သူနာပြုတက္ကသိုလ်(ရန်ကုန်)

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
သူနာပြုတက္ကသိုလ်(ရန်ကုန်)


တည်ထောင်ခုနှစ် ၁၉၈၆ခုနှစ်
ပါမောက္ခချုပ် ဒေါက်တာဒေါ်ဝင်းမေ
တည်နေရာ ၆၇၇-၇၀၉၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့


သူနာပြုတက္ကသိုလ် (ရန်ကုန်)သည် ၄နှစ်ကြာ သူနာပြုအတတ်ပညာကို သင်ကြားပေးသော တက္ကသိုလ်ဖြစ်ပြီး ရန်ကုန်မြို့ရှိ လမ်းမတော်မြို့နယ်တွင် တည်ရှိသည်။ သူနာပြုတက္ကသိုလ် (ရန်ကုန်)သည် မြန်မာနိုင်ငံရှိ သူနာပြုတက္ကသိုလ် ၃ခုအနက် တစ်ခုအပါအဝင်ဖြစ်သည်။ သူနာပြုတက္ကသိုလ် (ရန်ကုန်)တွင် သူနာပြုဘွဲ့လွန်အပြင် သွားဘက်ဆိုင်ရာ ဆေးပညာ၊ မျက်စိ၊နား၊နှာခေါင်း၊လည်ချောင်းဆိုင်ရာ ဆေးပညာ၊ စိတ်ကျန်းမာရေး၊ ကလေးကျန်းမာရေး၊ အထူးကြပ်မတ် ပြုစုစောင့်ရှောက်မှုနှင့် အရိုးရောဂါဆေးပညာဆိုင်ရာ ဒီပလိုမာများကိုလည်း သင်ကြားပေးသည်။ သူနာပြုတက္ကသိုလ် (ရန်ကုန်)သည် အလွန်စီစစ်ရွေးခြယ်သော တက္ကသိုလ်တစ်ခုဖြစ်ပြီး တစ်နှစ်လျှင် ကျောင်းသားကျောင်းသူ ၁၀၀ယောက်သာ လက်ခံသင်ကြားပေးသည်။

သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

၁၉၈၆ခုနှစ်တွင် သူနာပြုသင်တန်းကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၉၁ခုနှစ်တွင် တက္ကသိုလ်အဆင့်သို့ မြှင့်တင်ခဲ့သည်။ ၁၉၉၄ခုနှစ်တွင် ၄နှစ်ကြာ သူနာပြုဘွဲ့ကို သင်ကြားပေးသော မြန်မာနိုင်ငံရှိ ပထမဆုံး သူနာပြုတက္ကသိုလ်ဖြစ်ခဲ့သည်။

[၁]

အလားတူလင့်ခ်များ[ပြင်​ဆင်​ရန်​]



ကိုးကား[ပြင်​ဆင်​ရန်​]

  1. http://en.wikipedia.org/wiki/Yangon_Institute_of_Nursing