ဓမ္မစေတီခေါင်းလောင်းကြီး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Merge arrows ဤ အကြောင်းအရာကို (သို့မဟုတ်) ဤစာမျက်နှာ၏ တစိတ်တပိုင်းကို ဓမ္မစေတီ ခေါင်းလောင်းကြီး နှင့် ပေါင်းစပ်ရန် အကြံ ပြုထားပါသည်။ (ဆွေးနွေးရန်)
ဓမ္မစေတီခေါင်းလောင်းကြီး ၏ ပုံကြမ်း

ဓမ္မစေတီခေါင်းလောင်းကြီးမှာ ကမ္ဘာပေါ်တွင် အကြီးဆုံးသော ခေါင်းလောင်းတော်ကြီး ဖြစ်ပြီး ၁၄ ရာစုတွင် မွန်ဘုရင် ဓမ္မစေတီမင်းမှ ရွှေတိဂုံဘုရားသို့ သွန်းလုပ် လှူဒါန်းခဲ့သည်။ ၁၆ ရာစုတွင် ပေါ်တူဂီ လူမျိုး ဒီဗရစ်တို ခေါ် ငဇင်ကာမှ ခေါင်းလောင်းကြီးကို ရွှေတိဂုံဘုရား ကုန်းတော်ပေါ်မှ အဓမ္မယူငင်သွားပြီးနောက် ဖောင်ဖြင့် သယ်ယူရန် ကြိုးစားစဉ် ရန်ကုန်မြို့နှင့် သံလျှင်မြို့အကြား မြစ်သုံးခုဆုံရာ နေရာတွင် နစ်မြုပ်သွားခဲ့သည်။ ၎င်းခေါင်လောင်းတော်ကြီးမှာ ယခုထက်တိုင် မြစ်အောက်တွင် နစ်မြုပ်နေဆဲဖြစ်ပြီး ဆယ်ယူရန် ကြိုးပမ်းမှုများမှာ အောင်မြင်ခြင်း မရှိသေးပေ။

မာတိကာ

[ပြင်​ဆင်​ရန်​] သမိုင်းကြောင်း

မြန်မာ့ သမိုင်းတွင် မွန်တို့၏ မဂဒူးမင်းဆက်တွင် ၁၆ ဆက်မြောက် မွန်ဘုရင် ဓမ္မစေတီမင်း သည် ဟံသာဝတီ (ယခု ပဲခူး) မှ အုပ်စိုးပြီး ၁၄၈၀ ခုတွင် လူဦးရေ စစ်တမ်း ကောက်ယူခဲ့သည်။ သို့သော် သူ့ခန့်အပ်ထားခဲ့သော ဥပိုက်၊ သမန္တရာဇ်၊ တုရင်းရာဇာ၊ စွန္တရာဇ် အမတ် ၄ယောက်တို့သည် အိမ်ထောင်စု စာရင်းသာမကပဲ အခွန်ပါ ကောက်ယူခဲ့ကြရာ ကြေးနီ ပိဿချိန် ၁၈၀ ဝ၀ဝ ရရှိသည်။ ဓမ္မစေတီမင်းအား ဆက်သသော အခါတွင် ဘုရင်က စိတ်ဆိုးပြီး ၎င်းကြေးများကို ပြည်သူတို့ထံ ပြန်လည် ပေးအပ်စေသည်။ ပြည်သူတို့က ဘုရင်အား သူတို့ ပြန်မယူလိုဘဲ သင့်တော်ရာ ကောင်းမှုပြုရန် ဘုရင်အား ပြောသဖြင့် အမတ်ကြီး ဗညားအိန်အား ခေါင်းလောင်း အဖြစ် သွန်းစေခဲ့သည်။ ပဲခူးမြို့ ရွှေမော်ဓော ဘုရား၏ ရာဟုထောင့် အနောက်ဖက် မြေကွက်လပ်တွင် ၁၄၈၄ ခု ဖေဖော်ဝါရီလ ၅ ရက်နေ့ (မြန်မာသက္ကရာဇ် ၈၅၁ခုနှစ်၊ တပေါင်းလဆန်း (၈)ရက်၊ ကြာသပတေးနေ့) တွင် စတင်၍ ပွဲသဘင် ကျင်းပ၍ သွန်းလောင်းခဲ့သည်။ အခါပေးခဲ့သော ဆရာတို့မှာ ဇေယျာဗာဟု၊ ရာဇာဗာဟု၊ ပဲခူးသမုတ္တရာ နန္ဒစည်သူကျော်၊ သံဃရာဇာ ဆရာတို့ ဖြစ်သည်။ လောကညဏပဏ္ဏိတ် အမတ်က ခေါင်းလောင်း သွန်းလောင်းသော အချိန်မှာ မိချောင်းနက္ခတ် ဖြစ်သဖြင့် အသံကောင်းစွာ မမြည်နိုင်ဟု ဟောကြားခဲ့သည်။ ဘုရင်က ဟောကြားချက် မမှန်လျှင် ဆွေခုနှစ်ဆက် မျိုးခုနစ်ဆက် အပြစ်ပေးမည်။ ဟောကြားချက် မှန်လျှင် သူကောင်းပြုမည်ဟု ပြောကြားခဲ့သည်။ ခေါင်းလောင်းကြီး ပြီးသော အခါတွင် အသံမမည်သောကြောင့် လောကညဏပဏ္ဏိတ် အမတ်အား ရာဇ ပရောဟိတ ဘွဲ့ ချီးမြှင့်ခဲ့သည်။ [၁]

