ဆေးတက္ကသိုလ်(၁) ရန်ကုန်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဆေးတက္ကသိုလ်(၁) ရန်ကုန် (University of Medicine 1, Yangon)
ဆေး(၁) လိပ်ခုံးကျောင်း
Unimed-1yanlogo.gif
ဆောင်ပုဒ် ဥပဌာနံ၊ အနုကမ္ပာ၊ ဒယာ
တည်ထောင်ခုနှစ် ၁၉၂၇၊ ဖေဖေါ်ဝါရီလ (၂)ရက်
ကျောင်းအုပ်ကြီး ပါမောက္ခ ဒေါက်တာ ဖေသက်ခင်
ဒုကျောင်းအုပ်
ဝန်ထမ်း ၅၀၀
ဆရာ ၆၉၅
ဘွဲ့ကြိုကျောင်းသား ၃၅၀၀
ဘွဲ့လွန်ကျောင်းသား ၃၀၀၀
တည်နေရာ *လမ်းမတော် (မိန်း)
  • ပြည်လမ်း
  • သထုံလမ်း
အကျယ်အဝန်း
ပိုင်ဆိုင်မှု
ရန်ပုံငွေ
အဖွဲ့အစည်း
သတင်းစာ
အထိမ်းအမှတ်အရောင်
အထိမ်းအမှတ်သတ္တဝါ
အားကစားအမည်
အားကစားအသင်း
ကွန်ယက် University Official web site


ဆေးတက္ကသိုလ်(၁) ရန်ကုန် သည် မြန်မာပြည်ရှိ ဆေးတက္ကသိုလ် ၄ ခုအနက် ပထမဦးဆုံး တည်ထောင်ခဲ့သော ကျောင်းဖြစ်ပါသည်။ မြန်မာပြည် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အမှတ်မြင့်ကျောင်းသားများ တက်ရောက်ခွင့်ရှိသော ကျောင်းတကျောင်းဖြစ်သည်။ ဆေးပညာဘွဲ့ (M.B.,B.S.) အပ်နှင်းသော ကျောင်းဖြစ်သည်။ ဆေးတက္ကသိုလ်(၁) ရန်ကုန်တွင် တက္ကသိုလ် ပရဝုဏ် ၃ ခုရှိသည်။ လမ်းမတော်တွင်တခု၊ ပြည်လမ်းတွင်တခု (လိပ်ခုံးကျောင်း ဟူ၍လည်း သိကြသည်)၊ သထုံလမ်းတွင်တခု ဖြစ်သည်။ လမ်းမတော်ဆေးကျောင်းမှာ ရန်ကုန်ဆေးရုံကြီး (Yangon General Hospital)၊ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံ သို့မဟုတ် ဂျကာဆေးရုံ ဟုလည်း အမည်တွင်သည်)တို့ အနီးတွင်ရှိသည်။ လိပ်ခုံးကျောင်းမှာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာန အနီးတွင်ရှိပါသည်။

[ပြင်​ဆင်​ရန်​] သမိုင်းကြောင်း

မြန်မာပြည်တွင် ဆေးကျောင်းများကို ၁၉၀၇ ခုနှစ်တွင်ရန်ကုန်ဆေးရုံကြီးဝင်းအတွင်းတွင်စတင်တည်ထောင်သည်။ ထိုစဉ်ကသင်တန်းကာလ မှာ ၄နှစ်ဖြစ်ပြီး Licentiate Medical Practice(L.M.P) course ဟုခေါ်သည်။ ထိုသင်တန်းအောင်မြင်သူများကို L.M.P လက်မှတ်ပေးအပ်ခဲ့သည်။ ၁၉၂၃-၁၉၂၄ ပညာသင်နှစ်တွင်မူ ဆေးပညာဘွဲ. M.B.,B.S သင်တန်းကို ရန်ကုန်ဆေးရုံကြီးဝင်းအတွင်းရှိ လက်ရှိ ဦးနှောက်နှင့်အာရုံကြောဌာန နေရာတွင်စတင်သည်။

ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်