စောဇိတ်

ဝီကီပီးဒီးယား မှ

စောဇိတ်သည် လေးဆက်မြောက်မဂဒူးမင်းအဖြစ် နောင်တော် စောသင်မောင်ထံမှ ထီးနန်းဆက်ခံသည်။ နန်းတက်လျှင် ဦးရီးတော်ခွန်လော၏သမီးဖြစ်သူကို မိဖုရားမြှောက်ကာ စန္ဒာမင်းလှဘွဲ့ပေးသည်။ မရီးဖြစ်သူ မေနှင်းထပီကိုလည်း မင်းမျိုးမင်းနွယ်ဖြစ်သည့်အတွင် ဆက်လက်ကာမိဖုရားမြှောက်သည်။ နန်းတက်ပြီးလျှင် တူတော်သူ စောအဲကံကောင်း အားထားဝယ်နှင့် တနင်္သာရီတို့ကိုတိုက်စေသည်။ နိုင်ပြီးပြန်လာသော်လည်း မှူးမတ်တို့က ကုန်းတိုက်သည်ကို ယုံကာ အမျက်ရှသဖြင့် ပဲခူးတွင် သံခြေချင်းခတ်ကာ ထားသည်။ သားတော်တစ်ပါးနှင့် သမီးတော် တစ်ပါး ဖွားမြင်ရာ ဗညားဦး၊မဟာဒေဝီ ဟုအမည်ပေးသည်။ နောင် သားတော်တစ်ပါးထပ်ရသော် မင်းလင်္ကာဟု ခေါ်စေသည်။ ဗြတ်ရှမ်းသား ၅၀၀ ကကျွန်ခံလာရာ အချီတော်ဇိတ်ပွန်ကို အုပ်ချုပ်စေသည်။ ဇိတ်ပွန်လည်း မိမိတွင် ရှမ်း ၅၀၀ ရှိသဖြင့်မသင့်သောအကြံကိုကြံလေသည်။ မိမိအိမ် ဥယျာဉ်အတွင်း အိမ်သစ်ဆောက်ကာ အိမ်ကို ကျုံးဖြင့်ပတ်ထားစေသည်။ နောက် စောဇိတ်အား အိမ်သစ်တက်မင်္ဂလာကျင်းပဟန်ပြုပြီး ဖိတ်ကြားသည်။ စောဇိတ်ရောက်လျှင် လက်အောက်ရှိ ရှမ်း ၅၀၀ ဖြင့် ဖမ်းကာသတ်သဖြင့် စောဇိတ်လွန်ပြီး ဇိတ်ပွန် မင်းပြုသည်။