အာဆီယံဘောလုံးအဖွဲ့ချုပ်
![]() AFF အမှတ်တံဆိပ် | |
| ဖွဲ့စည်းခြင်း | ၃၁ ဇန်နဝါရီ ၁၉၈၄[၁] |
|---|---|
| အမျိုးအစား | အားကစားအဖွဲ့ချုပ် |
| ဌာနချုပ် | |
အဖွဲ့ဝင်များ | အဖွဲ့ဝင်၁၂နိုင်ငံ |
| ဝက်ဘ်ဆိုဒ် | aseanfootball.org/v3/ |
အာဆီယံဘောလုံးအဖွဲ့ချုပ် (အင်္ဂလိပ်: ASEAN Football Federation; အတိုကောက် AFF) သည် အာရှ ဘောလုံးအဖွဲ့ချုပ်၏ လက်အောက်ရှိ ဘောလုံးအဖွဲ့ချုပ်ခွဲတစ်ခု ဖြစ်သည်။ အာဆီယံဒေသကို ဗဟိုပြုကာ ၁၉၈၄ ခုနှစ်တွင် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံများဖြင့် စတင်တည်ထောင်ခဲ့သည်။ အာဆီယံမှာ အရှေ့တောင်အာရှနိုင်ငံများအသင်းဟု ဆိုသော်လည်း အရှေ့တီမောနှင့် ဩစတြေးလျတို့လည်း အဖွဲ့ချုပ်တွင် ပါဝင်သည်။[၁]
၁၉၉၆ ခုနှစ်တွင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်တို့ ပါဝင်လာသည်။ ၂၀၀၄ တွင် အရှေ့တီမော၊ ၂၀၁၃ တွင် ဩစတြေးလျတို့ အသီးသီး ပါဝင်လာသည်။
၁၉၉၆ တွင် ထိုစဉ်က တိုက်ဂါးဖလားဟု လူသိများသော အရှေ့တောင်အာရှချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ (AFF Championship) ကို စတင်ကျင်းပခဲ့သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ဂျကာတာတွင်ပြုလုပ်သော မူလတည်ထောင်အဖွဲ့ဝင်၆နိုင်ငံ (ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံ) အစည်းအဝေးမှအစပြု၍ အာဆီယံဘောလုံးအဖွဲ့ချုပ်ကို ၁၉၈၄ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည်။ ဘောလုံးအဖွဲ့ချုပ်ကိုတည်ထောင်ဖြစ်ခဲ့သည့်အစီအစဉ်ဖြစ်လာရခြင်းမှာ ၁၉၈၂ခုနှစ်က ဘန်ကောက်မြို့တွင်ကျင်းပသော တိုက်ခွဲငယ်ဘောလုံးအဖွဲ့ချုပ်ထူထောင်ရေး ကနဦးအစည်းအဝေးမှ စတင်ဖြစ်ပေါ်လာခဲ့သည်။ ထိုအစည်းအဝေးသို့ ဟမ်ဇာ အဘူစာမား၊ ပီတာ ဗယ်လက်ပန်၊ ဟမ်း ပန်ဒလာကီ၊ ဖာနန်ဒို ဂျီ.အယ်ဗာရက်၊ ပီစစ် ငန်ပန်နစ်၊ တျိုချောင်တီးနှင့် ရပ်ဘွန်ချွမ်းတို့တက်ရောက်ခဲ့ကြသည်။ အာဆီယံဘောလုံးအဖွဲ့ချုပ် ရုံးချုပ်မှာ မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ် ပီတလင်း ဂျာယားမြို့တွင်တည်ရှိသည်။
ဥက္ကဋ္ဌများ
[ပြင်ဆင်ရန်]| ဥက္ကဋ္ဌ | တာဝန်ထမ်းနှစ် |
|---|---|
| ၁၉၈၄–၁၉၉၄ | |
| ၁၉၉၄–၁၉၉၆ | |
| ၁၉၉၆–၁၉၉၈ | |
| ၂၀၀၇–၂၀၁၉ | |
| ၂၀၁၉–၂၀၂၃ |
အဖွဲ့ဝင်များ