[ပြင်​ဆင်​ရန်​] ခေါင်းလောင်းအကြောင်း

ခေါင်းလောင်းကြီးမှာ စောက် (၁၂) တောင် အဝ (၇) တောင် ရှိသည်။ ခေါင်းလောင်းကြီး၏ အလယ်ဖောင်းရစ်တွင် နှစ်ကျိပ်ရှစ်ဆူပါသော ဖောင်းကြွဘုရား (၂၈) ဆူပါပြီး ၎င်း၏ အပေါ်ဖက်တွင် အတွဲတစ်တွဲလျှင် ကျောက်သံပတ္တမြား (၄၅) လုံး ပါရှိသော အတွဲ (၄၅) တွဲ၊ အတန်း (၂) တန်း ပါရှိသဖြင့် (၄၅လုံး x ၄၅တွဲ x ၂တန်း) စုစုပေါင်း ကျောက်သံပတ္တမြားပေါင်း ၄၀၅၀ လုံး ပါရှိသည်။ ယခုလက်ရှိ အခြေအနေတွင် ခေါင်းလောင်းကြီး၏ ကွင်းမှာ အနည်းငယ် ကွဲအက်လျှက် ရှိပြီး ကျောက်သံပတ္တမြား ဒုတိယတွဲမှာ အနည်းငယ် ပြုတ်လျှက် ရှိသည်။ [၂]

[ပြင်​ဆင်​ရန်​] လှူဒါန်း

ယခု ရွှေတိဂုံ စေတီတော်

ဓမ္မစေတီမင်းသည် ထိုခေါင်းလောင်းကို သွန်းလောင်းပြီးသော အခါတွင် ရွှေလှေ ရွှေလှောင်း ရွှေဖောင်တို့ဖြင့် တင်ဆောင်လာပြီး မြန်မာသက္ကရာဇ် ၈၅၂ ခုနှစ် ကဆုန်လဆန်း ၃ ရက်နေ့တွင် ဒဂုံ (ယခု ရန်ကုန်) ရှိ ရွှေတိဂုံစေတီတော်သို့ မတင်လှူဒါန်းခဲ့ရာ ကဆုန်လဆန်း ၉ ရက်နေ့တွင် ပြီးစီး၍ ကဆုန်လဆန်း ၁၁ ရက်တွင် ရေစက်ချ လှူဒါန်းခဲ့သည်။ တစ်ပြိုင်တည်းမှာပင် ၅၀ဝ ပိဿာ ရှိ ခေါင်းလောင်း အသေး လည်း သွန်းလောင်း လှူတန်း ခဲ့သည် ဟုဆိုသည်။ ဓမ္မစေတီ ခေါင်းလောင်းကြီးသည် ရွှေတိဂုံဘုရား ကုန်းတော်ပေါ်တွင် ၁၂၃ နှစ်တိတိ တည်ရှိခဲ့သည်။

