ကွန်ပျူတာတက္ကသိုလ်(ကလေး)

ဝီကီပီးဒီးယား မှ
ကွန်ပျူတာတက္ကသိုလ်(ကလေး)
Computer University, Kalay
မြန်မှန်တွက်ချက် တိုင်းပြည်တွက်


တည်ထောင်ခုနှစ် ၂၇ စက်တင်ဘာ ၂၀၀၁
တည်နေရာ ကလေးမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး
အမျိုးအစား အများနှင့်သက်ဆိုင်သော
အကျယ်အဝန်း ၃၈.၆ ဧက

ကွန်ပျူတာတက္ကသိုလ်(ကလေး)သည် စစ်ကိုင်းတိုင်းဒေသကြီးကလေးမြို့မှ(၁၀)မိုင် နှင့် ကလေးဝမြို့မှ (၁၄)မိုင် ကွာဝေး၍ အေးသာယာ(စိုက်ခင်း)ကျေးရွာ အနီးတွင် တည်ရှိပြီး ၃၈.၆ဧက ကျယ်ဝန်းသည်။[၁] သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနအဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန လက်အောက်ရှိ နိုင်ငံပိုင်တက္ကသိုလ်တစ်ခု ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၂၀၀၁ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် အစိုးရကွန်ပျူတာကောလိပ်အဖြစ် စတင်ဖွင့်လှစ်၍ ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်(ကလေး) အဖြစ်သို့ အဆင့်တိုးမြှင့် ဖွင့်လှစ်ခဲ့သည်။[၁]

သင်တန်းများ[ပြင်ဆင်ရန်]

ကွန်ပျူတာတက္ကသိုလ်(ကလေး)မှ ဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိသော သင်တန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။[၁]

  • ပထမနှစ် ကွန်ပျူတာသိပ္ပံနှင့်နည်းပညာ
  • ဒုတိယနှစ် ကွန်ပျူတာသိပ္ပံ
  • ဒုတိယနှစ် ကွန်ပျူတာနည်းပညာ
  • တတိယနှစ် ကွန်ပျူတာသိပ္ပံ
  • တတိယနှစ် ကွန်ပျူတာနည်းပညာ
  • ဂုဏ်ထူးတန်း ကွန်ပျူတာသိပ္ပံ
  • ဂုဏ်ထူးတန်း ကွန်ပျူတာနည်းပညာ

ပေးအပ်ချီးမြှင့်သောဘွဲ့များ[ပြင်ဆင်ရန်]

ကွန်ပျူတာတက္ကသိုလ်(ကလေး)မှ ပေးအပ်ချီးမြှင့်သော ဘွဲ့ဒီဂရီများနှင့် အသိအမှတ်ပြုလက်မှတ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။[၁]

  • ကွန်ပျူတာသိပ္ပံဘွဲ့ B.C.Sc
  • ကွန်ပျူတာနည်းပညာဘွဲ့ B.C.Tech
  • ကွန်ပျူတာသိပ္ပံဂုဏ်ထူးဘွဲ့ B.C.Sc(Hons:)
  • ကွန်ပျူတာနည်းပညာဂုဏ်ထူးဘွဲ့ B.C.Tech(Hons:)


ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ကွန်ပျူတာတက္ကသိုလ်(ကလေး)။ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန။ 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၁-၁၄ တွင် ပြန်စစ်ပြီး။