[ပြင်ဆင်ရန်]AFFတွင် အဖွဲ့ဝင်၁၂နိုင်ငံပါဝင်ပြီး အားလုံးမှာ အာရှ ဘောလုံးအဖွဲ့ချုပ်၏ လက်အောက်ရှိ ဘောလုံးအဖွဲ့ချုပ်များပင်ဖြစ်သည်။
| ကုဒ် | အဖွဲ့ချုပ် | ပါဝင်သည့်ခုနှစ် |
|---|---|---|
| AUS | ၂၀၁၃ | |
| BRU | ၁၉၈၄ | |
| CAM | ၁၉၉၆ | |
| IDN | ၁၉၈၄ | |
| LAO | ၁၉၉၆ | |
| MAS | ၁၉၈၄ | |
| MYA | ၁၉၉၆ | |
| PHI | ၁၉၈၄ | |
| SIN | ၁၉၈၄ | |
| THA | ၁၉၈၄ | |
| TLS | ၂၀၀၄ | |
| VIE | ၁၉၉၆ |
ယှဉ်ပြိုင်မှုများ
[ပြင်ဆင်ရန်]နိုင်ငံတကာ
[ပြင်ဆင်ရန်]အာဆီယံဆူဇူကီးဖလား(AFF Championship) နှင့် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ (AFF Women's Championship ) တို့ကို ၂ နှစ်တစ်ကြိမ် ကျင်းပပြီး အာဆီယံ၏ ချန်ပီယံအဖြစ် သတ်မှတ်သည်။
ဖူဆယ်ဘောလုံး၊ ကမ်းခြေဘောလုံး၊ အသက်အရွယ်အလိုက် ယူ-၁၆၊ ယူ-၁၉၊ယူ-၂၃ စသည့် အမျိုးသား၊ အမျိုးသမီးဘောလုံးပွဲများကိုလည်း ကျင်းပလေ့ရှိသည်။
ကလပ်
[ပြင်ဆင်ရန်]ဘောလုံးကလပ်အသင်းများအတွက် ပြိုင်ပွဲအဖြစ် မဲခေါင်ကလပ်ချန်ပီယံရှစ်ကို ၂၀၁၄ မှစ၍ မဲခေါင်မြစ်ဖြတ်သန်းစီးဆင်းရာ နိုင်ငံ ၆ နိုင်ငံအနက် ၅ နိုင်ငံ (ကမ္ဘောဒီးယား၊လာအို၊မြန်မာ၊ထိုင်း နှင့် ဗီယက်နမ်) ယှဉ်ပြိုင်ကြသည်။
ထို့အပြင် အာဆီယံဖူဆယ်ကလပ်အသင်းများပြိုင်ပွဲ (AFF Futsal Club Championship)ကိုလည်း နှစ်စဉ် ကျင်းပလေ့ရှိသည်။
လက်ရှိချန်ပီယံများ
[ပြင်ဆင်ရန်]အဆင့်သတ်မှတ်ချက်များ
[ပြင်ဆင်ရန်]
အမျိုးသားလက်ရွေးစင်အသင်းများအဆင့်သတ်မှတ်ချက်များ ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် မှ တွက်ချက်သည်။
Last updated 14 June 2019 25 June 2016 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . |
ထိပ်သီးအမျိုးသားလက်ရွေးစင်အသင်းများ ![]() |
Elo အဆင့်သတ်မှတ်ချက်
[ပြင်ဆင်ရန်]အဆင့်သတ်မှတ်ချက်များ ကို အီလို ဝက်ဘ်ဆိုဒ်မှ တွက်ချက်သည်။
| AFF | AFC | Elo | နိုင်ငံ | အဆင့်သတ်မှတ်ချက် | +/−* |
|---|---|---|---|---|---|
| 1 | 4 | 48 | 1673 | ||
| 2 | 15 | 111 | 1370 | ||
| 3 | 20 | 129 | 1326 | ||
| 4 | 33 | 154 | 1224 | ||
| 5 | 24 | 172 | 1131 | ||
| 6 | 32 | 173 | 1127 | ||
| 7 | 34 | 177 | 1106 | ||
| 8 | 26 | 186 | 1054 | ||
| 9 | 36 | 204 | 839 | ||
| 10 | 41 | 222 | 689 | ||
