လိပ်မွတ်ထော

ဝီကီပီးဒီးယား မှ

ဗညားကျန်းထော အားလုပ်ကြံပြီးလျှင် ဗညားရံ ၏သားဖြစ်သူ လိပ်မွတ်ထော နန်းတက်သည်။လိပ်မွတ်ထော၏မိခင်သည် အင်းဝမင်းသမီးဖြစ်သောကြောင့် လိပ်မွတ်ထောသည် အင်းဝဘက်သို့ ယိမ်းသောဘုရင်ဖြစ်သည်ဆိုကာ မင်းကျင့်တရားနှင့်မညီဟူသော စွပ်စွဲချက်ဖြင့် ၇ လအကြာတွင် မူးမတ်များက လုပ်ကြံနန်းချပြီး အင်း၀မှ ပြန်လည်ရောက်ရှိလာသည့် ရာဇာဓိရာဇ်၏ သမီးတော် ရှင်စောပုအား ဗညားထောဝ် ဘွဲ့ဖြင့်ဟံသာ၀တီနန်းကို စိုးစံရန် တင်မြောက်ကြသည်။