ဆေးတက္ကသိုလ် (မန္တလေး)

Wikipedia မှ
(မန္တလေးဆေးတက္ကသိုလ် မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဆေးတက္ကသိုလ် (မန္တလေး)
University of Medicine (Mandalay)
ဥပဌာနံ အနုကမ္မာ ဒယာ
Service, Sympathy, Humanity
{{{အမည်}}}
တည်ထောင်ခုနှစ် ၁၉၅၄ခုနှစ်
ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာတင်မောင်ဟန်
တည်နေရာ ချမ်းမြသာစည် မြို့နယ်၊ မန္တလေး
ပိုင်ဆိုင်မှု ကျန်းမာရေး ဝန်ကြီးဌာန
ဝဘ်ဆိုတ် http://www.ummdy.com/


ဆေးတက္ကသိုလ် (မန္တလေး)သည် မြန်မာပြည်ရှိ ဆေးတက္ကသိုလ် ၄ ခုအနက် မန္တလေးတွင်ရှိသော ဆေးတက္ကသိုလ်ဖြစ်သည်။ ဆေးပညာဘွဲ့ (M.B.,B.S.)နှင့် ဆေးပညာဆိုင်ရာ ဒီပလိုမာ၊ ဘွဲ့လွန်နှင့် ဒေါက်တာဘွဲ့များ သင်ကြားပေးသည်။ မြန်မာပြည် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အမှတ်မြင့်ကျောင်းသားများ တက်ရောက်ခွင့်ရှိသော ကျောင်းတစ်ကျောင်းဖြစ်ပြီး နှစ်စဉ် ကျောင်းသား ဦးရေ ၃၀ဝ ဝန်းကျင်ခန့်ကို လက်ခံသင်ကြားပေးသည်။

ဆေးတက္ကသိုလ် (မန္တလေး)သည် Educational Commission for Foreign Medical Graduates က မြန်မာနိုင်ငံအတွင်း အသိအမှတ်ပြုသော ကျောင်း ၄ ကျောင်းအနက် တစ်ကျောင်းလည်းဖြစ်သည်။

ဆေးတက္ကသိုလ် (မန္တလေး)

သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

၁၉၅၄ခုနှစ်တွင် ဆေးတက္ကသိုလ် (မန္တလေး)သည် ရန်ကုန်တက္ကသိုလ်၏ ဆေးပညာဌာနခွဲ (Branch Medical Faculty) တစ်ခုအဖြစ် စတင်ခဲ့ပြီး ၁၉၅၈ခုနှစ်တွင် ဆေးပညာဌာန (Faculty of Medicine) အဖြစ် ပြောင်းလဲလိုက်သည်။ ၁၉၆၄ခုနှစ်တွင် ဆေးတက္ကသိုလ် (မန္တလေး)(Institute of Medicine, Mandalay)အဖြစ် သီးခြားတည်ထောင်ခဲ့ပြီး ကျောင်းသားကျောင်းသူ(၃၆)ယောက်ကို ဆေးပညာဘွဲ့ (M.B.,B.S.)အတွက် စတင်သင်ကြားပေးသည်။ ဘွဲ့လွန်သင်တန်းများကို ၁၉၆၈ခုနှစ်တွင် ဇီဝကမ္မဗေဒဘွဲ့လွန်သင်တန်းဖြင့် စတင်ခဲ့သည်။ ၂၀၀၅ခုနှစ်တွင် Institute of Medicine, Mandalay မှ University of Medicine, Mandalay သို့ အမည်ပြောင်းလဲခဲ့သည်။

ဆေးတက္ကသိုလ် (မန္တလေး)ရှိ ဌာနများကို တည်ထောင်ခဲ့သော ခုနှစ်များမှာ -

[၁]

အလားတူလင့်ခ်များ[ပြင်​ဆင်​ရန်​]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. http://en.wikipedia.org/wiki/University_of_Medicine,_Mandalay