ဗန်းတဲ့ရွာ၊ တီးတိန်မြို့နယ်

ဝီကီပီးဒီးယား မှ
ဗန်းတဲ့
ရွာ
ဗန်းတဲ့ရွာ
ဗန်းတဲ့ရွာ မြင်ကွင်း
ဗန်းတဲ့ရွာ မြင်ကွင်း
ဗန်းတဲ့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဗန်းတဲ့
ဗန်းတဲ့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 23°15′07″N 93°40′23″E / 23.2519397735596°N 93.6730804443359°E / 23.2519397735596; 93.6730804443359ကိုဩဒိနိတ်: 23°15′07″N 93°40′23″E / 23.2519397735596°N 93.6730804443359°E / 23.2519397735596; 93.6730804443359
နိုင်ငံ မြန်မာ
ပြည်နယ် ချင်း
ခရိုင်တီးတိန်ခရိုင်
မြို့နယ်တီးတိန်မြို့နယ်
ကျေးရွာအုပ်စုဗန်းတဲ့
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ဗန်းတဲ့ရွာ(အင်္ဂလိပ်: Vangteh)သည် ချင်းပြည်နယ်တီးတိန်ခရိုင်တီးတိန်မြို့နယ်ဗန်းတဲ့ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၄၇၂၆ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဗန်းတဲ့ကျေးရွာအုပ်စုတွင် ကျား ၉၆၃ ဦး၊ မ ၁၁၃၂ ဦး၊ လူဦးရေ စုစုပေါင်း ၂၀၉၅ ဦး နေထိုင်သည်။ [၁]

အမည်[ပြင်ဆင်ရန်]

ဗြိတိသျှတို့၏မှတ်တမ်းတွင် ဗမာအသံကိုလိုက်၍ ဗန်ကတဲ့ Wunkathe ဟူ၍လည်းကောင်း၊[၂] တခြားခေတ်ပြိုင်မှတ်တမ်းတချို့တွင် Vangte ဟူ၍လည်းကောင်း မှတ်တမ်းတင်ထားသည်။[၃][၄]

ဗန်းတဲ့သည် ဒေသအဆိုအတိုင်း ရွာကြီးတခုဖြစ်သည်။[၅] ပင်လယ်ပြင်အထက် အမြင့်မီတာ ၁၅၀၀ နှင့် ၂၇၀၀ ကြားရှိ  ချင်းတောင်ထွတ်များ[၆] အကြားတည်ရှိသော ဤတောင်ပေါ်ရွာသည် သူ့ခေတ်သူ့ခါတွင် ဘုန်းတန်ခိုးအလွန်ကြီးခဲ့ဖူးလေသည်။

သမိုင်းနှင့်ဒဏ္ဍာရီ[ပြင်ဆင်ရန်]

ဗန်းတဲ့သည် တချိန်တခါများတွင် အစဉ်အလာကြီးခဲ့သော ဂွီးသဲ (သို့မဟုတ် Nwite, Vuite, Nguite [Vangteh အတွက်ဒေသခံအသံထွက်] Gwete, Gwite[၇]) မျိုးနွယ်စုတို့၏[၈] နိုင်ငံရေး၊ စစ်ရေးဌါနကြီးတခုဖြစ်ခဲ့ဖူးလေသည် (အေဒီ 1300-1900)။[၉]

အခြားသောမျိုးနွယ်စုများသည်လည်း ဆိုင်ရာဒေသများတွင် ၎င်းတို့၏အပိုင်းစားမှုရှိခဲ့သော်လည်း ဂွီးသဲတို့၏ အချုပ်အခြာပိုင်ဆိုင်မှုအောက်ရှိ ဩဇာခံများသာဖြစ်ကြသည်။ ၎င်း ဂွီးသဲတို့၏ အချုပ်အခြာပိုင်ဆိုင်မှုသည် တောင်ပိုင်းဒေသဖက်မှ Pawi တို့၏ စုပေါင်း ထိုးစစ်ဆင်နွှဲမှုများ စိမ့်ဝင်လာသည့် ၁၉ ရာစုလယ်ပိုင်းကာလ ထိတိုင်တိုင် နှစ်ပေါင်းရာစု ၆ ခုမျှတည်တံ့ခဲ့သည့်။ ထို့ကြောင့် ဦးစိန်ခိုခိုင်ရေးသားသောစာအုပ်၌ Pawi တို့၏အစောင့်အရှောက်ခံ Sukte မိသားစုတစ်စု၏ နှောင်းပိုင်းဩဇာအာဏာကြီးထွားလာပုံကို ဒေသစကား "To" ဟူ၍လည်းကောင်း၊ ဂွီးသဲတို့၏ ရှိရင်းစွဲဘုန်းတန်ခိုးကို "Mang" ၍လည်းကောင်း နှိုင်းပြ၊ သုံးနှုန်းလေသည်။ သူ၏အနက်ဖွင့်ဆိုပုံအရ "Mang" သည် ရှိရင်းစွဲ ဩဇာညောင်းမှုသဘောသက်ရောက်ပြီး၊ "To" သည် တဖက်သတ်အနိုင်ယူမှုကြောင့် ဩဇာသက်ရောက်မှုသဘော သက်ရောက်လေသည်။[၁၀]


ကိုးကား[ပြင်ဆင်ရန်]

  1. Place codes (Pcodes)Myanmar Information Management Unit (June 2020)။
  2. List of The Satellite Views Error in webarchive template: Check |url= value. Empty.
  3. List of The Falling Rain Genomics, Inc.
  4. List of The Travel Post Error in webarchive template: Check |url= value. Empty.
  5. Cf., "khua" and "pi" in The Paite-English: Zomi Online Encyclopedia And Dictionary Archived 5 November 2007 at the Wayback Machine..
  6. See "Chin state" at The Asterism Travels & Tours – Myanmar
  7. See, Siamsinpawlpi Error in webarchive template: Check |url= value. Empty.
  8. For more on Guite's dynastic tradition, cf., Chinzalian Guite, Politico-Economic Development of the Tribals of Manipur: A Study of the Zomis (New Delhi, India: Anmol Publications Pvt. Ltd., 1999), 35–62.
  9. See, list of villages and towns established by Guite family in Piangzathang Guite, A Story of the Guite Chiefs: History and Chronology of the Guite Chieftains of north-eastern India (Lamka, Churachandpure, India: Luanzaching, 1982) [the author, Piangzathang is a former President of Manipur Chiefs' Union]; and also see Vumson, Zo History: With an Introduction to Zo Culture, Economy, Religion (Aizawl, Mizoram, India, 1986).
  10. See the two articles under the subheadings of the "Guite" and "Sukte" in Sing Khaw Khai, Zo People and Their Culture: A Historical, Cultural Study and Critical Analysis of Zo and Its Ethnic Tribes (Churachandpur, Manipur, India: Khampu Hatzaw, 1995), 21–22, 24–26.