ဗီယက်နမ် ရုပ်မြင်သံကြား

ဝီကီပီးဒီးယား မှ
ဗီယက်နမ် ရုပ်မြင်သံကကြား
အမျိုးအစားရုပ်မြင်သံကြား
နိုင်ငံ ဗီယက်နမ်
ဖမ်းယူရရှိနိုင်မှုပြည်တွင်း
ကမ္ဘာတစ်ဝန်း
ဌာနချုပ်ဟနွိုင်းမြို့, ဗီယက်နမ်နိုင်ငံ
ပိုင်ဆိုင်သူဗီယက်နမ် အစိုးရ
အရေးပါ ပုဂ္ဂိုလ်
Trần Bình Minh
(General director)

Phạm Việt Tiến
(Deputy managing director)
စတင်ထုတ်လွှင့်သည့်ရက်
၇ September ၁၉၇၀; ၅၃ နှစ် အကြာက (၇ September ၁၉၇၀)
ယခင်အမည်များ
Independent Television System (7 September 1970 – 4 July 1976)
Central Television (5 July 1976 – 30 April 1987)
တရားဝင် ဝက်ဘ်ဆိုဒ်
vtv.vn

ဗီယက်နမ် ရုပ်မြင်သံကြား (အင်္ဂလိပ် : Vietnam Television အတိုကောက် VTV၊ ဗီယက်နမ်: Đài Truyền hình Việt Nam) သည် ဗီယက်နမ်နိုင်ငံ၏အမျိုးသားရုပ်သံလွှင့်လုပ်ငန်းတစ်ခု ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ရုပ်သံလိုင်းများ[ပြင်ဆင်ရန်]

VTV သည် အောက်ဖော်ပြပါ ရုပ်သံလိုင်းများ အား ထုတ်လွှင့်ပြသလျက်ရှိသည်။ [၁] [၂] [၃] [၄]

