ဝင်္ဂဘော်ဆင်စခန်း

ဝီကီပီးဒီးယား မှ

ဝင်္ဂဘော်ဆင်စခန်းအား ပဲခူး(တောင်) သစ်ထုတ်ရေးဒေသမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ပဲခူးတိုင်းဒေသကြီး( အရှေ့ ) ဘုရားကြီးမြို့ဝင်္ဂဘော်ကျေး ရွာအုပ်စု၊ ဘောနတ်ကြီးလမ်းပေါ်တွင်တည်ရှိပါသည်။ မြေဧက(၈၆.၀၁)ဧကကျယ်ဝန်းပြီး ၂၀၁၃ ခုနှစ်မှစတင်၍ ဆင်ထိန်းသိမ်းပြသရေးစခန်းအဖြစ် ထူထောင်ရန် ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်မှစ၍ ဆင်ထိန်းသိမ်းပြသရေးစခန်းတွင် သရုပ်ပြဆင်(၃)ကောင်ဖြင့်စတင် လေ့ကျင့်လျက်ရှိပြီး ခရီးသွား ဧည့်သည်များအား ဆင်များ၏သဘာဝဓလေ့ စရိုက်များအား လေ့လာကြည့်ရှုနိုင်ရန် ဆောင်ရွက် လျက်ရှိပါသည်။ ဆင်စခန်းအတွင်း ဆင်များ၏ တောသဘာဝနှင့် လိုက်လျော ညီထွေမှုရှိစေရန်၊ သစ်ပင်ကြီးများစိုက်ပျိုးခြင်း၊ သဘာဝ ဆင်စာပင်နှင့် ပြည်ပ နိုင်ငံမှတင်သွင်းသည့် နေဗီယာမြက်များစိုက်ပျိုး လျက်ရှိပါသည်။ အနာဂတ်တွင် ဆင်ကောင်ရေထပ်မံတိုးချဲ့၍ ဆင်ထိန်းသိမ်းပြသရေးစခန်းကြီးအဖြစ် ထပ်မံ တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ပါသည်။[၁]

ကိုးကား

  1. https://bagoregion.gov.mm/ဆင်စခန်းများခရီးသွားလမ/