သတ္တဗေဒ

ဝီကီပီးဒီးယား မှ

သတ္တဗေဒ (ပါဏဗေဒ‎) ဆိုသည်မှာ သတ္တဝါများအကြောင်းကို လေ့လာသည့် ပညာတရပ်ဖြစ်ပြီး ဇီဝဗေဒမှ ခွဲထွက်လာသည့် ဘာသာ တစ်မျိုးဖြစ်သည်။ သတ္တဗေဒမှာ သတ္တဝါ၏ ဖွဲ့စည်းတည်ဆောက်ပုံ၊ အသုံးဝင်ပုံ၊ ပြုမူနေထိုင်ပုံနှင့် ဆင့်ကဲပြောင်းလဲပုံများအား အဓိကထားလေ့လာသုံးသပ်သည့် သက်ရှိဆိုင်ရာ သိပ္ပံပညာတစ်ရပ်ပင် ဖြစ်သည်။

သမိုင်း[ပြင်ဆင်ရန်]

ရှေးခေတ်မှ ဒါဝင်ခေတ်ကာလအထိ[ပြင်ဆင်ရန်]

Conrad Gessner (1516–1565). သူ၏ တိရစ္ဆာန်များ၏သမိုင်း ကို ခေတ်သစ်သတ္တဗေဒ၏ အစအဖြစ်သတ်မှတ်ထားသည်။

အဓိကဆောင်းပါး သတ္တဗေဒသမိုင်း (၁၈၅၉ ခုနှစ်)

သတ္တဗေဒ၏သမိုင်းသည် ရှေးခေတ်မှ ယနေ့ခေတ်အထိ တိရစ္ဆာန်နယ်ပယ် လေ့လာခြင်းပညာရပ်၏ ဖြစ်ပေါ်တိုးတက်လာခဲ့မှုအကြောင်းကို ဖော်ပြသည်။ တစ်ခုတည်းသော ကြောင်းကျိုးညီညွတ်သည့် နယ်ပယ်တစ်ရပ်အဖြစ် သတ္တဗေဒ အယူအဆသည် နှောင်းကာလများစွာ၌ ပေါ်ပေါက်ခဲ့သော်လည်း ရှေးဟောင်း ဂရိ - ရောမယဉ်ကျေးမှုခေတ်မှ အရစ္စတိုတယ်နှင့် ဂေးလန်တို့၏ ဇီဝဗေဒဆိုင်ရာ လက်ရာများမှ အစပြုဖြစ်ပေါ်လာသော (သက်ရှိများအကြောင်းစူးစမ်းလေ့လာသည့်ပညာရပ်) သဘာဝသမိုင်းမှ သတ္တဗေဒနှင့်ဆိုင်သော လောကဓာတ်ပညာရပ်များ ပေါ်ထွန်းလာခဲ့သည်။ ဤရှေးဟောင်းလက်ရာကို အလယ်ခေတ်ကာလများ၌ ပို၍ ချဲ့ထွင်တိုးတက်စေသူများမှာ အယ်လ်ဘာတပ်စ် မဲဂ်နပ်စ် ကဲ့သို့သော ပညာရှင်များနှင့် မွတ်စလင်သမားတော်များဖြစ်ကြသည်။[၁][၂][၃] ရစ်နေဆန်းခေတ်နှင့် ခေတ်သစ်အစောပိုင်းကာလများ အတွင်း၌ပင် သတ္တဗေဒဆိုင်ရာ အတွေးအခေါ်များသည် ဥရောပ၌ လက်တွေ့မျက်မြင်သဘောတရားနှင့် ဆန်းသစ်သောသက်ရှိများကို ရှာဖွေတွေ့ရှိခြင်းအားဖြင့် တော်လှန်ပြောင်းလဲခဲ့သည်။ ဒီလှုပ်ရှားမှု၌ ထင်ရှားသောသူတို့မှာ အန်းဒရိယ ဗီဆေးလိယပ် နှင့် ဝီလျံ ဟာဗေးတို့ဖြစ်ကြသည်။ ၎င်းတို့သည် ဇီဝကမ္မဗေဒ၌ စမ်းသပ်ချက်များနှင့် အထူးပြုလေ့လာခြင်းများကို လုပ်ဆောင်ခဲ့ကြသည်။   သက်ရှိ(အပင်နှင့် တိရစ္ဆာန်)များလေ့လာသူပညာရှင်များ Carl Linnaeus၊ Jean-Baptiste Lamarck နှင့် Buffon တို့သည် သက်ရှိများ၏ မျိုးကွဲများ၊ ကျောက်ဖြစ်ရုပ်ကြွင်း မှတ်တမ်းများ၊ သက်ရှိများ၏ အပြုအမူနှင့် ဖွံ့ဖြိုးတိုးတက်လာခြင်း စသည်တို့ကို စနစ်တကျခွဲခြားခဲ့ကြသည်။ အဏုကြည့်မှန်ပြောင်းအသုံးချခြင်းသည် ယခင်ကမသိသောသေးငယ်သောဇီဝသက်ရှိများ၏ ကမ္ဘာကြီးကိုဖော်ထုတ်ခဲ့ပြီး ဆဲလ်သီအိုရီအတွက် အခြေခံဖြစ်သည်။ စက်မှုအတွေးအခေါ်၏ မြင့်တက်မှုကို တစ်စိတ်တစ်ပိုင်း တုံ့ပြန်မှုအဖြစ် (ကြောင်းကျိုး၊ သဘာဝအတွေ့အကြုံကို အခြေခံသော လောကဖန်တီးရှင် ရှိ/မရှိ) သဘာဝဘာသာရေးစနစ်၏ ကြီးထွားလာသောအရေးပါမှုသည် (သက်ရှိများအကြောင်းစူးစမ်းလေ့လာသော) သဘာဝသမိုင်း ကြီးထွားမှုကိုအားပေးခဲ့သည် (သို့သော် သဘာဝသမိုင်းပညာရပ်သည် လောကဖန်တီးရှင် ရှိ/မရှိ အခြေတင်အငြင်းပွားမှုကို တည်ဆောက်အမြစ်တွယ်စေခဲ့သည်။)

