ဘက်နံရံ၌ ကုန်းဘောင်ခေတ်က ဆေးဖြင့်ရေးသား ထားခဲ့သော ပုံအလယ်တွင် ပုဝါအနက်ကျားကို ပုခုံးပေါ်၌ ခြုံထားသည့် မိန်းမမှာ မိကျောင်းတီးနေသည်ကို တွေ့မြင်ရပေမည်။ ထိုပုံတွင် အခြား တူရိယာများမပါဘဲ မိကျောင်းတူရိယာ တစ်လက်တည်းဖြင့် တီး မှုတ်ကခုန်နေသည်ကို တွေ့မြင်ရခြင်းအားဖြင့် ကုန်းဘောင်ခေတ် အခါက မိကျောင်းတူရိယာများ မည်မျှလောက် ခေတ်စားနေကြောင်း ကို သိသာ ထင်ရှားစေလေသည်။ ခရစ် ၁၇၉၅ ခုနှစ်တွင် အရှေ့ အိန္ဒိယကုမ္ပဏီမှ ဘိုးတော်ဘုရားထံသို့ သံတမန်အဖြစ် စေလွှတ် ခြင်းခံရသော ကက်ပတိန်မိုင်ကယ်ဆိုင်းဆိုသူ ရေးသားခဲ့သော အင်းဝသွား သံအဖွဲ့မှတ်တမ်းစာအုပ်၌ ကုန်းဘောင်ခေတ် မိကျောင်း တူရိယာနှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း ရေးသားထားသည်ကို တွေ့ရှိရ၏။

ဂီတာကဲ့သို့ မိကျောင်းခေါ် တူရိယာတစ်မျိုးမှာ အလွန် ထူးဆန်းသော တူရိယာဖြစ်လေသည်။ ထိုတူရိယာကို မိကျောင်း ပုံသဏ္ဌာန်အတိုင်း ထုလုပ်ထား၏။ ထိုတူရိယာ၏ ကိုယ်ထည်ကို အခေါင်းထွင်းထားပြီး နောက်ဖက်တွင် အသံမြည်ပေါက် (နတ်သမီးပေါက်) များရှိလေသည်။ ကြိုး ၃ ချောင်းကို မိကျောင်း၏ကျောမှ အမြီးသို့ဆွဲလျက် တပ်ဆင်ထား၏။ အဆိုပါ ကြိုးများမှာ အစွန်း တစ်ဖက်တစ်ချက်တွင်ရှိသော ခုတုံးကလေးးများပေါ်တွင် တင်ထားလျက် ကြိုးများကိုအသံညိ|သည့်အခါ အမြီးတွင်တပ်ထားသည့် ဒလက်များဖြင့် ရစ်ပတ်ချည်နှောင်လျက် ညိ|လေသည်။

ထိုတူရိယာ ကို လက်ချောင်းကလေးများဖြင့် တီး၍ အထူးသဖြင့် အဆိုများနှင့် တွဲဖက်တီးမှုတ် လေ့ရှိကြသည်။ ယခုခေတ် မိကျောင်းတူရိယာတွင် တပ်ဆင်ထားသောကြိုး ၃ ချောင်းမှာ ပိုးကြိုးဖြစ်ပြီးလျှင် အများအားဖြင့် ပထမကြိုးတေး တွင် ၄ ပေါက်သံ၊ ဒုတိယ ကြိုးတွင် သံမှန်၊ တတိယကြိုး ပြီးတွင် ၄ ပေါက် သံများ ည|ိထား လေသည်။ ကြိုးများ၏ အောက်မှ ဂီတာ မယ်ဒလင် လက်နှိပ်ပေါက် တုံးကလေးများ တပ် ထားသကဲ့သို့ တုံးကလေး ၁၂ ခုခန့်ကို ပျားဖယောင်းဖြင့်ကပ်၍ တပ်ထား၏။ မိကျောင်းတူရိယာကို တီးသည့်အခါ ယခုခေတ် ဂီတာများတီးသည့် ပုံအတိုင်း ပေါင်ပေါ်သို့ တင်၍သော်လည်း ကောင်း၊ တစ်ခါတစ်ရံ အောက်သို့ချ၍သော်လည်းကောင်း တီးလေ့ရှိ ၏။ တီးရာတွင် တီးသူ၏ ညာဘက်လက်မ လက်ညို|းတို့ဖြင့် ကြိုး ကိုတီးခတ်ပြီး ဘယ်ဖက်လက်ချောင်းထိပ်ကလေးများဖြင့် မိမိအလိုရှိသော ကြိုးမှအသံကို လက်နှိပ်ပေါက် တုံးကလေးအပေါ်သို့ ဖိနှိပ်၍ လည်းကောင်း၊ တစ်ခါတစ်ရံ ဖိဆွဲ၍လည်းကောင်း တီးမှုတ် ကြလေ သည်။ မိကျောင်းတူရိယာကို များသောအားဖြင့် ရွှေချ၍လည်း ကောင်း၊ ဆေးရောင်များ ခြယ်လယ်၍လည်းကောင်း မွမ်းမံတတ်ကြလေသည်။