[ပြင်​ဆင်​ရန်​] နိုင်ငံခြားသားများ ရောက်ရှိခြင်း

နောင် နှစ်တစ်ရာ ကြာပြီးနောက် ၁၅၈၂ ခုတွင် အီတလီ ကျောက်ကုန်သည် ဂစပါရို ဘယ်ဘီသည် ရွှေတိဂုံ ဘုရား သို့ရောက်ရှိခဲ့ပြီး ရွှေတိဂုံ ဘုရားကို အသေးစိတ် မှတ်တမ်းတင် ခဲ့သည်။ သူရေးခဲ့သည်မှာ "ကျွန်ုပ် တွေ့ခဲ့ရသည်မှာ အလွန်ခမ်းနားသော ခန်းမကြီးထဲတွင် အလွန့်အလွန် ကြီးမားသော ခေါင်းလောင်းကြီး ရှိပြီး အတိုင်းအတာ အားဖြင့် ခြောက်လှမ်း နှင့် သုံးဖန် ရှိပြီး အထက်မှ အောက်သို့ စာလုံးတစ်ခုနှင့် တစ်ခုပူးကပ်နေသောစာများ အပြည့်ရေးထားပြီး ဖက်ရမည်ပုံ မပေါ်ပေ။"

၁၅၃၀ ခုတွင် မွန် ဘုရင်များ၏ အာဏာစက် ကျဆင်းလာပြီး ၁၅၃၅ ခုတွင် အောက်ပြည်သည် အထက်ပြည်နှင့် ခြားနားသွားသည်။ တစ်ချိန်တည်းမှာ ဥရောပ ကုန်သည် နှင့် စွန့်စားရှာဖွေသူ များ အောက်မြန်မာပြည် သို့ ရောက်လာကြသည်။ ၁၅၉၀ ခုနှစ်များတွင် ပေါ်တူဂီ လူမျိုး စွန့်စားရှာဖွေသူ ဖီလစ် ဒီ ဘရုတ်တို ရ နီကုတ် အား စီရမ်(သန်လျင်)တွင် အောက်မြန်မာပြည် အုပ်ချူပ်သူများ က ကုန်သွယ်ရုံး ဖွင့်ခွင့် ပေးလိုက်သည်။ ၁၆၀ဝ ခုတွင် သူ၏ ဩဇာမှာ မြစ်ကြောင်း တစ်လျှောက် ဘေးပတ်ဝန်းကျင် အပါအဝင် ဒဂုံ အထိ ရောက်သည်။

[ပြင်​ဆင်​ရန်​] ယူဆောင်ခြင်း

၁၆၀၈ ခု (မြန်မာသက္ကရာဇ် ၉၇၄ခု တန်ဆောင်မုန်းလပြည့်နေ့ တနင်္ဂနွေနေ့) နေ့လည် ၁၂ နာရီတွင် တွင် ဒီဘရစ်တို သည် ရွှေတိဂုံ စေတီတော်မှ ဓမ္မစေတီ ခေါင်းလောင်းကြီးကို တောင်ပေါ်မှ လှိမ့်ချ၍ မြစ်တွင် ဆင်များဖြင့်ဆွဲကာ ပုဇွန်တောင် ရေလက်ကြားတွင် ဖေါင်ပေါ်သို့ တင်ခဲ့သည်။ ခေါင်းလောင်းကြီး နှင့် ဖောင်သည် သန်လျှင်မှစ၍ မြစ်ကြောင်းတစ်လျှောက် ခရီးနှင်ခဲ့သည်။

သို့သော် ရန်ကုန်မြို့နှင့် သန်လျှင်မြို့ ကြားပဲခူးမြစ် နှင့် ရန်ကုန်မြစ် ဆုံရာ မြစ်ဆုံ ခေါ် နေရာတွင် ဖောင်ပျက်ပြီး ခေါင်းလောင်းကြီး မှာ ရေအောက် သို့ ကျသွားခဲ့သည်။[ကိုးကားချက်လိုအပ်] ဒီ ဘရစ်တို လည်း ရေအောက် ပါသွားခဲ့သည်။ ပေါ်တူဂီ တို့လည်း ၄င်းကိုခိုးယူခြင်းကြောင့် အထိနာသည်။ ပေါ်တူဂီ ဂတ်ရုံးအား ဒေါသထွက်သော ဗမာများက တိုက်ခိုက်ခဲ့ပြီး မှတ်တမ်းများအရ ပေါ်တူဂီ ခေါင်းဆောင်မှာ ဝါးရင်းတုတ်ဖြင့် တစ်ချက်ခြင်း ရိုက်၍ တဖြေးဖြေးခြင်း သေစေသည် ဟု ဆိုသည်။

