သမိုင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Historia (Allegory of History)
By Nikolaos Gysis (1892)

သမိုင်းဆိုသည်မှာ လူသားတို့၏ အတိတ်ကာလကို လေ့လာသော ဘာသာရပ်ဖြစ်သည်။ စာရေးသားခြင်းကို တီထွင်ပြီးသည့်နောက်တွင် သမိုင်းပေါ်ပေါက်လာခဲ့သည်ဟုလည်း ဆိုနိုင်သည်။ သမိုင်းကို ရေးသားသော ပညာရှင်များကို သမိုင်းပညာရှင်ဟု ခေါ်ဆိုလေ့ရှိကြသည်။ ၎င်းမှာ ပြန်ပြောင်းပြောဆိုချက်များကို အသုံးပြု၍ ဆက်တိုက်ဖြစ်ပျက် ခဲ့သော အဖြစ်အပျက်များကို စစ်ဆေးခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်း ပြုသော သုတေသန နယ်ပယ် ဖြစ်ကာ တစ်ခါတရံတွင် အကျိုးအကြောင်း ဆက်နွယ်၍ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ဓမ္မဓိဌာန် ကျကျ စုံစမ်းစစ်ဆေးကာ ဆုံးဖြတ်သော ပညာရပ်ပင် ဖြစ်သည်။ သမိုင်းပညာရှင်များသည် သမိုင်း၏ သဘောသဘာဝ နှင့် အသုံးဝင်မှုတို့ကို ငြင်းခုံလေ့ ရှိကြသည်။

သမိုင်း[ပြင်​ဆင်​ရန်​]

သမိုင်းဟူသည်မှာ အစဉ်မှတ်သားရအောင်ပြုလုပ်သောစာကိုဆိုလိုသည်။ ဘုရား ၊ ဂူ၊ ကျောင်း၊ တန်ဆောင်း၊ စဆွံ၊ ဓမ္မသာလာ၊ တန်တား၊ ပုဂ္ဂိုလ်ထူး၊အကြောင်းအရာထူး စသည်တို့နှင့်စပ်လျဉ်း၍ စကားပြေဖြင့် ဖြစ်စေလင်္ကာဖြင့်ဖြစ်စေ စီကုံးရေးသားထားသည်များကိုသမိုင်းဟုခေါ်သည်။

အချို့ကလည်း သမိုင်းသည်သံပိုင်းနှင့်သဘောချင်းတူပြီးလျှင် သံပိုင်းမှသမ္ပိုင်း၊ သမိုင်းဖြစ်လာသည်ဟုဆိုကြသည်။ စကားပြေဖြင့်ရေးသားထားသော သမိုင်းများအကြောင်း ကို အထူးမရေးသားတော့ဘဲ လင်္ကာစပ်ဆိုထားသောသမိုင်းရေးသား နည်းကိုဖော်ပြပေအံ့။ သမိုင်းလင်္ကာစပ်ဆိုရာ၌ • (၁) လင်္ကာစပ်ဆိုနည်းများ အတိုင်းရေး သွားသည်။ (၂) အစမှာဖြစ်စေ၊ အဆုံးမှာဖြစ်စေ သမိုင်းဟူသောစကား များသောအားဖြင့်ပါရှိတတ်သည်။ပုံစံအားဖြင့်သမိုင်းတန်ဆောင်၊ ကမ္ပည်းဆောင်အံ့၊ ဉာဏ်ရောင်ဖြန့်ချိ၊နှိုင်းချိန်ညှိလော့၊လောကီအရာ စသည်ဖြင့် သမိုင်း လင်္ကာမှန်းသိအောင် သမိုင်းဆိုသည့်ပုဒ်ကို ထည့်စပ်လေ့ရှိကြသည်။သမိုင်းဟူသည့်ပုဒ်ကိုလင်္ကာ၏ အလယ်၌သမိုင်းမှန်းသိအောင်ထည့်သွင်းစပ်ဆိုသည်လည်းရှိသည်။ ပုံစံအားဖြင့်စစ်ကိုင်းမြို့ သမိုင်းလင်္ကာတွင်' ရန်မာန်ပယ်ခိုင်း၊မြို့စစ်ကိုင်း၏၊သမိုင်းလင်္ကာ၊ ဂုဏ်ကိုးဖြာအား' ဟူ၍လည်းကောင်း၊ရှင်ပင်သက်တော်ရဘုရားသမိုင်းတွင်' မင်္ဂလာ ထုံးဆောင်၊ကပ်လုံးပြောင်စိမ့်၊ အခေါင်သာ နှိုင်း၊ တပေါင်လှိုင်း၍၊တိုင်းမြန်မာပြည်၊ သမိုင်းရှည်ဖြင့်၊ ငါးမည်အင်စုံ'ဟူ၍လည်းကောင်း အသီးသီးစပ်ဆိုကြသည်။

အချို့သမိုင်းလင်္ကာစာကိုယ်များ၌မူ သမိုင်းဟူသောစာပုဒ်လုံးဝ မပါပဲလည်းရှိတတ်သည်။ ပုံစံအားဖြင့်ပုဂံပညာရှိမွန်း ကိုဆိုပုဂံမြို့ရှိဂူဘုရားစဉ်သမိုင်းလင်္ကာ၌'မဉ္ဇူဘုန်းတော်၊ သောင်း လုံးကျော်သည်၊ ထိပ်ပေါ်အထွတ်၊ရွှေနားညွတ်လော့ ၊ရိမဒ်ပေါက္ကံ၊ တမ္ပဝတီ၊ သီရိပစ္စယာ၊ ပုဏ္ဏဂါမ၊ပုဂါ မမည်၊ဤငါးပြည်၌၊ ဆက်ရှည်စံပယ်၊ ငါးဆယ်နှင့်ငါး၊ နရဖျားတို့၊တည်ထားပြုစု၊ ကောင်းမှုစေ့မျိုး၊ကြဲစိုက်ပျိုးသည်၊ ပုထိုးစေတီ၊လက်ချောင်းစီသို့ရ၍ ဤဖွယ်တည့်၊ များစွာရှိလည်း၊ တွေ့မိသ၍၊မစုံစေ့ခဲ့၊ ဘုန်းဟေ့နတ်လူ၊ဉာဏ်တံချူဖြင့်၊ ဆွတ်ယူစိမ့်ငှာ၊ထိပ်ချာတင်ရွက်၊ သီကုံးဆက်သည်၊ရွှေခွက်သောတာရုံဘုရား'ဟူ၍ဖြစ်သည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)