ဓမ္မစေတီခေါင်းလောင်းကြီး
From Wikipedia
မြန်မာ့ သမိုင်းတွင် မွန်တို့၏မဂဒူးမင်းဆက်တွင် ၁၆ ဆက်မြောက် မွန်ဘုရင် ဓမ္မစေတီမင်း သည် ဟံသာဝတီ (ယခု ပဲခူး) မှ အုပ်စိုးပြီး ၁၄၈၀ ခုတွင် လူဦးရေ စစ်တမ်း ကောက်ယူခဲ့သည်။ သို့သော် သူ၏ အလွန် အလုပ်ကြိုးစားသော ဝန်ကြီးများမှာ ၏ အိမ်ထောင်စု စာရင်းသာမကပဲ အခွန်ပါ ကောက်ယူခဲ့ကြရာ ကြေးနီ ပိဿချိန် ၁၈၀ ဝ၀ဝ ရရှိသည်။ ဓမ္မစေတီမင်း စိတ်ဆိုးပြီး ၄င်းကြေးများကို ခေါင်းလောင်း အဖြစ် သွန်းရန် ဝန်ကြီးများကို မှာကြားခဲ့သည်။ ထိုအကြောင်းမှာ ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်း ဖြစ်လာခဲ့ခြင်းပင်ဖြစ်သည်။ သမိုင်းအရ ထို ခေါင်းလောင်းကြီးကို နက္ခတ္တဗေဒ သဘောအရ မကောင်းသော ၁၄၈၄ ခု ဖေဖော်ဝါရီလ ၅ ရက်နေ တွင် စတင် သွန်းခဲ့ပြီး အသံ မမည်ဟု ဆိုသည်။ [၁]
Contents |
[ပြင်ဆင်ရန်] လှူဒါန်း
ဓမ္မစေတီမင်းသည် ထိုခေါင်းလောင်းကို ဒဂုံ (ယခု ရန်ကုန်) ရှိ ရွှေတိဂုံ စေတီတော်သို့ လှူတန်းခဲ့သည်။ ရှေးခေတ်စာ မှတ်တမ်းများအရ ၄င်း ခေါင်းလောင်းကြီးတွင် ကြေးနီ အပြင် ရွှေ၊ ငွေ တို့လည်း ပါသည်ဟုဆိုသည်။ ခေါင်းလောင်းထဲတွင် မြ နှင့် နီလာ ရတာနာ တို့လည်း မြှုပ်ထားသည်ဟု ဆိုသည်။ စေတီများ ဥစ္စာကြွယ်ဝ ပုံအရ ၄င်းမှာ ဖြစ်နိုင်သည်။ ခေါင်းလောင်းကြီးသည် ၁၂ တောင် မြင့်ပြီး ၈ တောင် ကျယ်သည်။ တစ်ပြိုင်တည်းမှာပင် ၅၀ဝ ပိဿာ ရှိ ခေါင်းလောင်း အသေး လည်း သွန်းလောင်း လှူတန်း ခဲ့သည် ဟုဆိုသည်။
[ပြင်ဆင်ရန်] နိုင်ငံခြားသားများ ရောက်ရှိခြင်း
နောင် နှစ်တစ်ရာ ကြာပြီးနောက် ၁၅၈၂ ခုတွင် အီတလီ ကျောက်ကုန်သည် ဂစပါရို ဘယ်ဘီသည် ရွှေတိဂုံ ဘုရား သို့ရောက်ရှိခဲ့ပြီး ရွှေတိဂုံ ဘုရားကို အသေးစိတ် မှတ်တမ်းတင် ခဲ့သည်။ သူရေးခဲ့သည်မှာ "ကျွန်ုပ် တွေ့ခဲ့ရသည်မှာ အလွန်ခမ်းနားသော ခန်းမကြီးထဲတွင် အလွန့်အလွန် ကြီးမားသော ခေါင်းလောင်းကြီး ရှိပြီး အတိုင်းအတာ အားဖြင့် ခြောက်လှမ်း နှင့် သုံးဖန် ရှိပြီး အထက်မှ အောက်သို့ စာလုံးတစ်ခုနှင့် တစ်ခုပူးကပ်နေသောစာများ အပြည့်ရေးထားပြီး ဖက်ရမည်ပုံ မပေါ်ပေ။"