ဓမ္မစေတီခေါင်းလောင်းကြီး နစ်မြုပ်နေရာပြမြေပုံ

ခေါင်းလောင်းကြီးနှင့်အတူ ဘုရင်မကြီး ရှင်စောပုမှ ကျိုက္ခမီရေလယ်ဘုရားသို့ လှူဒါန်းရန်အတွက် ဦးသာဆွေ ခေါင်းဆောင်သော အဖွဲ့မှ သွန်းလုပ်ထားသော ဉာဏ်တော် ၇ တောင် ရွှေသားစင်စစ် အလေးချိန် (၃) တန်ရှိသည့် ရပ်တော်မူ ဘုရားတစ်ဆူ ၊ လုံးအိုးကွဲသွားသောကြောင့် ဉာဏ်တော် ၇ တောင်တွင် တစ်မိုက်လျော့သော ရွှေသားအလေးချိန် (၃) တန်ရှိသည့် ရပ်တော်မူ ဘုရားတစ်ဆူ စုစုပေါင်း ရွှေ (၆)တန်နှင့် တန်ချိန် ၆၀ ခန့် ရှိသည့် အခြားခေါင်းလောင်း အသေးတစ်လုံးတို့လည်း အတူတကွ နစ်မြုပ်သွားခဲ့သည်ဟု ဆိုကြသည်။ နစ်မြုပ်နေသော နေရာမှာ ရေအနက် (၂၇)ပေ မြေကြီးအောက် (၂၅) ပေ စုစုပေါင်း (၅၂) ပေ တွင် ရှိသည်ဟု ဆိုသည်။ [၃]

[ပြင်​ဆင်​ရန်​] ဆယ်ယူရန် ကြိုးပမ်းမှုများ

ခေါင်းလောင်းကြီးမြုပ်နေသောနေရာ

ရန်ကုန်ရှိ သမိုင်း အထောက်အထားများ အရ ၁၈၀ဝ ခုတွင် ခေါင်းလောင်းကြီးကျရာနေရာတွင် ဝဲကတော့ ထိုးသည်ဟု ပါသည်မှတပါး ဓမ္မစေတီ ခေါင်းလောင်းကြီးအား ဆယ်ယူမှု မရှိခြေ။ ယခုခေတ် လူကြီးများပင် ၄င်း ဝဲကတော့ ကို မျက်မြင် ကိုယ်တွေ့ရှိသည်ဟု ဆိုကြသည်။ မြစ်မှာ မနက်ပေ။ ပေ ၄၀ သာရှိပြီး ရေအောက်ရွှံညွှန်များမှာ နောက်ထက် ပေ ၄၀ လောက် ရှိမည်ဖြစ်ပြီး ၄င်းရွှံညွှန်များထဲတွင် ခေါင်းလောင်း ရှိပေမည်။

ဘိုးတော်ဘုရားခေါင်းလောင်း ခေါ် ခေါင်းလောင်း အသေးသည်လည်း ဗြိတိသျှ သိုက်သမား (British Prize Agent) များက ၁၈၂၆ ခုတွင် ရွှေတိဂုံ စေတီတော် မှချကာ မြစ်ထဲကျခဲ့ပြန်သည်။ သို့သော် ဗြိတိသျှ တို့ စွန့်လွှက်ခဲ့သော် ၄င်းခေါင်းလောင်းအား ရွာသားများက ဆယ်ယူခဲ့ပြီး စေတီတော်ထက် သို့ ပြန်ပို့ခဲ့သည်။