  • VTV1 : သတင်းနှင့်မျက်မှောက်ရေးရာ အခြေအနေများ ကို ၂၄ နာရီ ထုတ်လွှင့်နေသော သတင်းဦးစားပေး လိုင်းဖြစ်သည်။ [၅] အဆိုပါရုပ်သံလိုင်းမှ နိုင်ငံတော်အဆင့် ပွဲအခမ်းအနား များ ၊ တွေ့ဆုံဆွေးနွေးပွဲများ နှင့် ပါလီမန်အစည်းအဝေးများ ကို တိုက်ရိုက်ပြသပေးသည်။VTV1 ရုပ်သံလိုင်း အား ၁၉၇၀ခုနှစ် စက်တင်ဘာလ ၇ရက်နေ့မှ စတင်ခဲ့ကာ ကြည်လင်ပြတ်သားသော ရုပ်သံလိုင်း(HD) အဖြစ် ၂၀၁၄ မတ်လ ၂၇ရက် ၌ စတင်ခဲ့သည်။
  • VTV2 သည် သိပ္ပံနှင့် နည်းပညာ ၊ လူမှုဘဝ ဦးစားပေး အစီအစဉ်များကို နေ့စဉ် ၂၄နာရီ ပြသနေသောရုပ်သံလိုင်းဖြစ်သည်။ ဒါ့အပြင် ဂျပန်နှင့်အမေရိကန် မှ ကာတွန်းအစီအစဉ်များ (ဥပမာ ပိုကီမွန် , Yo-kai စောင့်ကြည့်ရေးအဖွဲ့ , ဒစ္စနေးရုပ်သံ နဲ့ ကာတွန်းနက်ဝက် မှ ကာတွန်းစီးရီးများ)၊ တရုတ် နှင့် တောင်ကိုရီးယား မှတီဗီစီးရီးများ လည်း ပြသနေသည်။ VTV2 1 အား ၁၉၉၀ ဇန်နဝါရီ ၁ရက်နေ့ မှ စတင်ထုတ်လွှင့်ခဲ့ပြီး HD ရုပ်သံလိုင်း အဖြစ် ၁၉ရက် မေလ ၂၀၁၅ တွင်ထုတ်လွှင့်ခဲ့သည်။
  • VTV3 : များသောအားဖြင့်ဖျော်ဖြေရေးရုပ်သံလိုင်း တစ်ခုဖြစ်ကာ ၂၄ နာရီထုတ်လွှင့်ပေးနေသည်၊။ VTV3 အား ၃၁ မတ်လ ၁၉၉၆ စတင်ခဲံသည်။VTV3 HD အဖြစ် ၃၁ မတ်လ ၂၀၁၃ တွင်ဖြန့်ချိခဲ့သည်။ ဤရုပ်သံလိုင်း သည် VTV လိုင်းမျာ; မှ High Definition အဖြစ် ထုတ်လွှင့်သော ပထမဦးဆုံးရုပ်သံလိုင်းဖြစ်သည်။
  • VTV4 : ဗီယက်နမ်နိုင်ငံ မှ ကမ္ဘာတစ်ဝန်း သို ပြသနေသော ရုပ်သံလိုင်း ဖြစ်သည်။ ၁၉၉၈ ခုနှစ် တွင်စတင်ထုတ်လွှင့်ပြီး ပြည်တွင်း VTVရုပ်သံလိုင်းများမှ အကောင်းဆုံး-ပရိုဂရမ်များ အားပြသနေကာ ယခုအခါ ထိုင်ဝမ် CHT MODChannel 215 တွင်လည်းကောင်း ၊ မလေးရှား ABNXcess Channel 311 ၌လည်းကောင်း ဖမ်းယူကြည့်ရှုနိုင်သည်။VTV4 HD အား ၁၉ ဇွန်လ၂၀၁၅ နေ့ရက်တွင်ဖြန့်ချိခဲ့သည်။
  • VTV5 :ဗီယက်နမ်နိုင်ငံ ရှိ တိုင်းရင်းသားလူမျိုး များအတွက် ၂၄ နာရီထုတ်လွှင့်နေသော ရုပ်သံလိုင်း ဖြစ်သည်။ VTV5 အား ၁၀ ဖေဖော်ဝါရီလ ၂၀၀၂ ရက်နေ့တွင်စတင်ခဲ့သည်။ VTV5 HD အား ဇူလိုင်လ ၁ ရက်နေ့ ၂၀၁၅ ရက်တွင်ဖြန့်ချိခဲ့သည်။
  • VTV6 : အသက် ၁၈နှစ မှ ၃၄နှစ် လူငယ်များအား ရည်ရွယ်လျက် အားကစားပွဲများ နှင့် ပွဲအခမ်းအနားများ အား ၂၄နာရီထုတ်လွှင့်နေသော ရုပ်သံလိုင်း ဖြစ်သည်။ ယင်း ရုပ်သံလိုင်း သည် ၂၉ရက် ဧပြီလ၂၀၀၇ တွင်စတင်ခဲ့သည်။ VTV6 HD အား အောက်တိုဘာလ ၂၀၁၃ တွင် ဖြန့်ချိခဲ့သည်။
  • VTV7 : ပညာရေးရုပ်သံလိုင်း ဖြစ်ကာ မနက် ၆း၀၀နာရီ မှ ၀၀း၀၀ အထိ ထုတ်လွှင့်နေသည်၊။ VTV7 နှင့် VTV7 HD ကို ၂၀ နိုဝင်ဘာ ၂၀၁၅ တွင် စမ်းသပ်ထုတ်လွှင့်ခဲ့ပြီး ၂၀၁၆ခုနှစ် တွင် တရားဝင် စတင်ထုတ်လွှင့်ခဲ့သည်။
  • VTV 8 :ဗီယက်နမ် အလယ်ပိုင်း နှင့် အနောက်ပိုင်း ဒေသများသို မနက် ၅နာရီ မှ ညသန်းခေါကင် အထိ ထုတ်လွှင့်နေသော ရုပ်သံလိုင်း ဖြစ်ကာ VTV 8 နှင့် VTV 8 HD အား ၂၀၁၆ ဇန်နဝါရီလ ၁ရက်နေ့ ၌ စတင်ထုတ်လွှင့်ခဲ့သည်။
  • VTV9 : ဗီယက်နမ် တောင်ပိုင်း ဒေသများ သို ထုတ်လွှင့်သောရုပ်သံလိုင်းဖြစ်ကာ ၂၀၁၅ ဩဂုတ်လ ၂၈ ရက်တွင်ဖြန့်ချိခဲ့သည် ။

ဖျက်သိမ်းလိုက်သော ဒေသဆိုင်ရာလိုင်းများ[ပြင်ဆင်ရန်]

  • VTV Huế
  • VTV Đà Nẵng
  • VTV Phú Yên
  • VTV Cần Thơ 1
  • VTV Cần Thơ 2

၂၀၀၃ခုနှစ် မှစတင်ကာ VTV ရုပ်သံလိုင်းများ ကို ဂြိုဟ်တုစလောင်းများ ၊ ဒစ်ဂျစ်တယ်ရုပ်သံဖမ်းစက်များ (DVB-T)နှင့် ဒစ်ဂျစ်တယ် ကေဘယ်များ ဖြင့်ဖမ်းယူကြည့်ရှုနိုင်ခဲ့သည်။ VTV တွင် K+ ခေါ်သော အခပေး ရုပ်သံလိုင်း များလည်း ဝန်ဆောင်မှု ပေးနေသည်။ အဆိုပါ အခပေး အစီအစဉ်တွင် ကိုယ်ပိုင် ရုပ်သံလိုင်း ၁၅လိုင်း နှင့် အခြား သော နိုင်ငံတကာရုပ်သံလိုင်းများဖြစ်သော ရိုက်တာသတင်းဌာန ၊ ESPN ၊ ဒစ္စနေး Channel ၊ Discovery Channel ၊ ဘီဘီစီ ၊ HBO စသည်များ အခပေး ရုပ်သံလိုင်း အဖြစ် ဝန်ဆောင်မှု ပေးနေသည်။

