ရွှေဘိုတက္ကသိုလ်

ဝီကီပီးဒီးယား မှ
ရွှေဘိုတက္ကသိုလ်
ရွှေဘိုတက္ကသိုလ် ပင်မဝင်ပေါက်
ယခင်အမည်များ
ရွှေဘိုဒေသကောလိပ် (၁၉၇၇)
အမျိုးအစားအများဆိုင်
တည်ထောင်၁၉၇၇; ၄၇ နှစ် အကြာက (၁၉၇၇)
ပါမောက္ခချုပ်ဒေါက်တာဝင်းဆွေ
တည်နေရာရွှေဘိုမြို့
စစ်ကိုင်းတိုင်းဒေသကြီးမြန်မာနိုင်ငံ

ကိုဩဒိနိတ်: 22°35′30″N 95°43′30″E / 22.59167°N 95.72500°E / 22.59167; 95.72500
ဝဘ်ဆိုဒ်https://www.sbu.edu.mm/

ရွှေဘိုတက္ကသိုလ် (အင်္ဂလိပ်: Shwebo University) သည် မြန်မာနိုင်ငံစစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုမြို့တွင် တည်ရှိသော ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တစ်ခု ဖြစ်သည်။ ရွှေဘိုတက္ကသိုလ်တွင် ဝိဇ္ဇာသိပ္ပံဘာသာရပ်များအတွက် သင်တန်းများ တက်ရောက်နိုင်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မန္တလေးကောလိပ် (ယခု မန္တလေးတက္ကသိုလ်) ၏ လက်အောက်တွင် ရွှေဘိုဒေသကောလိပ်ကို ၁၉၇၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၈၀ ခုနှစ်တွင် ရွှေဘိုကောလိပ်အဖြစ် လည်းကောင်း၊ ၁၉၉၉ ခုနှစ်တွင် ရွှေဘိုဒီဂရီကောလိပ် အဖြစ်လည်းကောင်း အဆင့်မြှင့်တင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ရွှေဘိုတက္ကသိုလ် ဖြစ်လာခဲ့သည်။

သင်တန်းများ[ပြင်ဆင်ရန်]

ရွှေဘိုတက္ကသိုလ်တွင် ဝိဇ္ဇာဘွဲ့ (BA)၊ သိပ္ပံဘွဲ့ (BSc) သင်တန်းများကို လေးနှစ်ကာလနှင့်၊ ဂုဏ်ထူးတန်းဘွဲ့များအတွက် ငါးနှစ်ကာလဖြင့် သင်တန်းများ ပို့ချပေးသည်။

သင်တန်း ဘွဲ့ မဟာဘွဲ့
မြန်မာစာ BA MA
အင်္ဂလိပ်စာ BA MA
အရှေ့တိုင်းပညာ BA MA
ပထဝီဝင် BA MA
သမိုင်း BA MA
ဒဿနိကဗေဒ BA MA
ရုက္ခဗေဒ BSc MSc
ဓာတုဗေဒ BSc MSc
သင်္ချာ BSc MSc
ရူပဗေဒ BSc MSc
သတ္တဗေဒ BSc MSc
ဘူမိဗေဒ BSc MSc

ကိုးကား[ပြင်ဆင်ရန်]

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]

တရားဝင် ဝက်ဘ်ဆိုဒ်