[ပြင်​ဆင်​ရန်​] ဗြိတိသျှ တို့ ကြိုးပမ်းမှု

ဗြိတိသျှတို့ ခေါင်းလောင်းကြီးအား ဆယ်ယူရန်ကြိုးပမ်းရန် အကြိမ်ကြိမ် ကြိုးစားသော်လည်းမအောင်မြင်ခဲ့ပေ။ မြန်မာတို့က ခေါင်းလောင်းကြီးအား မူလ တည်ရှိရာ စေတီတော် သို့ ပြန်ပို့လျှင် ကူညီမည်ဟု ဆိုသဖြင့် ဗြိတိသျှတို့လည်း မစဉ်းစားပဲ ခေါင်းညိတ်ခဲ့သည်။ မြန်မာတို့တွင် ဉာဏ်နီဉာဏ်နက် ရှိသည်။ ရေငုတ်သမားများက ခေါင်းလောင်း၏ အောက်တွင် ဝါးလုံးခေါင်းများ တစ်လုံးခြင်းသယ်ယူထဲ့ပြီးစုပေါင်းတွဲချည်ကာ ရေပေါ်ပေါ်စေသည်။ ၄င်းကြိုးစားချက်သည် ထိုအချိန်က မြန်မာတို့ အမျိုးသားရေးရစေခဲ့သည်။

[ပြင်​ဆင်​ရန်​] မြန်မာ အစိုးရ ကြိုးပမ်းမှု

မိုက် ဟက်ခြာ

မြန်မာ အစိုးရသည် အင်္ဂလိပ် ရေငုတ်၊ ဇီဝ၊ ရှေးဟောင်း နှင့် စွမ်းအင် ပညာရှင် မိုက် ဟက်ခြာ (Mike Hatcher) အား ခေါင်းလောင်းကြီးအား ဖော်ယူ၍ စေတီတော်သို့ ပြန်လည် ပို့ဆောင်ရန် အကူအညီ ရယူခဲ့ပါသည်။ ဂျပန်၊ ဩစတြေးလျ နှင့် အမေရိကန် တို့ပါဝင်သော ၄င်း လုပ်ငန်းကို ဟက်ခြာ က သဘောတူခဲ့ပါသည်။ ဗုဒ္ဓသာသနာ ထွန်းကားရေး အကျိုးဆောင် ရစ်ချတ် ဂရီ က အားတက်သရော ပါဝင်၍ ရံပုံငွေရှာခဲ့သည်။ ၄င်းလုပ်ငန်းကို အပြည်ပြည်ဆိုင်ရာ အဆင့်ထိ စိတ်ဝင်စားစေသည်မှာ သံသယ ရှိစရာ မလိုပါ။ ဂျာမန် ရုပ်ရှင် ကုမ္ပဏီ တစ်ခုကလည်း ၄င်း စွန့်စားခန်းကို ရုပ်ရှင်ရိုက်ကူးမည် ဖြစ်ပြီး "ဒီတူးဖေါ်ရေးသာ အောင်မြင်ခဲ့လျှင် ဗုဒ္ဓဘာသာ နဲ့ပတ်သက်လို့ ဒါဟာ ခရစ်ယာန်မှာ လိုတရ ခွက် (Holy Grail) ရသလိုပါပဲ" ဟု ဆိုခဲ့သည်။

ဘာသာရေး ကိုင်းရှိုင်းသော မြန်မာ တို့ကမူ ဗုဒ္ဓ၏ မြင့်မြတ်သော် အမွေကို ပြန်လည်ထိမ်းသိမ်းခြင်းဖြင့် မြန်မာ နိုင်ငံ၏ ကံ ပြန်လည်ကောင်းမွန် လာလိမ့်မည်ဟု ယုံကြည်ကြသည်။ ဓမ္မစေတီ ခေါင်းလောင်းကြီးအား ဆယ်ယူခြင်းသည် မြင့်မြတ်သောမင်း နှင့် သူ၏ ပြည်သူပြည်သားများ၏ ဆုံးရှုံးနေသော အမွေကို ပြန်လည် ရရှိကြမှာ သေချာပါသည်။ ထို့အပြင် ၄င်းခေါင်းလောင်းတွင် ရေးထိုးထားသော စာများက သမိုင်း နှင့် ဘာသာစကား ပညာရှင် တို့အတွက် အဖိုးမဖြတ်နိုင်သော အထောက်အထားပင် ဖြစ်ပေမည်။