VTV ဒေသဆိုင်ရာလိုင်းများကို ၂၀၁၆ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့ ပြောင်းလဲခဲ့သည်။ VTV Hue , VTV Đà Nang နှင့် VTV Phu Yen မှ ရုပ်သံအစီအစဉ် များနှင့် ရုပ်သံလိုင်းများကို VTV8 အဖြစ် လည်းကောင်း ၊ VTV Can Tho 1 အား VTV9 အဖြစ် လည်းကောင်း ၊ VTV Can Tho 2 အား VTV5 Tây Nam Bộ အဖြစ် လည်းကောင်း အမည်များ ပြောင်းခဲ့သည်။

အနာဂတ်တွင် ထုတ်လွှင့်မည့် ရုပ်သံလိုင်းများ[ပြင်ဆင်ရန်]

  • VTV24: ဗီယက်နမ်နိုင်ငံ ၏ ပထမဆုံး ၂၄နာရီ ထုတ်လွှင့်မည့် သတင်း ရုပ်သံလိုင်း ဖြစ်ကာ ၂၀၁၇ခုနှစ် ၄လပိုင်း တွင် စတင်မည်ဖြစ်သည်။
  • VTV4k: ဖျော်ဖြေရေးရုပ်သံလိုင်း ဖြစ်ကာ VTV3 နှင့်အတူထုတ်လွှင့်မည့် 4K ရုပ်သံအရည်အသွေးရှိ ရုပ်သံလိုင်းဖြစ်သည်၊။ ၂၀၁၇ခုနှစ် ပထမ အပတ် ၌ စတင်မည်ဖြစ်သည်။ [၆]
  • VTV7 Kids, VTV7 English and VTV7 News ၂၀၂၀ ခုနှစ်တွင် စတင်မည် [၆]

VTVcab မှVTV လိုင်းများစာရင်း[ပြင်ဆင်ရန်]

EPG EPG ကိုအမည်ဖြင့် ချန်နယ်အမည် ချန်နယ် အမျိုးအစား အသုံးပြုနိုင်မှု မှတ်စုများ
1 VTV1 VTV1 အခမဲ့ သတင်းနှင့်မျက်မှောက်ရေးရာရုပ်သံလိုင်း
2 VTV2 VTV2 အခမဲ့ ပညာရေးနှင့်သိပ္ပံရုပ်သံလိုင်း
3 VTV3 VTV3 အခမဲ့ ဖျော်ဖြေရေးရုပ်သံလိုင်း
4 VTV4 VTV4 အခမဲ့ နိုင်ငံတကာရုပ်သံလိုင်း။
5 VTV5 VTV5 အခမဲ့ တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း
6 VTV6 VTV6 အခမဲ့ အားကစားနှင့်လူငယ်များရုပ်သံလိုင်း

ကမ္ဘာတစ်ဝန်း VTV ရုံးဌာနများ[ပြင်ဆင်ရန်]

၂၀၁၈ ခုနှစ် အထိ VTV ၌ သတင်းရုံးဌာနဆိုက်ရာ ၁၄ နေရာ ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. VTV Official site - Channel list Error in webarchive template: Check |url= value. Empty.
  2. vtv6.vtv.vn။ VTV6 - Ban Thanh thiếu niên - Đài Truyền Hình Việt NamVTV6။ 12 July 2015 တွင် ပြန်စစ်ပြီး။
  3. VTV sẽ có thêm 3 kênh truyền hình mới။ 13 July 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 July 2015 တွင် ပြန်စစ်ပြီး။
  4. Ra mắt kênh truyền hình VTV9။ 19 August 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 July 2015 တွင် ပြန်စစ်ပြီး။
  5. Lịch phát sóng - Lịch phát sóng truyền hình VTV - VTV.VNĐài truyền hình Việt Nam။ 16 July 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 July 2015 တွင် ပြန်စစ်ပြီး။
  6. ၆.၀ ၆.၁ "VTV3 SAP hếtđộc Quyen"

ပြင်ပလင့်များ[ပြင်ဆင်ရန်]