တီမော အသံနှင့်ရုပ်မြင်သံကြား
Radio-Televisão Timor Leste | |
---|---|
ဒီလီမြို့ ရှိ ရုံး အဆောက်အဦး | |
စတင်ခြင်း | ၁ ၊ ဇွန်လ ၊ ၂၀၀၂ |
ပိုင်ဆိုင်သူ | အရှေ့တီမော အစိုးရ |
ဆောင်ပုဒ် | ROMAN FOTI RAIN (Portuguese: A LUZ DO PROGRESSO) |
နိုင်ငံ | အရှေ့တီမော အရှေ့တီမော |
ထုတ်လွှင့်သည့် ဧရိယာ | အခမဲ့/ဂြိုဟ်တုစလောင်း |
ဌာနချုပ်များ | ဒီလီမြို့ ၊ အရှေ့တီမော |
ညီအစ်မရုပ်သံလိုင်း(များ) | RTP Internacional, Rede Globo, |
ဝက်ဘ်ဆိုဒ် | [၁] |
တီမော အသံနှင့်ရုပ်မြင်သံကြား (Radio-Televisão Timor Leste ၊ အင်္ဂလိပ် : Radio Television East Timor ၊ အတိုကောက်: RTTL) သည် အရှေ့တီမောနိုင်ငံ ၏ ဒေသတွင်း ရေဒီယို နှင့် ရုပ်မြင်သံကြား ထုတ်လွှင့်သော နိုင်ငံပိုင် ရုပ်သံလွှင့်အဖွဲ့အစည်း ဖြစ်သည်။
ရေဒီယို
[ပြင်ဆင်ရန်]ရေဒီယို တီမော (အင်္ဂလိပ်: Radio Timor Leste အတိုကောက် : RTL) သည် RTTL ၏ လက်အောက် ရှိ အင်ဒိုနီးရှားဘာသာစကား(Tetun) နှင့် ပေါ်တူဂီ ဘာသာစကား (Portuguese) ဖြင့် ထုတ်လွှင့်နေသော ရေဒီယို လိုင်း တစ်ခုဖြစ်သည်။ ရေဒီယို တီမော သည် အစီအစဉ် (၃၄) ခုအား ဝန်ထမ်းအင်အား ၆၃ယောက် ဖြင့် တစ်နေ့လျှင် ၁၆ နာရီ ထုတ်လွှင့်နေသည်။
ရုပ်မြင်သံကြား
[ပြင်ဆင်ရန်]အရှေ့တီမော ရုပ်မြင်သံကြား(Televisão de Timor Lesteသို့မဟုတ် Televizaun Timor Lorosae (East Timor Television)၊အတိုကောက်: TVTL )သည် တီမော အသံနှင့် ရုပ်မြင်သံကြား လက်အောက်ရှိ ရုပ်မြင်သံကြား ဌာနခွဲ တစ်ခုဖြစ်သည်။ TVTL သည်ပထမဆုံး ရုပ်မြင်သံကြား ထုတ်လွှင့်မှု အဖြစ် ၁၉၇၈ခုနှစ် တွင် TVRI ၏ အရှေ့တီမော အသံလွှင့်ဌာနတစ်ခု အနေဖြင့် စတင်ခဲ့သည်။နောက်ပိုင်းတွင် TV UNTAET ဟူသော အမည်သို့ ပြောင်းလဲ သုံးစွဲခဲ့ပြီး ၂၀၀၂ခုနှစ် မေလ ၂၀ရက်နေ့တွင် ယခုလက်ရှိ အမည်ဖြစ်သော TVTL သို့ ပြောင်းလဲ ခဲ့သည်။