ဦးစံလင်း ဦးဆောင်သော အဖွဲ့မှ အကြိမ်ကြိမ် ဆယ်ယူရန် ကြိုးပမ်းခဲ့သည်။ ပထမအကြိမ်မှာ ၁၉၉၇ ခုနှစ် ဩဂုတ်လ ၁၀ ရက်မှ ၁၉၉၇ ခုနှစ် စက်တင်ဘာလ ၁၁ ရက် အထိ ၃၂ ရက်ကြာ ခဲ့သည်။ ရေငုပ်သမား အခက်အခဲကြောင့် ပထမအကြိမ် ဆယ်ယူခြင်းကို လက်လျှော့ခဲ့သည်။ ၁၉၉၈ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် သောင်တူးစက် (၁၅၀၂) ဖြင့် ရှာဖွေရန် ကြိုးပမ်းခဲ့ရာ ၁၉၉၈ ခုနှစ် ဩဂုတ် ၁၁ ရက် ညနေ ၃ နာရီခွဲ အချိန်တွင် ခေါင်းလောင်းကြီး ရှိသော နေရာကို တွေ့ရှိခဲ့သည်။ ၁၉၉၈ ခုနှစ် အောက်တိုဘာလတွင် သောင်တူးစက် (၁၀၀၀) ဖြင့် ဆယ်ယူရန် ကြိုးပမ်းခဲ့သော်လည်း လုပ်အား မနိုင်သဖြင့် ရပ်တန့်ခဲ့သည်။ ထိုအဖွဲ့မှာ ယခုတိုင် ဆယ်ယူရန် ကြိုးပမ်းဆဲ ဖြစ်သည်။

မိုက် ဟက်ခြာ နှင့် ၄င်း၏ အဖွဲ့ များက ဓမ္မစေတီ ခေါင်းလောင်းကြီးအား ဆယ်ယူခြင်း လုပ်ငန်းကို ၂၀ဝ၁ တွင် စရန် ရည်ရွယ် ခဲ့ပြီး ခေါင်းလောင်းကြီး၏ နေရာကို အတိအကျ စရှာရန် သတ်မှတ်ခဲ့သည်။ ဘီဘီစီ၏ သတင်းကြေငြာချက်ကြောင့် လူအများ ၄င်းဆယ်ယူခြင်း လုပ်ငန်းကို စိတ်ဝင်စားခဲ့သော်လည်း မဖြစ်မြောက်ခဲ့ပေ။ ထင်ဆချက်အရ ၂၀ဝ၀ ဂျူလိုင်လ တွင် ၄င်းအဖွဲ့သည် အင်ဒိုနီးရှား ဆယ်ယူရေး ပြဿနာ ကြောင့် ကြံ့ကြာခဲ့ခြင်း ဖြစ်ဟန်တူသည်။

ထိုဆယ်ယူခြင်း လုပ်ငန်းသာ စခဲ့လျှင် ရေငုတ်သမားများသည် ညကြည့်မှန် တက်ထားသော ခေါင်းစွက်များဖြင့် အတူ copper sulfate ရှာဖွေရေး ကိရိယာများဖြင့် ခေါင်းလောင်းကို ရှာမည်ဖြစ်သည်။

[၄]

[ပြင်​ဆင်​ရန်​] ကျမ်းကိုး

  1. ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး၏ ရာဇဝင် အကျဉ်း (ဦးစံလင်း)
  2. ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး၏ ရာဇဝင် အကျဉ်း (ဦးစံလင်း)
  3. ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး၏ ရာဇဝင် အကျဉ်း (ဦးစံလင်း)
  4. လျှပ်တပြက်ဂျာနယ် ၂၀၁၀-ခုနှစ်၊ မတ်လ(၅)ရက်နေ့ထုတ်


[ပြင်​ဆင်​ရန်​] ပြင်ပအင်တာနက်စာမျက်နှာအညွှန်း

ကမ္ဘာပေါ်တွင် အကြီးဆုံးသော ခေါင်းလောင်းကြီး ၃ လုံး [၁]


ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်