မောင်း (တူရိယာ)

ဝီကီပီးဒီးယား မှ

မောင်းသည် မြန်မာအဘိဓာန်တွင် ကြေးစသည်ဖြင့်သွန်းလုပ်ထားသော အသံမြည်ဟည်းအောင် ထုနှက်တီးခတ်ရသောပစ္စည်းဟု အဓိပ္ပာယ် ဖွင့်ဆိုထား၏။ ရှေးခေတ်အခါက ရှင်ဘုရင်၏ အမိန့်တော်များကို အများပြည်သူများ သိရှိနိုင်ရန် အတွက် မောင်းတီးပြီး ကြေညာပေးရသည်။

ခွက်ခွင်းစည်စောင်း၊ ကြေးနင်းမောင်းနှင့်။ ရာမ၊ ပ။ ၂၀။

ကချင်ရိုးရာ မောင်း[ပြင်ဆင်ရန်]

မောင်းကို ကြီးစဉ်ငယ်လိုက် (၃)လုံးကို အသုံးများသည်။ မနောပွဲနှင့် အသုဘပွဲများ၌လည်းကောင်း၊ ပျော်ရွှင်မှုပွဲများ၌လည်းကောင်း အသုံးများသည်။ အသုဘပွဲများ၌ အခြားတူရိယာကို မလိုဘဲ ကြီးစဉ်ငယ်လိုက် မောင်း(၃)လုံးပါက ကခုန်ပျော်ရွှင်ရ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်ဂုဏ်ဆောင် ရေး ကချင်ရိုးရာတူရိယာများ ဆောင်းပါး၊ ငွေတာရီ၊ အမှတ်(၁၂၈)၊ ဖေဖော်ဝါရီ ၁၉၇၁-ခုနှစ်၊ စာ ၃၀-၃၄