မိကျောင်း၏ ကိုယ်ထည်ကို အများအားဖြင့် ပိတောက်သားဖြင့် ထုလုပ်ကြသည်။ ထိုကိုယ်ထည်၏ ဝမ်းပိုက်အောက်မှ အခေါင်းထွင်ထားသည့်အပေါ်တွင် နွားသားရေဖြင့် အုပ်ထားသည်။ မိကျောင်းတူရိယာကို လွန်ခဲ့သည့်နှစ်ပေါင်း လေးငါးဆယ် လောက်မှစ၍၊ မြန်မာလူမျိုးများ သုံးစွဲ တီးမှုတ်ခြင်း မတွေ့ရ သလောက် ကွယ်ပျောက် တိပ်မြုပ်သွားခဲ့သော်လည်း၊ တနသ‡ာရီ တိုင်း ကျိုက္ခမီခရိုင်ရှိ မွန်လူမျိုးတို့သည် ယနေ့တိုင် တီးလျက်ရှိနေကြောင်း သိရှိရ၏။ အချို့ မွန်လူမျိုးများသည် မိကျောင်းတူရိယာကို မိကျောင်းရုပ်ပုံသဏ္ဌာန်မျိုး မပြုလုပ်ဘဲ မယ်ဒလင်တူရိယာ ပုံ သဏ္ဌာန်မျိုးကဲ့သို့ ပြုလုပ်၍တီးကြသည်ကို တွေ့ရှိရသည်။ မိကျောင်းတူရိယာ အသုံးနည်းသွားသဖြင့် မိကျောင်း တူရိယာတီးရာတွင် ကျော်ကြားထင်ရှားခဲ့သော ပညာသည်ကြီးများ ၏ အကြောင်းအရာ အတ္ထုပ္ပတ္တိများလည်း တိမ်မြုပ်ပျောက်ကွယ် ခဲ့ရလေသည်။ ကင်းဝန်မင်းကြီး ပုရပိုက် အမှတ် ၁၅၈၇ အရ ပဉ္စမသဂ‡ါယနာတင် မင်းတုန်းမင်းတရားကြီး လက်ထက်တော်၌ မိကျောင်းတူရိယာတီးရာတွင် ကျော်ကြား ထင်ရှားခဲ့သူ မိကျောင်း ဆရာဦးသင်းသည် အတွင်အငြိမ့်တော် အမှုထမ်းစောင်းဆရာကြီး ဦးဖူးခေါင်နှင့် တွဲဖက်အမှုထမ်းခဲ့ ကြောင်း သိရှိရလေသည်။ (ဦးမြဦး)[၁]


မိကျောင်း(တူရိယာ)မှာ သရေခေတ္တရာခေတ်ကပင် ပေါ်ပေါက်ခဲ့သည်။ ခရစ် ၈၀၁- ၈၀၂-ခုနှစ်တွင် ကောင်းစွာ ခေတ်စားနေပြီ ဖြစ်သည်။ ထိုအချိန်က တရုတ်ပြည်သို့ စေလွှတ်သော ပျူယဉ်ကျေးမှု အဖွဲ့တွင် မိကျောင်း(တူရိယာ) ပါကြောင်း ထောက်ရှု၍ သိနိုင်သည်။ ပုဂံရှိ အာနန္ဒာအုတ်ကျောင်း စင်္ကြံမြောက်ဘက် နံရံတွင် ပုဝါအနက်ကျား ပခုံးပေါ်ခြုံလျက် မိန်းမတစ်ယောက် မိကျောင်း(တူရိယာ) တီးနေပုံ ဆေးရေးပန်းချီကို တွေ့ရသည်။ ဤ တူရိယာမှာ မိကျောင်းရုပ်ပုံနှင့် ပြုလုပ်ထားသောကြောင့် မိကျောင်းဟု ခေါ်သည်။ သရေခေတ္တရာခေတ် မိကျောင်းမှာ အလျား ၄-ပေ၊ အနံ ရ-လက်မ၊ အောက်ဝမ်းပိုက်အကျယ် ၈-လက်မ၊ အမြီး ၁-ပေ (သို့မဟုတ်) ၁-ပေ ကျော်ကျော်ရှိသည်။ ဝမ်းပိုက်က အခေါင်းဖြစ်သည်။ မိကျောင်း၏ ကိုယ်ပေါ် တစ်ဖက်တစ်ချက်တွင် ကြိုး ၉-ချောင်းစီ တပ်ဆင်၍ အလျှော့အတင်းအတွက် ဒလက် ၁၈-ခု ပါရှိသည်။ ယခုခေတ်တွင် ပိုးကြိုး ၃-ချောင်းသာ တပ်ဆင်တော့သည်။ ပထမကြိုး လေးပေါက်သံ၊ ဒုတိယကြိုး သံမှန်၊ တတိယကြိုး လေးပေါက်သံများ ညှိထား၏။ ကြိုးများအောက်တွင် ဂီတာမယ်ဒလင်တို့၌ လက်နှိပ်တုံးကလေးများ တပ်ထားသကဲ့သို့ တုံးကလေး ၁၂-ခုခန့်ကို ပျားဖယောင်းဖြင့် ကပ်၍ထား၏။ ပေါင်ခွင်ပေါ်တွင်တင်ကာ ညာလက်ညှိုး၊ လက်မတို့ဖြင့် တီးခတ်၍ ဘယ်ဘက်လက်ထိပ်ကလေးများဖြင့် ကြိုးကို နှိပ်ဖိရသည်။ ယင်းတူရိယာကို ယခုအခါ ကျိုက္ခမီခရိုင် မွန်အမျိုးသားတို့ တီးနေကြသေးသည်။ အရှေ့တောင်အာရှနိုင်ငံများအနက် မြန်မာတစ်နိုင်ငံတည်း၌သာ မိကျောင်း တူရိယာကို တွေ့မြင်နိုင်သည်ဟု သုတေသီ သံလျင်မြဦးက အဆိုရှိသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
  2. မောင်သိန်းနိုင်၏ မြန်မာ့ဇာတ်သဘင် သမိုင်း (၁၉၆၈-ခု၊ စာပေဗိမာန်ထုတ်)