၁၅၃၀ ခုတွင် မွန် ဘုရင်များ၏ အာဏာစက် ကျဆင်းလာပြီး ၁၅၃၅ ခုတွင် အောက်ပြည်သည် အထက်ပြည်နှင့် ခြားနားသွားသည်။ တစ်ချိန်တည်းမှာ ဥရောပ ကုန်သည် နှင့် စွန့်စားရှာဖွေသူ များ အောက်မြန်မာပြည် သို့ ရောက်လာကြသည်။ ၁၅၉၀ ခုနှစ်များတွင် ပေါ်တူဂီ လူမျိုး စွန့်စားရှာဖွေသူ ဖီလစ် ဒီ ဘရုတ်တို ရ နီကုတ် အား စီရမ်(သန်လျင်)တွင် အောက်မြန်မာပြည် အုပ်ချူပ်သူများ က ကုန်သွယ်ရုံး ဖွင့်ခွင့် ပေးလိုက်သည်။ ၁၆၀ဝ ခုတွင် သူ၏ သြဇာမှာ မြစ်ကြောင်း တစ်လျှောက် ဘေးပတ်ဝန်းကျင် အပါအဝင် ဒဂုံ အထိ ရောက်သည်။
[ပြင်ဆင်ရန်] ယူဆောင်ခြင်း
Template:POV ၁၆၀၈ ခုတွင် ဒီ ဘရုတ်တို သည် ရွှေတိဂုံ စေတီတော်မှ ဓမ္မစေတီ ခေါင်းလောင်းကြီးကို တောင်ပေါ်မှ လှိမ့်ချ၍ မြစ်တွင် ဆင်များဖြင့်ဆွဲကာ ပုဇွန်တောင် ရေလက်ကြားတွင် ဖေါင်ပေါ်သို့ တင်ခဲ့သည်။ အရည်ကြို၍ အမြောက်လုပ်ရန် ခေါင်းလောင်းကြီး နှင့် ဖောင်သည် သန်လျှင်မှစ၍ မြစ်ကြောင်းတစ်လျှောက် ခရီးနှင်ခဲ့သည်။
သို့သော် ပဲခူးမြစ် နှင့် ရန်ကုန်မြစ် ဆုံရာ မြစ်ဆုံ ခေါ် နေရာတွင် ဖောင်ပျက်ပြီး ခေါင်းလောင်းကြီး မှာ ရေအောက် သို့ ကျသွားခဲ့သည်။[ကိုးကာချက်လိုအပ်] တရားကျစရာပင် ဒီ ဘရုတ်တို လည်း ရေအောက် ပါသွားခဲ့သည်။ ပေါ်တူဂီ တို့လည်း ၄င်းကိုခိုးယူခြင်းကြောင့် အထိနာသည်။ ပေါ်တူဂီ ဂတ်ရုံးအား ဒေါသထွက်သော ဗမာများက တိုက်ခိုက်ခဲ့ပြီး မှတ်တမ်းများအရ ပေါ်တူဂီ ခေါင်းဆောင်မှာ ဝါးရင်းတုတ်ဖြင့် တစ်ချက်ခြင်း ရိုက်၍ တဖြေးဖြေးခြင်း သေစေသည် ဟု ဆိုသည်။
[ပြင်ဆင်ရန်] ဆယ်ယူရန် ကြိုးပမ်းမှုများ
