ပတ်ဝိုင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ပတ်ဝိုင်း[ပြင်ဆင်ရန်]

ဆိုင်းဝိုင်းဖွဲ့စည်းပုံကို ပိုင်းခြား၍ ကြည့်လျှင် ဆိုင်းဝိုင်း၌ ပတ်ဝိုင်း၊ ကြေးဝိုင်း၊ ပတ်မကြီး၊ နှဲဟူသည်တို့မှာ အဓိက အစိတ်အပိုင်းများဖြစ်ကြသည်ကို တွေ့ရလိမ့်မည်။ ပတ်ဝိုင်းမှာ မှန်စီရွှေချထားသော ပန်းပြားကြီးပေါင်းရှစ်ခုကို ဆက်စပ်ဝိုင်း ဖွဲ့ကာ၊ ပုံဟုခေါ်သော ပတ်လုံများ ဆွဲချိတ်ထားသည့် ဝိုင်းပင် ဖြစ်သည်။ ထိုပန်းပြားကြီးရှစ်ခုအနက် ခုနစ်ခုမှာ ပန်းပြားကြီး တစ်ခုလျှင် ပန်းပြားငယ်သုံးခုမှ လေးခုအထိ ထုလုပ်ဆက်စပ် ထားသည်။ ကျန်ပန်းပြားငယ်တစ်ခုမှာမူ နောက်ထိုင်များ၏ ဖက်၌ ရှိသည်။ ထိုပန်းပြားတွင် ဆိုင်းဆရာ ဝင်ရန်ထွက်ရန် အပေါက်ပါရှိ၍၊ ထိုအပေါက်ကို မင်းပေါက်ဟု ခေါ်သည်။ ထို မင်းပေါက်ပါရှိသော ပန်းပြားမှလွဲ၍၊ ကျန်ပန်းပြားတို့၏ ထပ်တွင် ပန်းပြားငယ်အရေအတွက်ကိုလိုက်၍ ပတ်လုံးချိန်ရန် စရွေးပေါင်း သုံးခုစီဖြစ်စေ၊ လေးခုစီဖြစ်စေရှိသည်။ မင်းပေါက် ပါသော အပြား၌ ဝဲယာနှစ်ဘက်တွင် စရွေးနှစ်ခုရှိသည်။ ပန်း ပြားကြီးတစ်ခုလျှင် အကျယ်နှစ်ပေခန့်ရှိသည်။ မင်းပေါက် ရှိသော ပန်းပြားမှာ နှစ်ပေကျော်မျှကျယ်သည်။ ဆိုင်းဝိုင် ၏အဝန်းမှာ မြန်မာအသုံးအနှုန်းအားဖြင့် ဆယ်တောင်ထွာရှိ၍၊ ပေဖွဲ့သော် ၁၅ ပေ ၁ဝ ၁/၂ လက်မမျှရှိသည်။ ပတ်ဝိုင်း၏ အမြင့်မှာ ခြေထောက်ပါ နှစ်ပေ ရှစ်လက်မခန့်ရှိသည်။ ပတ် ဝိုင်းခွေ၍၊ ပတ်လုံးများကို ဆွဲချိတ်ထားရာ၌၊ ပတ်လုံးနှင့် ပန်း ပြားတို့ မထိမကပ်ရလေအောင် ပန်းပြားအတွင်း၌ကြိမ်ကို သံ နှင့်ရိုက်၍ ခံထားသည်။ ယင်းကို ပတ်ခံဟူ၍၎င်း၊ ပတ်ခေါင်း အုံးဟူ၍၎င်း ခေါ်ကြသည်။ ပတ်ဝိုင်း၏ ပန်းပြားထိပ်များတွင် ဖန်ပဒိုင်းခေါ် ဖန်အိုးရောင်စုံများကို တပ်ဆင်လေ့ရှိသည်။ ည အခါ၌ ထိုဖန်ပဒိုင်းတွင် ဖရောင်းတိုင်ထည့်ကာ မီးထွန်းညိ|ရ သည်။ ပတ်ဝိုင်းတွင် ပတ်လုံးပေါင်း ၁၉ လုံးမှ ၂၁ လုံးအထိ ရှိကြသည်။ ပတ်ဝိုင်းတို့ကို မှန်စီရွှေချထားလေ့ရှိသည်။ မူလက ပတ်ဝိုင်း၌ ခြေများမရှိချေ။ သက္ကရာဇ် ၁၂၈၂ ခုနှစ်က အစပြု ၍ ပတ်ဝိုင်းနှင့် ကြေးဝိုင်းကိုပါ အမြင့် ငါးလက်မခွဲရှိသော ခြေ ထောက်များ တပ်ဆင်ပေးလာကြသည်။

