အာရှ ဘောလုံးအဖွဲ့ချုပ်

ဝီကီပီးဒီးယား မှ
အာရှ ဘောလုံးအဖွဲ့ချုပ်
Asian Football Confederation
ဖိုင်:AFC Logo.svg
အတိုကောက်AFC
ဆောင်ပုဒ်အာရှတိုက်တစ်ခု ရည်မှန်းချက်တစ်ခု
One Asia One Goal
ဖွဲ့စည်းခြင်း၈ မေ ၁၉၅၄; ၇၀ နှစ် အကြာက (၁၉၅၄-၀၅-08)
အမျိုးအစား​အားကစားအဖွဲ့ချုပ် (​​ဘောလုံး)
ဌာနချုပ်ဘူကစ်ဂျလီ၊ ကွာလာလမ်ပူမြို့မလေးရှားနိုင်ငံ
အဖွဲ့ဝင်များ
အဖွဲ့ဝင် ၄၇ နိုင်ငံ
ရုံးသုံးဘာသာစကား
အင်္ဂလိပ်အာရဘီ[၁]
ဥက္ကဋ္ဌ
ဆယ်လ်မန် အီဘရာဟင်မ် အယ်ခါလီဖာ
ဒုဥက္ကဋ္ဌများ
အထွေထွေ အတွင်းရေးမှူး
Dato' Windsor John[၂][၃]
မိခင်အဖွဲ့အစည်း
ကမ္ဘာ့​ဘောလုံးအဖွဲ့ချုပ်
ဌာနခွဲများ
ဝက်ဘ်ဆိုဒ်the-afc.com

အာရှဘောလုံးအဖွဲ့ချုပ် (အင်္ဂလိပ်: Asian Football Confederation; အတိုကောက် AFC) သည် အာရှနှင့် ဩစတြေးလျဒေသအတွင်းရှိ ဘောလုံးအဖွဲ့အစည်းများကို ထိန်းချုပ်နေသည့် အဖွဲ့အစည်းကြီးဖြစ်သည်။ ၎င်းအဖွဲ့ချုပ်ကြီးတွင် နိုင်ငံပေါင်း ​၄၇ နိုင်ငံပါဝင်ကာ အများစုမှာ အာရှရှိနိုင်ငံများဖြစ်ကြသည်။ သို့သော်လည်း အာရှနှင့် ဥရောပတိုက်တို့ကို ခြားနားထားသည့် နယ်မြေများအရ တူရကီနှင့် ရုရှားနိုင်ငံ ၊ အာရှအတွင်း (အလယ်ပိုင်း သို့မဟုတ် ဥ​ရောပအာရှ) ရှိ ကာဇက်စတန်အဇာဘိုင်ဂျန်အာမေးနီးယားဂျော်ဂျီယာနှင့် အစ္စရေးနိုင်ငံများမှာ ဥ​ရောပ​ဘောလုံးအဖွဲ့ချုပ်ကြီးတွင် ပါဝင်နေသည်။ အခြားတစ်ဖက်တွင်ကား ဩစတြေးလျနိုင်ငံဖြစ်သည်။ ၎င်းသည် ယခင်က သမုဒ္ဒရာပိုင်းဇုန်​ဘောလုံးအဖွဲ့ချုပ်တွင် ပါဝင်ပြီး ၂၀၀၆ ခုနှစ်တွင် အာရှ​ဘောလုံးအဖွဲ့ချုပ်၏အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့သည်။ အလားတူ တရုတ်တိုင်​ပေ (ထိုင်ဝမ်) ၊အ​မေရိကန်ပိုင်ကျွန်းများဖြစ်​သော ဂူအမ်၊ မြောက်ပိုင်းမာရီယာနာကျွန်းများ နှင့် တရုတ်နိုင်ငံ၏အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသများဖြစ်​သော ​​ဟောင်​ကောင် နှင့် မကာအို တို့သည် သီးခြားနိုင်ငံများမဟုတ်​သော်လည်း အာရှ​ဘောလုံးအဖွဲ့ချုပ်၏ အဖွဲ့ဝင်များအဖြစ်ပါဝင်ကြသည်။