ရန်ကုန်ရှိ သမိုင်း အထောက်အထားများ အရ ၁၈၀ဝ ခုတွင် ခေါင်းလောင်းကြီးကျရာနေရာတွင် ဝဲကတော့ ထိုးသည်ဟု ပါသည်မှတပါး ဓမ္မစေတီ ခေါင်းလောင်းကြီးအား ဆယ်ယူမှု မရှိခြေ။ ယခုခေတ် လူကြီးများပင် ၄င်း ဝဲကတော့ ကို မျက်မြင် ကိုယ်တွေ့ရှိသည်ဟု ဆိုကြသည်။ မြစ်မှာ မနက်ပေ။ ပေ ၄၀ သာရှိပြီး ရေအောက်ရွှံညွှန်များမှာ နောက်ထက် ပေ ၄၀ လောက် ရှိမည်ဖြစ်ပြီး ၄င်းရွှံညွှန်များထဲတွင် ခေါင်းလောင်း ရှိပေမည်။
ဘိုးတော်ဘုရားခေါင်းလောင်း ခေါ် ခေါင်းလောင်း အသေးသည်လည်း ဗြိတိသျှ သိုက်သမား (British Prize Agent) များက ၁၈၂၆ ခုတွင် ရွှေတိဂုံ စေတီတော် မှချကာ မြစ်ထဲကျခဲ့ပြန်သည်။ သို့သော် ဗြိတိသျှ တို့ စွန့်လွှက်ခဲ့သော် ၄င်းခေါင်းလောင်းအား ရွာသားများက ဆယ်ယူခဲ့ပြီး စေတီတော်ထက် သို့ ပြန်ပို့ခဲ့သည်။
[ပြင်ဆင်ရန်] ဗြိတိသျှ တို့ ကြိုးပမ်းမှု
ဗြိတိသျှတို့ ခေါင်းလောင်းကြီးအား ဆယ်ယူရန်ကြိုးပမ်းရန် အကြိမ်ကြိမ် ကြိုးစားသော်လည်းမအောင်မြင်ခဲ့ပေ။ မြန်မာတို့က ခေါင်းလောင်းကြီးအား မူလ တည်ရှိရာ စေတီတော် သို့ ပြန်ပို့လျှင် ကူညီမည်ဟု ဆိုသဖြင့် ဗြိတိသျှတို့လည်း မစဉ်းစားပဲ ခေါင်းညိတ်ခဲ့သည်။ မြန်မာတို့တွင် ဉာဏ်နီဉာဏ်နက် ရှိသည်။ ရေငုတ်သမားများက ခေါင်းလောင်း၏ အောက်တွင် ဝါးလုံးခေါင်းများ တစ်လုံးခြင်းသယ်ယူထဲ့ပြီးစုပေါင်းတွဲချည်ကာ ရေပေါ်ပေါ်စေသည်။ ၄င်းကြိုးစားချက်သည် ထိုအချိန်က မြန်မာတို့ အမျိုးသားရေးရစေခဲ့သည်။
[ပြင်ဆင်ရန်] မြန်မာ အစိုးရ ကြိုးပမ်းမှု
မြန်မာ အစိုးရသည် အင်္ဂလိပ် ရေငုတ်၊ ဇီဝ၊ ရှေးဟောင်း နှင့် စွမ်းအင် ပညာရှင် မိုက် ဟက်ခြာ (Mike Hatcher) အား ခေါင်းလောင်းကြီးအား ဖော်ယူ၍ စေတီတော်သို့ ပြန်လည် ပို့ဆောင်ရန် အကူအညီ ရယူခဲ့ပါသည်။ ဂျပန်၊ သြစတြေးလျ နှင့် အမေရိကန် တို့ပါဝင်သော ၄င်း လုပ်ငန်းကို ဟက်ခြာ က သဘောတူခဲ့ပါသည်။ ဗုဒ္ဓသာသနာ ထွန်းကားရေး အကျိုးဆောင် ရစ်ချတ် ဂရီ က အားတက်သရော ပါဝင်၍ ရံပုံငွေရှာခဲ့သည်။ ၄င်းလုပ်ငန်းကို အပြည်ပြည်ဆိုင်ရာ အဆင့်ထိ စိတ်ဝင်စားစေသည်မှာ သံသယ ရှိစရာ မလိုပါ။ ဂျာမန် ရုပ်ရှင် ကုမ္ပဏီ တစ်ခုကလည်း ၄င်း စွင့်စားခန်းကို ရုပ်ရှင်ရိုက်ကူးမည် ဖြစ်ပြီး "ဒီတူးဖေါ်ရေးသာ အောင်မြင်ခဲ့လျှင် ဗုဒ္ဓဘာသာ နဲ့ပတ်သက်လို့ ဒါဟာ ခရစ်ယာန်မှာ လိုတရ ခွက် (Holy Grail) ရသလိုပါပဲ" ဟု ဆိုခဲ့သည်။