ပတ်ဝိုင်း၌ပါဝင်သော ပတ်လုံးတို့ကို ပိတောက်သားနှင့် ပြုလုပ်၍၊ နွားရေနှစ်ဘက်ပိတ်ပြီးလျှင် ကျက်ထားလေသည်၊ စည်တိုနှင့် ပလုတ်တုတ်မှအပ၊ ပတ်လုံးတို့ကို ထမင်းနှင့် မန်ကျည်းပြာ၊ ညောင်ပြာတို့ကို ညက်အောင် နယ်ထားသော ပတ်စာတပ်၍ အသံညိ|ရသည်။[၁] ယခု ကာလတွင်မူ နိုင်လွန်ပတ်စာဟု ခေါ်သည့် ကော်မှုန့်တစ်မျိုးအား ကြိတ်နယ်ထားသောပတ်စာကို အသုံးပြုနေပြီ ဖြစ်သည်။ ပြာနုနှင့် ထမင်းကို သမအောင်ရော၍ ကြိတ်နယ်ထားသော ပတ်စာမှာ တစ်ညတာ တစ်ပွဲမျှသာ သုံးနိုင်သည်။ နိုင်လွန်ပတ်စာမှာ လေလုံအောင်ဘူးဖြင့်ထည့်၍ သိမ်းထားလျှင် မကုန်မချင်း သုံးနိုင်သည်။ [၂]

ပတ်ဝိုင်း နေရာချပုံနှင့် အသံထွက်[ပြင်ဆင်ရန်]

နေရာ ပုံအမှတ်စဉ် ပုံအမည် အသံ အသံခေါ်နည်းတမျိုး နောက်တနည်း[၃]
ဗယ် ဒုန်းကဲ လေးပေါက် လေးပေါက်ဒုန်းကဲ ဒုံးခဲ
နှစ်ဆစ်ဒုန်း နှစ်ပေါက် လဲသဲးလဲ နှစ်ဆစ်လုံး
သဖြန်ဒုန်း တစ်ပေါက် တဆစ်ဒုန်း တစ်ဆစ်လုံး
ဗယ်တျော ခြောက်ပေါက် ခုနစ်သံချီညှိလျှင် ခုနစ်ပေါက်ညှိသည်။ ဘယ်တျောလုံး
ငါးပေါက်ညှင်း ငါးပေါက် ပုလဲတီးလျှင် ခြောက်ပေါက်ညှိသည်။ ဘယ်တေလုံး
ဒူးလုံး လေးပေါက် လက်ခေါ်လုံး ဒူးလုံး
နှစ်ပေါက်လုံး နှစ်ပေါက် ပုလဲညှိလျှင် သုံးပေါက်ညှိသည်။ တေလက်ခေါ်လုံး
သရွင်းလုံး တစ်သံမှန် - လည်သည်းလုံး(သို့)တျာလက်ခေါ်လုံး
လက်လယ် ပတ်စာတပ်လုံး ခုနစ်ပေါက် - ပတ်စာတပ်လုံး
၁၀ ငါးပေါက် ငါးပေါက် - ငါးပေါက်လုံး
၁၁ လေးပေါက် လေးပေါက်လတ် - လေးပေါက်လုံး
၁၂ သုံးပေါက် - - သုံးပေါက်လုံး
၁၃ နှစ်ပေါက် - - နှစ်ပေါက်လုံး
၁၄ သဖြန် သံမှန် - သံကုန်လုံး
လက်ဖျား ၁၅ ခုနစ်သံ - - တျောလုံး
၁၆ ငါးပေါက်ဖျား - - ခြောက်ပေါက်ဖျားလုံး
၁၇ လေးပေါက်ဖျား - - ငါးပေါက်ဖျားလုံး
၁၈ သုံးပေါက်ဖျား - - လေးပေါက်ဖျား
၁၉ နှစ်ပေါက်ဖျား - - သုံးပေါက်ဖျား
၂၀ သံမှန်ဖျား - - နှစ်ပေါက်ဖျား
၂၁ ခုနစ်သံဖျား - - သံကုန်ဖျား

[၄]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
  2. သိန်းသန်းဝင်း, (မလှိုင်) (၂၀၀၉). မြန်မာ့ဆိုင်း, ပထမအကြိမ်. စာပေဗိမာန်။ 
  3. သိန်းသန်းဝင်း, (မလှိုင်) (၂၀၀၉). မြန်မာ့ဆိုင်း, ပထမအကြိမ်. စာပေဗိမာန်။ 
  4. အလင်္ကာကျော်စွာ, ဒေါ်စောမြအေးကြည်၊ (ဘီအေ) (ရန်ကုန်၊ ၁၉၆၈). ဂီတနှင့် အက, ပြည်သူ့လက်စွဲစာစဉ်. စာပေဗိမာန်