ဇော်မျိုးတင်

ဝီကီပီးဒီးယား မှ
ဇော်မျိုးတင်
ကယားပြည်နယ် ဝန်ကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁ ဖေဖော်ဝါရီ ၂၀၂၂
သမ္မတဦးမြင့်ဆွေ (ယာယီ)
ဝန်ကြီးချုပ်မင်းအောင်လှိုင်
ယခင်လူဦးခင်မောင်ဦး
ကယားပြည်နယ် လွှတ်တော် ကိုယ်စားလှယ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွားမြန်မာနိုင်ငံ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲတပ်မတော် (ကြည်း)
ရာထူးဒုတိယဗိုလ်ချုပ်ကြီး

ဇော်မျိုးတင် သည် ကယားပြည်နယ် ၏ လက်ရှိ ဝန်ကြီးချုပ်ဖြစ်သည်။ သူသည် တပ်မတော်မှ အရာရှိဟောင်းတစ်ဦးဖြစ်ကာ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ဖြင့် အနားယူခဲ့သည်။ ကယားပြည်နယ်လွှတ်တော်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်အစိုးရအဖွဲ့၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လွိုင်ကော်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် ဒကစမှူး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် အဖြစ် ဆောင်ရွက်ခဲ့သည်။[၁]

အလုပ်အကိုင်[ပြင်ဆင်ရန်]

အစောပိုင်းဘဝ[ပြင်ဆင်ရန်]

သူသည် စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့ကာ အပတ်စဉ် (၃၂)မှ ဖြစ်သည်။ ၎င်း၏ ပြန်တမ်းဝင် ကိုယ်ပိုင်အမှတ်မှာ ကြည်း (၂၂၅၈၂) ဖြစ်သည်။[၂]

တပ်မတော်သားဘဝ[ပြင်ဆင်ရန်]

သူသည် ဗိုလ်မှူးကြီးရာထူးဖြင့် ၂၀၁၆ခုနစ်တွင် ကယားပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာခဲ့သည်။ ထို့အပြင် ဦးခင်မောင်ဦးနှင့် ဦးအယ်လ်ဖောင်းရှိုတို့၏ ကယားပြည်နယ်အစိုးရအဖွဲ့များတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။[၃] ၂၀၁၇ခုနှစ်တွင် ဗိုလ်မှူးချုပ်ဖြစ်လာကာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ ကယားပြည်နယ်နှင့်ဆိုင်သော ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)၏ ဒကစမှူး ဖြစ်လာခဲ့သည်။[၁]

ထို့နောက် နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးလက်အောက်တွင် ဗိုလ်ချုပ်ရာထူးဖြင့် စခန်းမှူးဖြစ်လာသည်။ ၂၀၂၁ခုနှစ် ဇန်နဝါရီလတွင် တပ်မတော်အင်အားသို့ရောက်ရှိသွားသော နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေ၏ နေရာတွင် ဗိုလ်ချုပ်ဇော်မျိုးတင်အား ခန့်အပ်ခဲ့သည်။ ၂၀၂၁ အာဏာသိမ်းမှုဖြစ်ချိန်တွင် သူသည် နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူး အဖြစ် တာဝန်ယူထားရသည်။[၄][၅]

၂၀၂၁ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးနှင့် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်အဖြစ် ပူးတွဲတာဝန်ယူထားသော ဗိုလ်ချုပ်ကြီးမောင်မောင်အေးအား စက်တင်ဘာလတွင် ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ်သာ တာဝန်ယူစေခဲ့သည်။ ဗိုလ်ချုပ် ဇော်မျိုးတင်ကို ဒုတိယဗိုလ်ချုပ်ကြီးအဆင့် ရာထူးတိုးပေးခဲ့ပြီး တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ ၎င်း၏ တိုင်းမှူးနေရာအား စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်ချုပ်ဇော်ဟိန်းအား ခန့်အပ်ခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ်ဘဝ[ပြင်ဆင်ရန်]

၂၀၂၂ခုနှစ် ဇန်နဝါရီလတွင် ကယားပြည်နယ် လွိုင်ကော်ခရိုင်တွင် တပ်မတော်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၊ လက်နက်ကိုင်အဖွဲ့အစည်းများအကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး ပြည်နယ်မြို့တော်ဖြစ်သော လွိုင်ကော်မြို့နှင့် ပတ်ဝန်းကျင်ရှိ ဒေသခံများ ရှောင်တိမ်းထွက်ပြေးခဲ့ရသည်အထိ ဖြစ်ခဲ့သည်။[၆][၇] ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့တွင် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် (၂)ကြိမ်တိုင် တာဝန်ယူခဲ့သော ဦးခင်မောင်ဦး အား ပြည်နယ်ဝန်ကြီးချုပ်တာဝန်မှ အနားပေးခဲ့သည်။[၈] ထို့နောက် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ဒုတိယဗိုလ်ချုပ်ကြီး ဇော်မျိုးတင်အား တပ်မတော်မှ အနားပေးကာ ဦးဇော်မျိုးတင်အဖြစ် ပြည်နယ်ဝန်ကြီးချုပ်ရာထူး ခန့်အပ်ခဲ့သည်။[၉]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင် တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဖြစ်လာ
  2. မြန်မာ့အလင်းသတင်းစာ (၁၉.၁.၂၀၁၆)
  3. ကယားပြည်နယ်သန်းခေါင်စာရင်းအချက်အလက်များဖြန့်ဝေခြင်းနှင့်အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲ
  4. နေပြည်တော် စစ်တိုင်းမှူး အပြောင်းအလဲ ဖြစ်
  5. ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အာဏာကစားပွဲ
  6. ကယားတွင် တိုက်ပွဲများကြောင့် စစ်ရှောင် ၁ သိန်း ၇ သောင်းကျော် ရှိလာ
  7. ကရင်နီဒေသမှာ စစ်ရှောင် သိန်းချီရှိပြီလို့ဆို
  8. "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၈ / ၂၀၂၂"။ 
  9. ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ဦးစိုးသိန်းနှင့် ကယားပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဦးဇော်မျိုးတင်တို့အား ခန့်အပ်