အာရှ​ဘောလုံးအဖွဲ့ချုပ်ကို ၁၉၅၄ခုနှစ် မေလ ၈ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံမနီလာမြို့တွင် ဖွဲ့စည်းခဲ့ကြသည့်ပြင် ၎င်းသည် ဖီဖာကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကြီး၏ ခြောက်ခုမြောက် အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သည်။ အာရှ​ဘောလုံးအဖွဲ့ချုပ်၏ ရုံးချုပ်ကြီးကို မလေးရှားနိုင်ငံကွာလာလမ်ပူမြို့၊ ဘူကစ်ဂျလီတွင် တည်ဆောက်ထားရှိသည်။

သမိုင်း

အာရှ​ဘောလုံးအဖွဲ့ချုပ်ကို ၁၉၅၄ ခုနှစ် ​မေလ ၈ ရက်​နေ့တွင် အာဖဂန်နစ္စတန်မြန်မာ (ယခင်: ဘားမား)၊ ထိုင်ဝမ် (ယခင်: တရုတ်သမ္မတနိုင်ငံ)၊ ​​ဟောင်​ကောင်အီရန်အိန္ဒိယအစ္စရေးအင်ဒိုနီးရှားဂျပန်​တောင်ကိုရီးယားပါကစ္စတန်ဖိလစ်ပိုင်စင်ကာပူ၊ ​တောင်ဗီယက်နမ်တို့နှင့် စတင်ဖွဲ့စည်းခဲ့သည်။

နုတ်ထွက်အဖွဲ့ဝင်နိုင်ငံများ

ပြိုင်ပွဲများ

အာရှ​ဘောလုံးအဖွဲ့ချုပ်၏ပြိုင်ပွဲများ

  • ၂၀၀၂-၂၀၀၃ ​ဘောလုံးရာသီတွင် ***ပြထား​သောပြိုင်ပွဲ ၂ မျိုး​ပေါင်း၍ အာရှချန်ပီယံလိဂ် နှင့် ၂၀၀၄ ခုနှစ်တွင် အာရှချန်ပီယံလိဂ်မှ ခွဲထွက်၍ အာရှ​ဘောလုံးအဖွဲ့ချုပ်ဖလားနှင့် အာရှ​ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလားပြိုင်ပွဲများအဖြစ် ပြိုင်ပွဲ ၃ မျိုးပြောင်းလဲကျင်းပခဲ့သည်။ ၂၀၁၅ ခုနှစ်တွင်မူ အာရှ​ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလားကို ဖျက်သိမ်းပြီး ကလပ်များအား အာရှ​ဘောလုံးအဖွဲ့ချုပ်ဖလားထဲသို့ ပူး​ပေါင်းယှဉ်ပြိုင်​စေသည်။

အာရှဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင်ကော်မတီ

အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဌ နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌ
  • ဘာရိန်းနိုင်ငံ Salman Bin Ibrahim Al-Khalifa
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကောင်စီအဖွဲ့ဝင်
  • တရုတ်ပြည်သူ့သမ္မတနိုင်ငံ Du Zhaocai
  • အိန္ဒိယနိုင်ငံ Praful Patel
  • ဂျပန်နိုင်ငံ Kohzo Tashima
  • ဖိလစ်ပိုင်နိုင်ငံ Mariano Araneta
  • ကာတာနိုင်ငံ Saoud Al-Mohannadi
  • ဘင်္ဂလားဒေ့ရှ်နိုင်ငံ Mahfuza Akhter Kiron
အာရှဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌ
အထွေထွေအတွင်းရေးမှူး
  • မလေးရှားနိုင်ငံ Windsor John

ကိုးကား

  1. အာရှ​ဘောလုံးအဖွဲ့ချုပ်၏မဏ္ဍိုင် (၂၀၁၇)။ အာရှ​ဘောလုံးအဖွဲ့ချုပ် (၈ ​မေ ၂၀၁၇)။ ၁၅ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  2. အာရှ​ဘောလုံးအဖွဲ့ချုပ်ဖွဲ့စည်းပုံ။ အာရှ​ဘောလုံးအဖွဲ့ချုပ်။
  3. Christopher Raj (၃ ဒီဇင်ဘာ ၂၀၁၅)။ ကမ္ဘာ့​ဘောလုံးအဖွဲ့ချုပ်ကိုဦး​ဆောင်လာနိုင်မည့် စံပြလူသား။ The Star။ ၂၅ မတ် ၂၀၁၆ တွင် ပြန်စစ်ပြီး။