အသက် ၂၂ နှစ်အောက် အာရှဖလား
အသက် ၂၃ နှစ်အောက် အာရှဖလားဘောလုံးပြိုင်ပွဲ (၂၀၁၆–၂၀၂၀ : အာရှအသက် ၂၃ နှစ်အောက်ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ၊ ၂၀၁၃ : အာရှအသက် ၂၂ နှစ်အောက်ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ) သည် အာရှဘောလုံးအဖွဲ့ချုပ် မှကြီးမှူးကျင်းပသော အာရှအဆင့် သက်တမ်းအလိုက်လူငယ်ဘောလုံးပြိုင်ပွဲဖြစ်သည်။ ပထမဆုံးအကြိမ်ကျင်းပသော ၂၀၁၃ အသက် ၂၂ နှစ်အောက် အာရှဖလား ကို ၂၀၁၁ ခုနှစ် တွင်စတင်ရန်ဆုံးဖြတ်ခဲ့သော်လည်း ၂၀၁၂ ခုနှစ် မှစ၍သာ ခြေစစ်ပြိုင်ပွဲ(အရည်ချင်းစစ်ပြိုင်ပွဲ) များစွာကို ပထမဆုံးအကြိမ် အုပ်စုအလိုက် စတင်၍ ကျင်းပခဲ့သည်။ နောက်ဆုံးအဆင့်ပြိုင်ပွဲကိုမူ ၂၀၁၃ ခုနှစ်အစား ၂၀၁၄ နှစ်ဆန်းပိုင်းမှသာ ကျင်းပနိုင်ခဲ့သည်။ ထိုသို့ ၂ နှစ် တစ်ကြိမ်ကျင်းပနေခဲ့သော ပြိုင်ပွဲကို ၂၀၁၆ ခုနှစ်မှစ၍ ပြိုင်ပွဲ၏အသက်ကန့်သတ်ချက်အား အသက် ၂၃ နှစ်အောက်အဖြစ် ပြောင်းလဲသတ်မှတ်ကာ နွေရာသီအိုလံပစ်ပြိုင်ပွဲကျင်းပသည့် နှစ်များတွင် ပြုလုပ်သော အသက် ၂၃ နှစ်အောက်အာရှဖလားပြိုင်ပွဲကို ထိုနှစ်၏နွေရာသီအိုလံပစ်အားကစားပွဲ အမျိုးသားဘောလုံးပြိုင်ပွဲအတွက် ခြေစစ်ပွဲ အဖြစ်ကျင်းပရန် အာရှဘောလုံးအဖွဲ့ချုပ် မှဆုံးဖြတ်ခဲ့သည်။ သို့ရာတွင်၂၀၂၈ ခုနှစ်မှစတင်၍ ပြိုင်ပွဲကို ၄ နှစ်တစ်ကြိမ်ကျင်းပရန် ၂၀၂၄ ခုနှစ်တွင် အာရှဘောလုံးအဖွဲ့ချုပ် မှပြောင်းလဲဆုံးဖြတ်ခဲ့ပြန်သည်။
ပြိုင်ပွဲပုံစံ
[ပြင်ဆင်ရန်]အသက် ၂၃ နှစ်အောက် အာရှဖလား ပြိုင်ပွဲပုံစံ မှာ အောက်ပါအတိုင်းဖြစ်သည်။
- အိမ်ရှင်အသင်း အပါအဝင် အသင်းပေါင်း ၁၆ သင်း ခြေစစ်ပွဲအောင်မည်။
- နောက်ဆုံးပွဲ များကို ၁၈ ရက်အတွင်း အပြီးကျင်းပသွားမည်ဖြစ်သည်။
- နောက်ဆုံးပွဲ များအတွက် ဘောလုံးကွင်း ၃ ကွင်း (သို့မဟုတ်) ၄ ကွင်းတွင် ကျင်းပမည်ဖြစ်သည်။
ရလဒ်များ
[ပြင်ဆင်ရန်]နှစ် | အိမ်ရှင် | ဗိုလ်လုပွဲ | တတိယလုပွဲ | |||||||
---|---|---|---|---|---|---|---|---|---|---|
အနိုင်ရအသင်း | ဂိုးရလဒ် | ဒုတိယရအသင်း | တတိယရအသင်း | ဂိုးရလဒ် | စတုတ္တရအသင်း | |||||
အာရှ အသက် ၂၂ နှစ်အောက် ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ | ||||||||||
၂၀၁၃ အသေးစိတ် |
အိုမန် | အီရတ် | ၁–၀ | ဆော်ဒီအာရေးဘီးယား | ဂျော်ဒန် | ၀–၀ (ပင်နယ်တီ: ၃–၂) | တောင်ကိုရီးယား | |||
အာရှ အသက် ၂၃ နှစ်အောက် ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ | ||||||||||
၂၀၁၆ | ကာတာ | ဂျပန် | ၃–၂ | တောင်ကိုရီးယား | အီရတ် | ၂–၁ (အချိန်ပို: ၁–၀) | ကာတာ | |||
၂၀၁၈ | တရုတ် | ဥဇဘက်ကစ္စတန် | ၂–၁ (အချိန်ပို: ၁–၀) | ဗီယက်နမ် | ကာတာ | ၁–၀ | တောင်ကိုရီးယား | |||
၂၀၂၀ | ထိုင်း | တောင်ကိုရီးယား | ၁–၀ (အချိန်ပို: ၁–၀) | ဆော်ဒီအာရေးဘီးယား | ဩစတြေးလျ | ၁–၀ | ဥဇဘက်ကစ္စတန် | |||
အသက် ၂၃ နှစ်အောက် အာရှဖလားဘောလုံးပြိုင်ပွဲ | ||||||||||
၂၀၂၂ | ဥဇဘက်ကစ္စတန် | ဆော်ဒီအာရေးဘီးယား | ၂–၀ | ဥဇဘက်ကစ္စတန် | ဂျပန် | ၃–၀ | ဩစတြေးလျ | |||
၂၀၂၄ | ကာတာ | ဂျပန် | ၁–၀ | ဥဇဘက်ကစ္စတန် | အီရတ် | ၂–၁ (အချိန်ပို: ၁–၀) | အင်ဒိုနီးရှား | |||
၂၀၂၆ | ဆော်ဒီအာရေဗျ |