ပလုတ်

ဝီကီပီးဒီးယား မှ

ပလုတ်(တူရိယာ)[ပြင်ဆင်ရန်]

ပလုတ် မှာ သားရေကို ကျက်၍ တုတ်နှင့် တီးခေါက်ရသော သားရေတူရိယာ တစ်မျိုးဖြစ်သည်။ ယင်းတူရိယာကို မြှောက်စည်ဝိုင်းနှင့် ဗျိုင်းတောင်တီးဝိုင်းများတွင် ထည့်သွင်းတီးမှုတ်ကြကြောင်း တွေ့ရသည်။ ရှင်ဘုရင် နတ်ရွာစံသောအခါ မသာတော် အခမ်းအနားများ၌ တီးမှုတ်ရသည့် ဗျိုင်းတောင်တီးဝိုင်းတွင် ပလုတ် တူရိယာကို ထည့်သွင်း တီးခတ်ရသည်။ တီးရာတွင် ``စာရေးငတုတ်´´ ဟူ၍ အသံပီသလာအောင် တီးခတ်ရသည်ဟု ဆိုသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်သိန်းနိုင်၏ မြန်မာ့ဇာတ်သဘင် သမိုင်း (၁၉၆၈-ခု၊ စာပေဗိမာန်ထုတ်)