| 11 | 44 | 227 | 637 | ||
| 12 | 43 | 229 | 619 |
Last updated 24 June 2019
*အဆင့်ပြောင်းလဲမှုများမှာ www.eloratings.net မှ ၃လတာ အဆင့်ပြောင်းလဲမှုများကို အခြေခံ၍သတ်မှတ်သည်။
အမျိုးသမီးလက်ရွေးစင်အသင်းများ
[ပြင်ဆင်ရန်]|
အဆင့်သတ်မှတ်ချက်များ ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ တွက်ချက်သည်။
နောက်ဆုံးပြင်ဆင်ချိန်: ၂၇ရက် မတ်လ ၂၀၂၀ 15 January 2015 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . * ဖီဖာမှတရားဝင်အဆင့်သတ်မှတ်ထားသောအသင်းများနှင့် မကစားခဲ့သည်မှာ |
ထိပ်သီးအမျိုးသမီးလက်ရွေးစင်အသင်းများ ![]() |
ပေးအပ်သောဆုများ
[ပြင်ဆင်ရန်]အာဆီယံဘောလုံးအဖွဲ့ချုပ်၏ဆုပေးပွဲများကို ၂ နှစ်တစ်ကြိမ် ကျင်းပသည်။
အာဆီယံချစ်ကြည်ရေးဆု
[ပြင်ဆင်ရန်]| နှစ် | လက်ခံရရှိသူ |
|---|---|
| ၂၀၁၃ | |
| ၂၀၁၆ |
AFF အကောင်းဆုံးအဖွဲ့ချုပ်ဆု
[ပြင်ဆင်ရန်]| နှစ် | အဖွဲ့ချုပ် |
|---|---|
| ၂၀၁၃ | |
| ၂၀၁၅ | |
| ၂၀၁၇ | |
| ၂၀၁၉ |
AFF အကောင်းဆုံးလက်ရွေးစင်အသင်းဆု
[ပြင်ဆင်ရန်]| နှစ် | လက်ရွေးစင်အသင်း (အမျိုးသား) | လက်ရွေးစင်အသင်း (အမျိုးသမီး) |
|---|---|---|
| ၂၀၁၃ | ||
| ၂၀၁၅ | ||
| ၂၀၁၇ | ||
| ၂၀၁၉ |
AFF အကောင်းဆုံးကစားသမားဆု (အမျိုးသား)
[ပြင်ဆင်ရန်]| နှစ် | အမည် | ကလပ် |
|---|---|---|
| 2013 | ||
| 2015 | ||
| 2017 | ||
| 2019 |
AFF အကောင်းဆုံးကစားသမားဆု (အမျိုးသမီး)
[ပြင်ဆင်ရန်]| နှစ် | အမည် | ကလပ် |
|---|---|---|
| 2013 | ||
| 2015 | ||
| 2017 | ||
| 2019 |
AFF အကောင်းဆုံးလူငယ်ကစားသမားဆု
[ပြင်ဆင်ရန်]| နှစ် | အမည် | ကလပ် |
|---|---|---|
| 2013 | ||
| 2015 | ||
| 2017 | ||
| 2019 |
AFF အကောင်းဆုံးဖူဆယ်အသင်းဆု
[ပြင်ဆင်ရန်]| နှစ် | ဖူဆယ်လက်ရွေးစင်အသင်း |
|---|---|
| 2013 | |
| 2015 | |
| 2017 | |
| 2019 |
ကိုးကား
[ပြင်ဆင်ရန်]- 1 2 AFF - The Official Website Of The ASEAN Football Federation။ About AFF (20 March 2015)။ 16 October 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 March 2015 တွင် ပြန်စစ်ပြီး။
- ↑ Maj Gen Khiev Sameth is the new AFF president။ AFF (17 March 2019)။ 25 June 2019 တွင် ပြန်စစ်ပြီး။


