ပတ်မကြီး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ပတ်မကြီး[ပြင်ဆင်ရန်]

ဆိုင်းဝိုင်း၏လက်ဝဲဖက်တွင် ပတ်မကြီးကို ထားရသည်။ ရှေးရိုးမူအတိုင်းမှာ ပတ်မကြီးကို သုံးချောင်းထောက် ဝက်ခွနှစ် ခုနှင့် ထမ်းပိုးထားသော တန်းတွင်ဆွဲသည်။ ယင်းကို ပတ်မ ထမ်းဟု ခေါ်၏။ မူလက ထိုပတ်မထမ်းမှာ ရိုးရိုးသစ်သားတန်း ဖြစ်သော်လည်း၊ နောင်သောအခါတွင် ထိုတန်းကို မှန်စီရွှေချ ပေးလေသည်။ ထိုနောက်၌ကား သက်သေတိုင်ဟုခေါ်သော လေးပေလေးလက်မခန့်မြင့်သည့် ပွတ်လုံးတိုင်တတိုင်ကို ဆိုင်း ဝိုင်း၌ကပ်၌ ချည်ပြီးလျှင်၊ မှန်စီရွှေချပတ်မထမ်းကို တစ်ဘက်၌ သက်သေတိုင်တွင်တင်၍၊ အခြားတစ်ဘက်၌ ဝက်ခွတွင်တင်ပြီး သော် ပတ်မကြီးကို ဆွဲထားသည်။ ထိုမှတစ်ဖန် ပတ်မထမ်း အတွက် အရင်းတုတ်၍ အဖျားရှူးသော ဝါးမင်းကိုအသုံးပြုလာ ကြပြန်သည်။ ထိုဝါးမင်း၏ အရင်းပိုင်းတွင် နဂါးခေါင်းကိုတပ် လေသည်။ ထိုမှတစ်ဖန် မှန်စီရွှေချ နဂါးခေါင်းဖြစ်လာပြီးသော်၊ နှောင်းအခါ၌ ပတ်မထမ်းမှာ နဂါးရုပ်၊ ပဉ္စရူပရုပ်၊ နရားရုပ် စသည်ဖြင့် တိုးတက်ဖြစ်ပေါ်လာသည်။ များသောအားဖြင့် ထို အရုပ်တို့မှာ မှန်စီရွှေချဖြစ်သည်။ နရားရုပ်၌ ခွာလေးဖက်၊ အတောင်၊ အစွယ်၊ နှာခေါင်းစသည်တို့ ရှိကြသည်။ ပတ်မ ထမ်းသည် အရှည် ခြောက်ပေခွဲရှိရသည်။

ပတ်မကြီးတီးသူကို ပတ်မထိန်းဟုခေါ်သည်။ ရှေးက ပတ်မထိန်းသည် ပတ်မကြီးတစ်ခုကိုသာ တီးရသည်။ ထိုစဉ် အခါက မင်းပေါက်၏လက်ဝဲပြင်ဖက်၌ ဒိုးတီးတစ်ယောက်သက် သက်ရှိသည်။ ထိုဒိုးတီးသမားသည် မင်းပေါက်ကိုလက်လျှို၍၊ ဆိုင်းဝိုင်းတွင်းရှိ လက်ရင်းပတ်လုံးကြီးဖြစ်သော ဒုန်းခဲကို သူ၏ ဒိုးနှင့်တွဲဖက်၍ တီးရသည်။ သက္ကရာဇ် ၁၂၆၃ ခုနှစ်ခန့် မှအစပြု၍၊ ဒိုးတီးကို ဖြုတ်လိုက်လေရာ၊ ပတ်မထိန်းသည် ပတ်မကြီးအပြင် ပတ်လုံးခြောက်လုံးကိုပါတီးရန် တာဝန်ယူရ သည်။ ထိုနောက် ပတ်မကြီးသည် ပတ်လုံးခြောက်လုံး အပြင်၊ ပတ်စာနှစ်ဘက်တပ် စခွန့်ကိုပါ တီးလာရသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)