မုံရွာတက္ကသိုလ်

ဝီကီပီးဒီးယား မှ
တက္ကသိုလ် (မုံရွာ)


တည်ထောင်ခုနှစ် ၁၉၉၇ ခု မေလ ၂၃ ရက်နေ့
တည်နေရာ မုံရွာ - ကျောက္ကာ ကားလမ်းပေါ်ရှိ ဇလုပ်ကျင်းကျေးရွာ အနီး


မုံရွာတက္ကသိုလ်ကို ၁၉၉၇ ခု မေလ ၂၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၎င်းအရင်ကမူ မုံရွာ ဒီဂရီ ကောလိပ် အဖြစ် ၁၉၉၂ ခု ဩဂုတ်လ ၁၉ ရက်နေ့မှ စ၍ရှိခဲ့သည်။ မုံရွာတက္ကသိုလ်သည် မုံရွာမြို့ အရှေ့ဖတ်ရှိ မုံရွာ - ကျောက္ကာ ကားလမ်းပေါ်ရှိ ဇလုပ်ကျင်းကျေးရွာ အနီးတွင် တည်ရှိသည်။ အရင် ကောလိပ်ဟောင်းမှာ ၁၉၇၉ ခုမှ စတင်ခဲ့ပြီး မုံရွာ ဒေသ ကောလိပ်ဟုခေါ်သည်။ ၎င်းကို ယခု အခြေခံ အထက်တန်း (၂) ကျောင်း ဟုပြောင်းလဲ ဖွင့်လှစ်ခဲ့သည်။

မုံရွာမြို့တွင် မုံရွာတက္ကသိုလ် အပြင် မုံရွာတက္ကသိုလ် ကျောင်းဝင်းအနီး၌ မုံရွာစီးပွားရေးတက္ကသိုလ် လည်း ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]