ဘာသာရေး ကိုင်းရှိုင်းသော မြန်မာ တို့ကမူ ဗုဒ္ဓ၏ မြင့်မြတ်သော် အမွေကို ပြန်လည်ထိမ်းသိမ်းခြင်းဖြင့် မြန်မာ နိုင်ငံ၏ ကံ ပြန်လည်ကောင်းမွန် လာလိမ့်မည်ဟု ယုံကြည်ကြသည်။ ဓမ္မစေတီ ခေါင်းလောင်းကြီးအား ဆယ်ယူခြင်းသည် မြင့်မြတ်သောမင်း နှင့် သူ၏ ပြည်သူပြည်သားများ၏ ဆုံးရှုံးနေသော အမွေကို ပြန်လည် ရရှိကြမှာ သေချာပါသည်။ ဒါထက် ၄င်းခေါင်းလောင်းတွင် ရေးထိုးထားသော စာများက သမိုင်း နှင့် ဘာသာစကား ပညာရှင် တို့အတွက် အဖိုမဖြတ်နိုင်သော အထောက်အထားပင် ဖြစ်ပေမည်။
၄င်းလုပ်ငန်းကို ကန့်ကွက်သူ မရှိဘူးတော့ မဟုတ်ချေ။ အချို့သော ဒီမိုကရေစီ လိုလားသူများက ၄င်းဆယ်ယူမှုသည် မြန်မာနိုင်ငံ၏ စစ်အစိုးရအား အားပေးအားမြှောက်ပြုရာ ရောက်သည်ဟု ဆိုသည်။ ယခုခေတ်ကို ကျော်ပြီး နောင် ဒီမိုကရေစီ အစိုးရ ဖြစ်မှ ထိုလုပ်ငန်းကို စသင့်သည် ဟုဆိုသည်။
မိုက် ဟက်ခြာ နှင့် ၄င်း၏ အဖွဲ့ များက ဓမ္မစေတီ ခေါင်းလောင်းကြီးအား ဆယ်ယူခြင်း လုပ်ငန်းကို ၂၀ဝ၁ တွင် စရန် ရည်ရွယ် ခဲ့ပြီး ခေါင်းလောင်းကြီး၏ နေရာကို အတိအကျ စရှာရန် သတ်မှတ်ခဲ့သည်။ ဘီဘီစီ၏ သတင်းကြေငြာချက်ကြောင့် လူအများ ၄င်းဆယ်ယူခြင်း လုပ်ငန်းကို စိတ်ဝင်စားခဲ့သောလည်း မဖြစ်မြောက်ခဲ့ပေ။ ထင်ဆချက်အရ ၂၀ဝ၀ ဂျူလ တွင် ၄င်းအဖွဲ့သည် အင်ဒိုနီးရှား ဆယ်ယူရေး ပြဿနာ ကြောင့် ကြံ့ကြာခဲ့ခြင်း ဖြစ်ဟန်တူသည်။
ထိုဆယ်ယူခြင်း လုပ်ငန်းသာ စခဲ့လျှင် ရေငုတ်သမားများသည် ညကြည့်မှန် တက်ထားသော ခေါင်းစွက်များဖြင့် အတူ copper sulphate ရှာဖွေရေး ကရီယာများဖြင့် ခေါင်းလောင်းကို ရှာမည်ဖြစ်သည်။
[ပြင်ဆင်ရန်] ကျမ်းကိုး
[ပြင်ဆင်ရန်] ပြင်ပအင်တာနက်စာမျက်နှာအညွှန်း
ကမ္ဘာပေါ်တွင် အကြီးဆုံးသော ခေါင်းလောင်းကြီး ၃ လုံး [၁]