၁၈၊ ၁၉၊ ၂၀ ရာစုနှစ်များတွင် သတ္တဗေဒသည် ပညာရပ်ဆန်သည့် သိပ္ပံနည်းကျဘာသာရပ်တစ်ခု ဖြစ်လာသည်။ အလက်ဇန္ဒားဗွန်ဟမ်ဘော့လ်ကဲ့သို့သော သဘာဝသမိုင်း စူးစမ်းလေ့လာသူ များသည် သက်ရှိများနှင့် ၎င်းတို့၏ ပတ်ဝန်းကျင်အကြား အပြန်အလှန်အကျိုးသက်ရောက်မှုကိုစုံစမ်းစစ်ဆေးခဲ့သည်။ ဤဆက်နွယ်မှုသည် ပထဝီဝင်အနေအထားပေါ်တွင်မူတည်သည်။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]


  1. Bayrakdar, Mehmet (1986). "Al-Jahiz နှင့်ဇီဝဗေဒဆိုင်ရာ ဆင့်ကဲဖြစ်စဉ်တိုးတက်လာခြင်း". ဓမ္မအန်ကာရာတက္ကသိုလ်ဌာန၏ဂျာနယ် 27 (1): 307–315. အန်ကာရာတက္ကသိုလ်. doi:10.1501/Ilhfak_0000000674.  Archived 24 February 2021 at the Wayback Machine. မော်ကွန်းတင်ပြီးမိတ္တူ။ 24 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 May 2020 တွင် ပြန်စစ်ပြီး။
  2. Paul S. Agutter & Denys N. Wheatley (2008)။ ဘဝအကြောင်းကို စဉ်းစားခြင်း - ဇီဝဗေဒနှင့်အခြားသိပ္ပံသမိုင်းနှင့်ဒဿနိကဗေဒ။ Springer။ p. 43။ ISBN 978-1-4020-8865-0 Cite uses deprecated parameter |lastauthoramp= (အကူအညီ)
  3. Saint Albertus Magnus (1999)။ တိရစ္ဆာန်များတွင်:အလယ်ခေတ်l ဆမ်းမာ့သတ္တဗေဒ။ Johns Hopkins တက္ကသိုလ်စာနယ်ဇင်း။ ISBN 0-8018-4823-7